fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းက ကြွက်သားတွေကို ဘယ်လိုကောင်းကျိုး ဖြစ်စေလဲ

How does calisthenics benefit the muscles
388
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/11/2022
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

“စိတ်သွားတိုင်း ကိုယ်ပါပါစေ” ဆိုသည့် တောင်းဆုသည် မြန်မာလူမျိုးများ တန်ဖိုးထား၍ ဆုပေးတတ်၊ ဆုတောင်းတတ်သည့် ဆုတစ်ခုပင် ဖြစ်ပါသည်။

အဆိုပါ “စိတ်သွားတိုင်း ကိုယ်ပါပါစေ” ဆိုသည်မှာ မည်သို့သော သဘောကို ရည်စူးပါသနည်း ဆိုသော် မိမိစိတ်၏ ဖြစ်ချင်၊ လုပ်ချင်၊ သွားချင်၊ လာချင်သော ဆန္ဒအတိုင်း တစ်နည်းအားဖြင့် စိတ်၏ ဆောင်ရာအတိုင်း ခန္ဓာကိုယ်က လိုက်ပါလုပ်ဆောင်နိုင်စွမ်း၊ သွားနိုင်၊ လာနိုင်စွမ်းရှိခြင်းကို ရည်စူးခြင်းဖြစ်ပါသည်။

လူသားတို့၏ ခန္ဓာကိုယ်တွင် လှုပ်ရှား၊ သွားလာခြင်းကို အဓိကလုပ်ဆောင်ပေးသော အဖွဲ့အစည်းများမှာ အရိုးငြမ်းအဖွဲ့အစည်းနှင့် ကြွက်သားအဖွဲ့အစည်းတို့ ဖြစ်ပါသည်။ ထို့ကြောင့် စိတ်ကဆောင်သည့်အတိုင်း လှုပ်ရှားသွားလာနိုင်စေရန် အရိုးငြမ်းအဖွဲ့အစည်းသည် အရေးပါသကဲ့သို့ ကြွက်သားအဖွဲ့အစည်းသည်လည်း အရေးကြီးလှပါသည်။ ထိုအဖွဲ့အစည်းများ သန်မာ၊ ကြံ့ခိုင်လေလေ လှုပ်ရှားသွားလာနိုင်စွမ်း မြင့်မားလေလေ ဖြစ်ပါသည်။

ခန္ဓာကိုယ်တွင် ရှိသော ကြွက်သားများကို သန်စွမ်းစေသော နည်းလမ်းများစွာရှိပါသည်။ ကြွက်သားများ သန်မာစေသော အစားအစာများကို စားသောက်ပေးနိုင်သကဲ့သို့ လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းအားဖြင့်လည်း ကြွက်သားများကို သန်စွမ်းစေနိုင်ပါသည်။

ကြွက်သားများ၏ ထူးခြားသော ဝိသေသတစ်ရပ်မှာ သန်စွမ်းကြီးထွားလာစေရန် လေ့ကျင့်ပေးနိုင်ခြင်းပင် ဖြစ်ပါသည်။ စနစ်ကျ မှန်ကန်သော နည်းလမ်းများဖြင့် ကာလရှည်ကြာ လေ့ကျင့်ပေးမည်ဆိုပါက ခန္ဓာကိုယ်တွင်ရှိသော ကြွက်သားများသည် သန်စွမ်း ကြီးထွားလာလေ့ ရှိကြပါသည်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများက ကြွက်သားများကို မည်သို့မည်ပုံ အကျိုးသက်ရောက်သည်ကို မလေ့လာမီ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်နေသည့် အခိုက်အတန့်အတွင်း ကြွက်သားများထဲတွင် ဖြစ်ပျက်တတ်သည့် ဇီဝဖြစ်စဉ်များအကြောင်းကို ဦးစွာ နားလည် သဘောပေါက်ရန် လိုအပ်ပါသည်။

ပုံမှန်အားဖြင့် ခန္ဓာကိုယ်သည် စွမ်းအင်ကို လိုအပ်သည့်အခါတိုင်းတွင် သွေးကြောများက သယ်ဆောင်လာပေးသော အောက်ဆီဂျင်နှင့် ဂလူးကို့စ်ကို ဓာတ်ပြုစေပြီး စွမ်းအင်ကိုထုတ်လုပ်လေ့ရှိပါသည်။ အဆိုပါ ဓာတ်ပြုခြင်းဖြစ်စဉ်တွင် ရေနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်သည် စွန့်ပစ်ပစ္စည်း အနေဖြင့် ထွက်လာလေ့ရှိပြီး အဆုတ်မှတစ်ဆင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လည်းကောင်း၊ ပိုလျှံသော ရေများကို ကျောက်ကပ်မှတစ်ဆင့် လည်းကောင်း ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်လေ့ရှိပါသည်။

