fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးမယ့် ဒါမီရာနာ(DAMIANA)

Damiana to solve sexual problems
485
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/07/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အိမ်ထောင်သည် ဇနီးမောင်နှံတွေမှာ ချစ်မေတ္တာ အပြည့်အဝနဲ့ ချစ်တင်းနှောနိုင်ဖို့၊ သက်လုံကောင်းဖို့၊ အိမ်ထောင်ရေးသုခ ပြည့်ဝဖို့ ဆိုတာ အဓိကကျတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေးသုခ ပြည့်ဝဖို့ အတွက် တစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ် ဇီဝကမ္မ အခြေအနေ၊ ဟော်မုန်းပြောင်းလဲမှု၊ စိတ်အခြေအနေ၊ အတွေ့အကြုံ၊ နေထိုင်မှုပုံစံ၊ အမျိုးသားနဲ့ ဆက်ဆံရေး စတဲ့ အခြေအနေတွေပေါ် မူတည်ပြီး ကွဲပြားကြပါတယ်။

အမျိုးသမီးတွေဟာ အိမ်ထောင်မှု ထိန်းသိမ်းရတဲ့ ဖိအားတွေအပြင် အလုပ်ပင်ပန်းမှုနဲ့ လိင်မှုကိစ္စအပေါ် ထုတ်ဖော်ပြောဆိုမှု နည်းပါးတာကြောင့် အိမ်ထောင်ရေးသုခ မပြည့်ဝနိုင်ဘဲ လိင်ကိစ္စမှာ စိတ်ဝင်စားမှုနည်းလာတာ၊ ချစ်တင်းနှီးနှောလိုစိတ် မရှိတော့တာတွေကို ကြုံရလေ့ ရှိတတ်ပါတယ်။ ဒီလိုအချိန်တွေမှာ အမျိုးသားရဲ့ ဖိအားပေးခံရရင် စိတ်အနှောင့်အယှက် ဖြစ်ရပြီးတော့ ပြဿနာကို သင်ဟာ အစပြုလိုက်ပြီး ဖြစ်နေပါလိမ့်မယ်။

အထက်ပါ အကြောင်းအရာတွေအပြင် ခန္ဓာကိုယ်အတွက် ပြင်ပမှ ဖြည့်စွက်ပေးနိုင်တဲ့ အာဟာရတွေဟာလည်း ပြဿနာတွေကို ကူညီဖြေရှင်းနိုင်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ဒီလိုဖြည့်စွက်ပေးနိုင်တဲ့ အာဟာရတွေထဲက တစ်ခုကတော့ Damiana leaf ဒါမီရာနာ ဆေးဖက်ဝင်အပင်ပဲဖြစ်ပါတယ်။

Damiana leaf ဒါမီရာနာဆိုတာ အဝါရောင်ပန်း ပွင့်ပြီးတော့ မွှေးပျံ့တဲ့ အရွက်တွေရှိတဲ့ အပင်နိမ့်တစ်မျိုးပဲ ဖြစ်ပါတယ်။ ၁၈၇၀ အစောပိုင်းကာလများထဲက အမေရိကတိုက် တောင်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ အသက်ကြီးပြီး လိင်မှုကိစ္စ မစွမ်းဆောင်နိုင်တော့တဲ့ သူတွေအတွက် ဒါမီရာနာရဲ့ ဆေးဖက်ဝင်အရွက်တွေ အသုံးပြုထားတဲ့ သဘာဝ အားတိုးဆေးတွေ စျေးကွက်ထဲ ရောက်ရှိလာခဲ့ပါတယ်။ ဒါမီရာနာဟာ သမိုင်းမှာ အမျိုးသမီးများကို လိင်စိတ် နှိုးဆွပေးတဲ့ သဘာဝဆေး အဖြစ်လည်း လူသိများခဲ့ပါသေးတယ်။

