fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းအောင် ဘယ်လိုလုပ်ဆောင်မလဲ

How to strengthen your immune system in winter
529
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/11/2022
in ကျန်းမာသော နေထိုင်မှုပုံစံ
5 min read
A A

ဆောင်းရာသီရောက်၍ ပတ်ဝန်းကျင်အပူချိန် အေးလာသောအခါ အအေးမိခြင်း၊ ချောင်းဆိုးခြင်း စသော ပြဿနာများသည်လည်း ပိုမိုဖြစ်ပွားလာလေ့ရှိပါသည်။အဆိုပါ ပြဿနာများသည် ပုံမှန်အားဖြင့် အလွန်အမင်း ပြင်းထန်ခြင်းမရှိဘဲ ပြန်လည်ပျောက်ကင်းသွားလေ့ ရှိသောကြောင့် လူနာနှင့် လူနာရှင်များ များစွာပင်ပန်းဆင်းရဲခြင်းမရှိတတ်ပေ။ သို့သော် သာမန်အအေးမိဖျားနာခြင်း၏ လက္ခဏာများနှင့် ဆင်တူသော ကိုဗစ်ရောဂါ ကူးစက်ခံရလေခြင်းများ ဖြစ်လေမလားဆိုသည့် စိုးရိမ်စိတ်၏ နှိပ်စက်မှုကြောင့်မူ လူနာနှင့်လူနာရှင်များ ပိုမိုပင်ပန်းဆင်းရဲလေ့ရှိပါသည်။ မည်သို့ပင်ဆိုစေ ယခုလို အေးမြသော ဆောင်းရာသီတွင် အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ နာခြင်း ဖြစ်ပွားမှု မရှိလျှင်မူ အကောင်းဆုံးပင် ဖြစ်ပါလိမ့်မည်။

ဆောင်းရာသီတွင် ထိုသို့ ဖျားနာခြင်း မရှိစေရန် မည်သည့်အရာများကို ပြုလုပ်သင့်ပါသနည်း။ တစ်ခွန်းတည်းနှင့် အပြည့်စုံဆုံး၊ အကောင်းဆုံး ဖြစ်အောင် ဖြေဆိုရမည်ဆိုလျှင် ကိုယ်ခံအားကောင်းအောင် ပြုလုပ်ပါဟုသာ ဖြေဆိုရမည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းမွန်သော ကိုယ်ခံအားသည် ခန္ဓာကိုယ်ကို ရောဂါပိုးများ၏ရန်မှ ကောင်းစွာ ကာကွယ်နိုင်စွမ်း ရှိသောကြောင့် ဖြစ်ပါသည်။အောက်တွင် ဖော်ပြမည့် နည်းလမ်းများသည် ကိုယ်ခံအား တိုးတက်ကောင်းမွန်စေရေးကို အားပေးကူညီနိုင်သော နည်းလမ်းများ ဖြစ်ပါသည်။

အိပ်ရေးဝအောင် အိပ်ပါ။

ကောင်းမွန် ပြည့်ဝသော အိပ်စက်ခြင်းနှင့် ကိုယ်ခံအားကောင်းမွန်ခြင်းသည် ဆက်စပ်နေပါသည်။

အိပ်စက်ခြင်းသည် ခန္ဓာကိုယ်တွင် ဇီဝကမ္မဆိုင်ရာ လိုအပ်ချက်တစ်ခု ဖြစ်ပါသည်။ အိပ်စက်နေသည့်အချိန်တွင် ခန္ဓာကိုယ်တွင် ဇီဝကမ္မဆိုင်ရာမျှခြေများစွာကို ချိန်ညှိပေးနိုင်ပါသည်။ ကောင်းမွန်သော မျှခြေသည် ကောင်းမွန်သော ကိုယ်ခံအား၏ အခြေခံပင် ဖြစ်ပါသည်။

ထို့အပြင် ဦးနှောက်နှင့် အခြားအရေးကြီး အင်္ဂါများကိုလည်း အနားပေးရာ ရောက်သဖြင့် အဆိုပါ အင်္ဂါအစိတ်အပိုင်းများ၏ စွမ်းရည်များကို ပိုမို တိုးတက်လာစေပါသည်။ ကိုယ်ခံအား ကောင်းမွန်ရန်အတွက် ၎င်းစွမ်းရည်များ ကောင်းမွန်နေရန် များစွာ လိုအပ်ပါသည်။

