fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

သင်တို့ဘယ်လိုဆက်ဆံသင့်ပါသလဲ

137
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/12/2016
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

မိသားစုအေရး ႏွစ္သိမ့္ေဆြးေႏြးပညာေပးသူ Family Counselor စိတ္ပညာရွင္ AngThiam Hong က ဇနီးေမာင္ႏွံတို႔အတြက္ ေႏြးေထြးေသာဆက္ဆံေရးအတြက္ အႀကံေပးလမ္းၫႊန္ထားပါသည္။ အိမ္ေထာင္ ေရးသာယာဖို႔အတြက္ ဆက္ဆံေရးေႏြးေထြးဖို႔ အေရးႀကီးဆုံးျဖစ္ေပသည္။ စိတ္ပညာရွင္ AngThiam Hong ကသူ၏ အေတြ႕အႀကဳံေပၚမူတည္၍ေႏြးေထြးေသာဆက္ဆံေရးအတြက္    မီးေမာင္းထိုးျပလိုက္ျခင္းျဖစ္သည္။

သင္တို႔ဇနီးေမာင္ႏွံတို႔လက္ေတြ႕လိုက္နာေဆာင္႐ြက္ၾကပါဟုတိုက္တြန္းလိုက္ရပါသည္။

(၁) အျခားရႈေထာင့္ကၾကည့္တတ္ပါေစ
တစ္စုံတစ္ရာအျငင္းပြားဖြယ္ရာ သေဘာမတူညီစရာရွိလာပါက မိမိအျမင္ မိမိသေဘာထား တစ္ခု တည္းသာအမွန္ဟု သတ္မွတ္ျခင္းေရွာင္ရမည္။ အျခားသူဘက္မွ ရႈျမင္တတ္ရမည္။ ဥပမာ – မိမိက “ကႀကီး” (က) ကိုေရးလိုက္သည္ဆိုပါစို႔။ မိမိႏွင့္ မ်က္ႏွာခ်င္းဆိုင္ရွိသူက “ယပက္လက္” (ယ) ဟုျမင္ပါလိမ့္မည္။ တစ္ဖန္ မိမိ၏ ဘယ္ဘက္တြင္ရွိသူက “ငသပ္” (င္) ဟုဖတ္ပါလိမ့္မည္။ မိမိ၏  ညာဘက္တြင္ရွိသူကမူ “ဒေဒြး” (ဒ) ဟုေျပာပါလိမ့္မည္။ မည္သူမွ်ေတာ့ မွားမည္မဟုတ္ပါ။ သူ႔ရႈေထာင့္ကသူေတာ့ အမွန္ျဖစ္၏။
လင္ႏွင့္မယားၾကားတြင္လည္း မိမိအေနျဖင့္ တစ္ဖက္လူ၏ ရႈေထာင့္က ၾကည့္တတ္ျမင္တတ္ နားလည္တတ္ဖို႔ လိုသည္။ အျငင္းပြားဖြယ္ရာတစ္ခုကိုလင္ကျဖစ္ေစ၊ မယားကျဖစ္ေစ “မင္းမွန္ပါလိမ့္    မယ္ကြာ” ဟုေျပာလွ်င္ တစ္ဖက္လူအားေက်နပ္မႈရေစမည္။ ဇနီးေမာင္ႏွံ  ၾကားမ႐ိုးေသာ စကားတစ္ခြန္းကိုေျပာရန္လည္း စိတ္ပညာရွင္  AngThiam Hong  ကသတိေပးထားသည္။ ယင္းစကားမွာအျခားမဟုတ္ေပ။ “I Love You” ‘မင္းကိုငါခ်စ္ပါတယ္’ ဟူေသာအ႐ိုးဆုံးစကားေလးတစ္ခြန္းသာ ျဖစ္ပါသည္။

