fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်လနုစဉ် သွေးဆင်းခြင်း

4.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/10/2017
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A

ကိုယ်ဝန်လနုစဉ်ဆိုတာ ကိုယ်ဝန်ဆောင်ပြီး ပထမ ၃လအတွင်းကို ဆိုလိုတာပါ ။ ထို ၃လအတွင်းသွေးဆင်းတာကို ကိုယ်ဝန်လနုစဉ် သွေးဆင်းခြင်းလို့ခေါ်ပါတယ်။ မိခင်လောင်းတွေအနေနဲ့ ထိုကာလအတွင်း သွေးဆင်းရင် ဘာတွေဆောင်ပြီး ဘာတွေ သတိထားရမလဲ ၊ ဘာတွေဖြစ်တတ်သလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ဇီဝကအနေနဲ့ အကြံပေးထားပါတယ် ။

ကိုယ်ဝန်လနုစဉ် သွေးဆင်းတာကို ကိုယ်ဝန်ဆောင်အားလုံးရဲ့ ၂၀-၃၀ ရာခိုင်နှုန်းခန့် ဖြစ်တတ်ပါတယ် ။ ထိုအထဲမှာ သားပျက်သားလျော ဖြစ်နိုင်ခြေက ၃၀ရာခိုင်နှုန်းခန့် ရှိပါတယ်။ ကျန် ၇၀ ရာခိုင်နှုန်းလောက်က ပုံမှန်အတိုင်း ကိုယ်ဝန်ဆက်ဆောင်နိုင်ပါလိမ့်မယ်။ ၃ရာခိုင်နှုန်းခန့်ကတော့ သားအိမ်ပြင်ပ သန္ဓေတည်ခြင်း Ectopic pregnancy နဲ့လည်း တွဲနိုင်ပါသေးတယ် ။

ဘာကြောင့် ကိုယ်ဝန်လနုစဉ် သွေးဆင်းတတ်လဲ ဆိုရင်
(၁) Implantation bleeding သန္ဓေအောင်ပြီးနောက် သန္ဓေသား သားအိမ်ကို တွယ်ကပ်ရာတွင် သွေးဆင်းခြင်း
– ကျားသုတ်ပိုးနဲ့ မမျိုးဥတို့ သားဥပြွန်မှာ ပေါင်းစပ် သန္ဓေအောင်ပြီးနောက် သန္ဓေသားသည် ၎င်းရှင်သန်ကြီးထွားဖို့ရာ သားအိမ်မှာ တွယ်ကပ်ရပါတယ်။ ထိုသို့ တွယ်ကပ်ရာမှာ သွေးအနည်းငယ် ဆင်းလာနိုင်ပါတယ် ။အများအားဖြင့် သန္ဓေအောင်ပြီး ၆ ရက်ကနေ -၁၂ ရက်လောက်မှာ ဆင်းတတ်ပါတယ် ။ ခန့်မှန်းခြေအနေနဲ့ ရာသီလာတဲ့ရက်လောက်မှာပဲ ဆင်းတတ်ပါတယ်။ ဒါကြောင့်မို့ အမှတ်မှားတတ်ပါတယ်။ သွေးဆင်းရင်လည်း နာရီပိုင်းကနေ ရက်ပိုင်းလောက်ပဲ ကြာတတ်ပါတယ် ။

(၂) ကိုယ်ဝန်ဆောင်တွင် သားအိမ်ခေါင်း ပြောင်းလဲခြင်းကြောင့် သွေးဆင်းခြင်း
– ကိုယ်ဝန်ဆောင်များတွင် သားအိမ်ခေါင်းသည် ပိုမိုနူးညံ ပျော့ပြောင်းလာပါတယ်။ ဒါ့အပြင် သားအိမ်ခေါင်းဆီ သွေးသွားလာတာလည်း များလာပါတယ်။ ဒါ့ကြောင့် အမျိုးသားနဲ့ အတူနေမိ လိင်ဆက်ဆံမိက ၊ ဒါမှ မဟုတ် သားအိမ်ခေါင်း အချွဲစယူခြင်းများ လုပ်က သွေးဆင်းတတ်ပါတယ် ။

(၃) ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ် မွေးလမ်းကြောင်းထဲ ပိုးဝင်ခြင်းကြောင့် သွေးဆင်းခြင်း
– ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ် မွေးလမ်းကြောင်းထဲ ပိုးဝင်က သွေးဆင်းနိုင်သလို အဖြူဆင်းတာ မိန်းမကိုယ်ယားတာ ရောင်ရမ်းနာတာတွေပါ ဖြစ်တတ်ပါတယ်။ အထက်ပါ ၃ချက်သည် ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းတရားတွေပါ။ အရမ်းစိုးရိမ်စရာ မလိုပါ။ အောက်မှာ ဆက်ပြောမယ့် အချက်တွေကိုတော့ သတိထားဖို့ လိုပါတယ်။ အောက်ပါအချက်များထဲက တစ်ခုခု ဖြစ်မယ်လို့ ယူဆရင် နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်း အမြန်ပြဖို့ မမေ့ပါနဲ့ ။