ပြည့်ဝသော အိပ်စက်ခြင်းကို မရရှိသောအခါ ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများကို များစွာ အနှောင့်အယှက် ဖြစ်စေပါသည်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာ အရည်အသွေးများကိုလည်း ထိခိုက်စေသောကြောင့် တက်ကြွလန်းဆန်းသော စိတ်အခြေအနေကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပါ။ ရုပ်ကို စိတ်ကဆောင်သကဲ့သို့ ကိုယ်ခံစွမ်းအားကိုလည်း စိတ်က ပံ့ပိုးပေးနိုင်ပါသည်။ ထို့ကြောင့် ကောင်းမွန်သော ကိုယ်ခံစွမ်းအားကို ပိုင်ဆိုင်စေရန်အတွက် ဆောင်းရာသီတွင် တစ်နေ့ အနည်းဆုံး ၇ နာရီ၊ ၈ နာရီခန့် အိပ်စက်ဖြစ်အောင် ကြိုးစားသင့်ပါသည်။

လေ့ကျင့်ခန်းများ ပြုလုပ်ပါ။

ဆောင်းရာသီနှင့် လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် အလွန်လိုက်ဖက်လှပါသည်။ အထူးသဖြင့် ဆောင်းရာသီ မနက်ခင်း မြူခိုးဝေဝေများကြားတွင် လေ့ကျင့်ခန်း ပြုလုပ်ရခြင်းသည် လန်းဆန်း တက်ကြွမှုဖြင့် နေ့သစ်တစ်နေ့ကို စတင်ရာလည်း ရောက်ပါသည်။

လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကြောင့် သွေးလှည့်ပတ်မှုကို ပိုမို ကောင်းမွန်စေပါသည်။ နှလုံးကျန်းမာရေးကို ပိုမို တိုးတက်စေပါသည်။ အဆီများကို ပိုမို လောင်ကျွမ်းစေပါသည်။ လေကောင်းလေသန့်ကို ပိုမိုရရှိစေပါသည်။ ကြွက်သားများကို ပိုမို သန်စွမ်းစေပါသည်။ ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်များ ဖြစ်ပွားမှုကို ပိုမို ချောမွေ့စေပါသည်။ စိတ်ကို ပိုမို ကြည်လင် ရွှင်လန်းစေပါသည်။

အထက်ပါဖြစ်စဉ်များ အားလုံးသည် ခန္ဓာကိုယ်ကို ပိုမို ကျန်းမာ ကြံ့ခိုင်စေသည်သာမက ကိုယ်ခံစွမ်းအားကို မြှင့်တင်ရာတွင်လည်း အထောက်အကူ များစွာ ပြုနိုင်ပါသည်။ထို့ကြောင့် ဆောင်းရာသီတွင် လေ့ကျင့်ခန်းများကို ကြိုးစား၍ ပြုလုပ်သင့်လှပါသည်။

အစားအစာများကို မှန်ကန်စွာ ရွေးချယ်စားသောက်ပါ

ကိုယ်ခံစွမ်းအားကောင်း၍ ကျန်းမာစေရန်အတွက် အစားအစာများကို မှန်ကန်စွာ ရွေးချယ်စားသောက်ခြင်းသည်လည်း အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေပါသည်။ အထူးသဖြင့် အေးမြသော ဆောင်းရာသီတွင် ပိုမို ဂရုပြု၍ ရွေးချယ် စားသောက်ရန်လိုအပ်ပါသည်။

ပတ်ဝန်းကျင် ရာသီဥတု၏ အပူချိန်ကျဆင်းလာသောအခါ ခန္ဓာကိုယ်သည် စွမ်းအင်နှင့် အပူကို ပိုမို ထိန်းသိမ်းနိုင်ရန်အတွက် ဇီဝရုပ်ဖြစ်ပျက်ခြင်း ဖြစ်စဉ်များကို နှေးကွေးလေးလံလာအောင် ပြုလုပ်လေ့ရှိပါသည်။ ထိုသို့ ပြုလုပ်သောအခါ ခန္ဓာကိုယ်အတွင်းရှိ စနစ်များသည် ၎င်းတို့၏ လုပ်ငန်းများကို အပြည့်အဝ လည်ပတ်နိုင်ခြင်း မရှိတော့ပေ။ အဆိုပါ စနစ်များတွင် အစာခြေစနစ်သည်လည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။ ထို့ကြောင့် အစားအစာများကို ရွေးချယ်စားသုံးပေးခြင်းအားဖြင့် အစာခြေစနစ်၏ လုပ်ငန်းဆောင်တာများကို ကောင်းမွန်မှန်ကန်စေရန် ကူညီပေးနိုင်ပါသည်။ အောက်ပါ အစားအစာများသည် အေးမြသော ဆောင်းရာသီတွင် အစာခြေစနစ်ကို တိုးတက်စေရန် ကူညီပေးနိုင်ပါသည်။

