(Zawgyi)
ကြၽန္ေတာ္တို႔ အလုပ္သင္ဆရာဝန္ဆင္းတုန္းက ဇာတ္လမ္းအဖုံဖုံကို ေတြ႕ႀကဳံရတယ္။ လူနာေတြရဲ႕ အခက္အခဲေတြ လူနာေတြရဲ႕ အေၾကာင္းေတြကို ထဲထဲဝင္ဝင္ေတြ႕ရတဲ့ အခ်ိန္ဆိုလည္း မမွားပါဘူး။
တစ္ေန႔ေတာ့ သားဖြားမီးယပ္ေဆာင္မွာ တာဝန္က်ေနတုန္း ေသြးဆင္းတဲ့ လူနာတစ္ေယာက္ ေရာက္လာတယ္။ လူနာရဲ႕ ရာဇဝင္ကို စမ္းသပ္ေမးျမန္းတာေတြ လုပ္ေတာ့ ရာသီမလာတာ ၅ လရွိၿပီတဲ့။ ဘာေတြလုပ္လာေသးလည္းေမးေတာ့ ဘာမွမလုပ္လာဘူးတဲ့။ သူ႔အရင္အရင္ေတြကလည္း ဒီလိုပုံေတြနဲ႔ ကိုယ္ဝန္ဖ်က္ခ်ဖူးတဲ့ လူနာေတြ ခဏခဏေတြ႕ဖူးေတာ့ ဘာေတြလုပ္လာတာလည္း ေျပာ၊ ဘယ္သူကိုမွ တရားစြဲတာေတြ ဘာေတြမလုပ္ဘူးဆိုၿပီး ေခ်ာ့ေမာ့ေမးရတာေပါ့။
ဒီေတာ့မွ အရပ္လက္သည္ဆီမွာ ကေလးဖ်က္ခ်လာတာပါတဲ့။ ဘယ္လိုနည္းနဲ႔ ဖ်က္ခ်လဲေမးေတာ့ ဗိုက္ထဲကို သစ္သားေခ်ာင္းထိုးထည့္ၿပီး ေမႊလိုက္တာတဲ့။ တျခားသူေတြအတြက္သာ ဒီနည္းက မ်က္လုံးျပဴးစရာျဖစ္မယ္ ကိုယ္ေတြက ႀကဳံေနက်ေတြဆိုေတာ့ မထူးဆန္းေတာ့ပါဘူး။ ဒီလိုပဲ ကိုယ္ဝန္ဖ်က္ခ်တဲ့ သူေတြမွာ သစ္သားေခ်ာင္းေတြ ထိုးထည့္တာ၊ ေတြ႕ရာ ခြၽန္တဲ့ထက္တဲ့ ပစၥည္းေတြ ထိုးထည့္တာ၊ တခ်ိဳ႕ဆို စက္ဘီးက စမုတ္တံေတြ ထည့္တာမ်ိဳးေတြေတာင္ ရွိေသးတယ္။ ဒီလိုေတြ ထိုးထည့္လို႔လည္း သားအိမ္ေတြေပါက္ၿပီး ေသြးဆိပ္ေတြတက္ အသက္ေတြဆုံးခဲ့တာေတြလည္း မ်က္စိေရွ႕မွာ အမ်ားႀကီးပဲ။
ဒါေပမယ့္ ဒီလူနာမွာ ထူးဆန္းတာတစ္ခုက ဖ်က္ခ်စရာအေၾကာင္းတစ္စုံတစ္ရာ မရွိတာပဲ။ ဖ်က္ခ်ၾကတယ္ဆိုတဲ့ ေနရာမွာ မ်ားေသာအားျဖင့္ အေဖမေပၚလို႔ ၊ ဆင္းရဲခ်ိဳ႕တဲ့လြန္းလို႔ ၊ အိမ္ကသိမွာစိုးလို႔ ၊ အလိုမတူဘဲ ရလို႔ စတဲ့ အေၾကာင္းေတြကမ်ားပါတယ္။ ဒီလူနာမွာေတာ့ အမ်ိဳးသားကလည္း အရမ္းဂ႐ုစိုက္တယ္ ၊ အိမ္ကလည္း အရမ္းဆင္းရဲတာမ်ိဳး မဟုတ္ဘဲ စားႏိုင္ေသာက္ႏိုင္ ေျပေျပလည္လည္ပါပဲ။ ကေလးလိုခ်င္လို႔ဆိုၿပီး တားေဆးေတာင္ ျဖတ္ထားေသးတယ္။ ဒီလိုလူတစ္ေယာက္က ဖ်က္ခ်တယ္ဆိုေတာ့ အစ္မရယ္ ဘာလို႔ဖ်က္ခ်တာလဲဆိုၿပီး စိတ္ဝင္တစား ေမးမိေတာ့တာေပ့ါ။