(၂) ေလသံေပ်ာ့ေပ်ာင္းပါေစ
စကားလုံးခ်င္းအတူတူ ဝါက်ခ်င္းအတူတူ ေလသံေပၚမူတည္၍ စိတ္အေျခအေနကိုခန႔္မွန္းႏိုင္သည္။ စကားေျပာဆိုရာတြင္ ေလသံမာေက်ာမေနသင့္ေပ။ ေပ်ာ့ေပ်ာ့ေပ်ာင္းေပ်ာင္းရွိသင့္သည္။ စကားေျပာဆိုရာတြင္ ေဒါသသံမပါသင့္ေပ။ အမိန႔္ေပးေသာေလသံမ်ိဳးေရွာင္သင့္သည္။ စကားေျပာဆိုမႈမွာဇနီးေမာင္ႏွံ ႏွစ္ဦးစလုံးအဖို႔ ႏူးညံ့သိမ္ေမြ႕ပါက ေႏြးေထြးေသာအိမ္ေထာင္ေရး၊ ခိုင္ၿမဲေသာအိမ္ေထာင္   aရးကိုပိုင္ဆိုင္ႏိုင္ၾကမည္ ျဖစ္သည္။

(၃) အေလးထားေၾကာင္း၊ တန္ဖိုးထားေၾကာင္းျပသပါ
လူတိုင္းသည္ မိမိအေပၚတန္ဖိုးထားမႈကိုလိုလားသည္။ အသိအမွတ္ျပဳခံလိုသည္။ မိမိအေပၚ တစ္စုံတစ္ရာေဆာင္႐ြက္ေပးျခင္းကို တာဝန္အရ လုပ္ေပးတာပဲဟုမမွတ္ယူသင့္ေပ။ ဥပမာ – ခ်က္ထား  ေသာ ဟင္းကိုမိမိႏွစ္သက္သည္ ဆိုပါစို႔။ ခင္ပြန္းအေနျဖင့္ “လက္ရာသိပ္ေကာင္းတာပဲ” “ဟ ဟင္းၿမိန္လိုက္တာကြာ” “စားရတာမတင္းတိမ္ႏိုင္ေလာက္ေအာင္ပဲ ေကာင္းလြန္းပါတယ္” စသည့္ စကားမ်ိဳးဆိုသင့္သည္။ ခင္ပြန္းျဖစ္ သူကအိမ္မႈကိစၥမ်ားတြင္ ဇနီးသည္အား ကူညီေပးခဲ့လွ်င္လည္း ဇနီးျဖစ္သူက အသိအမွတ္ျပဳပါ။ ေက်းဇူးတင္ စကားဆိုပါ။ အျပန္အလွန္ ေလးစားတန္ဖိုးထားမႈသည္လည္း ေႏြးေထြးေသာ ဆက္ဆံေရးအတြက္ ေသာ့ခ်က္ ျဖစ္သည္။

(၄) ေကာက္ခ်က္ခ်ေသာအျပဳအမူအေျပာအဆိုမ်ိဳးေရွာင္ၾကဥ္ပါ
ဇနီးေမာင္ႏွံၾကား တစ္ဦးကိုတစ္ဦး ေကာက္ခ်က္ခ်ေျပာဆိုျခင္းမ်ိဳး မျပဳသင့္ေပ။ ဥပမာ – အျပင္ထြက္ခါ နီးဇနီးျဖစ္သူက ေႏွးေကြးေနသည္ဆိုပါစို႔။ “မင္းကေတာ့ အၿမဲတမ္းတုံ႔ေႏွးတုံ႔ေႏွးပဲ” “လိပ္နဲ႔ အမ်ိဳးေတာ္ သလားပဲ” “မင္းအၿမဲေနာက္က်တယ္” စသည့္ စကားမ်ိဳးသည္ ဆက္ဆံေရးအတြကအေႏွာင့္အယွက္ အဟန႔္ အတားမ်ားပင္ျဖစ္သည္။ ဇနီးျဖစ္သူကလည္း “ရွင္ဟာေလဘာကိုမွ်ဂ႐ုမစိုက္ဘူး” “မိန္းမကိုဂ႐ုစိုက္ရမွန္းနားမ လည္ဘူး” “ကေလးေတြကိုလည္းဂ႐ုမစိုက္ဘူး” စသည္ျဖင့္ ျမည္တြန္းေတာက္တီးစကားမ်ိဳးမဆိုသင့္ေပ။ “မိန္းမကိုကူဖို႔စိတ္မကူဘူး” ဟူ၍လည္း မေျပာမိဖို႔လိုသည္။

