fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

သင်သိထားသင့်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေအကြောင်း

451
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/02/2022
in ကိုဗစ်ရောဂါ
1 min read
A A

ကမ္ဘာတစ်ဝန်း လက်ရှိရင်ဆိုင်နေရသည့် ကိုဗစ်ရောဂါကပ်ဆိုး၏ အန္တရာယ်မှကာကွယ်နိုင်မည့် မျှော်လင့်ချက်တစ်ခုမှာ ကိုဗစ်ကာကွယ်ဆေးများဖြစ်ပါသည်။ နိုင်ငံတကာလေ့လာသူပညာရှင်များ ကျန်းမာရေးနှင့်သုတေသနအဖွဲ့အစည်းများ၏ ကြိုးပမ်းမှုများကြောင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီးသူဦးရေသည် ၄ ဘီလီယံထိ ရှိလာပြီဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ အရေးပေါ်အသုံးပြုခွင့်ပေးထားသော ကာကွယ်ဆေးများ emergency use authorization (EUA) qualified covid-19 vaccines နှင့် နိုင်ငံတကာမှာသုံးနေကြတဲ့ ကိုဗစ်ကာကွယ်ဆေးများကတော့ –

၁။ BNT162b2/ COMIRNATY/ Tozinameran

အမေရိကန်နိုင်ငံ Pfizer-BioNTech မှထုတ်သော ကာကွယ်ဆေးဖြစ်ပြီး ကမ္ဘာ့ပထမဦးဆုံး အဆင့်မြင့်နည်းပညာဖြစ်သည့် ဗိုင်းရပ်စ်မျိုးရိုးဗီဇများကို သယ်ဆောင်ပေးသည့် Messenger RNA (mRNA) ဖြင့် တီထွင်ထုတ်လုပ်ထားသည့် Vaccine ဖြစ်ပါသည်။

Pfizer-BioNTech ၏ ကိုဗစ်ကာကွယ်ဆေးသည် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကို  ၈၁.၈ မှ ၉၅ ရာခိုင်နှုန်းခန့်အထိ ကာကွယ်နိုင်မည်ဟုယူဆရသော်လည်း အားနည်းချက်မှာ ကာကွယ်ဆေးကို အပူချိန် -၇၀ မှ -၈၀ ကြား အအေးခန်းသိုလှောင်မှုစနစ် (Ultra Cold Chain) နဲ့ သယ်ယူပို့ဆောင် သိုလှောင်ရန် လိုအပ်ချက်ဖြစ်ပါသည်။

 

၂။ mRNA-1273

Moderna ကထုတ်လုပ်သည့် ကာကွယ်ဆေးကို ကမ္ဘာမှာ အကောင်းဆုံး ကာကွယ်ဆေး အဖြစ်လက်ရှိ သတ်မှတ်ထားပြီး ကာကွယ်ဆေး၂ကြိမ်ကို ၂၈ခြားထိုးပြီးလျှင် ကိုဗစ်ရောဂါပိုးကို ၉၄.၁ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်သည်ဟု ယူဆကြသည်။

 

၃။ NVX-CoV2373/ Covovax

Novavax UK မှ ထုတ်လုပ်သည့် ကာကွယ်ဆေးသည် ဗိုင်းရပ်စ်ပိုး၏ ဆူးချွန်ပရိုတင်း အမျိုးအစား Spike Protein Subunit မှတစ်ဆင့် ကိုယ်ခံအား Antibody ထွက်ပေါ်လာအောင် လှုံ့ဆော်ပေးပါသည်။ ကာကွယ်ဆေးကို ၂၁-၂၈ရက်ခြား ၂ ကြိမ် ထိုးပြီးလျှင် ရောဂါပိုးကို ၈၉ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါသည်။

 

၄။ Ad26.COV2.S

Janssen (Johnson & Johnson )ကုမ္ပဏီမှ ထုတ်လုပ်သည့် Oxford-AstraZeneca Vaccine ၏ အမျိုးအစားကွဲတစ်မျိုး Version ဖြစ်ပါသည်။ Adenovirus အမျိုးအစား၂၆ သုံးပြီး ကိုဗစ်ကို ကာကွယ်နိုင်တဲ့ ကိုယ်ခံအား ထွက်ရှိအောင် လှုံ့ဆော်ပေးသော နည်းပညာဖြင့် ထုတ်လုပ်ထားသောဆေးဖြစ်သည်။ ယူကေနှင့် အိန္ဒိယရှိ ကိုဗစ်မျိုးစိတ်များကို အဓိကကာကွယ်ပြီး တစ်ကြိမ်ထိုးရုံဖြင့် ၆၆ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါသည်။

 

၅။ AZD1222 Vaxzevria

တုပ်ကွေးရောဂါဖြစ်စေသည့် Adenovirus ဗိုင်းရပ်စ်ကို အလိုအလျောက် မျိုးမပွားနိုင်အောင် မျိုးဗီဇ ပြုပြင်ထားပြီး Oxford-AstraZeneca မှ ထုတ်လုပ်ထားသည်။ ကိုဗစ်ဗိုင်းရပ်စ်က ထုတ်သော ပရိုတင်းနဲ့ အသွင်တူအောင် ထုတ်လုပ်ထားပြီး ကိုယ်ခံအားစနစ်မှ T-cell ထုတ်လုပ်အောင် လှုံ့ဆော်၍ ဗိုင်းရပ်စကိုခုခံတိုက်ထုတ်ပေးနိုင်သည်။ ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးလျှင် ၆၂ ရာခိုင်နှုန်းခန့်ထိ ကာကွယ်မှုပေးနိုင်ပါသည်။

