fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးများ ဓမ္မတာမမှန်တဲ့ရောဂါ

348
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/06/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

ဓမၼတာမမွန္ေသာ အမ်ိဳးသမီးမ်ားသည္ က်န္းမာေရးခ်ိဳ႕ယြင္းျခင္းေၾကာင့္ အသားအရည္မစိုမေျပ၊ မီးယပ္ပိန္ေနၿပီး မီးယပ္ပိန္၊ မီးယပ္ေျခာက္ဟူ၍ တင္စားေျပာဆိုၾကသည္။ ဓမၼတာလာျခင္း၊ ရာသီလာျခင္း (သို႔) မီးယပ္ေသြးေပၚျခင္းသည္ အမ်ိဳးသမီးတို႔ ျဖစ္႐ိုးျဖစ္စဥ္ သဘာဝပင္ျဖစ္၍ ဓမၼတာလာျခင္းႏွင့္ ဓမၼတာမမွန္ျခင္း စသည္တို႔၏ သေဘာသဘာဝကို မိန္းကေလးတိုင္း ေစ့ေစ့ငငသိရွိနားလည္ရန္လိုသည္။

ဓမၼတာဆိုသည္မွာ ဓမၼတာလာျခင္း၊ မီးယပ္ေသြးဆင္းျခင္းဆိုသည္မွာ အမ်ိဳးသမီးတို႔၏သားအိမ္အတြင္းမွ အခ်ိန္မွန္မွန္ ထပ္ခါတလဲလဲ လစဥ္ ေသြးဆင္းျခင္းပင္ျဖစ္သည္။ အပ်ိဳအ႐ြယ္ေရာက္စအခ်ိန္မွ ေသြးဆုံးသည္အထိ ကိုယ္ဝန္ေဆာင္စဥ္ကာလမွလြဲ၍ အစဥ္အၿမဲျဖစ္ပ်က္ေနေသာ ဓမၼတာ တစ္ရပ္ပင္ျဖစ္၍ ဓမၼတာလာသည္ဟု ေခၚသည္။ လစဥ္ အခ်ိန္မွန္လာတတ္သည္။ ရာသီလာသည္ဟုလည္း ေျပာဆိုၾကသည္။

ဓမၼတာလာျခင္းသည္ အမ်ိဳးသမီးတို႔ မ်ိဳးပြားအဂၤါ အစိတ္အပိုင္းမ်ား၏ ဇီဝကမၼလုပ္ငန္းကို ေဖာ္ျပသည့္ သေဘာလကၡဏာတစ္ရပ္ ပင္ျဖစ္သည္။ ဤသို႔ ဓမၼတာလာျခင္းမွာ မမ်ိဳးဥအဂၤါမွ ထုတ္လုပ္ေသာ မေဟာ္မုန္းဓာတ္ႏွင့္ သေႏၶတည္ေဟာ္မုန္းဓာတ္တို႔ေၾကာင့္ သားအိမ္အတြင္းသားသည္ အမမ်ိဳးဥႏွင့္ အဖိုပိုး ထိေတြ႕သေႏၶတည္ပါက အဆင္သင့္ျဖစ္ေနေစရန္ တိုးပြားမ်ားျပားလာ၍ ထူလာၿပီးမွ သေႏၶမတည္သည့္အခါတြင္ ထိုျပင္ဆင္မႈမ်ား အလဟသျဖစ္ကာ ပ်က္ျပယ္ၿပီး ေသြးမ်ားႏွင့္အတူ သားအိမ္အျပင္သို႔ ေႂကြက်ရျခင္းျဖစ္သည္။

ဓမၼတာစတင္၍လာျခင္း – ဓမၼတာလာျခင္းသည္ အပ်ိဳအ႐ြယ္ ေရာက္စအ႐ြယ္ အသက္ ၁၂ႏွစ္မွ ၁၈ ႏွစ္အတြင္း စတင္ျဖစ္ေပၚေလ့ရွိသည္။ ဓမၼတာစတင္လာသည့္ အသက္အပိုင္းအျခားသည္ လူမ်ိဳးဓေလ့ထုံးစံ ေနရာေဒသ၊ ရာသီဥတု၊ အပူ၊ အေအးကိုလိုက္၍ ကြဲျပားျခားနားသည္။ ပူေသာႏိုင္ငံအခ်ိဳ႕တြင္ ေအးေသာႏိုင္ငံမ်ားထက္ ေစာ၍ အမ်ိဳးသမီးငယ္မ်ား ဓမၼတာ စတင္ေလ့ရွိသည္။

