fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

အိုမီခရွန်က တခြားမျိုးကွဲတွေထက် ဘာကြောင့်ကူးစက်မှုပိုမြန်တာလဲ ?

395
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/02/2022
in ကိုဗစ်ရောဂါ
1 min read
A A

၂၀၂၁ခုနှစ်နှောင်းပိုင်း နိုဝင်ဘာလမှာ နော်ဝေးရှိ လူ ၁၀၀ ကျော် တက်ရောက်သည့် ခရစ်စမတ်အကြိုပါတီပွဲတစ်ခုမှာ ကာကွယ်ဆေးထိုးပြီးသူအများစုအပါအဝင် ၇၀ ရာခိုင်နှုန်းသောပွဲတက်သူများ ကူးစက်ခံရမှုကစ Omicron Variant အိုမီခရွန်မျိုးကွဲကို ကူးစက်မြန်မျိုးကွဲအဖြစ် စတင်သတိပြုမိလာကြပါသည်။ တစ်လခန့်ကြာပြီးနောက်တွင် US နှင့်ဥရောပနိုင်ငံများအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားတွင် အိုမီခရွန်ကူးစက်မှုနှုန်းများ သိသိသာသာမြင့်တက်လာသည်ကို တွေ့ရပါသည်။ ပညာရှင်များက အိုမီခရွန်၏ ကူးစက်မှုမြန်ဆန်ပုံကို လျှပ်စီးလက်သကဲ့သို့ တင်စားလာကြပါသည်။

အိုမီခရွန်မျိုးစိတ်တွင် တွေ့ရသော ဆင့်ကဲဗီဇပြောင်းလဲခြင်း Mutation ကို ကိုဗစ်မျိုးရိုးဗီဇ လေ့လာမှုဒေတာအရ  Beta ဘီတာ၊ Delta ဒယ်လ်တာတို့ထက် ပို၍ကူးစက်မှုနှုန်းမြန်သည်ဟု ပညာရှင်များကယူဆကြသည်။ တနည်းဆိုရသော် အိုမီခရွန်မျိုးကွဲ ကူးစက်ခံရထားရသူများသည် အခြားသူများကို ရောဂါကူးစက်စေနိုင်မှုနှုန်း ပိုများပါသည်။ ရောဂါလက္ခဏာမပြသော်လည်း အခြားသူများထံကူးနိုင်ခြင်း၊ ကာကွယ်ဆေးထိုးထားပြီးသူများကိုပင် ကူးစက်စေနိုင်ခြင်းသည် အိုမီခရွန်ကို ကူးစက်မှုမြန်ဗိုင်းရပ် ဖြစ်စေသော အကြောင်းရင်း တစ်ခုဖြစ်ပါသည်။

အိုမီခရွန်၏ ဗီဇပြောင်းလဲခြင်းအနက် ဆူးချွန်ပုံဗီဇပရိုတင်း S Gene(Spike Protein) တွင် ပုံစံပြောင်းလဲမှုသည် အများဆုံးဖြစ်သည်။ ထိုဆူးချွန် Spike သည် အခြားမျိုးကွဲများထက် လူ့ခန္ဓာကိုယ်ဆဲလ်များအတွင်းသို့ ဗိုင်းရပ်ပိုးပိုမိုရောက်ရှိအောင် ပြုလုပ်ပေးပြီး ကူးစက်မှုကိုမြန်စေခြင်းဖြစ်သည်။ ကိုဗစ်ကာကွယ်ဆေးများသည် ဗိုင်းရပ်စမှ လူ့ခန္ဓာကိုယ်ကိုတွယ်နိုင်သည့် Spike Protein ကို ဦးတည်ထုတ်ထားရာ အိုမီခရွန်၏ Spike Protein ပုံစံပြောင်းလဲမှုသည် ခုခံအား၏ တိုက်ဖျက်မှုကို ရှောင်ကွင်းနိုင်သည်ဟု ယူဆကြသည်။ ထို့ကြောင့် ကာကွယ်ဆေးထိုးထားပြီးသူများကိုပင် အိုမီခရွန်ကူးစက်မှု ရှိနိုင်ခြင်းဖြစ်ပါသည်။

အိုမီခရွန်၏ထပ်ဆင့်မျိုးကွဲစိတ် Omicron Sub Variant BA 2 သည်  Omicron ထက် အဆ ၅၀ ကူးစက်နှုန်းမြန်ပြီး Delta ကဲ့သို့ ကုသရခက်နိုင်သည်ဟု လေ့လာတွေ့ရှိချက်များက ဖော်ပြထားပါသည်။ သုတေသနများအရ ပုံမှန်ကာကွယ်ဆေးအပြည့် ထိုးထားပြီးသူများနှင့် ထပ်ဆောင်း Booster ထိုးပြီးသူများတွင် အိုမီခရွန်၏ကူးစက်မှုနှုန်းသည် ဒယ်လ်တာထက် ၂ ဆ မှ ၄ ဆနီးပါး ပို၍ကူးစက်မှုနှုန်းမြန်သည်ဟု ကောက်ချက်ကြသည်။