(၅) ဂ႐ုတစိုက္ရွိပါ
ဇနီးက ျဖစ္ေစ၊ ခင္ပြန္းက ျဖစ္ေစ တစ္စုံတစ္ခုေျပာလွ်င္ မိမိအား မေျပာသကဲ့သို႔ မသိက်ိဳးကြၽံ မျပဳသင့္ ပါ။ ေဒါသျဖစ္သူကို မသိက်ိဳးကြၽံျပဳက ပို၍ေဒါသကို ဆြေပးသလိုျဖစ္တတ္ပါသည္။ ေျပာဆိုမႈကို ဂ႐ုစိုက္နား ေထာင္ပါ။ အျပဳသေဘာ တုံ႔ျပန္ပါ။ တခ်ိဳ႕ေယာက္်ားမ်ားက မိန္းမျဖစ္သူက တဗ်စ္ေတာက္ေတာက္ေျပာလွ်င္ အျပင္ (ဥပမာ – လက္ဖက္ရည္ဆိုင္) ထြက္သြားတာမ်ိဳး ျပဳလုပ္တတ္သည္။ မိမိ၌ အျခားအလုပ္မ်ား လုပ္ကိုင္ ရန္ရွိေစကာမူ ေျပာဆိုမႈကို တေလးတစား နားေထာင္ၿပီး ေအးေဆးစြာ အျပဳသေဘာ တုံ႔ျပန္ေပးပါက ေႏြးေထြး ေသာဆက္ဆံေရးကို ရရွိႏိုင္မည္ျဖစ္သည္။
နားေထာင္ျခင္းသည္ လူတစ္ဦးႏွင့္တစ္ဦးၾကားဆက္ဆံမႈအတြက္ အေရးႀကီးဆုံးေသာ အရာတစ္ခုျဖစ္ ၏။ နားေထာင္ေၾကာင္း ကိုယ္အမူအယာ၊ ႏႈတ္အမူအယာႏွင့္ ျပသရမည္ျဖစ္သည္။နားေထာင္  ေပးျခင္းသည္ အသိအမွတ္ျပဳရာေရာက္သည္။ လက္ခံရာေရာက္သည္။ ေလးစားရာေရာက္သည္။ စိတ္ပညာအရ “Active Listening” ဟုသုံးႏႈန္းေလ့ ရွိသည္။ စိတ္ဝင္တစား နားေထာင္ေပးျခင္းဟု ဆိုရမည္ျဖစ္သည္။ ဇနီးေမာင္ႏွံႏွစ္ ဦးၾကား Active Listening လိုအပ္သည္။ သို႔မွသာ ေႏြးေထြးေသာဆက္ဆံေရး ရရွိႏိုင္ၿပီး ခိုင္ၿမဲေသာအိမ္ေထာင္ ေရးျဖစ္ႏိုင္သည္။

(၆) လိင္ဆက္ဆံမႈ အဆင္ေျပဖို႔လိုသည္
ဇနီးေမာင္ႏွံၾကားတြင္ လိင္ဆက္ဆံမႈ ကိစၥမွာလည္း အေရးႀကီးသည့္ က႑တြင္ပါဝင္သည္။ အေပးအ ယူမွ်တဖို႔ လိုအပ္သည္။ တစ္ဦး၏ဆႏၵကို က်န္တစ္ဦးက ျဖည့္ဆည္းေပးႏိုင္ရမည္။ လိင္ဆက္ဆံမႈတြင္ တစ္ ကိုယ္ေကာင္းဆန္ျခင္း ေရွာင္ၾကဥ္ရမည္။ အခက္အခဲျပႆနာမ်ားကို ပူးေပါင္းေျဖရွင္းရမည္။ လိုအပ္ပါက ကြၽမ္း က်င္ပညာရွင္၊ ေဆးပညာရွင္၊ စိတ္ပညာရွင္စသည္တို႔၏ အကူအညီရယူၿပီး ေႏြးေထြးေသာဆက္ဆံေရးကို လည္း တည္ေဆာက္ရပါမည္။

