fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 357 Total Cases
😥 6 Deaths
😇 305 Recovered

ခွေရူးရောဂါ

အချို့အိမ်မွေး တိရစ္ဆာန်ချစ်သူများက ခွေးနှင့်ကြောင်များကို အတူရောနှော၍ မွေးမြူကြသည်။ အိမ်မွေးခွေးများကို ကာကွယ်ဆေးမှန်မှန်ထိုး၍ စနစ်တကျ မွေးမြူကြသော်လည်း ကြောင်းများကို ကာကွယ်ဆေးထိုးရန် အချို့က မသိကြပေ။ အချို့က ပေါ့ပေါ့ဆဆနေကြသည်။

မျိုးစစ်မျိုးမှန်ကြောင်များကိုသာ ကြောင်ကောင်ရေ နည်းပါးစွာ စနစ်တကျ မွေးမြူကြသော်လည်း ပြည်တွင်းရှိ သာမန်အိမ်မွေးကြောင်များကို အနည်းဆုံး သုံးလေးကောင်မှ ကောင်ရေ လေးငါးဆယ်အထိ မွေးမြူကြသူများလည်း ရှိကြသည်။ ထိုသူများကို ခွေးရူးကာကွယ်ဆေးထိုးရန် တိုက်တွန်းပါသော်လည်း အတော်များများက နားမဝင်ကြပေ။

နှစ်စဉ် ခွေးရူးရောဂါကြောင့် လူသေဆုံးမှုအများဆုံး နိုင်ငံများ (၁၉၉၅-၂၀၀၄) လူဦးရေ အချိုးရေ သေနှုန်း အမြင့်မားဆုံးနိုင်ငံများ (လူတစ်သိန်းလျှင် တစ်နှစ်သေဆုံးသူပေါင်း)
Source: SASI group (University of Sheffied) and Mark Newman (University of Michigan)
ခွေးရူးရောဂါသည် ကူးစက်တတ်သော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်ပြီဆိုသည်နှင့် အသက်သေဆုံးစေနိုင်သော ရောဂါဖြစ်ပါသည်။

လူမှာ ဖြစ်ပွားသော ခွေးရူးရောဂါ၏ အရင်းအမြစ်ကို စုံးစမ်းသောအခါ ၉၉% သည် ခွေးမှတစ်ဆင့်ကူးစက်ကြောင်း တွေ့ရှိရသည်။ ခွေးရူးရောဂါသည် အိမ်မွေးတိရစ္ဆာန်နှင့် တောရိုင်းတိရစ္ဆာန်များ အားလုံးမှာ ရောဂါကျရောက်တတ်ပြီး လူကိုကိုက်ခဲခြင်းကြောင့်ဖြစ်စေ လူကို ကုတ်ခြစ်သည့် ဒဏ်ရာများမှဖြစ်စေ တံထွေးထဲမှ ဗိုင်းရပ်စ်များ ဝင်ရောက်သွားခြင်း ဖြစ်သည်။
အန္တတိကတိုက်မှလွဲ၍ ကျန်တိုက်ကြီးများတွင် ခွေးရူးရောဂါဖြစ်ပွားမှု ရှိပါသည်။ သို့သော် ခွေးရူးရောဂါကြောင့် လူသေဆုံးမှုများ၏ ၉၅% မှာ အာရှတိုက်နှင့် အာဖရိကတိုက်တို့ ဖြစ်နေပါသည်။

