fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

26.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/09/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

စိုထိုင်း၍ ကောင်းစွာမခြောက်သေးသော အဝတ်အစား ဝတ်မိသူများတွင် ဂုတ်ပိုး၊ ချိုင်း၊ အင်္ကျီလက်နေရာများ၊ ခါးနှင့် ပေါင်ခြံ  နေရာများ၌ ယားယံခြင်းနှင့်အကွက်များ အဖြူစက်များ ဖြစ်လာနိုင်သည်။ အထူးသဖြင့် ပူအိုက်စိုစွတ်သော ရာသီဥတုတွင် ပိုမို၍ ဖြစ်ပွားတတ်ပြီး ယားယံခြင်းကြောင့် အလွန်ပင် ခံရခက်စေနိုင်သလို လူအများကြား သွားရာတွင်လည်း မိမိကိုယ်မိမိ ယုံကြည်မှုလည်း ကျဆင်းစေနိုင်သည်။ ပွေး၊ ညှင်း၊ ဂျွတ်၊ ဒက်စသည်ဖြင့် အမည်အမျိုးမျိုးခေါ်ဆိုကြပြီး ခံစားရသူများအနေနှင့် ရောဂါ သက်သာပျောက်ကင်းစေရေး ပုံစံမျိုးစုံဖြင့် ကုသကြလေ့ရှိသည်။

ပွေး၊ ညှင်း၊ ဗောက်၊ ဒက်
အဆိုပါ အရေပြားရောဂါများသည် အရေပြားတွင် ကူးစက်ဖြစ်ပွားနိုင်သည့် မှိုမျိုးစိတ်များကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ခန္ဓာကိုယ်၏ တနေရာမှ အခြားတနေရာသို့ အလွယ်တကူ ကူးစက်ပျံ့နှံ့ သွားနိုင်သည်။ စနစ်တကျ ကုသမှုမခံယူပါက သက်သာ ပျောက်ကင်းသွားသော်လည်း အချိန်မရွေး ပြန်လည် ဖြစ်ပွားနိုင်သည့် စိတ်ပျက်စရာ ရောဂါပြဿနာလည်း ဖြစ်သည်။

မှိုကြောင့်ဖြစ်သော အရေပြားယားနာများသည် ခန္ဓာကိုယ်အနှံ့အပြားတွင်  ဖြစ်ပွားတတ်ပြီး ဖြစ်ပွားသော နေရာကိုလိုက်၍လည်း အခေါ်အဝေါ် အမျိုးမျိုးရှိသည်။ ဦးခေါင်းတွင်ဖြစ်ပွားသော ယားနာရောဂါကို ဗောက်၊ ဒက်ဟုခေါ်ကာ ပေါင်ခြံ၊ ခါးစသည့်  နေရာများတွင် ဖြစ်ပွားလျှင် ဂျွတ်၊ ပွေးစသည်ဖြင့် ခေါ်ဆိုပြီး  ခြေချောင်းများနှင့်  ခြေဖဝါးတွင် ဖြစ်လျှင် သဲဝဲဟုခေါ်သည်။ ခန္ဓာကိုယ်အရေပြားရှိ အဖြူစက်၊ အဖြူကွက်များကို  ညှင်းဟု  ခေါ်ဆိုကြပြီး မိုးဦးကျတွင် ဖြစ်ပွားတတ်ကာ မိုးအကုန် ဆောင်းအကူး စပါးပေါ်ချိန်များတွင် သက်သာပျောက်ကင်း သွားတတ်သည့် အတွက် စပါးညှင်းဟုလည်း ခေါ်ဆိုတတ်ကြသည်။

ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများ
ခန္ဓာကိုယ်သို့ ရောဂါဖြစ်စေသည့်မှို တိုက်ရိုက်ထိတွေ့ခြင်းကြောင့် ကူးစက်ရခြင်း  ဖြစ်သည်။ အထူးသဖြင့် မိသားစုဝင်အချင်းချင်း ကူးစက်မှု ခံရနိုင်ရန် အခွင့်အလမ်း အမြင့်ဆုံးဖြစ်ပြီး အောက်ဖော်ပြပါ အခြေအနေများတွင် ကူးစက် ခံရနိုင်သည်။