(၇) ႐ိုးသားပါ၊ ပြင့္လင္းပါ
ဇနီးေမာင္ႏွံၾကား ႐ိုးသားမႈႏွင့္ ပြင့္လင္းမႈသည္ အလိုအပ္ဆုံးေသာ အရာျဖစ္၏။ အုံ႔ပုန္းမေနသင့္၊ ၿမဳံမ ေနသင့္၊ ပြင့္ပြင့္လင္းလင္း တိုင္ပင္ရမည္။ ႐ိုး႐ိုးသားသား ေဆြးေႏြးရမည္။ အမွန္ကို ဖုံးကြယ္မထားသင့္ေပ။ သို႔မွ သာတစ္ဦးကိုတစ္ဦး ယုံၾကည္မႈရွိေပလိမ့္မည္။ ယုံၾကည္မႈ မရွိလွ်င္ ေႏြးေထြးေသာ ဆက္ဆံေရး မည္သို႔ေသာအ ခါမွ် ရရွိႏုင္မည္ မဟုတ္ေပ။ မိမိ ႐ိုးသားပါက က်န္တစ္ဦးကလည္း ႐ိုးသားပါလိမ့္မည္။ မိမိက ပြင့္ပြင့္လင္းလင္းရွိ မွသာ က်န္တစ္ဦးကလည္း ပြင့္လင္းပါလိမ့္မည္။
သင္တို႔ ဇနီးေမာင္ႏွံၾကား ေဖာ္ျပပါအခ်က္မ်ားကို အမွန္တကယ္ေဆာင္႐ြက္ေနၾကပါရဲ႕လား။ အကယ္၍
တခ်ိဳ႕အခ်က္မ်ား၌ လိုအပ္ေနေသးလွ်င္ ျပဳျပင္လိုက္နာေဆာင္႐ြက္ၾကည့္ပါ။ ယခုတင္ျပခဲ့ေသာ အခ်က္မ်ား သည္ ခက္ခက္ခဲခဲလုပ္ေဆာင္ရမည့္ ကိစၥမ်ားမဟုတ္ေပ။လက္ေတြ႕လိုက္နာလုပ္ေဆာင္ျခင္းအားျဖင့္ ဇနီးေမာင္ႏွံၾကား ေႏြးေထြးေသာဆက္ဆံေရး ပိုင္ဆိုင္ႏိုင္ၾကၿပီး၊ အိမ္ေထာင္ေရး ရာသက္ပန္ ခိုင္ၿမဲၾကေပလိမ့္မည္။

AUTHOR – ေဒါက္တာေအးေက်ာ္ (ဇီဝကမၼေဗဒ)

(Unicode)

မိသားစုအရေး နှစ်သိမ့်ဆွေးနွေးပညာပေးသူ Family Counselor စိတ်ပညာရှင် AngThiam Hong က ဇနီးမောင်နှံတို့အတွက် နွေးထွေးသောဆက်ဆံရေးအတွက် အကြံပေးလမ်းညွှန်ထားပါသည်။ အိမ်ထောင် ရေးသာယာဖို့အတွက် ဆက်ဆံရေးနွေးထွေးဖို့ အရေးကြီးဆုံးဖြစ်ပေသည်။ စိတ်ပညာရှင် AngThiam Hong ကသူ၏ အတွေ့အကြုံပေါ်မူတည်၍နွေးထွေးသောဆက်ဆံရေးအတွက်    မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။