ထို႔ျပင္ ပတ္ဝန္းက်င္အေျခအေန၊ လူမႈေရး၊ ေပါင္းသင္းဆက္ဆံေရး၊ လူေနမႈအဆင့္အတန္း၊ မိဘမ်ိဳး႐ိုး၊ က်န္းမာသန္စြမ္းျခင္းႏွင့္ ျပည့္စုံမႈ၊ အာဟာရဓာတ္ျပည့္ဝမႈ စသည္တို႔အေပၚတြင္လည္း မူတည္ေလသည္။ ဓမၼတာလာစ ကနဦးကာလမ်ားတြင္ ဓမၼတာမမွန္တတ္ပါ။ ႏွစ္ႏွစ္၊ သုံးႏွစ္အတြင္းလစဥ္ မွန္မွန္လာေလ့ရွိ၏။ မွန္ကန္သည့္ ဓမၼတာ – မွန္ကန္ေသာ ဓမၼတာျဖစ္ေစရန္ ဓမၼတာလာျခင္း၏ ပမာဏ၊ အခ်ိန္ကာလ၊ ယင္း၏ တစ္ႀကိမ္ႏွင့္ တစ္ႀကိမ္ၾကားကာလ ဓမၼတာလာစဥ္ နာက်င္ကိုက္ခဲမႈ စသည့္ အခ်က္အလက္မ်ား မွန္ကန္သင့္သည္။

ဓမၼတာစတင္သည့္ ပထမေန႔ကစၿပီး ေနာက္တစ္ႀကိမ္ ပထမစတင္ ဓမၼတာလာသည့္အေနအထိ ကာလအပိုင္းအျခားသည္ ပ်မ္းမွ် ၂၈ ရက္ၾကာသည္။ အမ်ိဳးသမီး တစ္ဦးႏွင့္တစ္ဦး မတူၾက၍ အနည္းဆုံး ၂၁ ရက္မွ အမ်ားဆုံး ၃၅ ရက္ထိ ျဖစ္ႏိုင္သည္။ အမ်ိဳးသမီးတစ္ဦးတြင္ ဓမၼတာလာပုံလာနည္းမွာ မ်ားေသာအားျဖင့္ အစဥ္တူညီျခင္း ရွိတတ္ေသာ္လည္း ဓမၼတာလာသည့္အခ်ိန္မ်ားသည္ တိတိက်က် အၿမဲမွန္ကန္ရမည္ဟု မဆိုသာေပ။ႏွစ္ရက္၊ သုံးရက္ေစာျခင္း၊ ေနာက္က်ျခင္း စသည္တို႔မွာ မၾကာခဏ ျဖစ္ေလ့ရွိၾကသည္။ ဓမၼတာလာစဥ္ကာလသည္ အနည္းဆုံး ႏွစ္ရက္မွ အမ်ားဆုံး ခုႏွစ္ရက္ထိ သုံးရက္မွ ငါးရက္ထိၾကာသည္။ ပထမရက္တြင္ ေသြးမ်ားမ်ားဆင္း၍ ယင္းေနာက္ တစ္ရက္၊ ႏွစ္ရက္ နည္းသြားၿပီး ၿပီးခါနီးရက္မ်ားတြင္ တစ္ဖန္ ပိုမ်ားလာတတ္သည္။

