fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် ဘာတွေဆောင်ပြီး ဘာတွေရှောင်ရမလဲ?

246
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/03/2023
in အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

မသန့်ရှင်းသော အစားအစာများ၊ ရောဂါပိုးမွှားများ၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ပန်နဆလင် penicillin ကဲ့သို့ ပဋိဇီဝ ပိုးသတ်ဆေးအချို့နှင့်၊ အဆီကျဆေးအချို့တို့ဟာ ဝမ်းပျက်ဝမ်းလျှောခြင်း ဖြစ်စေသော အကြောင်းရင်းများ ဖြစ်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းများကို ချေဖျက်ပေးသော အင်ဇိုင်းတစ်မျိုးဖြစ်သည့် လက်တို့စ်အင်ဇိုင်းချို့တဲ့သည့် Lactose intolerance ရောဂါရှိသူများလည်း နို့နှင့်နို့ထွက်ပစ္စည်းများကို မချေဖျက်နိုင်၍ ဝမ်းပျက်ဝမ်းလျှောခြင်းကို ခံစားရနိုင်ပါတယ်။ ကလေးများတွင် Rota Virus ကဲ့သို့ ဗိုင်းရပ်စ်ပိုးမွှားများ ကူးစက်ခံရခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှော အများဆုံးဖြစ်တတ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် Gas လေပွစေသော အသီးအနှံ၊အရွက်များဖြစ်သည့် အစိမ်းရောင်ရှိ အမျှင်ဓါတ်ကြွယ်ဝသော အရွက်များ၊ ပန်းပွင့်စိမ်း ဘရိုကိုလီ ၊ ပန်းငရုတ်ပွ၊ ပဲအမျိုးမျိုး၊ ဆီးသီး၊ ဘယ်ရီသီး၊ ပြောင်းဖူး၊ အစာအိမ်နဲ့ အူလမ်းကြောင်းကိုလည်း လှုံ့ဆော်မှုပေးသည့် ကဖင်း caffeine ဓါတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်ကဲ့သို့ အစားအစာများ၊ အရက်ယမကာများနှင့် ပြုပြင်ထားသော carbonated gas ဂါတ်စ် ပါဝင်သောအချိုရည်များကို ရှောင်ကျဉ်သင့်ပါတယ်။

ငရုတ်သီးနှင့် ဟင်းခတ်မှုန့်ကဲ့သို့ ပူစပ်သောအစားအစာများ၊ နို့နှင့်နို့ထွက် ပစ္စည်းများကိုလည်း ဝမ်းလျှောစဉ်ရှောင်ကျဉ်သင့်ပါတယ်။ပိုးမွှားကြောင့် ဝမ်းလျှောလျှင် ခန္ဓာကိုယ်မှ မကောင်းသောဓါတ်များကို ဝမ်းမှတဆင့် ဖယ်ရှားပေး၍ ဝမ်းပိတ်ဆေးများကို သောက်သုံးခြင်း မပြုသင့်ပါ။ ဝမ်းလျှောရသည့် အကြောင်းအရင်းကို မသိရှိဘဲ ပိုးသတ်ဆေးများကိုလည်း မိမိသဘောဖြင့် သောက်သုံးခြင်း မပြုသင့်ပါ။

ဝမ်းပျက်ဝမ်းလျှောလျှင် ဓါတ်ဆားရည်နှင့် အရည်များများသောက်ပေးခြင်း၊ သန့်ရှင်းပြီး အာဟာရရှိသော အစားအစာများ၊ အစာအိမ်အူလမ်းကြောင်းရှိ အကျိုးပြုဘက်တီးရီးယားများကို ပြန်လည်ဖြည့်တင်းပေးသည့် အစားအစာများ ၊ ပရိုဘိုင်အိုတစ် probiotics ဆေးများ သောက်သုံးပေးနိုင်ပါတယ်။ ပိုးသတ်ဆေးကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် ဆက်လက်သောက်သုံးခြင်း မပြုဘဲ ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ်။