သို့သော် လေ့ကျင့်ခန်းကို အားများစွာ စိုက်ထုတ်၍သော်လည်းကောင်း၊ ပြင်းပြင်းထန်ထန် ပြုလုပ်လျှင်သော်လည်းကောင်း၊ အချိန်ကြာမြင့်စွာ ပြုလုပ်လျှင်သော်လည်းကောင်း ခြေလက်များ၏ ကြွက်သားများဆီသို့ အောက်ဆီဂျင်ကို လိုအပ်သလောက် အလျင်မီအောင် ပို့ဆောင်နိုင်ခြင်း မရှိတော့ပေ။ ထိုအခါ ကြွက်သားဆဲလ်များသည် အောက်ဆီဂျင် မပါသော စွမ်းအင်ထုတ်လုပ်ခြင်း (Anaerobic respiration) ကို ပြုလုပ်ကြပါတော့သည်။

ထိုသို့ ပြုလုပ်သောအခါ စွန့်ပစ်ပစ္စည်းအဖြစ် လက်တစ်အက်ဆစ် (Lactic acid) ဆိုသည့် ဓာတုပစ္စည်းတစ်မျိုး ထွက်ပေါ်လာပါသည်။ ထိုသို့ ထွက်ပေါ်လာသော လက်တစ်အက်ဆစ်များသည် ကြွက်သားဆဲလ်များအတွင်း စုဝေးမိလာသောအခါ ကြွက်သားများ နာကျင်ခြင်း၊ ခြေကုန်လက်ပမ်းကျသကဲ့သို့ ခံစားရခြင်း စသည်တို့ ဖြစ်ပေါ်လာတတ်ပါသည်။

လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကို ရပ်နားလိုက်သည့်အချိန်တွင် အောက်ဆီဂျင်ကို အသုံးပြု၍ အဆိုပါ လက်တစ်အက်ဆစ်များကို ကာဗွန်ဒိုင် အောက်ဆိုဒ်နှင့် ရေအဖြစ်သို့ ပြန်လည် ဖြိုခွဲရပါသည်။ ဤနည်းအားဖြင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်သည့်အခါ ကြွက်သားများအတွင်းတွင် ဇီဝဖြစ်စဉ်များ ဖြစ်ပျက်လေ့ရှိပါသည်။

ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း စသည့်လေ့ကျင့်ခန်းများကို ပြုလုပ်သည့်အခါ ခြေလက်များ၏ ကြွက်သားများဆီသို့ သွေးများကို ပိုမို များပြား လျင်မြန်စွာ ပို့ဆောင်ရသည့်အတွက် ခန္ဓာကိုယ်အတွင်းတွင် သွေးလှည့်ပတ်မှုကို ပိုမိုကောင်းမွန် လာစေပါသည်။ ထို့အပြင် စွမ်းအင်ပိုမို ထုတ်လုပ်ရသဖြင့် ခန္ဓာကိုယ်တွင်ရှိသော အဆီများကို ပိုမို လောင်ကျွမ်းစေသည့်အတွက် ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်းရာလည်း ရောက်ပါသည်။ ဇီဝဖြစ်စဉ် များစွာ လုပ်ဆောင်ရသည့်အတွက်လည်း ကြွက်သားဆဲလ်များ၊ တစ်ရှူးများသည်လည်း ပိုမို ကျန်းမာ ကြံ့ခိုင်လာကြပါသည်။ သို့သော် အဆိုပါ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းအားဖြင့် ကြွက်သားများ ပိုမိုကြီးမားမည်တော့ မဟုတ်ပေ။