ဓမၼတာရာသီေသြးသည္ အျခားေသြးမ်ားႏွင့္မတူဘဲ ကြဲျပားျခားနားေသာ အေရာင္အဆင္းႏွင့္ အနံ႔အသက္ ရွိေလသည္။ တစ္ခါတစ္ရံတြင္လည္း ေသြးအစိုင္အခဲငယ္ကေလးမ်ား ပါဝင္တတ္သည္။ ပထမဓမၼတာေပၚစ တစ္ရက္ႏွစ္ရက္တြင္ နီရဲေသာအေရာင္ရွိၿပီး ေနာက္ပိုင္းရက္မ်ားတြင္ အညိဳေရာင္သို႔
ေျပာင္းလဲတတ္သည္။ ယင္းသို႔ ျဖစ္ရျခင္းမွာ ေသြးမ်ားအတြင္းရွိ ေသြးနီဥမ်ား ပ်က္စီး၍ အေရာင္ေျပာင္းရျခင္း ျဖစ္သည္။ ဓမၼတာလာရက္မ်ားသည္ႏွင့္အတူ အနံ႔အသက္လည္း နည္းပါးေပ်ာက္ကြယ္သြားေလသည္။ အခ်ိဳ႕တြင္ ဓမၼတာလာၿပီးလွ်င္ ၿပီးခ်င္း (သို႔) မ်ားမၾကာမီတြင္ အျဖဴရည္အနည္းငယ္ ဆင္းလာတတ္ေလသည္။

ဓမၼတာလာေနသည့္အခါတြင္ ဓမၼတာလာခ်ိန္တြင္ ကိုယ္လက္မအီမသာ ေလးလံထိုင္းမႈိင္းျခင္း၊ ေမာပန္းလြယ္ျခင္း၊ ဝမ္းနည္းစိတ္အားငယ္ျခင္း၊ စိတ္လႈပ္ရွားျခင္း၊ ကိုယ္လက္ကိုက္ခဲျခင္း၊ ေခါင္းကိုက္ျခင္း၊ ရင္သားမ်ားတင္း၍ ထိမိလွ်င္ နာက်င္ျခင္းတို႔ ျဖစ္ေလ့ရွိသည္။ ဓမၼတာလာစဥ္ (သို႔) လာခါနီးအခ်ိန္ကာလမ်ားတြင္ မ်ားစြာေသာ အမ်ိဳးသမီးမ်ားသည္ နာက်င္ကိုက္ခဲျခင္းအမ်ိဳးမ်ိဳးကို ခံစားရေလ့ရွိသည္။ အခ်ိဳ႕မွာ ဓမၼတာလာျခင္းကို အမ်ိဳးသမီးတို႔အေနျဖင့္ သာမန္သဘာဝအေလ်ာက္ျဖစ္ေသာ  ဆီးသြားျခင္း၊ ဝမ္းသြားျခင္း စသည့္ လုပ္႐ိုးလုပ္စဥ္ သဘာဝျဖစ္ရပ္တစ္ခုအေနျဖင့္ သေဘာမထားဘဲ ဒုကၡတစ္ရပ္၊ အလုပ္ပိုတစ္ခုဟု ယူဆကာ စိုးရိမ္ေၾကာင့္ၾကမႈမ်ား ေပၚေပါက္လာၿပီး နာက်င္ကိုက္ခဲမႈမ်ား ခံစားရေလသည္။

ေဟာ္မုန္းဓာတ္မ်ား ပိုမို အလုပ္လုပ္လာ၍ သားအိမ္၏ အေျခအေနေျပာင္းလဲေစျခင္း၊ သားအိမ္ႂကြက္သားမ်ား၊ အာ႐ုံေၾကာမ်ား လုပ္ငန္းစဥ္ ညီမွ်မႈမရွိေသးျခင္း စသည္တို႔ေၾကာင့္ ဆီးစပ္မွ နာက်င္ျခင္း၊ ခါးကိုက္ျခင္း၊ ခါးနာျခင္း တို႔လည္း ေခတၱခဏျဖစ္တတ္ပါသည္။ အမွန္စင္စစ္ အမ်ိဳးသမီးမ်ား ဓမၼတာလာျခင္းျဖစ္စဥ္မွာ မိမိတစ္ဦးတည္းသာခံစားေနျခင္းမဟုတ္ ကမာၻေပၚရွိ အမ်ိဳးသမီးတိုင္း လစဥ္ေတြ႕ႀကဳံခံစားရေသာ သဘာဝျဖစ္ရပ္တစ္ခုသာျဖစ္ေၾကာင္း လက္ခံရယူျခင္းျဖင့္ စိုးရိမ္ေၾကာင့္ၾကမႈမ်ား ကင္းရွင္း၍ ေနသင့္ပါသည္။