သင်တို့ဇနီးမောင်နှံတို့လက်တွေ့လိုက်နာဆောင်ရွက်ကြပါဟုတိုက်တွန်းလိုက်ရပါသည်။

(၁) အခြားရှုထောင့်ကကြည့်တတ်ပါစေ
တစ်စုံတစ်ရာအငြင်းပွားဖွယ်ရာ သဘောမတူညီစရာရှိလာပါက မိမိအမြင် မိမိသဘောထား တစ်ခု တည်းသာအမှန်ဟု သတ်မှတ်ခြင်းရှောင်ရမည်။ အခြားသူဘက်မှ ရှုမြင်တတ်ရမည်။ ဥပမာ – မိမိက “ကကြီး” (က) ကိုရေးလိုက်သည်ဆိုပါစို့။ မိမိနှင့် မျက်နှာချင်းဆိုင်ရှိသူက “ယပက်လက်” (ယ) ဟုမြင်ပါလိမ့်မည်။ တစ်ဖန် မိမိ၏ ဘယ်ဘက်တွင်ရှိသူက “ငသပ်” (င်) ဟုဖတ်ပါလိမ့်မည်။ မိမိ၏  ညာဘက်တွင်ရှိသူကမူ “ဒဒွေး” (ဒ) ဟုပြောပါလိမ့်မည်။ မည်သူမျှတော့ မှားမည်မဟုတ်ပါ။ သူ့ရှုထောင့်ကသူတော့ အမှန်ဖြစ်၏။
လင်နှင့်မယားကြားတွင်လည်း မိမိအနေဖြင့် တစ်ဖက်လူ၏ ရှုထောင့်က ကြည့်တတ်မြင်တတ် နားလည်တတ်ဖို့ လိုသည်။ အငြင်းပွားဖွယ်ရာတစ်ခုကိုလင်ကဖြစ်စေ၊ မယားကဖြစ်စေ “မင်းမှန်ပါလိမ့်    မယ်ကွာ” ဟုပြောလျှင် တစ်ဖက်လူအားကျေနပ်မှုရစေမည်။ ဇနီးမောင်နှံ  ကြားမရိုးသော စကားတစ်ခွန်းကိုပြောရန်လည်း စိတ်ပညာရှင်  AngThiam Hong  ကသတိပေးထားသည်။ ယင်းစကားမှာအခြားမဟုတ်ပေ။ “I Love You” ‘မင်းကိုငါချစ်ပါတယ်’ ဟူသောအရိုးဆုံးစကားလေးတစ်ခွန်းသာ ဖြစ်ပါသည်။

(၂) လေသံပျော့ပျောင်းပါစေ
စကားလုံးချင်းအတူတူ ဝါကျချင်းအတူတူ လေသံပေါ်မူတည်၍ စိတ်အခြေအနေကိုခန့်မှန်းနိုင်သည်။ စကားပြောဆိုရာတွင် လေသံမာကျောမနေသင့်ပေ။ ပျော့ပျော့ပျောင်းပျောင်းရှိသင့်သည်။ စကားပြောဆိုရာတွင် ဒေါသသံမပါသင့်ပေ။ အမိန့်ပေးသောလေသံမျိုးရှောင်သင့်သည်။ စကားပြောဆိုမှုမှာဇနီးမောင်နှံ နှစ်ဦးစလုံးအဖို့ နူးညံ့သိမ်မွေ့ပါက နွေးထွေးသောအိမ်ထောင်ရေး၊ ခိုင်မြဲသောအိမ်ထောင်   aရးကိုပိုင်ဆိုင်နိုင်ကြမည် ဖြစ်သည်။

(၃) အလေးထားကြောင်း၊ တန်ဖိုးထားကြောင်းပြသပါ
လူတိုင်းသည် မိမိအပေါ်တန်ဖိုးထားမှုကိုလိုလားသည်။ အသိအမှတ်ပြုခံလိုသည်။ မိမိအပေါ် တစ်စုံတစ်ရာဆောင်ရွက်ပေးခြင်းကို တာဝန်အရ လုပ်ပေးတာပဲဟုမမှတ်ယူသင့်ပေ။ ဥပမာ – ချက်ထား  သော ဟင်းကိုမိမိနှစ်သက်သည် ဆိုပါစို့။ ခင်ပွန်းအနေဖြင့် “လက်ရာသိပ်ကောင်းတာပဲ” “ဟ ဟင်းမြိန်လိုက်တာကွာ” “စားရတာမတင်းတိမ်နိုင်လောက်အောင်ပဲ ကောင်းလွန်းပါတယ်” စသည့် စကားမျိုးဆိုသင့်သည်။ ခင်ပွန်းဖြစ် သူကအိမ်မှုကိစ္စများတွင် ဇနီးသည်အား ကူညီပေးခဲ့လျှင်လည်း ဇနီးဖြစ်သူက အသိအမှတ်ပြုပါ။ ကျေးဇူးတင် စကားဆိုပါ။ အပြန်အလှန် လေးစားတန်ဖိုးထားမှုသည်လည်း နွေးထွေးသော ဆက်ဆံရေးအတွက် သော့ချက် ဖြစ်သည်။