အဲဒီေတာ့ လူနာရွင္ အမ်ိဳးသမီးက ကြၽန္မလိုခ်င္တဲ့ ကေလးဆိုတာ ေယာက္က်ားေလး ဆရာ။ အခုက တီဘီဓာတ္မွန္ (အာထရာေဆာင္း) ႐ိုက္ၾကည့္ေတာ့ မိန္းကေလးလို႔ ေျပာတယ္ဆရာ။ အဲဒါေၾကာင့္ မိန္းကေလးမို႔ ဖ်က္ခ်တာတဲ့။ ၿပီးေတာ့ ကိုယ္ဝန္ ၅ လဆိုေတာ့ ေသြးလုံးပဲ ရွိေသးတယ္၊ အသက္မဝင္ေသးဘူးလည္း တခ်ိဳ႕ေတြက ေျပာၾကလို႔တဲ့။
ေမးလည္းေမးၿပီးေရာ ကိုယ္ေတြမွာ ပါးစပ္ေဟာင္းေလာင္းနဲ႔။ အစ္မရယ္ ေသြးလုံးပဲ ရွိေသးတယ္ ဘယ္သူေျပာလည္း အစ္မ။ မမ်ိဳးဥနဲ႔ သုက္ပိုးတို႔ ေပါင္းစပ္ၿပီး သေႏၶေအာင္တယ္။ သေႏၶေအာင္ၿပီး ၁၈ ရက္ေလာက္ဆိုတာနဲ႔ အစ္မကေလးေလးရဲ႕ ႏွလုံးေလး စျဖစ္ေနၿပီအစ္မ။ ၅ ပတ္ေျမာက္ေလာက္ဆို အစ္မကေလးေလးရဲ႕ ႏွလုံးေလးက စၿပီး ခုန္ေနၿပီ။ အစ္မကသာ သတိမထားမိတာ။ အစ္မ ကေလးေလးက ေသြးလုံးေလး မဟုတ္ပါဘူးအစ္မရယ္။ လူေလးပါ။ ေယာက္က်ားေလးပဲျဖစ္ျဖစ္ မိန္းကေလးပဲျဖစ္ျဖစ္ အစ္မရဲ႕ ဗိုက္ထဲမွာ ရွိေနတဲ့ လူေလးပါ။ ၅ လအ႐ြယ္ဆို တျခားအဂၤါအစိတ္အပိုင္းေလးေတြလည္း ျဖစ္ေနၿပီ။ အ႐ြယ္အစားက ၈ လက္မကေန ၁၂ လက္မေလာက္ေတာင္ ရွိေနၿပီ။
အစ္မ ဗိုက္ေတြဘာေတြေရာ အပ္ရဲ႕လား။ မိန္းကေလးဆိုတာကေကာ ဆရာဝန္ေျပာျပလိုက္တာလား။ ဆရာဝန္ကိုေတာ့ မေမးရဲလို႔ မေမးခဲ့ဘူး။ ဒါေပမယ့္ အေျဖစာ႐ြက္မွာ မိန္းမ လကၡဏာေလး ေတြ႕လိုက္လို႔ လုပ္လိုက္တာတဲ့။ အစ္မရယ္ ကေလးအေနအထားေတြ ေနပုံေနထိုင္ပုံေတြ ၾကည့္ၿပီး တီဘီဓာတ္မွန္မွာ ေသခ်ာ မျမင္ရတာမ်ိဳးေတြလည္း ရွိတယ္။ ကေလးက လွည့္ေနတဲ့အခ်ိန္မ်ိဳးေတြမွာဆို ေကာင္းေကာင္းမျမင္ရတတ္ဘူး။
ကိုယ္အဲလိုေျပာလိုက္မွ သူ႔မွာ ေနာင္တေတြရ ဝမ္းေတြနည္းၿပီး အခု ကြၽန္မကေလးေလးကို ကယ္လို႔ရရင္ ကယ္ေပးပါဦးဆရာရယ္တဲ့။ ေသြးဆင္းတာကလည္းမ်ားတယ္ သားအိမ္ေခါင္းကလည္း ပြင့္ေနေတာ့ ကယ္လို႔ရမရ မေသခ်ာဘူး။ သားဖြားမီးယပ္ဆရာမႀကီးက ေဆးေတြေတာ့ သြင္းေပးခိုင္းထားလို႔ သြင္းေပးထားတယ္ေနာ္။ ရမရကေတာ့ ေစာင့္ၾကည့္ရမွာေပါ့လို႔ပဲ ႏွစ္သိမ့္ရတာေပါ့။