ဓမၼတာလာစဥ္ ဆင္ျခင္ရန္ ဓမၼတာလာျခင္းသည္ ရွက္စရာ၊ ေၾကာက္႐ြံ႕စရာမဟုတ္ပါ။ အမ်ိဳးသမီးတို႔၏ သဘာဝလကၡဏာ ျပည့္စုံလာျခင္းမည္သည္။ ဓမၼတာလာစဥ္၌ ပုံမွန္အတိုင္း သြားလာေနထိုင္ႏိုင္သည္။ ေရခ်ိဳးျခင္း၊ ကိုယ္လက္သန႔္စင္ျခင္း၊ ေခါင္းေလွ်ာ္ျခင္း စသည္တို႔ ပုံမွန္အတိုင္း လုပ္ေဆာာင္ႏိုင္ပါသည္။

ဓမၼတာလာစဥ္ကာလသည္ တစ္ကိုယ္ေရသန႔္ရွင္းမႈ အလြန္လိုအပ္သည့္ အခ်ိန္ျဖစ္သျဖင့္ တစ္ေန႔ႏွစ္ႀကိမ္ ေရခ်ိဳး၍ ကိုယ္လက္သန႔္စင္သင့္သည္။ ေရခ်ိဳး၊ ေခါင္းေလွ်ာ္ရာတြင္ အေအးမမိရန္ ဂ႐ုစိုက္ရမည္။ ဓမၼတာေသြးဆင္းသည့္ ပမာဏကိုလိုက္ၿပီး သန႔္ရွင္းစင္ၾကယ္၍ ႏူးညံ့ေသာေအာက္ခံခါးေတာင္းက်ိဳက္ႏွင့္ လုံခ်ည္ (သို႔) အမ်ိဳးသမီးလစဥ္သုံးကပ္ခြာ ပစၥည္းသုံး၍ လဲေပးရမည္။ ဓမၼတာလာစဥ္ အစားအစာကို လိုရာစားႏိုင္သည္။ အထူးသျဖင့္ အာဟာရဓာတ္ျပည့္ဝေသာ အစားအစာ ဂ႐ုစိုက္ၿပီး စားသုံးမွီဝဲသင့္သည္။ အမ်ိဳးသမီးအမ်ားစု စိုးရိမ္တတ္ၾကေသာ လက္ဖက္၊ ဆီးျဖဴသီး၊ ဖန္ခါးသီး ကို ေရွာင္ၾကဥ္သင့္သည္။ တန္ေဆးလြန္ေဘး မျဖစ္ေစရန္ မည္သူမဆို မည္သည့္ အခါ၌ပင္ျဖစ္ေစ သင့္တင့္႐ုံ စားသုံးသင့္သည္။

ဓမၼတာလာစဥ္ကာလ၌ အမ်ိဳးသမီးတို႔၏ ျပဳမူလႈပ္ရွားေဆာင္႐ြက္မႈ၊ ေတြးေတာဆင္ျခင္မႈမ်ားသည္ ႐ိုး႐ိုးအခ်ိန္အခါမ်ားထက္ ထက္ျမက္မႈ အနည္းငယ္ ေလ်ာ့နည္းသည္ဆိုၿပီး စိတ္ပညာရွင္မ်ား ေလ့လာေတြ႕ရွိၾကသည္။ သို႔ျဖစ္၍ ဓမၼတာလာစဥ္၌ အမ်ိဳးသမီးတိုင္းသည္ မိမိခႏၶာကိုယ္၏ ကိုယ္စိတ္ႏွစ္ျဖာက်န္းမာေရးႏွင့္ မိမိ၏ လုပ္ငန္းအဝဝကို ပိုမို ဂ႐ုစိုက္ေဆာင္႐ြက္သင့္ၿပီး ေၾကာက္႐ြံ႕ပူပန္ေန၍လည္း မျဖစ္သင့္ေပ။