(၄) ကောက်ချက်ချသောအပြုအမူအပြောအဆိုမျိုးရှောင်ကြဉ်ပါ
ဇနီးမောင်နှံကြား တစ်ဦးကိုတစ်ဦး ကောက်ချက်ချပြောဆိုခြင်းမျိုး မပြုသင့်ပေ။ ဥပမာ – အပြင်ထွက်ခါ နီးဇနီးဖြစ်သူက နှေးကွေးနေသည်ဆိုပါစို့။ “မင်းကတော့ အမြဲတမ်းတုံ့နှေးတုံ့နှေးပဲ” “လိပ်နဲ့ အမျိုးတော် သလားပဲ” “မင်းအမြဲနောက်ကျတယ်” စသည့် စကားမျိုးသည် ဆက်ဆံရေးအတွကအနှောင့်အယှက် အဟန့် အတားများပင်ဖြစ်သည်။ ဇနီးဖြစ်သူကလည်း “ရှင်ဟာလေဘာကိုမျှဂရုမစိုက်ဘူး” “မိန်းမကိုဂရုစိုက်ရမှန်းနားမ လည်ဘူး” “ကလေးတွေကိုလည်းဂရုမစိုက်ဘူး” စသည်ဖြင့် မြည်တွန်းတောက်တီးစကားမျိုးမဆိုသင့်ပေ။ “မိန်းမကိုကူဖို့စိတ်မကူဘူး” ဟူ၍လည်း မပြောမိဖို့လိုသည်။

(၅) ဂရုတစိုက်ရှိပါ
ဇနီးက ဖြစ်စေ၊ ခင်ပွန်းက ဖြစ်စေ တစ်စုံတစ်ခုပြောလျှင် မိမိအား မပြောသကဲ့သို့ မသိကျိုးကျွံ မပြုသင့် ပါ။ ဒေါသဖြစ်သူကို မသိကျိုးကျွံပြုက ပို၍ဒေါသကို ဆွပေးသလိုဖြစ်တတ်ပါသည်။ ပြောဆိုမှုကို ဂရုစိုက်နား ထောင်ပါ။ အပြုသဘော တုံ့ပြန်ပါ။ တချို့ယောက်ျားများက မိန်းမဖြစ်သူက တဗျစ်တောက်တောက်ပြောလျှင် အပြင် (ဥပမာ – လက်ဖက်ရည်ဆိုင်) ထွက်သွားတာမျိုး ပြုလုပ်တတ်သည်။ မိမိ၌ အခြားအလုပ်များ လုပ်ကိုင် ရန်ရှိစေကာမူ ပြောဆိုမှုကို တလေးတစား နားထောင်ပြီး အေးဆေးစွာ အပြုသဘော တုံ့ပြန်ပေးပါက နွေးထွေး သောဆက်ဆံရေးကို ရရှိနိုင်မည်ဖြစ်သည်။
နားထောင်ခြင်းသည် လူတစ်ဦးနှင့်တစ်ဦးကြားဆက်ဆံမှုအတွက် အရေးကြီးဆုံးသော အရာတစ်ခုဖြစ် ၏။ နားထောင်ကြောင်း ကိုယ်အမူအယာ၊ နှုတ်အမူအယာနှင့် ပြသရမည်ဖြစ်သည်။နားထောင်  ပေးခြင်းသည် အသိအမှတ်ပြုရာရောက်သည်။ လက်ခံရာရောက်သည်။ လေးစားရာရောက်သည်။ စိတ်ပညာအရ “Active Listening” ဟုသုံးနှုန်းလေ့ ရှိသည်။ စိတ်ဝင်တစား နားထောင်ပေးခြင်းဟု ဆိုရမည်ဖြစ်သည်။ ဇနီးမောင်နှံနှစ် ဦးကြား Active Listening လိုအပ်သည်။ သို့မှသာ နွေးထွေးသောဆက်ဆံရေး ရရှိနိုင်ပြီး ခိုင်မြဲသောအိမ်ထောင် ရေးဖြစ်နိုင်သည်။