ကြွက်သားများ၏ အရွယ်အစားနှင့် ပမာဏ တစ်နည်းအားဖြင့် ကြွက်သားထုကို ပိုမို ကြီးမားလာစေရန်အတွက်မူ အလေးတုံးကို အသုံးပြုသော လေ့ကျင့်ခန်းများကို ပြုလုပ်ပေးရမည်ဖြစ်ပါသည်။ အလေးတုံးများ၏ အလေးချိန်ကို တဖြည်းဖြည်းခြင်း တိုးပေးခြင်းအားဖြင့် ကြွက်သားမျှင်များသည်လည်း လိုက်လျောညီထွေစွာ တစ်ဖြည်းဖြည်းနှင့် လိုက်ပါ ကြီးထွားလာလေ့ ရှိပါသည်။

သို့သော် ထိုသို့ အလေးတုံးများကို အသုံးပြု၍ ပြုလုပ်သော လေ့ကျင့်ခန်းများကို ပြုလုပ်တော့မည်ဆိုလျှင် နည်းစနစ်မှန်ကန်စွာဖြင့် ပြုလုပ်ရန် အလွန်အရေးကြီးလှပါသည်။ နည်းစနစ် မှန်ကန်မှုမရှိလျှင် ကြွက်သားနှင့် အရိုးများ ဒဏ်ဖြစ်နိုင်သကဲ့သို့ ကြွက်သားကြီးထွားမှုဖြစ်စဉ်များလည်း မြန်ဆန်မည် မဟုတ်ပေ။ ထို့ကြောင့် ကျွမ်းကျင်သော နည်းပြများ၏ လမ်းညွှန်မှုကို ခံယူကာ ပြုလုပ်သင့်ပါသည်။

နောက်ထပ်အရေးကြီးသည့် အချက်တစ်ချက်မှာ အဆိုပါလေ့ကျင့်ခန်းများကို စိတ်ရှည်ရှည်ဖြင့် အချိန်ကာလ ရှည်ကြာစွာ ဝီရိယထားကာ ပြုလုပ်ပေးရန် ဖြစ်ပါသည်။ လေ့ကျင့်ခန်း ပြုလုပ်သည့် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ကြွက်သားထုများသည်လည်း တဖြည်းဖြည်းနှင့် ကြီးမားလာပေလိမ့်မည်။

ကြွက်သားထုများကြီးမားလာသည့်ဖြစ်စဉ်တွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည့် နောက်ထပ်တစ်ချက်မှာ အာဟာရဓာတ်ဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါ လေ့ကျင့်ခန်းများကို ပြုလုပ်ပေးနေစဉ်အတွင်း ပရိုတင်း၊ ကယ်လ်ဆီယမ်ကဲ့သို့သော အာဟာရဓါတ်များကို ပြည့်ဝအောင် စားသောက်သင့်ပါသည်။ သို့မှသာ ကြွက်သားများကြီးထွားခြင်းကို သိသာစွာ ပိုမို မြင်တွေ့နိုင်မည် ဖြစ်ပါသည်။

ဤနည်းအားဖြင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများသည် ကြွက်သားများအပေါ် ကောင်းကျိုးပြုနိုင်ကြောင်းကို ရေးသားလိုက်ရပါသည်။

ဒေါက်တာမိုး (ဆေး ၁)

Previous Post

မြင်သူငေးတဲ့ အကြည်ဓာတ်လေးဖြစ်စေဖို့

Next Post

အမျိုးသားတွေရော ကော်လာဂျင်သောက်လို့ရလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေသော အကြောင်းအရင်းများ

2 weeks ago
231

ဗီတာမင် C ချို့တဲ့ရင် နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ?

2 months ago
627
For adults to be healthy and fresh in winter

လူကြီးတွေ ဆောင်းရာသီမှာ ကျန်းမာလန်းဆန်းဖို့ဆိုရင်

4 months ago
425
Winter and muscle problems to watch out for

ဆောင်းရာသီနှင့် သတိပြုရမယ့်ကြွက်သားပြဿနာများ

4 months ago
4.2k
How to strengthen your immune system in winter

ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းအောင် ဘယ်လိုလုပ်ဆောင်မလဲ

4 months ago
529
When the back rests at night

ညဘက် ကျောအောင့်တဲ့အခါ

5 months ago
657

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0

Health Tips

Next Post
can-men-drink-collagen

အမျိုးသားတွေရော ကော်လာဂျင်သောက်လို့ရလား

Winter and skin care

ဆောင်းရာသီနှင့် အသားအရေထိန်းသိမ်းနည်း

Winter and muscle problems to watch out for

ဆောင်းရာသီနှင့် သတိပြုရမယ့်ကြွက်သားပြဿနာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.