သားအိမ္ေခါင္းကင္ဆာေရာဂါမွာ ေၾကာင့္ ျဖစ္ရသည္။ အမ်ိဳးသမီး (အာရွတိုက္) တြင္ ေလးမိနစ္တိုင္း အမ်ိဳးသမီးတစ္ဦး သားအိမ္ေခါင္းကင္ဆာေၾကာင့္ ေသဆုံးေနရသည္။ အသက္အ႐ြယ္မေ႐ြး၊ အဆင့္အတန္းမေ႐ြး လိင္ဆက္ဆံဖူးသည့္ အမ်ိဳးသမီးတိုင္း ျဖစ္တတ္သည္။ အျခားကင္ဆာမ်ားထက္ ထူးျခားသည္မွာ ကင္ဆာကာကြယ္ေဆး ရွိသည္။ သားအိမ္ေခါင္းကင္ဆာ ကာကြယ္ေရးကို သုံးႀကိမ္ဆက္တိုက္ ထိုးႏွံထားလွ်င္ ဘဝတစ္ေလွ်ာက္လုံး
သားအိမ္ေခါင္းကင္ဆာဒဏ္ရာမွ ကာကြယ္ႏိုင္သည္။ သားအိမ္ေခါင္းကင္ဆာ ျဖစ္လွ်င္ ရာသီေသြးမမွန္ျခင္း၊ ထိမ္ျခင္းမ်ား ျဖစ္သည္။

Author:  Dr. လြင္သန႔္ ,Healthcare Journal vol 8,no 6

(Unicode)

ဓမ္မတာမမှန်သော အမျိုးသမီးများသည် ကျန်းမာရေးချို့ယွင်းခြင်းကြောင့် အသားအရည်မစိုမပြေ၊ မီးယပ်ပိန်နေပြီး မီးယပ်ပိန်၊ မီးယပ်ခြောက်ဟူ၍ တင်စားပြောဆိုကြသည်။ ဓမ္မတာလာခြင်း၊ ရာသီလာခြင်း (သို့) မီးယပ်သွေးပေါ်ခြင်းသည် အမျိုးသမီးတို့ ဖြစ်ရိုးဖြစ်စဉ် သဘာဝပင်ဖြစ်၍ ဓမ္မတာလာခြင်းနှင့် ဓမ္မတာမမှန်ခြင်း စသည်တို့၏ သဘောသဘာဝကို မိန်းကလေးတိုင်း စေ့စေ့ငငသိရှိနားလည်ရန်လိုသည်။

ဓမ္မတာဆိုသည်မှာ ဓမ္မတာလာခြင်း၊ မီးယပ်သွေးဆင်းခြင်းဆိုသည်မှာ အမျိုးသမီးတို့၏သားအိမ်အတွင်းမှ အချိန်မှန်မှန် ထပ်ခါတလဲလဲ လစဉ် သွေးဆင်းခြင်းပင်ဖြစ်သည်။ အပျိုအရွယ်ရောက်စအချိန်မှ သွေးဆုံးသည်အထိ ကိုယ်ဝန်ဆောင်စဉ်ကာလမှလွဲ၍ အစဉ်အမြဲဖြစ်ပျက်နေသော ဓမ္မတာ တစ်ရပ်ပင်ဖြစ်၍ ဓမ္မတာလာသည်ဟု ခေါ်သည်။ လစဉ် အချိန်မှန်လာတတ်သည်။ ရာသီလာသည်ဟုလည်း ပြောဆိုကြသည်။

ဓမ္မတာလာခြင်းသည် အမျိုးသမီးတို့ မျိုးပွားအင်္ဂါ အစိတ်အပိုင်းများ၏ ဇီဝကမ္မလုပ်ငန်းကို ဖော်ပြသည့် သဘောလက္ခဏာတစ်ရပ် ပင်ဖြစ်သည်။ ဤသို့ ဓမ္မတာလာခြင်းမှာ မမျိုးဥအင်္ဂါမှ ထုတ်လုပ်သော မဟော်မုန်းဓာတ်နှင့် သန္ဓေတည်ဟော်မုန်းဓာတ်တို့ကြောင့် သားအိမ်အတွင်းသားသည် အမမျိုးဥနှင့် အဖိုပိုး ထိတွေ့သန္ဓေတည်ပါက အဆင်သင့်ဖြစ်နေစေရန် တိုးပွားများပြားလာ၍ ထူလာပြီးမှ သန္ဓေမတည်သည့်အခါတွင် ထိုပြင်ဆင်မှုများ အလဟသဖြစ်ကာ ပျက်ပြယ်ပြီး သွေးများနှင့်အတူ သားအိမ်အပြင်သို့ ကြွေကျရခြင်းဖြစ်သည်။