(၆) လိင်ဆက်ဆံမှု အဆင်ပြေဖို့လိုသည်
ဇနီးမောင်နှံကြားတွင် လိင်ဆက်ဆံမှု ကိစ္စမှာလည်း အရေးကြီးသည့် ကဏ္ဍတွင်ပါဝင်သည်။ အပေးအ ယူမျှတဖို့ လိုအပ်သည်။ တစ်ဦး၏ဆန္ဒကို ကျန်တစ်ဦးက ဖြည့်ဆည်းပေးနိုင်ရမည်။ လိင်ဆက်ဆံမှုတွင် တစ် ကိုယ်ကောင်းဆန်ခြင်း ရှောင်ကြဉ်ရမည်။ အခက်အခဲပြဿနာများကို ပူးပေါင်းဖြေရှင်းရမည်။ လိုအပ်ပါက ကျွမ်း ကျင်ပညာရှင်၊ ဆေးပညာရှင်၊ စိတ်ပညာရှင်စသည်တို့၏ အကူအညီရယူပြီး နွေးထွေးသောဆက်ဆံရေးကို လည်း တည်ဆောက်ရပါမည်။

(၇) ရိုးသားပါ၊ ပွင့်လင်းပါ
ဇနီးမောင်နှံကြား ရိုးသားမှုနှင့် ပွင့်လင်းမှုသည် အလိုအပ်ဆုံးသော အရာဖြစ်၏။ အုံ့ပုန်းမနေသင့်၊ မြုံမ နေသင့်၊ ပွင့်ပွင့်လင်းလင်း တိုင်ပင်ရမည်။ ရိုးရိုးသားသား ဆွေးနွေးရမည်။ အမှန်ကို ဖုံးကွယ်မထားသင့်ပေ။ သို့မှ သာတစ်ဦးကိုတစ်ဦး ယုံကြည်မှုရှိပေလိမ့်မည်။ ယုံကြည်မှု မရှိလျှင် နွေးထွေးသော ဆက်ဆံရေး မည်သို့သောအ ခါမျှ ရရှိနုင်မည် မဟုတ်ပေ။ မိမိ ရိုးသားပါက ကျန်တစ်ဦးကလည်း ရိုးသားပါလိမ့်မည်။ မိမိက ပွင့်ပွင့်လင်းလင်းရှိ မှသာ ကျန်တစ်ဦးကလည်း ပွင့်လင်းပါလိမ့်မည်။
သင်တို့ ဇနီးမောင်နှံကြား ဖော်ပြပါအချက်များကို အမှန်တကယ်ဆောင်ရွက်နေကြပါရဲ့လား။ အကယ်၍
တချို့အချက်များ၌ လိုအပ်နေသေးလျှင် ပြုပြင်လိုက်နာဆောင်ရွက်ကြည့်ပါ။ ယခုတင်ပြခဲ့သော အချက်များ သည် ခက်ခက်ခဲခဲလုပ်ဆောင်ရမည့် ကိစ္စများမဟုတ်ပေ။လက်တွေ့လိုက်နာလုပ်ဆောင်ခြင်းအားဖြင့် ဇနီးမောင်နှံကြား နွေးထွေးသောဆက်ဆံရေး ပိုင်ဆိုင်နိုင်ကြပြီး၊ အိမ်ထောင်ရေး ရာသက်ပန် ခိုင်မြဲကြပေလိမ့်မည်။

AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Previous Post

ဒီခေတ်လူငယ်တွေနဲ့ စိတ်ကျန်းမာရေး

Next Post

ရာသီပန်းပွင့်မနွမ်းစေချင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရာသီပန်းပွင့်မနွမ်းစေချင်

ကတိတစ်ခု ဆင်ခြင်ပြု

ခွေရူးရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.