  • ရောဂါခံစားနေရသူနှင့် တိုက်ရိုက် ထိတွေ့မိခြင်း၊
  • ရောဂါခံစားနေရသူ ဝတ်ဆင်ထားသော အဝတ်အစားများကို ဝတ်ဆင်မိခြင်း၊
  • မှိုရောဂါခံစားနေရသော တိရိစ္ဆာန်၏ အမွှေးများနှင့် ထိတွေ့မိခြင်း၊
  • ရောဂါခံစားနေရသူ အသုံးပြုထားသည့် အားကစားခန်းမသုံးပစ္စည်းများ၊ ရေချိုးခန်းသုံး ပစ္စည်းများနှင့် ခေါင်းအုံး၊ စောင်၊ ဖျာ၊ လက်သုတ်ဝတ်စသည့် တကိုယ်ရည်သုံးကို သုံးစွဲမိခြင်းစသည့် အခြေအနေများတွင် မှိုရောဂါကူးစက်ခြင်း ခံရနိုင်သည်။

ကူးစက်ခံနေရသူတွင် ဆေးဝါးများဖြင့် ကုသမှုခံယူနေသော်လည်း ရောဂါပိုး ရှိနေသည့် အင်္ကျီ၊ အဝတ်အစားများနှင့် တကိုယ်ရည်သုံးပစ္စည်းများကို စနစ်တကျ သန့်စင်ခြင်း မပြုလုပ်လျှင်လည်း ရောဂါသက်သာသွားခြင်းမရှိပဲ ပိုပို၍ ဆိုးလာနိုင်သည်။

ရောဂါကာကွယ်ရေးနည်းလမ်းများ
အရေပြားမှိုရောဂါဖြစ်သည့် ပွေး၊ ညှင်းစသည့် ပြဿနာများသည် ကလေး၊ လူကြီး၊ ကျား/မ မရွေး ဖြစ်ပွားခံစားရနိုင်ပြီး ယားယံခြင်းနှင့်အတူ အခြားသော နောက်ဆက်တွဲ မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိနိုင်ပဲ လူသူအများကြား သွားလာရန်မဝံ့ရဲခြင်းများ ဖြစ်ပွားစေနိုင်သည့်အတွက်မဖြစ်ပွားမီကပင် အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း ကြိုတင် ကာကွယ်ကြရန်လိုသည်။

– ရေချိုးပြီးချိန်များနှင့် ခေါင်းလျှော်ပြီးချိန်များတွင် ရေကိုခြောက်အောင် သုတ်ပြီးမှ အဝတ်အစားများ ဝတ်ဆင်ပါ။

– ချွေးစိုနေသည့် အဝတ်အစားများကို ထပ်တလဲလဲ ပြန်ဝတ်ခြင်း ရှောင်ကျဉ်ပါ။

– အောက်ခံအဝတ်အစားများကိုလည်း ခြောက်သွေ့အောင် လှန်းပြီးမှ ဝတ်ဆင်သင့်ပြီး ထပ်တလဲလဲ ပြန်လည်ဝတ်ဆင်ခြင်းမျိုး ရှောင်ကျဉ်ပါ။

– ရေချိုးခန်းနှင့် ကြမ်းပြင်များကိုလည်း မှိုသတ်ဆေးပါသည့် သန့်ရှင်းရေးပစ္စည်းများဖြင့် မကြာမကြာ သန့်ရှင်းရေးပြုလုပ်ပေးပါ။

– အင်္ကျီအဝတ်အစားများနှင့် အခြားတကိုယ်ရည်သုံး ပစ္စည်းများကိုလည်း မျှဝေ၍ သုံးစွဲခြင်းမျိုးရှောင်ကျဉ်ပါ။

– မိုးတွင်ကာလတွင် အိမ်ခန်းနှင့် အိပ်ခန်းများအတွင်း လေဝင်လေထွက်  ကောင်းစေရန်နှင့် အစိုပြန်ခြင်းမရှိစေရန် နေပူချိန်များတွင် တခါးဖွင့်ထားပေးပါ။

– ခေါင်းအုံးစွပ်များကို တပတ်လျှင် တခါ လျှော်ဖွပ်ပေးပါ။

– အားကစားခန်းမများ၊ ရေကူးကန်များနှင့် အခြားသော အများနှင့်ဆိုင်သည့် နေရာများ သွားလာရာတွင် သင့်တော်သော ဖိနပ်စီးပြီးမှသွားပါ။

– ခြေအိတ်နှင့် ဖိနပ်များကိုလည်း အမြဲခြောက်သွေ့နေစေရေး ဂရုပြုပါ။

– ပွေး၊ ညှင်းနှင့် အခြားသော အရေပြားမှိုရောဂါ ခံစားနေရသူများနှင့် ထိတွေ့ခြင်းကို တတ်နိုင်သ၍ ရှောင်ကျဉ်ပါ။