ဒါမီရာနာရဲ့ အရွက်တွေမှာ flavonoids လို့ခေါ်တဲ့ ပါဝင်ပစ္စည်းဟာ အမျိုးသမီးတွေရဲ့ လိင်အင်္ဂါတွေကို သွေးလည်ပတ်မှုပိုကောင်း၊ ပိုစီးဆင်းစေပြီးတော့ လိင်စိတ်နိုးကြားစေပြီး သက်လုံကောင်းစေတဲ့အပြင် သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာတောင် လိင်ကိစ္စကိုပြန်လည် စိတ်ဝင်စားလာစေပါတယ်။ ဒါမီရာနာကို “Ginkgo biloba” လို့ခေါ်တဲ့ သဘာဝ ဆေးဖက်ဝင်အပင်တွေနဲ့တွဲဖက်ပြီး သောက်သုံးရင်လည်း “Boosting effect” လို့ခေါ်တဲ့ ပိုမိုကောင်းမွန်တဲ့ အာနိသင်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါမီရာနာရဲ့ အရွက်တွေမှာပါတဲ့ “Thymol” ဆိုတဲ့ အရာဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ရော စိတ်ကိုပါ အသစ်တဖန် လန်းဆန်းတက်ကြွလာအောင် ကုစားပေးတဲ့အတွက် စိတ်ညစ်၊ စိတ်ပင်ပန်းလွန်းတာ၊ စိတ်ဓာတ်ကျတာတွေ သက်သာစေမှာ ဖြစ်ပါတယ်။ ဒါမီရာနာရဲ့ အကျိုးကျေးဇူးတွေက ဒါတွေတင် မကပါဘူး။ ခန္ဓာကိုယ်မှာ အစာခြေဖျက်မှု အားကောင်းပြီး အူတွေရဲ့ အာဟာရတွေ စုပ်ယူနိုင်စွမ်းလဲ ပိုကောင်းလာစေပါတယ်။ ကိုယ်တွင်းရဲ့ အညစ်အကြေးတွေ၊ ဘေးဥပါဒ်ဖြစ်စေမယ့် အဆိပ်တွေ၊ chemicals တွေ စွန့်ထုတ်အားကောင်းစေတဲ့အတွက် ဝမ်းချုပ်တာကို သက်သာစေပြီး ဝမ်းမှန်စေပါတယ်။

ဒါမီရာနာဟာ သွေးတွင်းသကြားဓာတ်ကျစေတဲ့အတွက် ဆီးချိုသမားတွေ၊ ဆီးကျိုကျဆေးသောက်နေရသူတွေ၊ ထိုးနေရသူတွေ သတိထားပြီး သောက်သုံးသင့်ပါတယ်။ ဒါမီရာနာ ” ၊ ” L-arginine ၊ ” Ginkgo biloba ” တို့ ပေါင်းစပ်မှုဟာ အမျိုးသမီးအင်္ဂါ သွေးလည်ပတ်မှု ကောင်းစေပြီး လိင်ဆက်ဆံလိုစိတ်ကိုလဲ နှိုးဆွပေးတဲ့အပြင် လိင်ဆက်ဆံစဉ် သာယာသော စိတ်ခံစားမှုနဲ့ အထွဋ်ထိပ်ရောက်မှု Orgasm ကို ပြည့်ဝစွာ ပေးစွမ်းနိုင်မယ့် အာနိသင်ရှိပါတယ်။

ခင်ပွန်းသည်အမျိုးသားတို့လည်း ကြင်သူချစ်ဇနီးရဲ့ ကြည်ဖြူစွာလိုက်လျောမှုကို ရရှိစေနိုင်ဖို့အတွက် ခေါင်းခဲစရာ မလိုတော့ပါဘူးနော်။ အမျိုးသမီးတွေအတွက်လည်း ချစ်ခင်ပွန်းရဲ့ အကြင်နာတွေ ပြည့်ပြည့်ဝဝ လက်ခံနိုင်ဖို့ ပူပင်စရာတွေ မရှိတော့ပါဘူး။ အိမ်ထောင်ရေးသုခမပြည့်ဝလို့ ရင်ဆိုင်နေရတဲ့ပြဿနာတွေ ဖြေရှင်းဖို့ ဒါမီရာနာ Damiana ကို မရှိမဖြစ်ဆောင်ထားဖို့ မျှဝေလိုက်ရပါတယ်။

Author : Dr. Yee Mon

Previous Post

လူကြီးတွေ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ရင် ဆောင်သင့်ရှောင်သင့်တာတွေ

Next Post

ကယ်လ်စီယမ်ကြွယ်၀တဲ့ အစားအသောက်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ခေါင်းတစ်ခြမ်းကိုက်ခြင်း အကြောင်းအရင်းများ

2 weeks ago
295

ကိုယ်လက်တွေကိုက်ခဲပြီး ဖျားနာချင်လာပြီဆိုရင်

2 weeks ago
167
About the health benefits of curry leaves

ဟင်းနုနွယ်ကပေးတဲ့ ကျန်းမာရေးကောင်းကျိုးတွေအကြောင်း

3 months ago
496
Do you go to bed late at night and have a lot of sleepless nights?

ညဖက်တွေမှာ အိပ်ယာဝင်နောက်ကျပြီး အိပ်ရေးပျက်တဲ့ရက်တွေ များနေပြီလား?

3 months ago
683
Side effects of anal sex

စအိုဖြင့် လိင်ဆက်ဆံခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

3 months ago
2.8k
Why is HMB important for adults

လူကြီးတွေအတွက် HMB ဟာ ဘာကြောင့်အရေးပါလဲ

3 months ago
213

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Calcium-rich foods

ကယ်လ်စီယမ်ကြွယ်၀တဲ့ အစားအသောက်များ

ays to Boost your Immune System

ကိုယ်ခံအားကောင်းအောင်လုပ်ဆောင်နိုင်မယ့် နည်းလမ်းများ

How can you get zinc from the food you eat everyday?

နေ့စဉ်စားနေတဲ့အစားအစာကနေ ဇင့်ကို ဘယ်လိုရနိုင်မလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.