fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

မြင်သူငေးတဲ့ အကြည်ဓာတ်လေးဖြစ်စေဖို့

To make it clear to the beholder
295
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/11/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

မျက်နှာလေးကို မြင်တာနဲ့ ရင်ထဲအေးသွားတဲ့ အကြည်ဓါတ်လေးဖြစ်ဖို့က မင်းသား၊မင်းသမီး တစ်ယောက်လို ရုပ်ရည်ချောမောနေဖို့ မလိုအပ်ပါဘူး။ မျက်နှာလေး အပြစ်အနာမရှိ ကြည်လင်လှပနေဖို့ ခန္ဓာကိုယ် အတွင်းအပြင်ကို သေချာဂရုစိုက်ပေးရုံနဲ့ ဖြစ်နိုင်တဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရော စိတ်ပါကျန်းမာ ကြည်လင်နေမှသာ မျက်နှာမှာ အကြည်ဓါတ်လေး ရနိုင်မှာဖြစ်တဲ့အတွက် အစာအာဟာရ သင့်တင့်မျှတစွာစားခြင်း၊ ကိုယ်အလေးချိန် မျှတအောင်ထိန်းခြင်း၊ အိပ်ရေးဝအောင် အိပ်စက်ခြင်းတို့ ပြုလုပ်ပေးရပါမယ်။ စိတ်ပူပန်မှု၊ စိတ်ဖိစီးမှုများ ကင်းဝေးမှ စိတ်ရောလူပါ ကြည်လင်တဲ့အသွင် ရရှိနိုင်မှာဖြစ်ပြီး စိတ်ဖိစီးမှုမများအောင် ကြိုးစားသင့်ပါတယ်။

မြင်သူငေးတဲ့ အကြည်ဓါတ်လေး ဖြစိနိုင်ဖို့ မိတ်ကပ်ထူထူ ပြင်ဆင်ခြယ်သခြင်းထက် skin care အရေပြားအလှအပ ထိန်းသိမ်းမှုကို ပိုအလေးပေး ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ညဖက်အိပ်ယာဝင်တဲ့အခါ သနပ်ခါး၊ မိတ်ကပ်၊ အညစ်အကြေးများကို ပြောင်စင်အောင် မိတ်ကပ်ဖျက်ဆေး၊ မျက်နှာသန့်စင်ဆေး အသုံးပြုပြီး double cleansing အဆင့်၂ဆင့်ဖြင့် မျက်နှာသန့်စင် ပေးသင့်ပါတယ်။ မျက်နှာသစ်ပြီးတိုင်း ချွေးပေါက်ကို သန့်စင်ပေးသော toning solution အသုံးပြုပေးခြင်း၊ အစိုဓါတ်ဖြည့်ပေးသည့် hyaluronic ကဲ့သို့ ဒြပ်ပေါင်းပါဝင်တဲ့ serum သို့မဟုတ် essence အသုံးပြုပေးခြင်းဖြင့် အရေးအကြောင်း ကင်းစင်ပြီး ကြည်လင်တောက်ပသော အရေပြား ရရှိစေနိုင်ပါတယ်။

အစိုဓါတ်ထိန်း အလှဆီ moisturizing cream အနည်းဆုံး တစ်နေ့၂ကြိမ် ပုံမှန် လိမ်းပေးခြင်းက အရေပြားကို အစိုဓါတ်ဖြည့်ပေးပြီး အသားအရေ ခြောက်သွေ့ ပျက်စီးတာကို ကာကွယ်နိုင်ပါတယ်။ အရေပြားကို စိုပြေတောက်ပစေသော face oil ကို နေ့ခင်းဖက် အသားအရေ ထိန်းသိမ်းသော skincare အဆင့်တွင် ထည့်နိုင်ပါတယ်။ မျက်နှာကို နှိပ်နယ်ပေးခြင်းဖြင့် သွေးလည်ပါတ်မှု ကောင်းမွန်ပြီး အသားအရေ စိုပြေကြည်လင်စေပါတယ်။ ဗီတာမင်စီနှင့် အခြားအက်ဆစ်အပျော့စား ပါဝင်သော ပစ္စည်းများကို နည်းလမ်းမှန်ကန်စွာ သုံးခြင်းကလည်း အသားအရေ ကြည်လင်စေတဲ့ နည်းတစ်ခု ဖြစ်ပါတယ်။