ေနာက္တစ္နာရီေလာက္ၾကာေတာ့ တျခားလူနာေတြ ေဆးသြင္းေပးေနတုန္းမွာပဲ အဲ့အစ္မႀကီးဟာ ေသြးေတြဆင္းၿပီး ကုတင္ေပၚမွာတင္ ကေလးေလးကို ေမြးပါေတာ့တယ္။ ဝမ္းနည္းစရာ ေကာင္းတာေလး တစ္ခုက ကေလးေလးက ေယာက္က်ားေလးပါပဲ။ အျပင္ကို ေရာက္ေရာက္လာခ်င္း အသက္ေလး တစ္ခ်က္ရႈိက္ၿပီး ရွဴလိုက္ပါေသးတယ္။ သစ္သားေခ်ာင္းနဲ႔ ထိုးထည့္ထားတဲ့အတြက္ လက္ကေလးတစ္ေခ်ာင္းဟာလည္း ျပတ္လို႔ေနပါေသးတယ္။ သိပ္မၾကာခင္မွာပဲ ကေလးငယ္ေလးဟာ ေလာကႀကီးကို စြန႔္ခြာသြားပါေတာ့တယ္။
ကေလးငယ္ေလးသာ စကားေတြေျပာတတ္ခဲ့ရင္ ေမေမ ရက္စက္တယ္ပဲ ေျပာမလား။ ေမေမလိုခ်င္တဲ့ သားသားေလးပါ ေမေမရယ္လို႔ပဲ ေျပာမလား။ သားသား ေမေမ့ကို ခြင့္လြတ္ပါတယ္လို႔ပဲ ေျပာမလား။ လူ႔ေလာကႀကီးက ရက္စက္လိုက္တာလို႔ပဲ ေတြးထင္ေလမလား ………….
Author : Dr. ေမ
(Unicode)
ကျွန်တော်တို့ အလုပ်သင်ဆရာဝန်ဆင်းတုန်းက ဇာတ်လမ်းအဖုံဖုံကို တွေ့ကြုံရတယ်။ လူနာတွေရဲ့ အခက်အခဲတွေ လူနာတွေရဲ့ အကြောင်းတွေကို ထဲထဲဝင်ဝင်တွေ့ရတဲ့ အချိန်ဆိုလည်း မမှားပါဘူး။
တစ်နေ့တော့ သားဖွားမီးယပ်ဆောင်မှာ တာဝန်ကျနေတုန်း သွေးဆင်းတဲ့ လူနာတစ်ယောက် ရောက်လာတယ်။ လူနာရဲ့ ရာဇဝင်ကို စမ်းသပ်မေးမြန်းတာတွေ လုပ်တော့ ရာသီမလာတာ ၅ လရှိပြီတဲ့။ ဘာတွေလုပ်လာသေးလည်းမေးတော့ ဘာမှမလုပ်လာဘူးတဲ့။ သူ့အရင်အရင်တွေကလည်း ဒီလိုပုံတွေနဲ့ ကိုယ်ဝန်ဖျက်ချဖူးတဲ့ လူနာတွေ ခဏခဏတွေ့ဖူးတော့ ဘာတွေလုပ်လာတာလည်း ပြော၊ ဘယ်သူကိုမှ တရားစွဲတာတွေ ဘာတွေမလုပ်ဘူးဆိုပြီး ချော့မော့မေးရတာပေါ့။
