fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေသော အကြောင်းအရင်းများ

231
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/03/2023
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

အိပ်စက်အနားယူခြင်းဟာ လူသားတို့နေ့စဉ်ရှင်သန် လှုပ်ရှားမှုအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ခန္ဓာကိုယ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အဓိကကျတဲ့အရာများအနက် အိပ်စက်ခြင်းနဲ့ပါတ်သက်တဲ့ အလေ့အထများလည်း ပါဝင်ပါတယ်။ အသက်အရွယ်နှင့် လူတစ်ဦးခြင်းစီပေါ် မူတည်ပြီး တနေ့တာ လိုအပ်တဲ့ အိပ်စက်ချိန်ပမာဏသည် ၇နာရီမှ ၁၇ နာရီထိ ကွာခြားနိုင်ပါသည်။ မွေးကင်းစကလေးများတွင် အိပ်စက်ချိန်ပိုများတတ်ပြီး အသက်အရွယ်ကြီးလာတာနဲ့ အိပ်ချိန်လျော့လာတတ်ပါတယ်။

ခန္ဓာကိုယ်နှင့် စိတ်ကျန်းမာရေးအတွက် အရေးကြီးတဲ့ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ အချက်တွေက ဘာတွေလဲ? အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူတွေကို သတိမမူမိဘဲ ပြုလုပ်နေမိသလားဆိုတာကို ဒီဆောင်းပါးလေးမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

၁။ စိတ်ဖိစီးမှုကြောင့် ညဖက်အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်ခြင်း
၂။ညအိပ်ယာဝင်ချိန် ပုံမှန်မရှိခြင်း
၃။ ကဖင်းဓါတ်ပါဝင်သော ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည် energy drink များ အလွန်အကျွံ မှီဝဲခြင်း
၄။ ဆေးလိပ်သောက်ခြင်း
၅။ နေ့ခင်းဖက် အချိန်ကြာမြင့်စွာ အိပ်စက်ခြင်း
၆။ အိပ်စက်မှုကို အနှောင့်အယှက်ပေးတဲ့ ဆူညံသော ပါတ်ဝန်းကျင် ရှိခြင်း
၇။ အိပ်ခန်းအပူချိန်က ပူလွန်း၊ အေးလွန်းခြင်း၊ အလင်းရောင်များခြင်း
၈။ ညအိပ်ယာဝင်ခါနီး အလေ့အထများကြောင့် အိပ်မပျော်ခြင်း ( စိတ်ပင်ပန်းစရာ ကိစ္စများတွေးခြင်း၊ အစားအလွန်အကျွံ့စားခြင်း)
၉။ ကွန်ပြူတာနှင့် ဖုန်းဖန်သားပြင် ကြည့်ရှုချိန် screentime များခြင်း
၁၀။ အိပ်ခါနီး ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း
၁၁။ အဝလွန်ပြီး အိပ်နေစဥ် ဟောက်တတ်ခြင်း (ဒီလိုလူတွေဟာ အိပ်ရေးဝလေ့မရှိပါဘူး)
၁၂။ သောက်သုံးရတဲ့ဆေးတွေကြောင့် အိပ်ရေးပျက်ခြင်း (ဥပမာ…ဆီးဆေးသောက်ရလို့ ဆီးမကြာခဏသွားတာ၊ ကဖင်းဓာတ်ပါတဲ့ဆေးတွေ သောက်ပြီး မျက်စိကြောင်နေတာ)
၁၃။ စိတ်ကျရောဂါ၊ စိတ်ကျစိတ်ကြွရောဂါ ကဲ့သို့ စိတ်ကျန်းမာရေး ဝေဒနာခံစားနေရခြင်း
၁၄။ အိပ်ဆေးစွဲနေခြင်း (အိပ်ဆေးစွဲနေသူဟာ အိပ်ဆေးပုံမှန်မသုံးစွဲရရင် အိပ်ပျော်ဖို့ ခက်ခဲတတ်ပါတယ်)
၁၅။ ဟော်မုန်းမညီမျှခြင်း (အထူးသဖြင့် အမျိုးသမီးများ သွေးဆုံးချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ညဘက်ချွေးထွက်တာ၊ ပူစပ်ပူလောင်ဖြစ်တာမျိုး) စတဲ့အချက်တွေဟာ အိပ်ပျော်ခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေပါ။

