fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ကယ်လ်စီယမ်ကြွယ်၀တဲ့ အစားအသောက်များ

Calcium-rich foods
1.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/07/2022
in ကျန်းမာစေသော အစားအစာ
1 min read
A A

အရိုးနှင့်သွား ကျန်းမာကြံ့ခိုင်ရေးလို့ပြောလိုက်တာနဲ့ ကယ်လ်ဆီယမ်ဓါတ်(Calcium) ကိုလူတိုင်းတွေးမိကြပါလိမ့်မယ်။ ခန္ဓာကိုယ်ရှိ Calcium ရဲ့ ၉၉% ကို အရိုးနှင့်သွားများတွင် အဓိကသိမ်းဆည်းထားပါတယ်။ ကယ်လ်စီယမ်ဓါတ်ဟာ အရိုးနှင့် သွားများကြံ့ခိုင်သန်မာရေးအပြင် နှလုံး၊ အာရုံကြော၊ ကြွက်သားများရဲ့ ကျန်းမာရေး၊ သွေးကြောနှင့်ကြွက်သားများ ကျုံ့ဆန့်နိုင်စွမ်း၊ ဟော်မုန်းနှင့်အင်ဇိုင်းများ ထုတ်လုပ်ခြင်း၊ သွေးခဲနိုင်စွမ်း၊ အာရုံကြောအဖွဲ့အစည်း၏ ဆက်သွယ်ဆောင်ရွက်မှု၊ နှလုံးစည်းချက်နှင့် နှလုံး၏ညှစ်အား၊ သွေးပေါင်ချိန်ထိန်းညှိခြင်းတို့အတွက်ပါ အရေးပါသော ဓါတ်ဖြစ်ပါတယ်။

Calcium ဓါတ်နည်းလျှင် အရိုးတွင် သိမ်းဆည်းထားသော Calcium များကို ဇီဝဖြစ်စဉ်အရ အသုံးပြုမှုကြောင့် အရိုးတွင်း Calcium ဓါတ်လျော့နည်းလာကာ အရိုးအားနည်းခြင်း၊ အရိုးသိပ်သည်းဆလျော့လာပြီး အရိုးပါး၊ ကြွတ်ဆတ်ခြင်း၊ ပျော့ခြင်းတို့ ဖြစ်လာတတ်ပါတယ်။ Calcium ဓါတ်လျော့နည်းခြင်းကြောင့် ကြွက်သားများမပြေလျော့ပဲ ကြွက်တက်ခြင်း၊ ခြေလက်ထုံကျင်ခြင်း၊ စိတ်ကျခြင်း၊ မှတ်ဉာဏ်အားနည်းခြင်းတို့ ဖြစ်နိုင်ပါတယ်။

ကယ်လ်ဆီယမ်(Calcium) ကြွယ်ဝသော အစားအသောက်များမှာ နို့နှင့်နို့ထွက်ပစ္စည်း၊ ဒိန်ချဉ်၊ ချိစ် ဒိန်ခဲ၊ ပဲ၊ ဆာဒင်း ငါးသေတ္တာ၊ ဆယ်လမွန်ငါး၊ ပုဇွန်၊ ဆန်၊ တို့ဖူး၊ ပဲပိစပ်၊ ပဲနို့၊ အစိမ်းရောင် အသီးအရွက်များဖြစ်သော မုန်လာပင်၊ ပန်းပွင့်စိမ်း ဘရိုကိုလီ၊ ရေမုံညင်း၊ ကညွတ်၊ ဆူးပုတ်ရွက်၊ ရေညှိ၊ ပဲသီး၊ အသီးဖျော်ရည်များဖြစ်ပါတယ်။

ဗာဒံစေ့ ခေါ် အယ်လ်မွန် almond၊ သစ်အယ်သီး hazelnuts ကဲ့သို့ အခွံမာသီး နှင့် အစေ့အဆန်များ( နှမ်း၊ နှမ်းကြတ်စေ့ flaxseeds ၊ ချီယာစေ့ chia seeds) ၊ သဖန်းသီး၊ ဒန်ဒယ်လီယွန် dandelions အရွက်များ၊ ကယ်လ်စီယမ်ဖြည့်စွက် ပြုပြင်ထားသော အစားအစာများ၊ ဂျုံ (wheat)၊ ဆန်(rice)၊ အုတ် (oat)၊ ဘာလေ (barley)နဲ့ ပြောင်း (corn) စသည့် Cereals များ၊ ပြောင်းဖူးအခြေခံပြုလုပ်ထားသော အစားအစာများ၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စသည်တို့၏အခွံများတွင်လည်း Calcium ဓါတ်ပါဝင်ပါတယ်။

