fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အနီစက်များ အဖြေရှာ

10.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/08/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အနီစက်များ အဖြေရှာ

တစ်ချို့လူတွေမှာ အကြာင်းပြချက်မရှိဘဲ ကိုယ်ခန္ဓာနေရာအနှံ့အပြားမှာ အနီစက်များ ထွက်လာတတ်ကြတယ်။ အနီစက်ထွက်လာရတယ်ဆိုတာ သွေးကြောတွေမှာ ပြဿနာတစ်ခုခုရှိနေတာကြောင့် ဖြစ်တတ်တယ်။ သွေးကြောပေါက်လွယ်တာမျိုးတွေ သွေးကြောတစ်ခုနဲ့တစ်ခုအဆက်မှာ ပုံမမှန်တာတွေကြောင့် ဖြစ်တတ်ပါတယ်။

ကိုယ်မှာ ထွက်လာတဲ့ အနီစက်တွေကအများအားဖြင့်တော့ အရေပြားနဲ့ တစ်သားတည်းဖြစ်နေတတ်ကြတယ်။ ဖြစ်စေတဲ့ အကြောင်းပေါ်မူတည်ပြီး တစ်ချို့အနီစက်တွေက ကိုင်ကြည့်တဲ့အခါ အပေါ်ကိုကြွတက်နေသလိုလည်းဖြစ်တတ်တယ်။ အနီစက်ထွက်ခြင်းကအသက်အရွယ်မျိုးစုံမှာ ဖြစ်စေနိုင်တယ် အကြောင်းအရင်းအမျိုးမျိုးမတူတတ်ကြပါဘူး အများစုက မနာတတ်ကြဘူး မယားတတ်ကြဘူး။ အမှုမဲ့အမှတ်မဲ့ဖြစ်တဲ့သူတွေတစ်ချို့ဆို ကိုယ့်ကိုယ်ကို မှဲ့နီတွေ များလာတယ်လို့ ထင်တတ်ကြတယ်။

အသက် ၆၀ ကျော် ၇၀နားမှ တစ်ခြားဘာမှမဖြစ်ဘဲ ကိုယ်အရေပြားအနှံ့ အနီစက်တွေပေါ်လာတာလည်းဖြစ်တတ်တယ်။ အသက်ကြီးလာတာနဲ့အမျှ သွေးကြောနံရံတွေက ပါးလာပြီးပေါက်လွယ်လာတာကြောင့်လည်း ဖြစ်နိုင်ပါတယ် Senile purpura လို့ခေါ်ပါတယ်။ ကုသဖို့လည်းမလိုတတ်ပါဘူး။
Vitamin c နည်းတဲ့အခါမှာလည်း အနီစက်တွေဖြစ်တတ်တယ်။ ကလေး လူငယ် လူကြီး အားလုံးဖြစ်နိုင်တယ် vitamin c နည်းလို့ဖြစ်တာကအနီစက်တင်မကဘဲ သွားကြားထဲကနေ သွေးထွက်တာပါ ဖြစ်တတ်တယ်။ အလိုလိုထွက်တာလည်းရှိတယ် သွားတိုက်နေရင်းထွက်တာလည်းရှိတယ် Vitamin c ပြန်ဖြည့်ပေးနေရင်းနဲ့ ပြန်သက်သာတတ်တယ်။

တစ်ချို့သော ဗိုင်းရပ်ပိုးနဲ့ ဘက်တီးရီးယားပိုးတွေကလည်း ကိုယ်ခန္ဓာမှာ အနီစက်တွေ ထွက်စေတတ်ပါတယ်။ ဦးနှောင်အမြှေးရောင်စေတဲ့ nisseria menigitis, ဝက်သက် နဲ့ သွေးလွန်တုပ်ကွေး ရောဂါလိုမျိုးတွေမှာပါ ဒီလိုရောဂါပိုးတွေကြောင့်ဆိုရင်တော့ အနီစက်တွေသာမကဘဲ ရောဂါရဲ့ တစ်ခြားသော လက္ခဏာတွေ တွဲတွေ့ရမှာပါ အဖျားကြီးတာ မှိန်းတာ စသဖြင့်ပါ ဒီရောဂါတွေကို သေချာကုသပေးပြီးရင် အနီစက်တွေလည်း သက်သာပါလိမ့်မယ်။
တစ်ချို့သော ဆေးတွေကြောင့်လည်း အနီစက်တွေ ဖြစ်လာတတ်တယ်။ ဆေးမတည့်တာမဟုတ်ဘဲ ဆေးကိုအကြာကြီးစွဲသောက်ရတာကြောင့် ဖြစ်တတ်တာကြောင့် အနီစက်က မယားပါဘူး ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးလိုမျိုးဖြစ်တာပါ။ ဥပမာအားဖြင့်တော့ steroid လို ဆေးတွေပါ အနီစက်ထွက်တာကြောင့် ဆေးဖြတ်လိုက်မယ်တော့ မလုပ်ရပါဘူး ဆေးပေးတဲ့ဆရာနဲ့ ပြန်တိုင်ပင်ဖို့ လိုပါတယ်။