လူတစ်ယောက်ဟာ တစ်ညမှာ အနည်းဆုံး ၇ နာရီခန့် အိပ်သင့်ပါတယ်။ ညဘက်အိပ်မပျော်တာမျိုး မဖြစ်ဖို့ဆိုရင်…
– နေ့စဉ်ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။
– အဝလွန်နေရင် ဝိတ်လျှော့ပါ။
– တရားထိုင်ပါ။
– ညနေဘက် ဗိုက်တင်းအောင် အများကြီးစားတာမျိုး ရှောင်ပါ။ လက်ဖက်၊ ကော်ဖီ၊ ဆေးလိပ်၊ အရက်တွေ သောက်ခြင်းမှ ရှောင်ပါ။
– မအိပ်ခင် ရေနွေးနဲ့ ရေချိုးတာ၊ နွားနို့ပူပူလေး သောက်တာမျိုး လုပ်ပါ။
– အိပ်ခန်းကို အိပ်ဖို့အတွက် သီးသန့်အသုံးပြုပါ (အိပ်ယာထဲမှာ အလုပ်လုပ်တာ၊ ဖုံးသုံးတာ၊ ဂိမ်းဆော့တာ ရှောင်ပါ)။
– နေ့ခင်းဘက် အကြာကြီး မအိပ်ပါနဲ့။
– အိပ်ဆေးမကူဘဲ အိပ်ပျော်နိုင်အောင် ကြိုးစားပါ။
– အိပ်ခန်းကို အလင်းရောင်လျှော့ပြီး sleeping music ဖွင့်တာမျိုး လုပ်ကြည့်ပါ။
– ဘယ်လိုမှ အိပ်မပျော်ဘူး ဖြစ်နေရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ခန္ဓာကိုယ်ရဲ့ နေ့စဉ်လုပ်ငန်းတွေထဲမှာ ကောင်းစွာအိပ်စက်ခြင်းလည်း ပါဝင်ပါတယ်။ အိပ်ရေးပျက်တာ များလာတဲ့အခါ ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးကို ထိခိုက်နိုင်သလို လုပ်ငန်းခွင်နဲ့ ပေါင်းသင်းဆက်ဆံရေး အဆင်မပြေမှုတွေလည်း ဖြစ်စေနိုင်တာမို့ ကောင်းစွာအိပ်ပျော်နိုးထနိုင်ဖို့က အရေးကြီးလှတဲ့ အချက်ပါပဲ။

Author: Dr.Yee Mon

Previous Post

ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် ဘာတွေဆောင်ပြီး ဘာတွေရှောင်ရမလဲ?

Next Post

ဆံပင်တွေအရမ်းကျွတ်နေရင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဗီတာမင် C ချို့တဲ့ရင် နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ?

2 months ago
627
For adults to be healthy and fresh in winter

လူကြီးတွေ ဆောင်းရာသီမှာ ကျန်းမာလန်းဆန်းဖို့ဆိုရင်

4 months ago
425
Winter and muscle problems to watch out for

ဆောင်းရာသီနှင့် သတိပြုရမယ့်ကြွက်သားပြဿနာများ

4 months ago
4.2k
How does calisthenics benefit the muscles

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းက ကြွက်သားတွေကို ဘယ်လိုကောင်းကျိုး ဖြစ်စေလဲ

4 months ago
388
How to strengthen your immune system in winter

ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းအောင် ဘယ်လိုလုပ်ဆောင်မလဲ

4 months ago
529
When the back rests at night

ညဘက် ကျောအောင့်တဲ့အခါ

5 months ago
657

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆံပင်တွေအရမ်းကျွတ်နေရင်

အစာမကြေဖြစ်စေတဲ့ အဓိကအကြောင်းအရင်းများ

ဘယ်လိုလူတွေမှာ အသည်းရောဂါအဖြစ်များလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.