fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဝမ်းပျက် ဝမ်းလျှောဖြစ်နေချိန် စားသင့်တဲ့အစားအစာများ

Foods you should eat when you have diarrhea
316
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/09/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ လေထခြင်း၊ လေပွခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းပျော့ပျော့ သို့မဟုတ် အရည်များမကြာခဏသွားခြင်းစတဲ့ ရောဂါလက္ခဏာများ ဖြစ်ပေါ်ခံစားရလေ့ရှိပါတယ်။ အစာအိမ်နှင့် အူလမ်းကြောင်းစနစ်ကို အဆင်ပြေသက်သာစေတဲ့ အစားအစာများကို သိရှိစားသုံးခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောခြင်းကို ပိုမိုဆိုးရွားစေသော အစားအစာများကို ရှောင်ရှားခြင်းအားဖြင့် ဝမ်းပျက်ဝမ်းလျှောခြင်းဝေဒနာများကို အတိုင်းအတာတစ်စုံတစ်ရာအထိ သက်သာပျောက်ကင်းအောင် လုပ်ဆောင်နိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် စားသင့်သောအစားအစာများ

အရည်များ

ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် အကြီးမားဆုံးရင်ဆိုင်ရနိုင်တဲ့ အန္တရာယ်တစ်ခုမှာ ရေဓါတ်ခန်းခြောက်ခြင်းဖြစ်ပါတယ်။ရေဓါတ်ခန်းခြောက်ခြင်းကိုကာကွယ်ရန်အတွက် ရေများများသောက်ခြင်းအပြင်၊ အုန်းရည်၊ စွပ်ပြုတ်ရည်၊ အရိုးပြုတ်ရည်ကဲ့သို့သော အရည်များသောက်ခြင်းဟာလည်း မဖြစ်မနေပြုလုပ်သင့်သော နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးတွင် ဝမ်းလျှောခြင်းကြောင့် ခန္ဓာကိုယ်မှဆုံးရှုံးသွားသော သတ္တုဓါတ်တစ်မျိုးဖြစ်တဲ့ Potassium ဓါတ်များကြွယ်ဝပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွက် အရေးကြီးသောအရည်များကို အူလမ်းကြောင်းမှ ပြန်လည်စုပ်ယူရာတွင် ကူညီပေးနိုင်သော အမျှင်ဓါတ်တစ်မျိုးဖြစ်တဲ့ Pectin လည်းပါဝင်ပါတယ်။

ကြေပျက်အောင် အလွယ်တကူ ခြေဖျက်နိုင်ခြင်းကြောင့် အစာခြေစနစ်အား ထိရောက်စွာအကူအညီပေးနိုင်သော ငှက်ပျောသီးကို ဝမ်းပျက်ဝမ်းလျှောရောဂါခံစားနေရတဲ့အချိန်တွင် စားသုံးသင့်သော အကောင်းဆုံးအစားအစာတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။

ထမင်း

ထမင်းတွင် ဝမ်းကိုမာစေသော ဂုဏ်သတ္တိရှိတဲ့အပြင် Carbohydrate ဓါတ်လည်းကြွယ်ဝတာကြောင့် အလွယ်တကူခြေဖျက်နိုင်ပါတယ်။ သို့ရာတွင် ထမင်းနဲ့အတူ နို့ထွက်ပစ္စည်းများ၊ အဆီများကို တွဲဖက်စားသုံးပါက ဝမ်းပျက်ဝမ်းလျှောခြင်းရဲ့လက္ခဏာရပ်များကို ပိုမိုဆိုးရွားစေပါတယ်။ ၎င်းတို့အစား ထမင်းဖြူကို ကြက်စွပ်ပြုတ်ရည်ဖြင့် စားသုံးခြင်းဟာ ဝမ်းပျက်ဝမ်းလျှောနေစဉ်ကာလအတွင်း အကောင်းမွန်ဆုံးသောနည်းလမ်းတွေထဲက တစ်ခု ဖြစ်ပါတယ်။

ကြက်စွပ်ပြုတ်ရည်

ကြက်စွပ်ပြုတ်ရည်တွင် ဆုံးရှုံးသွားသောသတ္တုဓါတ်ဆားများကို ပြန်လည်ဖြည့်တင်းပေးနိုင်သော အာဟာရဓါတ်များပါဝင်ကြောင်းတွေ့ရှိရပါတယ်။ ဒါ့အပြင် ကြက်စွပ်ပြုတ်ရည်ခပ်နွေးနွေး တစ်ပန်းကန်က အစာအိမ်တွင် ခံစားနေရသော ဝေဒနာများကို သက်သာစေပြီး နေသာထိုင်သာ ပိုမိုရှိလာစေရန် ကူညီပေးနိုင်ပါတယ်။