Connective tissue ရောဂါတွေ ( Enlers-Danlos), Autoimmune ရောဂါတွေ ( SLE), asculitis ရောဂါတွေ ( Churg- strauss )မှာလည်း အနီစက်တွေ ထွက်တတ်တယ် ရောဂါပေါ်မူတည်ပြီး အဆစ်နာတာ ကျောက်ကပ်ထိတာ ဆီးနီတာတွေ စသဖြင့် ဖြစ်တတ်ပါတယ်။ ဒီလိုရောဂါတွေမှာတော့ သင့်တော်တဲ့ ဆေးနဲ့ပဲ ရောဂါကိုပြန်ထိန်းရတာပါ။ HSP လို့ ခေါ်တဲ့ Henoch-Schonlein Purpura ရောဂါက အသက် ၁၅ ၁၆ အရွယ် ယောကျာ်းလေးတွေမှာ ဖြစ်တတ်ပါတယ် ဗိုက်အောင့်ခြင်း ဝမ်းပျင်ခြင်းတွေနဲ့ တွဲပြီးအနီစက်တွေ ထွက်လာတတ်တယ်။ သွေးလည်းတိုးတတ်ပါတယ် အနီစက်အတွက် သီးသန့်ကုပေးဖို့မလိုပါဘူး ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို ကုပေးတယ်ဆို နောက်ပိုင်းအလိုလိုပျောက်ပါတယ်။

တစ်ချို့သူတွေကျတော့ မိသားစုထဲမှာပဲ အနီစက်တွေ ထွက်လာတဲ့သူတွေရှိနေပြီး မျိုးရိုးလိုက်သလိုဖြစ်နေတယ်ဆိုရင်တော့ Hereditary telangiectasia ရောဂါကို စဉ်းစားပါတယ် ဆေးပညာမှာ Osler-Weber-Rendu-Syndrome လို့လည်း ခေါ်ပါတယ်။ သွေးကြောအဆက်တွေ မူမမှန်တာကနေ သွေးထွက်တာပါ ဒီရောဂါက အသက်ငယ်စဉ်မှာ အကြောင်းမရှိဘဲ နှာခေါင်းသွေးယိုတာမျိုးတွေ ခဏခဏဖြစ်တတ်ပါတယ်။ အသက်လတ်ပိုင်းရောက်လာမှ အနီစက်တွေပေါ်တတ်တယ် တစ်ချို့တွေကျတော့ အစာလမ်းကြောင်းထဲမှာ သွေးယိုတာမျိုးအထိဖြစ်ပြီးဝမ်းမည်းမည်းတွေသွားတတ်တယ်။ အဆုတ်ထဲသွေးထွက်တာကြောင့် ချောင်းဆိုးသွေးပါတွေဖြစ်တတ်တယ် ဦးနှောက်ထဲသွေးယိုတာကြောင့် လေဖြတ်တာတွေဖြစ်နိုင်တယ်။ ဒီရောဂါက သွေးထွက်များရင်တော့အသက်အန္တရာယ် စိုးရိမ်ရပါတယ် ရက်ချိန်းပုံမှန်ပြပြီး ကျန်းမာရေးစစ်ဆေးနေမယ် သွေးကြောကြီးတွေ မူမမှန်တာမျိုးကို စစ်ဆေးနေမယ်ဆိုရင်တော့ သက်တမ်းစေ့ နေနိုင်ပါတယ်။

Dr. CST

 

Previous Post

အပျိုဖော်ဝင်စ လှသွေးကြွ

Next Post

စပျစ်သီးသန္ဓေအကြောင်းသိကောင်းစရာ အပိုင်း(၁)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ DHA အကြောင်း

6 days ago
65

အသည်းလေးရဲ့ ကျန်းမာရေး

2 weeks ago
81

Multi Vitamins ဆိုတာဘာလဲ?

3 months ago
379

အရပ်အမောင်းနှင့် ကျန်းမာရေး

3 months ago
576

အိပ်စက်ခြင်းနှင့် ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှု

3 months ago
476

မိုးရာသီမှာ သတိပြုစရာ နှာစေး၊ ချောင်းဆိုးဝေဒနာ

3 months ago
273

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စပျစ်သီးသန္ဓေအကြောင်းသိကောင်းစရာ အပိုင်း(၁)

မလာခင်က ကြိုသိနေတယ်

ဆင်တုံးမနွယ်အကြောင်းသိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.