fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

သဘာဝနည်းဖြင့် သန်ချကြစို့

3.9k
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/06/2017
in ကျန်းမာသော နေထိုင်မှုပုံစံ, အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

သန္ေကာင္ တုတ္ေကာင္ေတြဆိုတာ လူတိုင္းနီးပါးမွာ ရွိေနတတ္ပါတယ္။ ဒါေပမယ့္ ပုံမွန္သန္ခ်သူဆိုတာ လက္ခ်ိဳးေရလို႔ေတာင္ ရပါလိမ့္မယ္။ သန္ေကာင္တုတ္ေကာင္ေတြေၾကာင့္ ဗိုက္ေအာင့္ဗိုက္နာတာေတြ ၊ အူပိတ္လို႔ အေရးေပၚခြဲစိတ္မွ ဗိုက္မွာ သန္ေကာင္ေတြလုံးေထြးၿပီး အလုံးလိုက္ျဖစ္ေနတာေတြ ဒီႏိုင္ငံမွာ မၾကာခဏ ေတြ႕ရတတ္ပါတယ္။ သည္းေျခအိတ္လမ္းေၾကာင္းမွာ သန္ေကာင္နဲ႔ ပိတ္ေနလို႔ အသားေတြဝါ ဗိုက္ေတြနာၿပီး ေရာက္လာတဲ့လူနာေတြလည္း တစ္ပုံတစ္ပင္ပင္။

အစာအိမ္နဲ႔ အူလမ္းေၾကာင္းသာမက အသားယားယံျခင္း ေခ်ာင္းဆိုးျခင္း ေသြးအားနည္းျခင္းေတြအထိကိုပါ ဒုကၡေတြ႕ေစတတ္ပါတယ္။ လူႀကီးေတြမွာဆို ပင္ပန္းႏြမ္းနယ္တာေတြ ၊ဝမ္းခဏခဏသြားတာေတြ ျဖစ္တတ္ပါတယ္။ အခ်ိဳ႕ေတြမွာ ဗိုက္ခဏခဏ ဆာတတ္ၿပီး အခ်ိဳ႕ေတြမွာက် အစားအေသာက္ပ်က္တာမ်ိဳးေတြျဖစ္တတ္ပါတယ္။ ကေလးငယ္ေလးေတြမွာ ျဖစ္ရင္ ႀကီးထြားမႈေႏွးေကြးတာ ၊ ညဘက္ေတြမွာ ေကာင္းေကာင္းမအိပ္ဘဲ ဂ်ီက်တာေတြ ၊ အစားသိပ္မစားတာ ၊ပ်ိဳ႕တာအန္တာေတြပါ ျဖစ္ေစတတ္တယ္။ အာဟာရခ်ိဳတဲ့ေရာဂါေတြ ခံတြင္းနံ႔ဆိုးတာေတြလည္းျဖစ္ႏိုင္ပါတယ္။ သန္ေကာင္တုတ္ေကာင္ေတြက ထုတ္တဲ့ အဆိပ္အေတာက္ပစၥည္းေတြေၾကာင့္ စိတ္ဓာတ္က်တာေတြ ၊ စိတ္ေသာကေရာက္တာေတြ ၊ စိတ္အတက္အက်ျဖစ္တာေတြလည္း ျဖစ္တတ္ပါေသးတယ္။

သန္ေကာင္တုတ္ေကာင္ေတြက ဘယ္လိုပဲ ဒုကၡေပးေပး သန္ခ်ေဆးေသာက္ဖို႔ကိုေတာ့ လူတိုင္းေမ့ေလ်ာ့ေနတတ္တာ အမွန္ပင္။ အခ်ိဳ႕သူမ်ားက်ေတာ့ ေမ့ေလ်ာ့ေနျခင္းမဟုတ္ ေဆးေသာက္ရန္ေၾကာက္ျခင္း ၊ သန္ခ်ေဆးေသာက္လွ်င္ သန္အေကာင္လိုက္ပါလာမည္ကို ေၾကာက္ျခင္းမ်ားေၾကာင့္ မေသာက္ျဖစ္ၾကျခင္းျဖစ္သည္။ ဒီေဆာင္းပါးေလးမွာ ဒီဒုကၡေတြက ကင္းေအာင္ သဘာဝနည္းလမ္းမ်ားျဖင့္ သန္ခ်တဲ့အေၾကာင္းအရာေလးကို တင္ျပလိုက္ပါတယ္။

