မကြာခဏ ဒူးနာ၊ ခါးနာတတ်တဲ့သူတွေ ရှိကြလား?
ဒူးနာ၊ ခါးနာတာဟာ ကြွက်သားတွေ တောင့်တင်းနေလို့လည်း ဖြစ်နိုင်သလို ဒူးဆစ်နဲ့ ခါးရိုးဆစ်မှာ ရှိတဲ့ အရိုး၊ အရိုးနုနဲ့ အရွတ်တွေမှာ ပြဿနာရှိနေတာလည်း ဖြစ်နိုင်ပါတယ်။
-အသက်ကြီးတဲ့သူတွေ
-အားကစားသမားတွေ
-အဝလွန်သူတွေ
-ဒူးနဲ့ခါးမှာ ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရဖူးသူတွေဟာ ဒူးနာ၊ ခါးနာ ဝေဒနာကို အများဆုံး ခံစားရတတ်ပါတယ်။
ဘာကြောင့် နာရတာလဲ?
ပုံမှန်အားဖြင့် ဒူးဆစ်နဲ့ ခါးရိုးဆစ်တွေမှာ ကောင်းမွန်စွာ လှုပ်ရှားနိုင်ဖို့ ချောဆီလို သဘာဝအရည်တွေ၊ အရိုးနုတွေ၊ တွယ်ဆက်တစ်ရှူးအရွတ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။
-အသက်ကြီးလာလို့ အရိုးပါး၊ အရိုးပွရောဂါတွေ ခံစားလာရတာ
-လေးဖက်နာရောဂါ၊ ဂေါက်ရောဂါလို အဆစ်တွေ ပုံပျက်ပန်းပျက်ဖြစ်ပြီး ရောင်ရမ်းတဲ့ရောဂါတွေ ဖြစ်တာ
-osteoarthritis လို့ခေါ်တဲ့ လှုပ်ရှားပွတ်တိုက်ပါများလို့အရိုးနုလေးတွေ ပျက်ဆီးပြီး အရိုးအဆစ်တွေ ရောင်ရမ်းတာ
-ထိခိုက်ဒဏ်ရာရပြီး အရိုးကျိုးတာ၊ အရွတ်နဲ့ တွယ်ဆက်တစ်ရှူးတွေ ပျက်ဆီးတာ
-အဝလွန်တဲ့ သူတွေမှာ ကိုယ်အလေးချိန်ကြောင့် ခန္ဓာကိုယ်အောက်ပိုင်း အရိုးအဆစ်တွေက ဒဏ်ပိုဖြစ်တာတွေက ဒူးနာ၊ ခါးနာရတာတွေရဲ့ အကြောင်းရင်းတွေပါပဲ။
ရောဂါလက္ခဏာတွေ အနေနဲ့…
-ဒူးတွေခါးတွေ တောင့်တင်းနေတာ
-နီရဲပြီး နာကျင်နေတာ
-လှုပ်ရှားရခက်နေတာ၊ လမ်းမလျှောက်နိုင်တာ
-ဒူးဆစ်က ရောင်ရမ်းပုံပျက်နေတာ
-ညအိပ်မရတာတွေ ဖြစ်နိုင်ပါတယ်။
အကိုက်အခဲပျောက်ဆေးတွေသောက်တာ၊ သင့်တော်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာ၊ ကိုယ်နေဟန်ထား မှန်ကန်အောင် ဂရုစိုက်ပေးတာတွေ ပြုလုပ်ပေးခြင်းဖြင့် ရောဂါလက္ခဏာတွေကို သက်သာစေမှာပါ။ ဒူးနာခါးနာ ဝေဒနာကို ကာကွယ်ဖို့နဲ့ သက်သာစေဖို့ အတွက် ထောက်ပံ့ပေးတဲ့ ဖြည့်စွက်အားဆေးများလည်း မှီဝဲလာကြပါတယ်။ GNC Triflex ဟာ ဖြည့်စွက်စာတစ်မျိုးဖြစ်ပြီး ပျက်စီးသွားတဲ့ အရိုးအဆစ်တွေကို ပြန်လည်တည်ဆောက်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။
GNC Triflex မှာ…
– အရိုးနုတွေ မပျက်စီးအောင် ကာကွယ်ပေးနိုင်တဲ့ Glucosamine 1500 mg
-ပျက်စီးသွား တဲ့ အရိုးနုတွေ ပြန်လည်တည်ဆောက်တဲ့နေရာမှာ ကူညီပေးတဲ့ Chondroitin sulfate 1200 mg
-အရိုးအဆစ်များရောင်ရမ်းနာကျင်မှု တွေကို သဘာဝအတိုင်း သက်သာစေသလို အရိုးအဆစ်တွေ၊ တွယ်ဆက် တစ်သျှူးတွေ ကြံ့ခိုင်ရေးအတွက်လည်း အကောင်းဆုံးဖြစ်တဲ့ Methyl Sulfonyl Methane 900 mg
-ရိုးတွင်းခြင်ဆီကို ပြန်လည်ဖြည့်ဆည်းပေးပြီး အရိုးအဆစ်တွေ ကောင်းမွန်စွာ ကွေးဆန့်ဖို့ အရေးပါတဲ့ Hyaluronic Acid 5 mg စတာတွေ ပါဝင်တာမို့ အရိုးအဆစ်တွေ ကြံ့ခိုင်သန်စွမ်းဖို့ အထောက်အကူ ပေးပါတယ်။
ဒါကြောင့် ဒူးနာ၊ ခါးနာဝေဒနာတွေ ဝေးဝေးပြေးစေဖို့ GNC Triflex လို ဖြည့်စွက်အားဆေးကို အစာစားပြီးချိန် တစ်နေ့ ၃ လုံး သောက်သုံးနိုင်ပါတယ်။
Author: Dr.Yee Mon