ဒီတော့မှ အရပ်လက်သည်ဆီမှာ ကလေးဖျက်ချလာတာပါတဲ့။ ဘယ်လိုနည်းနဲ့ ဖျက်ချလဲမေးတော့ ဗိုက်ထဲကို သစ်သားချောင်းထိုးထည့်ပြီး မွှေလိုက်တာတဲ့။ တခြားသူတွေအတွက်သာ ဒီနည်းက မျက်လုံးပြူးစရာဖြစ်မယ် ကိုယ်တွေက ကြုံနေကျတွေဆိုတော့ မထူးဆန်းတော့ပါဘူး။ ဒီလိုပဲ ကိုယ်ဝန်ဖျက်ချတဲ့ သူတွေမှာ သစ်သားချောင်းတွေ ထိုးထည့်တာ၊ တွေ့ရာ ချွန်တဲ့ထက်တဲ့ ပစ္စည်းတွေ ထိုးထည့်တာ၊ တချို့ဆို စက်ဘီးက စမုတ်တံတွေ ထည့်တာမျိုးတွေတောင် ရှိသေးတယ်။ ဒီလိုတွေ ထိုးထည့်လို့လည်း သားအိမ်တွေပေါက်ပြီး သွေးဆိပ်တွေတက် အသက်တွေဆုံးခဲ့တာတွေလည်း မျက်စိရှေ့မှာ အများကြီးပဲ။
ဒါပေမယ့် ဒီလူနာမှာ ထူးဆန်းတာတစ်ခုက ဖျက်ချစရာအကြောင်းတစ်စုံတစ်ရာ မရှိတာပဲ။ ဖျက်ချကြတယ်ဆိုတဲ့ နေရာမှာ များသောအားဖြင့် အဖေမပေါ်လို့ ၊ ဆင်းရဲချို့တဲ့လွန်းလို့ ၊ အိမ်ကသိမှာစိုးလို့ ၊ အလိုမတူဘဲ ရလို့ စတဲ့ အကြောင်းတွေကများပါတယ်။ ဒီလူနာမှာတော့ အမျိုးသားကလည်း အရမ်းဂရုစိုက်တယ် ၊ အိမ်ကလည်း အရမ်းဆင်းရဲတာမျိုး မဟုတ်ဘဲ စားနိုင်သောက်နိုင် ပြေပြေလည်လည်ပါပဲ။ ကလေးလိုချင်လို့ဆိုပြီး တားဆေးတောင် ဖြတ်ထားသေးတယ်။ ဒီလိုလူတစ်ယောက်က ဖျက်ချတယ်ဆိုတော့ အစ်မရယ် ဘာလို့ဖျက်ချတာလဲဆိုပြီး စိတ်ဝင်တစား မေးမိတော့တာပေ့ါ။
အဲဒီတော့ လူနာရှင် အမျိုးသမီးက ကျွန်မလိုချင်တဲ့ ကလေးဆိုတာ ယောက်ကျားလေး ဆရာ။ အခုက တီဘီဓာတ်မှန် (အာထရာဆောင်း) ရိုက်ကြည့်တော့ မိန်းကလေးလို့ ပြောတယ်ဆရာ။ အဲဒါကြောင့် မိန်းကလေးမို့ ဖျက်ချတာတဲ့။ ပြီးတော့ ကိုယ်ဝန် ၅ လဆိုတော့ သွေးလုံးပဲ ရှိသေးတယ်၊ အသက်မဝင်သေးဘူးလည်း တချို့တွေက ပြောကြလို့တဲ့။
မေးလည်းမေးပြီးရော ကိုယ်တွေမှာ ပါးစပ်ဟောင်းလောင်းနဲ့။ အစ်မရယ် သွေးလုံးပဲ ရှိသေးတယ် ဘယ်သူပြောလည်း အစ်မ။ မမျိုးဥနဲ့ သုက်ပိုးတို့ ပေါင်းစပ်ပြီး သန္ဓေအောင်တယ်။ သန္ဓေအောင်ပြီး ၁၈ ရက်လောက်ဆိုတာနဲ့ အစ်မကလေးလေးရဲ့ နှလုံးလေး စဖြစ်နေပြီအစ်မ။ ၅ ပတ်မြောက်လောက်ဆို အစ်မကလေးလေးရဲ့ နှလုံးလေးက စပြီး ခုန်နေပြီ။ အစ်မကသာ သတိမထားမိတာ။ အစ်မ ကလေးလေးက သွေးလုံးလေး မဟုတ်ပါဘူးအစ်မရယ်။ လူလေးပါ။ ယောက်ကျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အစ်မရဲ့ ဗိုက်ထဲမှာ ရှိနေတဲ့ လူလေးပါ။ ၅ လအရွယ်ဆို တခြားအင်္ဂါအစိတ်အပိုင်းလေးတွေလည်း ဖြစ်နေပြီ။ အရွယ်အစားက ၈ လက်မကနေ ၁၂ လက်မလောက်တောင် ရှိနေပြီ။