ဆင်းရဲနွမ်းပါးသော လူဦးရေ များပြားသည့် နိုင်ငံများ ခွေးရူူးရောဂါကြောင့် သေဆုံးခြင်းကို မှတ်တမ်းမတင်နိုင်သည့် နိုင်ငံများ၊ ခွေးကိုက်ခံရပြီးနောက် လူကိုထိုးသည့် ကာကွယ်ဆေးများနှင့် Immunoglobulin တို့ အလုံအလောက် မရနိုင်သောနိုင်ငံများတွင် ခွေးရူးရောဂါကို လျစ်လျူရှုထားတတ်ကြသည်။ ခွေးရူးရောဂါအများဆုံး ဖြစ်ပွားတတ်သော ဒေသကို လေ့လာကြည့်လျှင် မြို့ပြဒေသထက် ကျေးလက်ဒေသမှာ ပိုမိုဖြစ်ပွားတတ်သည်။ ခွေးရူးရောဂါဖြစ်ပွားမှုများသည် လူတို့၏ အသက်အရွယ်ကို လေ့လာကြည့်လျှင် အသက် ၅ နှစ်မှ ၁၄ နှစ်အတွင်း ကလေးများဖြစ်သည်ကို တွေ့ရသည်။

အမေရိကတွင် ခွေးရူးရောဂါပိုး သယ်ထားသည့် တိရစ္ဆာန်တို့မှာ မြေခွေးများ Raccon များနှင့် သွေးစုပ်သည့်လင်းဆွဲများ ဖြစ်ကြသည်။

ခွေးရူးရောဂါပိုးသည် ကြောင်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ကြွက်သားထဲမှ ဆဲလ်များထဲတွင် ပွားများလာမည်။ ထို့နောက် အနီးစပ်ဆုံးနေရာမှာ ရှိသည့် အာရုံကြောများထဲသို့ ပျံ့နှံ့သွားမည်။ အာရုံကြောအားလုံးဖြစ်သည့် Peripheral နဗ်၊ Sensory နဗ် နှင့် Motor နဗ်များထဲသို့ ရောက်အောင်သွားပြီး ဗဟိုနဗ်ကြောစနစ်ထဲသို့ ဝင်ရောက်သွားလိမ့်မည်။
ရောဂါပျိုးချိန်သည် တစ်ပတ်သို့မဟုတ် ၁၀ ရက်ခန့် ကြာတတ်သည်။ အချို့က တစ်လခန့်ကြာမြင့်သည်။ ရောဂါလက္ခဏာပြပြီ ဆိုသည်နှင့် တစ်ပြိုင်တည်း ရောဂါပိုးများ ပိုမိုများပြားလာပြီး အခြေအနေ ဆိုးဝါးလာတော့သည်။
ဤရောဂါပိုးသည် တိရစ္ဆာန်မှလူကို ကူးစက်တတ်သော ရောဂါဆိုးကြီးဖြစ်ပြီး ခွေးရူးရောဂါပိုးဝင်နေသော ကြောင်မှတစ်ဆင့် လူသို့ကူးစက်နိုင်ပါသည်။

ကြောင်များတွင် ခွေးရူးရောဂါပိုးဝင်ပါက ပုံစံနှစ်မျိုး တွေ့ရတတ်၏။

ယင်းတို့မှာ

  • ချိနဲ့နေသောပုံစံ
  • ရန်လိုတိုက်ခိုက်တတ်သော ပုံစံတို့ဖြစ်သည်။

ရောဂါပိုးဝင်ရောက်ပြီးခါစ ဦးဆုံးလက္ခဏာများတွင် ကြောင်သည် အာရုံကြောစနစ်နှင့် ပတ်သတ်သော ရောဂါလက္ခဏာအနည်းငယ်သာ ပြပေလိမ့်မည်။ ထိုအဆင့်သည် တစ်ရက်မှ သုံးရက်အထိ ကြာတတ်သည်။ ကြောင်အများစုသသည် ရန်လိုတိုက်ခိုက်သောပုံစံအဖြစ်သို့ ပြောင်းသွားတတ်သည်။ အချို့က အင်အားချည့်နဲ့သော ပုံစံကို ပြကြသည်။
အချို့က ရန်လိုတိုက်ခိုက်တတ်သော ပုံစံနှင့် အားအင်ချည့်နဲ့သော ပုံစံနှစ်မျိုးလုံးကို ပြတတ်ကာ အချို့ကြောင်များက အဓိက ရောဂါလက္ခဏာများကို လုံး၀ မပြကြပေ။

