အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် ပန်းသီးစားသုံးပါက မွေးဖွားလာသော ကလေးငယ်များ ရင်ကျပ် ပန်းနာဝေဒနာမှ ကင်းဝေးနိုင်မည်ဖြစ်ကြောင်း လေ့လာမှု တစ်ခုအရသိရှိရပါသည်။
သုတေသနပညာရှင်များသည် မိခင်များစားသုံးသော အစားအစာနှင့် အသက်ရှုလမ်းကြောင်း ဖွံ့ဖြိုးမှု တို့၏ ဆက်နွယ်မှုကို လေ့လာခဲ့ကြသည်။ ပန်းသီးစားသုံးသော မိခင်များ၏ ကလေးငယ်များတွင် ရင်ကျပ်ခြင်း ဝေဒနာ ဖြစ်ပေါ်မှုအန္တရာယ်မှ လျော့နည်းကြောင်း တွေ့ရှိရသည်ဟု ဆိုပါသည်။
ယခင်လေ့လာတွေ့ရှိချက်များတွင်လည်း မိခင်စားသုံးသော အစားအစာများတွင် ဗီတာမင်အေ၊ အီး၊ ဒီနှင့် ဇင့်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ခဲ့ပါက သားသမီးများတွင် ရင်ကျပ်ပန်းနာ ဖြစ်ပွားမှုနည်းကြောင်း တွေ့ရပါ သည်။
အခြားလေ့လာမှုတစ်ခုတွင်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီးများ ငါးစားသုံးခြင်းဖြင့် ကလေးငယ်များ တွင် ဓာတ်မတည့်ခြင်း၊ နှင်းခူ၊ ရင်ကျပ်ပန်းနာ စသည်တို့ ကင်းဝေးစေနိုင်သည်ဟု ဖော်ပြထားသည်။
ပန်းသီး တွင်ပါဝင်သော Phytochemicals ဖြစ်သည့် Flavonoids များကြောင့် ဖော်ပြပါ အကျိုးအာနိသင် ရရှိနိုင်ခြင်း ဖြစ်သည်။ ပန်းသီးတွင်ပါဝင်သည့် Flavonoids နှင့် ပေါ်လီဖီနော (Polyphenols) တို့သည် ရင်ကျပ်ပန်းနာ၊ လေပြွန်များ၏ တုံ့ပြန်စွမ်းအားနှင့် အဆုတ်၏လုပ်ငန်းများအပေါ် လွှမ်းမိုးမှုရှိကြသည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)