fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး


329
VIEWS
04/01/2018
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A


ကိုယ်ဝန်ပထမသုံးလ


ကိုယ်ဝန် ဒုတိယသုံးလ


ကိုယ်ဝန်တတိယသုံးလ



မီးဖွားပြီးကာလ



Author : Dr. 528

ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားပြီးကာလတွင် ကြုံတွေ့ရမည့် ခန္ဓာကိုယ်ပြောင်းလဲမှုများ

ကိုယ်ဝန်ပထမသုံးလ

ကိုယ်ဝန် ပထမသုံးလတွင် နေရထိုင်ရတာ မအီမသာဖြစ်ခြင်း၊ ရင်သားများ တင်းမာရောင်ရမ်းခြင်း၊သားမြတ်နဲ့နို့သီးခေါင်းအဝိုင်း နေရာတဝိုက်တွင် အသားရောင် ရင့်လာခြင်းတို့ ဖြစ်နိုင်သည်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေအားလုံးနီးပါး ဗိုက်ကြီးနာစွဲခြင်းဝေဒနာကို တွေ့ကြုံခံစားရနိုင်ပြီး ဆိုးဝါးစွာပျို့ခြင်း၊ အန်ခြင်း အစာစားချင်စိတ်ရှိသော်လည်း တကယ်တမ်းစားသည့်အခါ မစားနိုင်ခြင်းစသဖြင့် ဖြစ်နိုင်သည်။

ကိုယ်ဝန် ဒုတိယသုံးလ

ကိုယ်ဝန်ဆောင်ခြင်းရဲ့ တည်ငြိမ်တဲ့ကာလလို့ ပြောနိုင်ပါတယ်။ မိခင်လောင်းတွေ တော်တော်များများခံစားရတဲ့ ဗိုက်ကြီးနာစွဲခြင်းဝေဒနာဟာ ဒုတိယသုံးလထဲ ရောက်တာနဲ့ လျော့ပါးသက်သာသွားပါတယ်။ မိခင်လောင်းတွေဟာ ဒုတိယသုံးလမှာ ပျို့အန်ခြင်းမရှိတော့ဘဲ အစာကောင်းကောင်းစားနိုင်လာသောကြောင့် ကိုယ်အလေးချိန်စတင်ပြီး တက်လာပါတယ်။ သန္ဓေသားရဲ့လှုပ်ရှားမှု (ကလေးတိုးတာ) ကိုလည်း မိခင်လောင်းတွေ စတင်ခံစား သိရှိနိုင်တဲ့ကာလလည်း ဖြစ်ပါတယ်။

ကိုယ်ဝန်တတိယသုံးလ

နို့ရည်များ စတင်ဖြစ်ထွန်းလာကာ ရင်သားနဲ့သားမြတ်များကြီးထွားလာမည်။

အထူးသဖြင့် ကိုယ်ဝန်လွယ်တာ ၈လလောက် ရောက်တဲ့အချိန်မှာ ကလေးလှုပ်ရှားတာ (ကလေးတိုးတာ) အကြိမ်ရေ ပိုများလာပါတယ်။ ဒါ့အပြင် မိခင်လောင်းတွေရဲ့ ဗိုက်ခေါက်ထူလာပြီး ဗိုက်လဲအပြင်ကို စူထွက်လာပါတယ်။ ကိုယ်ဝန် တတိယသုံးလမှာ မိခင်လောင်းတွေဟာ လေပွခြင်း လေထိုးလေအောင့်ခြင်းစတဲ့ ဝေဒနာကိုလည်း မကြာမကြာ ခံစားရတတ်ပါတယ်။ ဗိုက်ထဲက သန္ဓေသားလေးဟာ ကြီးထွားလာပြီး အလေးချိန် တိုးလာတာကြောင့် ခါးနာဝေဒနာကိုလည်း ခံစားရနိုင်ပါတယ်။

မီးဖွားပြီးကာလ

နို့ဦးရည်နဲ့ နို့ရည်များ ကလေးမွေးပြီး တစ်ရက်မှ သုံးရက်အတွင်း ထွက်လာတတ်ပါတယ်။ မီးဖွားပြီးကာလဆိုတာဟာ ကြွက်သားနဲ့ အဆစ်မြစ်များသည် ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေးမီးဖွားခြင်းတို့ကြောင့်ဖြစ်သည့် ဖိအားများမှ ပြန်လည်နာလန်ထစ ကာလဖြစ်ပါတယ်။ ဒါကြောင့် အားရှိအောင် အစားရှောင်မနေဘဲ အသား ငါး ဟင်းရွက်စုံအောင် စားဖို့လိုပါတယ်။ ဒါမှသာ ကလေးကို နို့တိုက်ဖို့အတွက် အထောက်အကူလည်း ဖြစ်မှာပါ။

ကလေးမွေးပြီးနောက် တစ်လခွဲလောက်ကြာရင် သားအိမ်သည် မူလအနေအထားသို့ ပြန်ရောက်ရှိသော်လည်း ခန္ဓာကိုယ်အလယ်ပိုင်းမှ အဆီပိုများကမူ လျင်မြန် လွယ်ကူစွာ ပျောက်သွားမည်မဟုတ်ပါ။ တချို့ ကိုယ်ဝန်ဆောင်တွေမှာ ကလေးမီးဖွားပြီး မိန်းမကိုယ်က သွေးဆင်းနေတာမျိုး ရှိပါတယ်။ ဒါဆိုရင်တော့ ဖြစ်ရတဲ့အကြောင်းရင်းကို ရှာဖို့အတွက် ကလေးမွေးခဲ့တဲ့ဆေးရုံ သို့မဟုတ် နီးစပ်ရာဆေးခန်းတစ်ခုခုမှာ ပြထားဖို့လိုပါတယ်။

Author : Dr. 528

Previous Post

ဆိုးလိုက်တဲ့ချောင်း

Next Post

လူငယ်နှင့် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ( အပိုင်း ၁)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
635

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
609
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လူငယ်နှင့် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ( အပိုင်း ၁)

Stop smoking now

လူငယ်နှင့် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ( အပိုင်း ၂)

အရေပြား တစ်ထောက်အလှ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.