အထူးသဖြင့် ကြောင်များသည် အိမ်ထဲမှ အပြင်သို့ထွက်၍ လှည့်လည်သွားလာကျက်စားတတ်သော သတ္တဝါများဖြစ်ကြသည်။ ကြောင်များသည် နယ်နမိတ်သတ်မှတ်တတ်သော သတ္တဝါများ ဖြစ်ကြသည်။ ကိုက်ကြခဲကြ ဗိုလ်လုကြဒဏ်ရာဗလပွနှင့် ပြန်လာသော ကြောင်များကို မြင်နေကျတွေ့နေကျ ဖြစ်သောကြောင့် ကြောင်အချင်းချင်း ကိုက်လာသလား၊ ခွေးကကိုက်လိုက်သလား( သို့မဟုတ်) ခွေးရူးရောဂါ ဖြစ်ပွားနေသည့် တိရစ္ဆာန်ကကိုက်လိုက်သလား ဆိုသည်ကိုပိုင်ရှင်များက ဆန်းစစ်လေ့လာမှု နည်းပါးကြပါသည်။

အကိုက်ခံရသည့် ဒဏ်ရာကိုလည်း ပေါ့ပေါ့ဆဆ သဘောထားပြီး ရောဂါလက္ခဏာများ ပြလာချိန်မှာလည်း အမှုမဲ့အမှတ်မဲ့ သတိမထားမိပါက ကြောင်မှတစ်ဆင့် ခွေးရူးရောဂါ ကူးစက်နိုင်သည့် အန္တရာယ်သည် မထင်မှတ်လောက်အောင် ကြီးမားနေလိမ့်မည်။
ယခုအခါ ပိုင်ရှင်မဲ့လေလွင့်ခွေးများ ပိုင်ရှင်မဲ့ ကြောင်များကို ကယ်ဆယ်စောင့်ရှောက်ထားသည့် ကယ်ဆယ်ရေးအဖွဲ့ (Rescue Centre) များစွာ ရှိနေပါသည်။ ထိုစင်တာများတွင် ထိန်းသိမ်းစောင့်ရှောက်သည့် ခွေးများ ကြောင်များကို စနစ်တကျ ကာကွယ်ဆေးထိုးပြီး စောင့်ရှောက်ထားရန် လိုအပ်သလို ကာကွယ်ဆေး မဖြစ်မနေထိုးထားရန် လိုအပ်ပါသည်။
ကြိုတင်ကာကွယ်သည့် အနေနှင့်ထိုးသော ခွေးရူးကာကွယ်ဆေး၏ တန်ဖိုးက မပြောပလောက်ပါ။ အကိုက်ခံရပြီးမှထိုးသော ကာကွယ်ဆေးသည် (ယခင်ကဆိုလျှင်) တန်ဖိုးကြီးမြင့်လှပါသည်။ ယခုအခါ အကိုက်ခံရပြီးမှ ထိုးရသော ခွေးရူးကာကွယ်ဆေးကို ဆေးရုံများတွင် အခမဲ့ထိုးနိုင်နေပြီး ဖြစ်သည်။

တိရစ္ဆာန်များနှင့် လက်ပွန်းတတီးနေရသော အိမ်မွေးတိရစ္ဆာန် ပိုင်ရှင်များ၊ တိရစ္ဆာန် အထူးကု ဆရာဝန်များ၊ လေ့ကျင့်ရေးဆရာများအနေနှင့် ကြိုတင်ကာကွယ်ဆေးလည်း ထိုးထားနိုင်ပါသည်။

ထို့ကြောင့် မိမိ၏ ခွေး၊ ကြောင်များဖြစ်စေ၊ အခြားခွေး၊ ကြောင်များက အန္တရာယ်ခေါင်းလောင်းသံကို သတိမှုသင့်ကြောင်း တင်ပြလိုက်ပါသည်။

Author – ဒေါက်တာခင်စန်းမော် (Healthcare Journal)

ဆက်စပ် ဆောင်းပါးများ