fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

လူကြီးတွေ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ရင် ဆောင်သင့်ရှောင်သင့်တာတွေ

Physical Exercise Guidelines for Older Adults
298
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/07/2022
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

အသက်အရွယ် ကြီးငယ်မရွေးအတွက် ကျန်းမာသောခန္ဓာကိုယ် ရရှိနိုင်ရန် မဖြစ်မနေပြုလုပ်ရမည့် အချက်တစ်ချက်မှာ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း ဖြစ်ပါသည်။ အမေရိကန်နိုင်ငံရှိ ကိုယ်လက်လှုပ်ရှားမှု လမ်းညွှန်ချက်အသစ်(နိုဝင်ဘာလ၊၂၀၁၈ခုနှစ်) အရ တစ်ပါတ်လျှင် အနည်းဆုံး ၂နာရီမှ၅နာရီထိ နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်သင့်ကြောင်း ညွှန်ကြားထားပါသည်။ အသက်အရွယ် ကြီးသောသူများအနေဖြင့် လမ်းမြန်မြန်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းကဲ့သို့ အတော်အသင့်ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို တတ်နိုင်သ၍ လုပ်ဆောင်သင့်သည်ဟုဖော်ပြထားသည်။

အသက်၆၅နှင့်အထက် လူကြီးများအနေဖြင့် တနေ့လျှင် ၁၀မိနစ်ခန့်ဖြင့် ယောဂ၊ တိုက်ချိ၊ ဥယျာဉ်ပန်းပင်စိုက်ပျိုးခြင်းကဲ့သို့ မပြင်းထန်သော၊ထိခိုက်လဲကျမှုအန္တရာယ်နည်းသော လှုပ်ရှားမှုများကို နေ့စဉ်မှန်မှန်လုပ်သင့်ပါသည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကိုယ်စိတ်ကျန်းမာရေး ကောင်းမွန်စေပြီး အိုမင်းရင့်ရောခြင်းနှင့် မှတ်ဥာဏ်လျော့နည်းလာခြင်းကို တားဆီးပေးနိုင်ပါသည်။ နှလုံးရောဂါ ဖြစ်ပွါးမှု၊ ရုတ်တရက်နှလုံးဖောက်ခြင်း စသည်တို့ကို လျှော့ချပေးနိုင်သည်။ stress ဟော်မုန်း ထွက်ခြင်းနည်းစေပြီး စိတ်ဖိစီးမှုကိုလျော့ချပေးနိုင်သည့်အပြင် ညဖက်အိပ်မပျော်သောသူများတွင် ကောင်းမွန်စွာ အိပ်စက်အနားရစေနိုင်ပါသည်။

နှလုံးခုန်နှုန်းနှင့် သွေးထိန်းညှိဆေး beta blocker၊ ဆီးဆေး၊ သွေးတွင်းအဆီဓါတ်ကျဆေး statins၊ ဆီးချိုကျဆေး မက်ဖော်မင်၊ ကွီနိုလုံး ပိုးသတ်ဆေး၊ စတီးရွိက်ဆေးများ၊ အစာအိမ်ဆေး PPI၊ စိတ်ကျရောဂါဆေး SSRI၊ ဓါတ်မတည့်မှု သက်သာဆေး antihistamine စသည်တို့ သောက်သုံးနေသူများအနေဖြင့် လေ့ကျင့်ခန်းလုပ်ဆောင်နိုင်မှုစွမ်းရည် လျော့နည်းခြင်း၊ ကြွက်သားနာကျင် အားလျော့ခြင်း၊ ထိခိုက်လဲကျနိုင်သော အန္တရာယ်ရှိခြင်းတို့ကြောင့် ကိုယ်လက်လှုပ်ရှား ပြုလုပ်ရာတွင် အထူးသတိပြုသင့်ပါသည်။

အားအင်လျော့နည်းသောလူကြီးများ ၊ ခန္ဓာကိုယ်ဟန်ချက် မငြိမ်သူများ၊ လေဖြန်းလေဖြတ်ပြီးသူများနှင့် တခြားရောဂါအခံရှိသော လူကြီးများအနေဖြင့် မိမိဆရာဝန် သို့မဟုတ် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းကုထုံးပညာရှင်များ ညွှန်ကြားသည့် လေ့ကျင့်ခန်းများကိုသာ လုပ်ဆောင်သင့်ပါသည်။ နှလုံး၊အဆုတ်နှင့်ပါတ်သက်သော ရောဂါရှိသူများ၊ ကိုဗစ် covid-19 ကဲ့သို့ ပြင်းထန်အဆုတ်ရောင်ရောဂါမှ ပြန်လည်နလန်ထ လူကြီးများအတွက် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ကျဉ်ပြီး cardiac or pulmonary rehabilitation နှလုံးနှင့်အသက်ရှုလမ်းကြောင်း အဆုတ်ဆိုင်ရာ ပြန်လည်သန့်စွမ်းရေး လေ့ကျင့်ခန်းများကိုသာ ပြုလုပ်ပေးသင့်သည်။

အသက်အရွယ်ကြီးသူများအနေဖြင့် သင့်တင့်မျှတသော အစားအစာ၊ ဖြည့်စွက်အာဟာရနှင့် ပုံမှန်လှုပ်ရှားမှုဖြင့် တစ်ပါတ်ကို ၁၀၀၀ ကီလိုကယ်လိုရီ ဆုံးရှုံးအောင် ပြုလုပ်လေ့ရှိပါက ရောဂါများကြောင့် သေဆုံးနှုန်း၃၀% ထိ လျော့ကျနိုင်သည့် အကျိုးရှိကြောင်းတွေ့ရသည်။ အသက်၉၀ နှင့်အထက်ရှိသူများပင် ပေါ့ပါးသောကိုယ်လက်လှုပ်ရှားမှူများကို ဂရုတစိုက်လုပ်ဆောင်ပေးသင့်ပါသည်။ ထို့ကြောင့် ကိုယ်ရောစိတ်ပါ ကျန်းမာရေးအတွက် ဆေးဝါးမှီဝဲရန် လိုအပ်သကဲ့သို့ ပုံမှန်ကိုယ်လက်လှုပ်ရှားမူကို နေ့စဉ်ပုံမှန်လုပ်ဆောင်ခြင်းဖြင့် အသက်ရှည်ကျန်းမာသည့် ဘဝကိုရရှိရန် ဆောင်ရန်ရှောင်ရန်အချက်များကို OnDoctor ပရိသတ်များအတွက် မျှဝေပေးလိုက်ပါသည်။

Previous Post

အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

Next Post

လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးမယ့် ဒါမီရာနာ(DAMIANA)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

4 months ago
811

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

5 months ago
659

အလွှာခြားတာကောင်းလား?

6 months ago
537
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

8 months ago
361

ပန်ဒါမျက်ဝန်းလေး မဖြစ်စေဖို့

8 months ago
528

Screen Time တွေကြောင့် ညအိပ်မပျော်ခြင်း

8 months ago
436

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Damiana to solve sexual problems

လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးမယ့် ဒါမီရာနာ(DAMIANA)

Calcium-rich foods

ကယ်လ်စီယမ်ကြွယ်၀တဲ့ အစားအသောက်များ

ays to Boost your Immune System

ကိုယ်ခံအားကောင်းအောင်လုပ်ဆောင်နိုင်မယ့် နည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.