ဒိန်ချဉ်

ဝမ်းပျက်ဝမ်းလျှောဖြစ်နေစဉ် နို့ထွက်ပစ္စည်းများကို ရှောင်ရှားသင့်သော်လည်း ထိုအထဲတွင် ဒိန်ချဉ်မပါဝင်ပါ။ ဒိန်ချဉ်တွင် အူလမ်းကြောင်းအတွင်းနေထိုင်သော အကျိုးပြု ဘက်တီးရီးယားပေါင်းများစွာ ပါဝင်ပါတယ်။ ဒါ့ကြောင့် အဆိုပါ မိတ်ဆွေဘက်တီးရီးယားများရဲ့ အရေအတွက်ကို မြှင့်တင်ပေးခြင်းအားဖြင့် ဝမ်းပျက်ဝမ်းလျှောခြင်းကို ပျောက်ကင်းသက်သာစေနိုင်ပါတယ်။

သို့သော် သကြားဟာ အစာအိမ်နှင့် အူလမ်းကြောင်းတွင် Gas များကို အလွန်အကျွံဖြစ်ပေါ်စေပြီး လေပွခြင်းနှင့် ဝမ်းလျှောခြင်းများကို ဖြစ်စေနိုင်သဖြင့် မိမိစားသုံးမယ့် ဒိန်ချဉ်တွင် သကြားနှင့် အခြားသော ပြုပြင်စီမံထားသည့်အချိုဓါတ်များ ပါဝင်မှုပမာဏနည်းပါးစေရန် ဂရုစိုက်ရမှာဖြစ်ပါတယ်။

အားကစားသမားများ သောက်သုံးသည့်အချိုရည်များ

အားကစားသမားများသောက်သုံးသောအချိုရည်များဟာလည်း ဝမ်ပျက်ဝမ်းလျှောခြင်းကြောင့် ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသောဓါတ်ဆားများကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ သို့ရာတွင် ဒိန်ချဉ်ကဲ့သို့ပင် သကြားနှင့်အခြားပြုပြင်စီမံထားသောအချိုဓါတ်များ ပါဝင်မှုပမာဏနည်းပါးသော အချိုရည်များကို သေချာစွာရွေးချယ်ဝယ်ယူရန် လိုအပ်ပါတယ်။ သို့မဟုတ်ပါက ဝမ်းပျက်ဝမ်းလျှောခြင်းလက္ခဏာရပ်များကို ပိုမိုဆိုးရွားစေပါလိမ့်မယ်။

အထက်ပါအစားအစာများကို စားသုံးပေးခြင်းအားဖြင့် ဝမ်းပျက်ဝမ်းလျှောခြင်းကို သက်သာပျောက်ကင်းအောင် ကုသရာတွင် အကူအညီတစ်စုံတစ်ရာရရှိမှာ ဖြစ်ပါတယ်။

 

Author: Dr. မွန်

Previous Post

ဘာလို့သွားခဏ ခဏကျဉ်နေရတာလဲ?

Next Post

စိုးရိမ်ပူပန်မှုတွေ လျော့နည်းအောင် ဘယ်လိုနေမလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိပ်စက်ချိန်မပြည့်ဝခြင်းနှင့် အသည်းကျန်းမာရေး

3 days ago
66

ညဘက်အိပ်မပျော်ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်း

1 week ago
330

ဘယ်လိုလူတွေမှာ အသည်းရောဂါအဖြစ်များလဲ?

2 weeks ago
643

ဇင့်အာဟာရချို့တဲ့လျှင်ဖြစ်တတ်တဲ့ရောဂါများအကြောင်း

1 month ago
716

အရိုးနှင့်သွားများကျန်းမာကြံ့ခိုင်သူတစ်ယောက်ဖြစ်ဖို့

1 month ago
230

လည်ပင်းကျီးပေါင်းရောဂါအကြောင်း သိကောင်းစရာ

1 month ago
727

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0

Health Tips

Next Post
How to reduce anxiety?

စိုးရိမ်ပူပန်မှုတွေ လျော့နည်းအောင် ဘယ်လိုနေမလဲ?

To be a self-reliant child

ကိုယ့်အားကိုယ်ကိုးတတ်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့

About the unknown symptoms of lung cancer

အဆုတ်ကင်ဆာရဲ့ မသိမသာ လက္ခဏာများအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.