အိုမီခရွန်၏ ရောဂါပိုးကူးစက်ခံရပြီးနောက် လက္ခဏာပေါ်ပေါက်ရန်ကြာချိန် Incubation Period သည် အခြားမျိုးကွဲများထက် ပိုတိုခြင်းကလည်း ကူးစက်မှုနှုန်းမြန်စေသော အချက်ဖြစ်ပါသည်။ အိုမီခရွန်၏ Incubation Period သည် ၃ ရက်ခန့်သာဖြစ်ပြီး အခြားမျိုးကွဲများသည် ၄ ရက်မှ ၅ ရက်အတွင်းဖြစ်ရာ အိုမီခရွန်နှင့်ထိတွေ့ပြီး အခြားသူများထံ ရောဂါကူးစက်မှုကို အချိန်မီမကာကွယ်နိုင်ဘဲ ကူးစက်ခံရမှုပိုမြန်စေပါသည်။

ရောဂါပျံ့ပွါးမှုလေ့လာသူပညာရှင် Epidemiologist များက အိုမီခရွန်ကူးစက်ခံရရန် လိုအပ်သော ဗိုင်းရပ်စ်ပမာဏသည် အခြားကိုဗစ်မျိုးကွဲများထက် နည်းသည်ဟုယူဆကြသည်။ အသက်ရှူလမ်းကြောင်းတွင် ရောဂါပိုးပမာဏ အနည်းငယ်ထိတွေ့ဝင်ရောက်ရုံဖြင့် အိုမီခရွန်ကူးစက်ခံရနိုင်သည်ဟု ယူဆကြသော်လည်း တိကျသော အထောက်အထားသက်သေများ မတွေ့ရှိရသေးပါ။

အိုမီခရွန်၏ ကူးစက်မြန်နှုန်းနှင့် ကာကွယ်ဆေး၏ ခုခံမှုကိုကျော်ဖြတ်နိုင်စွမ်းတို့ကြောင့် ရောဂါကူးစက်နိုင်ခြေသည် ယခင်မျိုးကွဲများထက် ပို၍များလာပါသည်။ ထို့ကြောင့် ကူးစက်ခံရလျှင် ရောဂါပြင်းထန်မှုမရှိအောင် လက်လှမ်းမီရာကာကွယ်ဆေးကို ထပ်ဆောင်း Booster အထိထိုးပေးပြီး လူစုလူဝေးရှောင်ခြင်း၊ N-95 ကဲ့သို့ အရည်အသွေးမြင့် နှာခေါင်းစည်း အကာအကွယ်များ သုံးခြင်း၊ လက်ဆေးခြင်း စသည့် ကိုဗစ်ရောဂါကာကွယ်ရေး နည်းလမ်းများကို စနစ်တကျလိုက်နာခြင်းဖြင့် ရောဂါကူးစက်မှုကို ဟန့်တားနိုင်မည်ဖြစ်ပါသည်။

Author: Dr. Yee Mon

Previous Post

အသက်အရွယ်အရ အရေပြားလျော့တွဲတာကို ဘယ်လိုကာကွယ်မလဲ ?

Next Post

ရာသီဥတုအေးရင် အဆစ်အမြစ်ပိုနာတတ်သလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိုမီခရွန်ဖြစ်ပြီးနောက်ပိုင်း ချောင်းဆိုးကျန်နေတယ်ဆိုလျှင် …

3 years ago
505

ကာကွယ်ဆေးတွေက အိုမီခရွန်အတွက် စွမ်းရဲ့လား

3 years ago
234

အိမ်မွေးတိရစ္ဆာန်တွေကို ကိုဗစ်ကူးစက်နိုင်သလား

3 years ago
181

ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒါတွေစစ်ပါ

3 years ago
189

ကိုဗစ်ကာကွယ်ကုသမှုနဲ့ပတ်သက်တဲ့ အယူအဆအမှားများ

3 years ago
124

အိုမီခရွန်ပြင်းထန်အဆင့်ဆိုလျှင် ဘယ်လိုကုသမလဲ

3 years ago
489

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရာသီဥတုအေးရင် အဆစ်အမြစ်ပိုနာတတ်သလား

သင့်အရေပြား နေလောင်ဒဏ်ခံရလျှင် ...

Zinc ဓာတ်က ခန္ဓာကိုယ်အတွက် ဘာကြောင့်အရေးကြီးတာလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.