အစ်မ ဗိုက်တွေဘာတွေရော အပ်ရဲ့လား။ မိန်းကလေးဆိုတာကကော ဆရာဝန်ပြောပြလိုက်တာလား။ ဆရာဝန်ကိုတော့ မမေးရဲလို့ မမေးခဲ့ဘူး။ ဒါပေမယ့် အဖြေစာရွက်မှာ မိန်းမ လက္ခဏာလေး တွေ့လိုက်လို့ လုပ်လိုက်တာတဲ့။ အစ်မရယ် ကလေးအနေအထားတွေ နေပုံနေထိုင်ပုံတွေ ကြည့်ပြီး တီဘီဓာတ်မှန်မှာ သေချာ မမြင်ရတာမျိုးတွေလည်း ရှိတယ်။ ကလေးက လှည့်နေတဲ့အချိန်မျိုးတွေမှာဆို ကောင်းကောင်းမမြင်ရတတ်ဘူး။
ကိုယ်အဲလိုပြောလိုက်မှ သူ့မှာ နောင်တတွေရ ဝမ်းတွေနည်းပြီး အခု ကျွန်မကလေးလေးကို ကယ်လို့ရရင် ကယ်ပေးပါဦးဆရာရယ်တဲ့။ သွေးဆင်းတာကလည်းများတယ် သားအိမ်ခေါင်းကလည်း ပွင့်နေတော့ ကယ်လို့ရမရ မသေချာဘူး။ သားဖွားမီးယပ်ဆရာမကြီးက ဆေးတွေတော့ သွင်းပေးခိုင်းထားလို့ သွင်းပေးထားတယ်နော်။ ရမရကတော့ စောင့်ကြည့်ရမှာပေါ့လို့ပဲ နှစ်သိမ့်ရတာပေါ့။
နောက်တစ်နာရီလောက်ကြာတော့ တခြားလူနာတွေ ဆေးသွင်းပေးနေတုန်းမှာပဲ အဲ့အစ်မကြီးဟာ သွေးတွေဆင်းပြီး ကုတင်ပေါ်မှာတင် ကလေးလေးကို မွေးပါတော့တယ်။ ဝမ်းနည်းစရာ ကောင်းတာလေး တစ်ခုက ကလေးလေးက ယောက်ကျားလေးပါပဲ။ အပြင်ကို ရောက်ရောက်လာချင်း အသက်လေး တစ်ချက်ရှိုက်ပြီး ရှူလိုက်ပါသေးတယ်။ သစ်သားချောင်းနဲ့ ထိုးထည့်ထားတဲ့အတွက် လက်ကလေးတစ်ချောင်းဟာလည်း ပြတ်လို့နေပါသေးတယ်။ သိပ်မကြာခင်မှာပဲ ကလေးငယ်လေးဟာ လောကကြီးကို စွန့်ခွာသွားပါတော့တယ်။
ကလေးငယ်လေးသာ စကားတွေပြောတတ်ခဲ့ရင် မေမေ ရက်စက်တယ်ပဲ ပြောမလား။ မေမေလိုချင်တဲ့ သားသားလေးပါ မေမေရယ်လို့ပဲ ပြောမလား။ သားသား မေမေ့ကို ခွင့်လွတ်ပါတယ်လို့ပဲ ပြောမလား။ လူ့လောကကြီးက ရက်စက်လိုက်တာလို့ပဲ တွေးထင်လေမလား ………….
Author : Dr. မေ