ၾကက္သြန္ျဖဴ
ၾကက္သြန္ျဖဴမွာ ဆာဖာဓာတ္ပါဝင္တဲ့ အမိုင္ႏိုအက္စစ္ဓာတ္ေပါင္းစုပါတဲ့အတြက္ သန္ေကာင္ေတြကို ေသေစႏိုင္စြမ္းရွိပါတယ္။ အစာမရွိတဲ့အခ်ိန္မွာ ၾကက္သြန္ျဖဴ ၃ မႊာစားေပးျခင္း သို႔မဟုတ္ ႏြားႏို႔ထဲကို ၾကက္သြန္ျဖဴ ၂ မႊာေလာက္ ေထာင္းထည့္ၿပီး ႀကိဳေသာက္ျခင္းအားျဖင့္ သင့္ကို ဒုကၡေပးႏိုင္တဲ့သန္ေကာင္ေတြက ေသေစမွာပါ

သေဘၤာေစ့
သေဘၤာသီးစိမ္းမွာ papain လို႔ေခၚတဲ့ အင္ဇိုင္းဓာတ္တစ္မ်ိဳးပါဝင္ပါတယ္။ သေဘၤာသီးေစ့ကို ေထာင္းၿပီး ရရွိလာတဲ့အရည္ စားပြဲတင္ဇြန္း တစ္ဇြန္းေလာက္ကို ေရေႏြးေႏြး ေလးနဲ႔ ေရာၿပီး မနက္ႏိုးႏိုးခ်င္းေသာက္ေပးျခင္းအား ၃ ရက္ေလာက္ျပဳလုပ္ေပးပါ။

နာနတ္သီး
နာနတ္သီးမွာ ပါတဲ့ အစာေခ်အင္ဇိုင္းေတြက သန္ေကာင္တုတ္ေကာင္ေတြေၾကာင့္ျဖစ္တဲ့ ေဝဒနာေတြကို သက္သာေစ႐ုံသာမက အေကာင္ေတြကိုလည္း ေသေစႏိုင္ပါတယ္။

ဖ႐ုံေစ့
ဖ႐ုံေစ့မွာလည္း Cucurbitacins ပါဝင္တဲ့အတြက္ သန္ေကာင္တုတ္ေကာင္မ်ား ႀကီးထြားမႈမွ ဟန႔္တားႏိုင္စြမ္းရွိ႐ုံသာမက ေသေတာင္ေသေစႏိုင္ပါတယ္။ တစ္ေန႔ကို ၁၀ ေစ့မွ ၁၅ ေစ့ အထိအနည္းဆုံး စားေပးသင့္ပါတယ္။

မုန္လာဥနီ
မုန္လာဥနီ ၂ လုံးကို ျခစ္ၿပီး မနက္ခင္းတြင္ စားေပးပါ။ ၁ ပတ္ခန႔္စားေပးျခင္းျဖင့္ သန္မ်ားကင္းေဝး႐ုံသာမက အသားအေရပါ လွပစိုေျပေစမွာပါ။

အထက္မွာေဖာ္ျပထားတဲ့နည္းလမ္းေတြက အခ်ိန္ကုန္ ေငြကုန္လည္း သက္သာေစ႐ုံသာမကပါဘူး ။ လိုအပ္တဲ့ပစၥည္းေတြကိုလည္း ေနရာတိုင္းနီးပါးမွာ အလြယ္တကူ ရႏိုင္ပါတယ္။ ဒါေၾကာင့္ ဒုကၡေပးလွတဲ့ သန္ေကာင္ တုတ္ေကာင္ေတြ မိမိကိုယ္မွာ မရွိေနဖို႔ ၊ မိမိ မိသားစုေတြ ၊ မိမိ ခ်စ္ရတဲ့ သားသားမီးမီးေလးေတြဆီမွာ ရွိမေနေစဖို႔ သန္ခ်ေဆးေသာက္ဖို႔ အဆင္မေျပပါက ဒီသဘာဝနည္းလမ္းေလးေတြနဲ႔ သန္ခ်ပါလို႔တိုက္တြန္းရင္း ဒီေဆာင္းပါးေလးကို နိဂုံးခ်ဳပ္အပ္ပါတယ္။