 

၆။ Covishield 

ဗြိတိန်မှ နည်းပညာအသုံးပြုပြီး အိန္ဒိယ Serum Institute of India တွင် ထုတ်လုပ်ခွင့်ပေးထားသော ကာကွယ်ဆေးဖြစ်သည်။ ကာကွယ်ဆေးကို ၂၈ ရက်ခြားပြီး ၂ ကြိမ်ထိုး ပြီးလျှင် ၈၂.၄ ရာခိုင်နှုန်းခန့်အထိ ကာကွယ်နိုင်စွမ်း ရရှိမှာ ဖြစ်ပါတယ်။

 

၇။ NVX – CoV2373/ Covovax

Serum Institute of India မှ ထုတ်လုပ်သော Protein Subunit ကိုဦးတည်ထုတ်လုပ်ထားသည့် ကာကွယ်ဆေးဖြစ်သည်။

 

၈။ Covilo/ BBIBP CorV

တရုတ်နိုင်ငံရှိ ဆေးကုမ္ပဏီ Sinopharm မှထုတ်လုပ်သည့် ကာကွယ်ဆေးများကို WHO က ယခုနှစ် မေလအတွင်း အရေးပေါ်အသုံးပြုခွင့်ပေးထားခဲ့ပြီး Sinovac ဆေးကို ဇွန်လမှာ ခွင့်ပြုခဲ့ပါတယ်။ Sinopharm ဆေးသည် ၇၈.၃ ရာခိုင်နှုန်းအထိ ကာကွယ်မှု ပေးနိုင်ပါတယ်။ ဓာတ်ခွဲခန်းကနေ ထုတ် လုပ်ထားတဲ့ ဗိုင်းရပ်စ်ဖြင့် ပြုလုပ်သော Inactivated Virus Vaccine  Sinovac ကာကွယ်ဆေးသည် ရောဂါကာကွယ်နိုင်စွမ်းက  ၄၉.၆ – ၅၀.၇ % ရှိသည်။ ဤကာကွယ်ဆေး၂မျိုးကို နိုင်ငံပေါင်း ၈၀ ကျော်တွင် လက်ရှိအသုံးပြုနေကြပါသည်။

 

၉။ COVAXIN

Bharat Biotech, India  ကာကွယ်ဆေးသည် သေဆုံးနေသည့်ဗိုင်းရပ်စ်ကို ပြုပြင်ထုတ်လုပ်ထားသည့် ကာကွယ်ဆေးဖြစ်ပါတယ်။ ဆေးကို ၄-၆ ပတ်ခြားပြီး နှစ်ကြိမ် ထိုးရမှာဖြစ်ပြီးရောဂါကို ကာကွယ်နိုင်စွမ်း ၇၈ ရာခိုင်နှုန်းရှိပါသည်။

Emergency use listing( EUL) တွင်မပါသော အခြားဆေး၂ မျိုးမှာ ရုရှားနိုင်ငံထုတ် SPUTNIK  V နှင့် SPUTNIK  LIGHT ဖြစ်ပါသည်။ SPUTNIK  V ကာကွယ်ဆေးသည် Adenovirus အမျိုးအစားနှစ်မျိုးကို  ပြုပြင်ထားသောဆေးဖြစ်သည်။ လက်ရှိနိုင်ငံပေါင်း ၆၄ နိုင်ငံတွင် အသုံးပြုနေကြ ပြီဖြစ်ပါတယ်။ ရောဂါကာကွယ်နိုင်စွမ်းက ၉၁.၆ ရာခိုင်နှုန်းခန့်ရှိပါသည်။ SPUTNIK  LIGHT ကာကွယ်ဆေးသည်  ၇၉.၄ ရာခိုင်နှုန်းခန့် ကာကွယ်နိုင်စွမ်းရှိပါသည်။ အားသာချက်မှာ ဆေးတစ်ကြိမ်သာ ထိုးရန်လိုအပ်ပါသည်။ ရုရှား၊ တောင်ကိုရီးယားအပါအ၀င် နိုင်ငံပေါင်း ၁၃ နိုင်ငံတွင် ရရှိနိုင်ပြီဖြစ်ပါတယ်။

Author: Dr. Yee Mon

Previous Post

ကိုဗစ်ဖြစ်ပြီးရင် အဆုတ်ကျန်းမာရေးအတွက် ဘာတွေဆက်လုပ်သင့်လဲ

Next Post

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိုမီခရွန်ဖြစ်ပြီးနောက်ပိုင်း ချောင်းဆိုးကျန်နေတယ်ဆိုလျှင် …

3 years ago
507

ကာကွယ်ဆေးတွေက အိုမီခရွန်အတွက် စွမ်းရဲ့လား

3 years ago
234

အိမ်မွေးတိရစ္ဆာန်တွေကို ကိုဗစ်ကူးစက်နိုင်သလား

3 years ago
182

ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒါတွေစစ်ပါ

3 years ago
189

အိုမီခရွန်က တခြားမျိုးကွဲတွေထက် ဘာကြောင့်ကူးစက်မှုပိုမြန်တာလဲ ?

3 years ago
395

ကိုဗစ်ကာကွယ်ကုသမှုနဲ့ပတ်သက်တဲ့ အယူအဆအမှားများ

3 years ago
125

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

မနက်အိပ်ရာထရင် နှာခေါင်းပိတ်ပိတ်နေတာ ဘာကြောင့်လဲ ?

သတိပြုစရာ ပန်းနာရင်ကျပ်ရောဂါလက္ခဏာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.