fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

စိုးရိမ်ပူပန်မှုတွေ လျော့နည်းအောင် ဘယ်လိုနေမလဲ?

How to reduce anxiety?
204
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/09/2022
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ကိလေသာကင်းတဲ့ သူတော်စင်တွေ ကလွဲရင် ကျွန်တော်တို့သာမန်ပုထုဇဉ် လူသားတွေမှာ စိုးရိမ်ပူပန်မှု၊စိုးရိမ်သောကတွေဟာ အနည်းနဲ့အများဆိုသလိုရှိပါတယ်။ သို့သော် တချို့သူတွေမှာ စိုးရိမ်စိတ်ဟာ သာမန်ထက်လွန်ကဲနေတတ်ပြီး မဖြစ်သေးတဲ့အရာ ဖြစ်မလာသေးတဲ့ကိစ္စတွေကို တအားပူပန်တတ်ကြပါတယ်။

အကြမ်းအားဖြင့် စည်းကမ်းတင်းကျပ်တဲ့၊ရန်လိုတတ်တဲ့၊ပြသာနာပေါင်းစုံ ရှိတဲ့ မိသားစု ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ကြီးပြင်းလာတဲ့သူတွေဟာ စိုးရိမ်သောကစိတ်လွန်ကဲတတ်လေ့ရှိပါတယ်။

ဒီလိုစိုးရိမ်စိတ်တအားများတတ်တာဟာ ကောင်းတဲ့အကျင့်မဟုတ်ပါဘူး။

စိုးရိမ်စိတ်တွေတအားများတဲ့အခါ စိတ်သောကရောက်ပြီး စိတ်ပူပန်ရတဲ့အတွက် သင့်အနေနဲ့ပျော်ရွှင်မှုကို မရရှိနိုင်တော့ဘဲ စိတ်ပင်ပန်းမွန်းကြပ်လာနိုင်ပါတယ်။တဖြည်းဖြည်းနဲ့လည်း အထီးကျန်လာနိုင်ပါတယ်။

စိုးရိမ်စိတ်တွေက သင့်ကို ဆုံးဖြတ်ချက်အမှားတွေလည်း ချမိစေတတ်ပါတယ်။

ဒါကြောင့်ဒီတပတ်မှာ စိုးရိမ်သောကဖြေဖျောက်နိုင်တယ့်နည်းလမ်းတချို့ကို ရေးသားတင်ပြချင်ပါတယ်။

ဘာလုပ်ရင်ဘာဖြစ်မယ်ဆိုပြီး ကြိုတွေးကာ စိုးရိမ်ပူပန်နေတာထက် လက်ရှိလောလောဆယ်ဖြစ်နေတာကိုပဲဦးစားပေးစဉ်းစားပါ။

အကြောပြေစေမယ့် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလေးတွေလုပ်ပေးပါ။

အသက်ပြင်းပြင်းရှုသွင်းရှုထုတ်ရတဲ့လေ့ကျင့်ခန်းတွေလုပ်ပါ။

အိပ်ရေးဝအောင်အိပ်ပါ။မူးယစ်ဆေးဝါးနဲ့ အရက်ကို အလွန်အကျွံမသုံးပါနဲ့။

ကိုယ်သောကရောက်နေရတဲ့အကြောင်းကိစ္စတွေကို စဉ်းစားဖို့ နေ့စဉ်မိနစ် ၃၀(နာရီဝက်)ခန့် သတ်မှတ်ထားပါ။

အဲ့လိုသတ်မှတ်ထားတဲ့အချိန်ရောက်မှ စာရွက်လေးတရွက်ယူပြီး ဘယ်ကိစ္စတွေနဲ့စိုးရိမ်သောကများနေလဲဆိုတာကို နံပါတ်၁၊၂၊၃၊၄ အစဉ်လိုက်ရေးချကြည့်ပါ။ချရေးကြည့်ပြီး ဒါတကယ်စိုးရိမ်သင့်တဲ့ကိစ္စလား ဆိုတာကို စဉ်းစားသုံးသပ်ကြည့်ပါ။

ဒီစိုးရိမ်ပူပန်မှု၊သောကတွေဟာ စိတ်ခံစားမှုတွေပဲဖြစ်တယ်။ဒီပူပန်သောကတွေကို ရင်ဆိုင်ဖြေရှင်းနိုင်တယ်၊နောက်ဆုံး ရင်ဆိုင်မဖြေရှင်းနိုင်ရင်တောင် တစ်ယောက်ယောက်ကိုအကူအညီတောင်းလို့ရနိုင်တာပဲ ဆိုတဲ့စိတ်ကိုမွေးပါ။

အဆုံးသတ်အနေနဲ့ အကြံပေးလိုတာက စိုးရိမ်ကြောင့်ကြမှုသောကတွေကို တိုက်ထုတ်ဖို့သင်ကိုယ်တိုင် သင့်စိတ်ကိုလေ့ကျင့်ဖို့လိုပါတယ်။လိုအပ်ပါက စိတ်ပိုင်းဆိုင်ရာဆရာဝန်တွေနဲ့လည်းပြသတိုင်ပင်နိုင်ပါတယ်။

ဒီလိုမှမဟုတ်ရင် ကြာလာတာနဲ့အမျှ သင်ဟာပိုပြီးစိုးရိမ်သောကတွေများများလာပြီး ဆောက်တည်ရာမရဖြစ်လာနိုင်ပါတယ်။

စိုးရိမ်ပူပန်စိတ်များတာက သေစေနိုင်လောက်တဲ့ရောဂါမဟုတ်ပေမယ့် ဘဝမှာနေပျော်ဖို့၊နေ့ရက်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပြီး အသက်ရှည်ရှည်နေရဖို့၊ အဓိပ္ပာယ်ရှိရှိနေရဖို့အတွက် စိုးရိမ်ပူပန်စိတ်တွေကို တိုက်ခိုက်အနိုင်ယူဖို့လိုပါတယ်။

 

Author: Dr. 528

Previous Post

ဝမ်းပျက် ဝမ်းလျှောဖြစ်နေချိန် စားသင့်တဲ့အစားအစာများ

Next Post

ကိုယ့်အားကိုယ်ကိုးတတ်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေသော အကြောင်းအရင်းများ

2 weeks ago
231

ဗီတာမင် C ချို့တဲ့ရင် နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ?

2 months ago
627
For adults to be healthy and fresh in winter

လူကြီးတွေ ဆောင်းရာသီမှာ ကျန်းမာလန်းဆန်းဖို့ဆိုရင်

4 months ago
425
Winter and muscle problems to watch out for

ဆောင်းရာသီနှင့် သတိပြုရမယ့်ကြွက်သားပြဿနာများ

4 months ago
4.2k
How does calisthenics benefit the muscles

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းက ကြွက်သားတွေကို ဘယ်လိုကောင်းကျိုး ဖြစ်စေလဲ

4 months ago
388
How to strengthen your immune system in winter

ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းအောင် ဘယ်လိုလုပ်ဆောင်မလဲ

4 months ago
529

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0

Health Tips

Next Post
To be a self-reliant child

ကိုယ့်အားကိုယ်ကိုးတတ်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့

About the unknown symptoms of lung cancer

အဆုတ်ကင်ဆာရဲ့ မသိမသာ လက္ခဏာများအကြောင်း

bachelor, Puberty and obesity

လူပျို၊ အပျိုဖော်ဝင်စအရွယ်နှင့် အဝလွန်ခြင်းအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.