Author ; Dr.ေမ

(Unicode)

သန်ကောင် တုတ်ကောင်တွေဆိုတာ လူတိုင်းနီးပါးမှာ ရှိနေတတ်ပါတယ်။ ဒါပေမယ့် ပုံမှန်သန်ချသူဆိုတာ လက်ချိုးရေလို့တောင် ရပါလိမ့်မယ်။ သန်ကောင်တုတ်ကောင်တွေကြောင့် ဗိုက်အောင့်ဗိုက်နာတာတွေ ၊ အူပိတ်လို့ အရေးပေါ်ခွဲစိတ်မှ ဗိုက်မှာ သန်ကောင်တွေလုံးထွေးပြီး အလုံးလိုက်ဖြစ်နေတာတွေ ဒီနိုင်ငံမှာ မကြာခဏ တွေ့ရတတ်ပါတယ်။ သည်းခြေအိတ်လမ်းကြောင်းမှာ သန်ကောင်နဲ့ ပိတ်နေလို့ အသားတွေဝါ ဗိုက်တွေနာပြီး ရောက်လာတဲ့လူနာတွေလည်း တစ်ပုံတစ်ပင်ပင်။

အစာအိမ်နဲ့ အူလမ်းကြောင်းသာမက အသားယားယံခြင်း ချောင်းဆိုးခြင်း သွေးအားနည်းခြင်းတွေအထိကိုပါ ဒုက္ခတွေ့စေတတ်ပါတယ်။ လူကြီးတွေမှာဆို ပင်ပန်းနွမ်းနယ်တာတွေ ၊ဝမ်းခဏခဏသွားတာတွေ ဖြစ်တတ်ပါတယ်။ အချို့တွေမှာ ဗိုက်ခဏခဏ ဆာတတ်ပြီး အချို့တွေမှာကျ အစားအသောက်ပျက်တာမျိုးတွေဖြစ်တတ်ပါတယ်။ ကလေးငယ်လေးတွေမှာ ဖြစ်ရင် ကြီးထွားမှုနှေးကွေးတာ ၊ ညဘက်တွေမှာ ကောင်းကောင်းမအိပ်ဘဲ ဂျီကျတာတွေ ၊ အစားသိပ်မစားတာ ၊ပျို့တာအန်တာတွေပါ ဖြစ်စေတတ်တယ်။ အာဟာရချိုတဲ့ရောဂါတွေ ခံတွင်းနံ့ဆိုးတာတွေလည်းဖြစ်နိုင်ပါတယ်။ သန်ကောင်တုတ်ကောင်တွေက ထုတ်တဲ့ အဆိပ်အတောက်ပစ္စည်းတွေကြောင့် စိတ်ဓာတ်ကျတာတွေ ၊ စိတ်သောကရောက်တာတွေ ၊ စိတ်အတက်အကျဖြစ်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။