အရေပြားမှိုရောဂါ ကူးစက်ခံရလျှင်
ယားယံခြင်းကြောင့် ကုတ်မိခြင်းနှင့်အတူ ကုတ်မိသည့် နေရာတွင် ဖုန်၊ သဲ စသည်တို့ဝင်ရောက်ကာ ၎င်းတို့မှတဆင့် ဘတ်တီးရီးယားပိုးမွှားများ ဝင်ရောက်နိုင်ပြီး အခြားသော အရေပြားရောဂါများကိုပါ ခံစားရစေနိုင်သည့်အတွက် ပွေး၊ ညှင်းပြဿနာ များအတွက် လိုအပ်သောကုသမှုကို အမြန်ဆုံးခံယူသင့်သည်။

ရောဂါကူးစက်ခြင်း ခံရလျှင် ဈေးကွက်အတွင်း အလွယ်တကူ ဝယ်ယူ ရရှိနိုင်သည့် အရည်အသွေးကောင်းမွန်သည့်မှိုသတ်ဆေး(လိမ်းဆေးများ) ဖြင့် ယားယံမှု သက်သာပျောက်ကင်း နိုင်သော်လည်း အထက်ဖော်ပြပါ ဖြစ်ပွားစေသည့် အကြောင်း အရင်းများ ရှိနေသေးလျှင် အချိန်မရွေး ပြန်လည်ဖြစ်လာနိုင်သည်။ လူးဆေး များဖြင့် မသက်သာသူများ၊ ယားနာများအပေါ်မှ ပြည်နှင့် သားငံရည်များ ထွက်နေသူများ၊ အလွန်အမင်း ယားယံခြင်းခံစားနေရသူများ၊ ခန္ဓာကိုယ်အနှံ့ ခံစားနေရသူများအနေနှင့် မှိုရောဂါအတွက် သောက်ဆေးများ သောက်သုံးရန် လိုနိုင် သည့်အတွက် နီးစပ်ရာ ဆရာဝန်နှင့် တိုင်ပင်ပြသ ကုသမှုခံယူသင့်သည်။

အခြားလူများသို့ ထပ်မံကူးစက်ခြင်း မဖြစ်စေရန်
ပွေး၊ ညှင်း၊ ဗေါက်၊ ဒက်စသည့် အရေပြားဆိုင်ရာ ပြဿနာများ ခံစားရသူများ အနေနှင့် မိမိရောဂါကို အခြားသူများထံသို့ ကူးစက်ခံရမှု မရှိစေရေးအတွက်  ရောဂါကူးစက်ခံနေရသူများအနေနှင့် –

ဆံပင်၊ ခန္ဓာကိုယ်အရေပြား၊ လက်သည်း၊ ခြေသည်းနှင့် ခြေထောက်ကြားများကို အမြဲခြောက်သွေ့ နေစေရန် ဂရုပြုပါ။
ဘီး၊ မျက်နှာသုပ်ပုဝါ၊ အင်္ကျီအဝတ်အစားများနှင့် အခြားသော တကိုယ်ရည်သုံး ပစ္စည်းများကို အခြားသူများနှင့် မျှဝေသုံးစွဲခြင်း ရှောင်ကျဉ်ပါ။
မှိုများ သေစေရန်အတွက် မျက်နှာသုပ်ပုဝါ၊ ခေါင်းအုံးစွပ်၊ စောင်၊ အတွင်းခံများ၊ အင်္ကျီအဝတ်အစားများနှင့် လက်ကိုင်ပုဝါများကို ရေနွေးဆူဆူဖြင့် ပြုတ်ပြီးမှ လျှော်ဖွတ်ပါ။
ရောဂါခံစားနေရစဉ်အတွင်း အများသုံးနေရာများဖြစ်သည့် အားကစားခန်းများနှင့် ရေကူးကန်များသို့ သွားရောက်ကစားခြင်းကိုလည်း အထူးဂရုပြု၍ ရှောင်ကျဉ်ပါ။

ပွေးညှင်းပြဿနာ ကင်းဝေးစွာဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိနိုင်ကြပါစေ။

 

Dr. တင့်တယ်

 

Previous Post

ဟိုကြား ဒီကြား အမဲကွက်များ

Next Post

ဆီးကပြောတဲ့ ကာလသားရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
820
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆီးကပြောတဲ့ ကာလသားရောဂါ

ပိုးသတ်ဆေးများနှင့် ကျန်းမာရေး

အချင်းရှေ့ရောက်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.