ဓမ္မတာစတင်၍လာခြင်း – ဓမ္မတာလာခြင်းသည် အပျိုအရွယ် ရောက်စအရွယ် အသက် ၁၂နှစ်မှ ၁၈ နှစ်အတွင်း စတင်ဖြစ်ပေါ်လေ့ရှိသည်။ ဓမ္မတာစတင်လာသည့် အသက်အပိုင်းအခြားသည် လူမျိုးဓလေ့ထုံးစံ နေရာဒေသ၊ ရာသီဥတု၊ အပူ၊ အအေးကိုလိုက်၍ ကွဲပြားခြားနားသည်။ ပူသောနိုင်ငံအချို့တွင် အေးသောနိုင်ငံများထက် စော၍ အမျိုးသမီးငယ်များ ဓမ္မတာ စတင်လေ့ရှိသည်။

ထို့ပြင် ပတ်ဝန်းကျင်အခြေအနေ၊ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေး၊ လူနေမှုအဆင့်အတန်း၊ မိဘမျိုးရိုး၊ ကျန်းမာသန်စွမ်းခြင်းနှင့် ပြည့်စုံမှု၊ အာဟာရဓာတ်ပြည့်ဝမှု စသည်တို့အပေါ်တွင်လည်း မူတည်လေသည်။ ဓမ္မတာလာစ ကနဦးကာလများတွင် ဓမ္မတာမမှန်တတ်ပါ။ နှစ်နှစ်၊ သုံးနှစ်အတွင်းလစဉ် မှန်မှန်လာလေ့ရှိ၏။ မှန်ကန်သည့် ဓမ္မတာ – မှန်ကန်သော ဓမ္မတာဖြစ်စေရန် ဓမ္မတာလာခြင်း၏ ပမာဏ၊ အချိန်ကာလ၊ ယင်း၏ တစ်ကြိမ်နှင့် တစ်ကြိမ်ကြားကာလ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှု စသည့် အချက်အလက်များ မှန်ကန်သင့်သည်။

ဓမ္မတာစတင်သည့် ပထမနေ့ကစပြီး နောက်တစ်ကြိမ် ပထမစတင် ဓမ္မတာလာသည့်အနေအထိ ကာလအပိုင်းအခြားသည် ပျမ်းမျှ ၂၈ ရက်ကြာသည်။ အမျိုးသမီး တစ်ဦးနှင့်တစ်ဦး မတူကြ၍ အနည်းဆုံး ၂၁ ရက်မှ အများဆုံး ၃၅ ရက်ထိ ဖြစ်နိုင်သည်။ အမျိုးသမီးတစ်ဦးတွင် ဓမ္မတာလာပုံလာနည်းမှာ များသောအားဖြင့် အစဉ်တူညီခြင်း ရှိတတ်သော်လည်း ဓမ္မတာလာသည့်အချိန်များသည် တိတိကျကျ အမြဲမှန်ကန်ရမည်ဟု မဆိုသာပေ။နှစ်ရက်၊ သုံးရက်စောခြင်း၊ နောက်ကျခြင်း စသည်တို့မှာ မကြာခဏ ဖြစ်လေ့ရှိကြသည်။ ဓမ္မတာလာစဉ်ကာလသည် အနည်းဆုံး နှစ်ရက်မှ အများဆုံး ခုနှစ်ရက်ထိ သုံးရက်မှ ငါးရက်ထိကြာသည်။ ပထမရက်တွင် သွေးများများဆင်း၍ ယင်းနောက် တစ်ရက်၊ နှစ်ရက် နည်းသွားပြီး ပြီးခါနီးရက်များတွင် တစ်ဖန် ပိုများလာတတ်သည်။