အစားအစာများတွင် ပါဝင်သော oxalates ဓါတ်သည် Calcium ကို ပေါင်းစည်းပြီး ကိုယ်ခန္ဓာမှ Calcium စုပ်ယူမှုကို တားမြစ်ပါတယ်။ Oxalates ပါဝင်မှုများသော အစားအစာများဖြစ်သည့် မြေပဲ၊ နို့မပါဝင်သောချောကလက် dark chocolate၊ နံနံပင်၊ ကိုက်လန်၊ ဟင်းနုနွယ်၊ စတော်ဘယ်ရီကဲ့သို့ ဘယ်ရီသီး၊ စပျစ်သီး၊ ကန်စွန်းဥ၊ ခရမ်းသီးစသော အစားအစာများဟာ ခန္ဓာကိုယ်ရဲ့ Calcium စုပ်ယူမှုကို လျော့နည်းစေနိုင်ပါတယ်။ ဒါကြောင့် oxalates ဓါတ်များလျှင် Calcium များကို မစုပ်ယူပဲ ကျောက်ကပ်တွင်စုပုံစေမှုကြောင့် ကျောက်တည်ခြင်း ဖြစ်လာတတ်ပါတယ်။ခန္ဓာကိုယ်မှ Calcium စုပ်ယူမှုကို အားပေးသော ဗီတာမင်တစ်မျိုးမှာ ဗီတာမင်ဒီ Vitamin-D ဖြစ်ပါတယ်။

Calcium အားဖြည့်ဆေးတွင် ပါဝင်သော Calcium များသည် Calcium carbonate၊ Calcium lactate၊ Calcium gluconate၊ Calcium citrate ဟု၍ ကွဲပြားပါသည်။ လူတစ်ဦးတစ်ယောက်ခြင်းဆီ၏ အသက်အရွယ်၊ ဇီဝကမ္မ လိုအပ်ချက်၊ ကျန်းမာရေးအခြေအနေနှင့် သွေးတွင်း Calcium ပမာဏတို့အပေါ် မူတည်ပြီး Calcium အားဖြည့်ဆေး သောက်သုံးရန် လိုအပ်မလိုအပ်သည် တစ်ဦးချင်းဆီ ကွဲပြားကြပါတယ်။ ထို့ကြောင့် မိမိအနေဖြင့် Calcium ဖြည့်စွက်ဆေးများ မသောက်သုံးခင် သက်ဆိုင်ရာဆရာဝန်နှင့် ဆွေးနွေးပြီးမှ သောက်သုံးသင့်ပါတယ်။

အရွယ်ရောက်ပြီး လူကြီးတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် Calcium ၁၀၀၀ မီလီဂရမ် 1000 mg လိုအပ်ပါတယ်။ အသက်၇၀ ကျော် အမျိုးသားများနှင့် အသက်၅၀ ကျော် အမျိုးသမီးများဟာ Calcium ဓါတ်ကို ပိုပြီးလိုအပ်တတ်ပါတယ်။ သို့သော် နေ့စဉ်လိုအပ်သော Calcium ပမာဏကို နေ့စဉ်စားသုံးသော Calcium ကြွယ်ဝသော အစားအစာများမှတဆင့် လုံလောက်မျှတအောင် မှီဝဲသင့်ကြောင်း ကျန်းမာရေးပညာရှင်များက ညွှန်ကြားထားပါတယ်။

Author : Dr. Yee Mon

Previous Post

လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးမယ့် ဒါမီရာနာ(DAMIANA)

Next Post

ကိုယ်ခံအားကောင်းအောင်လုပ်ဆောင်နိုင်မယ့် နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

1 year ago
326
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

1 year ago
175
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

1 year ago
312
Sugar and cancer

သကြားနှင့် ကင်ဆာ

1 year ago
284
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

1 year ago
336
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

1 year ago
264

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
ays to Boost your Immune System

ကိုယ်ခံအားကောင်းအောင်လုပ်ဆောင်နိုင်မယ့် နည်းလမ်းများ

How can you get zinc from the food you eat everyday?

နေ့စဉ်စားနေတဲ့အစားအစာကနေ ဇင့်ကို ဘယ်လိုရနိုင်မလဲ?

eat regularly

အချိန်မှန်မှန်စားပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.