အရေပြားအပေါ်ယံလွှာကို ဖယ်ရှားပေးသော exfoliation ကို ပြုလုပ်ပေးခြင်းဖြင့် အရေပြားဆဲလ်အဟောင်းများ ဖယ်ရှားပေးပြီး တောက်ပသော အသားအရေကို ရရှိစေနိုင်ပါတယ်။ ထို့ကြောင့် အသားအရေနှင့် သင့်လျော်သောအပျော့စား mild exfoliants ( face scrub) အသုံးပြုပြီး ဆဲလ်အသေများကို ပုံမှန်ဖယ်ရှားပေးသင့်ပါတယ်။

နေရောင်ခြည်ဒါဏ်ဟာ အသားအရေ မွဲခြောက်ပျက်စီးစေတာကြောင့် နေရောင်တိုက်ရိုက် မထိအောင် အကာအကွယ် အသုံးပြုခြင်း၊ Sun Protection Factor- SPF ပါဝင်သော နေရောင်ကာလိမ်းဆေးကို အမြဲပုံမှန်လိမ်းပေးခြင်းကလည်း နေရောင်ခြည်ဓါတ်ကြောင့် အရေပြားညိုမည်း ပျက်စီးမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ရေများများသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှား ပုံမှန်ပြုလုပ်ပေးခြင်း၊ သင့်တော်မှန်ကန်သော အသားအရေ ထိန်းသိမ်းမှု ပုံမှန်ပြုလုပ်ပေးခြင်းဟာ အသားအရေ ကြည်လင်ဖို့ အဓိကကျတဲ့အရာ ဖြစ်ပါတယ်။

အရေပြားအတွက် အထောက်အကူပေးသော ပရိုတင်း၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဓါတ်တိုးဆန့်ကျင်သတ္တိရှိ အစားအသောက်များ၊ ကော်လာဂျင် ဖြည့်စွက်ဆေးများ သောက်ခြင်းဖြင့်လည်း အရေပြား ကြည်လင်လှပစေရန် ကူညီပံ့ပိုးပေးပါတယ်။ အရေပြား ထိခိုက်ပျက်စီးနိုင်တဲ့ပြင်းထန်တဲ့ဓါတုပစ္စည်း ပါဝင်ပစ္စည်းများသုံးခြင်းကို ရှောင်ကျဉ်ပြီး အသားအရေ ထိန်းသိမ်းမှုကို ပြုလုပ်ပြီး မြင်သူငေးတဲ့ အကြည်ဓါတ်လေး ဖြစ်နိုင်ပါတယ်။

Author: Dr.Yee Mon

Previous Post

ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းအောင် ဘယ်လိုလုပ်ဆောင်မလဲ

Next Post

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းက ကြွက်သားတွေကို ဘယ်လိုကောင်းကျိုး ဖြစ်စေလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 months ago
253

ဆံပင်တွေအရမ်းကျွတ်နေရင်

3 months ago
225
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

3 months ago
501
The type of skin whitening medicine that makes the skin white and beautiful without side effects

ဘေးထွက်ဆိုးကျိုးမရှိဘဲ အသားအရေ ဖြူစင်ဝင်းပစေမယ့် အသားဖြူဆေးအမျိုးအစား

5 months ago
596
When is the best time to take collagen

ကော်လာဂျင်သောက်ဖို့ အကောင်းဆုံးအချိန်

5 months ago
988

အရေပြားလျော့ရဲစေတဲ့ အကြောင်းအရင်းများ

5 months ago
581

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
How does calisthenics benefit the muscles

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းက ကြွက်သားတွေကို ဘယ်လိုကောင်းကျိုး ဖြစ်စေလဲ

can-men-drink-collagen

အမျိုးသားတွေရော ကော်လာဂျင်သောက်လို့ရလား

Winter and skin care

ဆောင်းရာသီနှင့် အသားအရေထိန်းသိမ်းနည်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.