(၄) သားပျက်သားလျောခြင်း Miscarriage
– သားပျက်သားလျောချင်မှန်း ဘယ်လိုသိနိုင်လဲ ဆိုရင် ရာသီထိန်မယ် ၊ ဗိုက်နာမယ် ၊ သွေးဆင်းမယ် ၊ တစ်ခါတလေ အသားစတွေပါ ဆင်းလာမယ် ။

(၅) သားအိမ်ပြင်ပ သန္ဓေတည်ခြင်း Ectopic Pregnancy
– ဘယ်လိုသိနိုင်သလဲဆိုရင် ရာသီထိန်မယ်(ကိုယ်ဝန်ရှိတယ်ပေါ့) ၊ ဗိုက်အရင်နာမယ် ၊ သွေးဆင်းမယ်။ ဘာကြောင့် အရေးကြီးသလဲ ဆိုရင် သားဥပြွန်မှာ သန္ဓေတည်တာမို့ အရမ်း ကြီးထွားလာချိန်မှာ ပေါက်ထွက်ကာ သွေးလန့်ခြင်း shock ရတတ်ပါတယ်။ ဘယ်သူတွေမှာ ပိုဖြစ်တတ်သလဲဆိုရင် တင်ပါးဆုံအတွင်း အင်္ဂါတွေ နာတာရှည် ရောင်ရမ်းနာဖြစ်ဖူးသူတွေ ၊ အရင်တုန်းကလည်း Ectopic pregnancy ဖြစ်ဖူးသူတွေ ၊ သားဥပြွန်ခွဲစိတ်ဖူးသူတွေ ၊ IUCD သုံးစွဲထားသူတွေပဲ ဖြစ်ပါတယ် ။

(၆) စပျစ်သီးသန္ဓေ Molar pregnancy
– ဘာဖြစ်တာလဲဆိုရင် ပုံမှန်ဆိုရင် သန္ဓေသားဖြစ်ရမယ့်အစား ပုံမမှန်တစ်သျူးများ သားအိမ်ထဲမှာ ကြီးထွားလာတာပါ။ ဘယ်လိုသိနိုင်သလဲဆိုရင် ရာသီထိန်မယ် ၊ ၁၂ ပတ်ကျော်လို့ ဗိုက်စမ်းတော့ သားအိမ်အမြင့်က ရှိသင့်တာထက် ပိုမြင့်နေမယ် ၊ ကလေး နှလုံးခုန်သံ မကြားရ ၊ အာထရာဆောင်းမှာ ပုံမမှန်တဲ့ တစ်သျှူးများသာတွေ့ ၊ သွေးထဲ ဆီးထဲမှာ Beta hCG ဆိုတဲ့ ဟော်မုန်းတွေ များနေမယ် ။ ဘာကြောင့် အရေးကြီးသလဲ ဆိုရင် တစ်ချိန်မှာ ကင်ဆာဖြစ်နိုင်ချေ ရှိတယ် ။

အထက်ပါအချက်တွေကို သတိထားကာ ကိုယ်ဝန်နုစဉ် သွေးဆင်းရင် ဘာတွေ လုပ်ရမလဲ ၊ ရှောင်ကြဉ်ရမလဲဆိုရင်
– ကိုယ်ဝန်လနုစဉ် လိင်မဆက်ဆံပါနဲ့ ။ ဒါမှမဟုတ် သွေးဆင်းနေစဉ် လိင်မဆက်ဆံပါနဲ့ ။
– ကိုယ်ဝန်လနုစဉ် မိန်းမကိုယ်သန့်ဆေးရည်များနဲ့ မလိုအပ်ဘဲ ဆေးကြောခြင်းများ ရှောင်ပါ။ Tampoon သုံးခြင်း ရှောင်ပါ ။
– သွေးဆင်းနေစဉ် အမျိုးသမီးသုံး လစဉ် ပစ္စည်းကို သုံးပါ ။ ပမာဏ ၊ အပျစ်အခဲ ခန့်မှန်းနိုင်ဖို့ပါ ။
– အလေးအပင်မခြင်းများ ရှောင်ပါ ။ နားနားနေနေ နေပါ ။
– အာဟာရမျှတစွာ စားပါ ။
– ရေများများသောက်ပါ ။
– ဆေးလိပ် ၊ ဘီယာ ၊ အရက်ရှောင်ပါ ။
– မလိုအပ်ဘဲ ဆေးဝါးများ မသောက်ပါနဲ့ ။

Author : ခေတ်သစ် ဇီဝက

 

Previous Post

ဗီတာမင် D3

Next Post

သားသားမီးမီးတို့နွင့္ ကိုယ်လိမ်းပေါင်ဒါ အန္တရာယ်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
592
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
771

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားသားမီးမီးတို့နွင့္ ကိုယ်လိမ်းပေါင်ဒါ အန္တရာယ်များ

လဘက်ရည်

ကလေးတွေကို ဆူမှာလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.