ဓမ္မတာရာသီသွေးသည် အခြားသွေးများနှင့်မတူဘဲ ကွဲပြားခြားနားသော အရောင်အဆင်းနှင့် အနံ့အသက် ရှိလေသည်။ တစ်ခါတစ်ရံတွင်လည်း သွေးအစိုင်အခဲငယ်ကလေးများ ပါဝင်တတ်သည်။ ပထမဓမ္မတာပေါ်စ တစ်ရက်နှစ်ရက်တွင် နီရဲသောအရောင်ရှိပြီး နောက်ပိုင်းရက်များတွင် အညိုရောင်သို့
ပြောင်းလဲတတ်သည်။ ယင်းသို့ ဖြစ်ရခြင်းမှာ သွေးများအတွင်းရှိ သွေးနီဥများ ပျက်စီး၍ အရောင်ပြောင်းရခြင်း ဖြစ်သည်။ ဓမ္မတာလာရက်များသည်နှင့်အတူ အနံ့အသက်လည်း နည်းပါးပျောက်ကွယ်သွားလေသည်။ အချို့တွင် ဓမ္မတာလာပြီးလျှင် ပြီးချင်း (သို့) များမကြာမီတွင် အဖြူရည်အနည်းငယ် ဆင်းလာတတ်လေသည်။

ဓမ္မတာလာနေသည့်အခါတွင် ဓမ္မတာလာချိန်တွင် ကိုယ်လက်မအီမသာ လေးလံထိုင်းမှိုင်းခြင်း၊ မောပန်းလွယ်ခြင်း၊ ဝမ်းနည်းစိတ်အားငယ်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားများတင်း၍ ထိမိလျှင် နာကျင်ခြင်းတို့ ဖြစ်လေ့ရှိသည်။ ဓမ္မတာလာစဉ် (သို့) လာခါနီးအချိန်ကာလများတွင် များစွာသော အမျိုးသမီးများသည် နာကျင်ကိုက်ခဲခြင်းအမျိုးမျိုးကို ခံစားရလေ့ရှိသည်။ အချို့မှာ ဓမ္မတာလာခြင်းကို အမျိုးသမီးတို့အနေဖြင့် သာမန်သဘာဝအလျောက်ဖြစ်သော  ဆီးသွားခြင်း၊ ဝမ်းသွားခြင်း စသည့် လုပ်ရိုးလုပ်စဉ် သဘာဝဖြစ်ရပ်တစ်ခုအနေဖြင့် သဘောမထားဘဲ ဒုက္ခတစ်ရပ်၊ အလုပ်ပိုတစ်ခုဟု ယူဆကာ စိုးရိမ်ကြောင့်ကြမှုများ ပေါ်ပေါက်လာပြီး နာကျင်ကိုက်ခဲမှုများ ခံစားရလေသည်။

ဟော်မုန်းဓာတ်များ ပိုမို အလုပ်လုပ်လာ၍ သားအိမ်၏ အခြေအနေပြောင်းလဲစေခြင်း၊ သားအိမ်ကြွက်သားများ၊ အာရုံကြောများ လုပ်ငန်းစဉ် ညီမျှမှုမရှိသေးခြင်း စသည်တို့ကြောင့် ဆီးစပ်မှ နာကျင်ခြင်း၊ ခါးကိုက်ခြင်း၊ ခါးနာခြင်း တို့လည်း ခေတ္တခဏဖြစ်တတ်ပါသည်။ အမှန်စင်စစ် အမျိုးသမီးများ ဓမ္မတာလာခြင်းဖြစ်စဉ်မှာ မိမိတစ်ဦးတည်းသာခံစားနေခြင်းမဟုတ် ကမ္ဘာပေါ်ရှိ အမျိုးသမီးတိုင်း လစဉ်တွေ့ကြုံခံစားရသော သဘာဝဖြစ်ရပ်တစ်ခုသာဖြစ်ကြောင်း လက်ခံရယူခြင်းဖြင့် စိုးရိမ်ကြောင့်ကြမှုများ ကင်းရှင်း၍ နေသင့်ပါသည်။

ဓမ္မတာလာစဉ် ဆင်ခြင်ရန် ဓမ္မတာလာခြင်းသည် ရှက်စရာ၊ ကြောက်ရွံ့စရာမဟုတ်ပါ။ အမျိုးသမီးတို့၏ သဘာဝလက္ခဏာ ပြည့်စုံလာခြင်းမည်သည်။ ဓမ္မတာလာစဉ်၌ ပုံမှန်အတိုင်း သွားလာနေထိုင်နိုင်သည်။ ရေချိုးခြင်း၊ ကိုယ်လက်သန့်စင်ခြင်း၊ ခေါင်းလျှော်ခြင်း စသည်တို့ ပုံမှန်အတိုင်း လုပ်ဆောာင်နိုင်ပါသည်။