ဝမ်းလျှောဝမ်းပျက်မဖြစ်အောင် အမှည့်လွန်သော အသီးအနှံများ၊ ရက်ကြာသော ပုပ်သိုးလွယ်သည့် အစားအသောက်များ၊ ယင်နားနိုင်သည့် မသန့်ရှင်းသော အစားအစာများ ရှောင်ကျဉ်ပြီး သန့်ရှင်းလတ်ဆတ်စွာ ချက်ပြုတ်ပြင်ဆင်ထားသော အစားအစာများသာ စားသင့်ပါတယ်။ အပြင်ကပြန်ရောက်ချိန်၊ အညစ်အကြေး ကိုင်တွယ်ပြီးချိန်၊ အစားအစာ ပြင်ဆင်ချက်ပြုတ်ချိန်နှင့် အစားမစားခင် လက်ကို ဆပ်ပြာနှင့် ရေဖြင့် ဆေးကြောသင့်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း အခြေအနေ ပြင်းထန်လာသည်နှင့်အမျှ ရေနှင့်ဓါတ်ဆား ပြန်မဖြည့်နိုင်လျှင် ရေဓါတ်ဆုံးရှုံးခြင်းဖြစ်ပြီး သွေးပေါင်ကျ hypovolaemic shock ရှော့ခ်ရခြင်း၊ ဆီးနည်းလာခြင်း၊ ဆီးမသွားခြင်းမှတဆင့် ကျောက်ကပ်ပျက်စီးခြင်း ဖြစ်ရသည့်တိုင် အသက်အန္တရာယ် စိုးရိမ်ရသည်ထိ ပြင်းထန်နိုင်ပါတယ်။

ရေနှင့်ဓါတ်ဆား လုံလောက်အောင် အချိန်မှီဖြည့်ပေးခြင်း၊ ဝမ်းလျှောသည့် အကြိမ်နှင့် ပမာဏများခြင်း၊ ဝမ်းသွားလျှင်သွေး၊ ပြည်ပါခြင်း၊ အဖျားကြီးခြင်း၊ အဆက်မပြတ်အန်ပြီး ဝမ်းလျှောဝမ်းပျက်ကာ အစာ/ရေမဝင်ခြင်း၊ ဆီးမသွားခြင်း၊ ခြေဖျားလက်ဖျားများ အေးစက်ကာ မူးဝေ၊ သတိလစ်ခြင်းရှိပါက ဆေးရုံဆေးခန်းသို့ အချိန်မှီသွားရောက် ကုသမှုခံယူခြင်း၊ ဆရာဝန်ညွှန်ကြားချက်ဖြင့် ထိုးဆေး၊ သောက်ဆေးများ မှီဝဲပြီးကုသပျောက်ကင်းနိုင်ပါတယ်။

Author: Dr.Yee Mon

Previous Post

ဒူးနာ၊ ခါးနာသမားများအတွက် အသင့်တော်ဆုံးဖြည့်စွက်အာဟာရ

Next Post

အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေသော အကြောင်းအရင်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အစာမကြေဖြစ်စေတဲ့ အဓိကအကြောင်းအရင်းများ

2 weeks ago
484
Causes of gastrointestinal problems

အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

9 months ago
40.7k

အသက်ကြီးတဲ့သူတွေမှာအစာမကြေ လေထိုးလေအောင့်ဖြစ်ရတဲ့ အကြောင်းအရင်းများ

11 months ago
1.1k
When you eat a lot and do not digest

အစားများပြီး အစာမကြေတဲ့အခါ

11 months ago
1.3k
ondoctor-antigas-causes-of-flatulence

လေပွခြင်းဖြစ်ရတဲ့ အကြောင်းအရင်း

12 months ago
2.5k

အစာအိမ်အချဉ်ပေါက်တာ သက်သာပျောက်ကင်းစေဖို့

1 year ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေသော အကြောင်းအရင်းများ

ဆံပင်တွေအရမ်းကျွတ်နေရင်

အစာမကြေဖြစ်စေတဲ့ အဓိကအကြောင်းအရင်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.