သန်ကောင်တုတ်ကောင်တွေက ဘယ်လိုပဲ ဒုက္ခပေးပေး သန်ချဆေးသောက်ဖို့ကိုတော့ လူတိုင်းမေ့လျော့နေတတ်တာ အမှန်ပင်။ အချို့သူများကျတော့ မေ့လျော့နေခြင်းမဟုတ် ဆေးသောက်ရန်ကြောက်ခြင်း ၊ သန်ချဆေးသောက်လျှင် သန်အကောင်လိုက်ပါလာမည်ကို ကြောက်ခြင်းများကြောင့် မသောက်ဖြစ်ကြခြင်းဖြစ်သည်။ ဒီဆောင်းပါးလေးမှာ ဒီဒုက္ခတွေက ကင်းအောင် သဘာဝနည်းလမ်းများဖြင့် သန်ချတဲ့အကြောင်းအရာလေးကို တင်ပြလိုက်ပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ ဆာဖာဓာတ်ပါဝင်တဲ့ အမိုင်နိုအက်စစ်ဓာတ်ပေါင်းစုပါတဲ့အတွက် သန်ကောင်တွေကို သေစေနိုင်စွမ်းရှိပါတယ်။ အစာမရှိတဲ့အချိန်မှာ ကြက်သွန်ဖြူ ၃ မွှာစားပေးခြင်း သို့မဟုတ် နွားနို့ထဲကို ကြက်သွန်ဖြူ ၂ မွှာလောက် ထောင်းထည့်ပြီး ကြိုသောက်ခြင်းအားဖြင့် သင့်ကို ဒုက္ခပေးနိုင်တဲ့သန်ကောင်တွေက သေစေမှာပါ

သင်္ဘောစေ့
သင်္ဘောသီးစိမ်းမှာ papain လို့ခေါ်တဲ့ အင်ဇိုင်းဓာတ်တစ်မျိုးပါဝင်ပါတယ်။ သင်္ဘောသီးစေ့ကို ထောင်းပြီး ရရှိလာတဲ့အရည် စားပွဲတင်ဇွန်း တစ်ဇွန်းလောက်ကို ရေနွေးနွေး လေးနဲ့ ရောပြီး မနက်နိုးနိုးချင်းသောက်ပေးခြင်းအား ၃ ရက်လောက်ပြုလုပ်ပေးပါ။

နာနတ်သီး
နာနတ်သီးမှာ ပါတဲ့ အစာချေအင်ဇိုင်းတွေက သန်ကောင်တုတ်ကောင်တွေကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို သက်သာစေရုံသာမက အကောင်တွေကိုလည်း သေစေနိုင်ပါတယ်။

ဖရုံစေ့
ဖရုံစေ့မှာလည်း Cucurbitacins ပါဝင်တဲ့အတွက် သန်ကောင်တုတ်ကောင်များ ကြီးထွားမှုမှ ဟန့်တားနိုင်စွမ်းရှိရုံသာမက သေတောင်သေစေနိုင်ပါတယ်။ တစ်နေ့ကို ၁၀ စေ့မှ ၁၅ စေ့ အထိအနည်းဆုံး စားပေးသင့်ပါတယ်။

မုန်လာဥနီ
မုန်လာဥနီ ၂ လုံးကို ခြစ်ပြီး မနက်ခင်းတွင် စားပေးပါ။ ၁ ပတ်ခန့်စားပေးခြင်းဖြင့် သန်များကင်းဝေးရုံသာမက အသားအရေပါ လှပစိုပြေစေမှာပါ။

အထက်မှာဖော်ပြထားတဲ့နည်းလမ်းတွေက အချိန်ကုန် ငွေကုန်လည်း သက်သာစေရုံသာမကပါဘူး ။ လိုအပ်တဲ့ပစ္စည်းတွေကိုလည်း နေရာတိုင်းနီးပါးမှာ အလွယ်တကူ ရနိုင်ပါတယ်။ ဒါကြောင့် ဒုက္ခပေးလှတဲ့ သန်ကောင် တုတ်ကောင်တွေ မိမိကိုယ်မှာ မရှိနေဖို့ ၊ မိမိ မိသားစုတွေ ၊ မိမိ ချစ်ရတဲ့ သားသားမီးမီးလေးတွေဆီမှာ ရှိမနေစေဖို့ သန်ချဆေးသောက်ဖို့ အဆင်မပြေပါက ဒီသဘာဝနည်းလမ်းလေးတွေနဲ့ သန်ချပါလို့တိုက်တွန်းရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်အပ်ပါတယ်။

Author ; Dr.မေ

Previous Post

စိတ်ကြောင့်ဖြစ်သော ရောဂါများ

Next Post

နို့ကြောင်းပိတ်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127
Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
610
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နို့ကြောင်းပိတ်ခြင်း

အရက်နှင့် အမြည်းခံရသော အသည်းများ

သွေးလှူဖို့ ဘာတွေလိုမလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.