ဓမ္မတာလာစဉ်ကာလသည် တစ်ကိုယ်ရေသန့်ရှင်းမှု အလွန်လိုအပ်သည့် အချိန်ဖြစ်သဖြင့် တစ်နေ့နှစ်ကြိမ် ရေချိုး၍ ကိုယ်လက်သန့်စင်သင့်သည်။ ရေချိုး၊ ခေါင်းလျှော်ရာတွင် အအေးမမိရန် ဂရုစိုက်ရမည်။ ဓမ္မတာသွေးဆင်းသည့် ပမာဏကိုလိုက်ပြီး သန့်ရှင်းစင်ကြယ်၍ နူးညံ့သောအောက်ခံခါးတောင်းကျိုက်နှင့် လုံချည် (သို့) အမျိုးသမီးလစဉ်သုံးကပ်ခွာ ပစ္စည်းသုံး၍ လဲပေးရမည်။ ဓမ္မတာလာစဉ် အစားအစာကို လိုရာစားနိုင်သည်။ အထူးသဖြင့် အာဟာရဓာတ်ပြည့်ဝသော အစားအစာ ဂရုစိုက်ပြီး စားသုံးမှီဝဲသင့်သည်။ အမျိုးသမီးအများစု စိုးရိမ်တတ်ကြသော လက်ဖက်၊ ဆီးဖြူသီး၊ ဖန်ခါးသီး ကို ရှောင်ကြဉ်သင့်သည်။ တန်ဆေးလွန်ဘေး မဖြစ်စေရန် မည်သူမဆို မည်သည့် အခါ၌ပင်ဖြစ်စေ သင့်တင့်ရုံ စားသုံးသင့်သည်။

ဓမ္မတာလာစဉ်ကာလ၌ အမျိုးသမီးတို့၏ ပြုမူလှုပ်ရှားဆောင်ရွက်မှု၊ တွေးတောဆင်ခြင်မှုများသည် ရိုးရိုးအချိန်အခါများထက် ထက်မြက်မှု အနည်းငယ် လျော့နည်းသည်ဆိုပြီး စိတ်ပညာရှင်များ လေ့လာတွေ့ရှိကြသည်။ သို့ဖြစ်၍ ဓမ္မတာလာစဉ်၌ အမျိုးသမီးတိုင်းသည် မိမိခန္ဓာကိုယ်၏ ကိုယ်စိတ်နှစ်ဖြာကျန်းမာရေးနှင့် မိမိ၏ လုပ်ငန်းအဝဝကို ပိုမို ဂရုစိုက်ဆောင်ရွက်သင့်ပြီး ကြောက်ရွံ့ပူပန်နေ၍လည်း မဖြစ်သင့်ပေ။

သားအိမ်ခေါင်းကင်ဆာရောဂါမှာ ကြောင့် ဖြစ်ရသည်။ အမျိုးသမီး (အာရှတိုက်) တွင် လေးမိနစ်တိုင်း အမျိုးသမီးတစ်ဦး သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးနေရသည်။ အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး လိင်ဆက်ဆံဖူးသည့် အမျိုးသမီးတိုင်း ဖြစ်တတ်သည်။ အခြားကင်ဆာများထက် ထူးခြားသည်မှာ ကင်ဆာကာကွယ်ဆေး ရှိသည်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေးကို သုံးကြိမ်ဆက်တိုက် ထိုးနှံထားလျှင် ဘဝတစ်လျှောက်လုံး
သားအိမ်ခေါင်းကင်ဆာဒဏ်ရာမှ ကာကွယ်နိုင်သည်။ သားအိမ်ခေါင်းကင်ဆာ ဖြစ်လျှင် ရာသီသွေးမမှန်ခြင်း၊ ထိမ်ခြင်းများ ဖြစ်သည်။

Author:  Dr. လွင်သန့် ,Healthcare Journal vol 8,no 6

Previous Post

လိင်အင်္ဂါ တောင့်တင်းခြင်းအကြောင်း

Next Post

ဖခင်များကျန်းမာရေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
647

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
622
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.9k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဖခင်များကျန်းမာရေး

လူနာဘက်လည်း ပြန်ကြည့်ပါ

သားအိမ်ခေါင်းကင်ဆာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.