(က) ရာသီပေါ် ဟင်းသီးဟင်းရွက်များ

ဟင်းသီးဟင်းရွက်များတွင် ပါဝင်သော အမျှင်ဓာတ်သည် အူလမ်းကြောင်းတွင် အစာများ ရွေ့လျားခြင်း တစ်နည်းအားဖြင့် အူလှိုင်းထခြင်းကို အားပေးကူညီသည့် အတွက်ကြောင့် အစာခြေသည့် ဖြစ်စဉ်များ ပိုမို မြန်ဆန် တိုးတက်လာစေပါသည်။ ထို့ကြောင့် ဆောင်းရာသီတွင် ပေါများသော ရာသီပေါ်သီးနှံများကို အသား၊ ငါးတို့ဖြင့် တွဲဖက်ကာပိုမိုစားသုံးပေးခြင်းအားဖြင့် အစာခြေစနစ်ကို အထောက်အကူ ပြုပေးနိုင်ပါသည်။သို့သော် ဂရုပြုရမည်မှာ အဆိုပါ အသီးအနှံများကို အစိမ်းစားသုံးခြင်း၊ အေးစက်နေအောင် ပြုလုပ်၍ စားသုံးခြင်းကိုမူ ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။

(ခ) ရေနွေးကြမ်း

ဆောင်းမနက်ခင်း အေးအေးတွင် ရေနွေးကြမ်း ပူပူလေးကို သောက်ရသည်မှာ စိတ်ကူးကြည့်လျှင်ပင် လွန်စွာ နှစ်သက်ဖွယ် ကောင်းလှပေသည်။ရေနွေးကြမ်းသည် ခန္ဓာကိုယ်ကို အနွေးဓာတ်ပေးနိုင်သည်သာမက အစာခြေစနစ်ကိုလည်း အထောက်အကူ ပေးနိုင်ပါသည်။ထို့အပြင် ခန္ဓာကိုယ်ကိုလည်း ရေဓာတ်ဖြည့်တင်းပေးရာရောက်သည့်အပြင် ဝမ်းမချုပ်စေရန်လည်း ကာကွယ်ပေးနိုင်ပါသည်။

(ဂ) ပူစပ်သော အစားအစာများ

ပူစပ်သော အစားအစာများသည် အေးမြသော ဆောင်းရာသီတွင် နွေးထွေးစေရုံသာမက အစာခြေစနစ်ကိုလည်း အကူအညီပေးနိုင်ပါသည်။ထို့ကြောင့် ဂျင်း၊ ငရုပ် စသော အစားအစာများကို ဟင်းလျာများတွင် သင့်တော်သည့် ပမာဏ ထည့်ခြင်းအားဖြင့် အနွေးဓါတ်နှင့် အစာကြေခြင်းတို့ကို ဖြစ်စေ၍ ကိုယ်ခံစွမ်းအားကိုလည်း တိုးတက်စေပါသည်။

အထက်ပါ နည်းလမ်းများကို အသုံးပြုခြင်းအားဖြင့် ကိုယ်ခံစွမ်းအားကို တိုးတက်စေ၍ ကောင်းမွန်သော ကျန်းမာရေးကို ပိုင်ဆိုင်နိုင်ကာ အေးမြသော ဆောင်းနံနက်ခင်းလေးများစွာကို ကြည်လင် လန်းဆန်းစွာ ဖြတ်ကျော်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါသည်။

 

ဒေါက်တာမိုး (ဆေး ၁)

Previous Post

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

Next Post

မြင်သူငေးတဲ့ အကြည်ဓာတ်လေးဖြစ်စေဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေသော အကြောင်းအရင်းများ

2 weeks ago
231

ဗီတာမင် C ချို့တဲ့ရင် နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ?

2 months ago
627
For adults to be healthy and fresh in winter

လူကြီးတွေ ဆောင်းရာသီမှာ ကျန်းမာလန်းဆန်းဖို့ဆိုရင်

4 months ago
425
Winter and muscle problems to watch out for

ဆောင်းရာသီနှင့် သတိပြုရမယ့်ကြွက်သားပြဿနာများ

4 months ago
4.2k
How does calisthenics benefit the muscles

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းက ကြွက်သားတွေကို ဘယ်လိုကောင်းကျိုး ဖြစ်စေလဲ

4 months ago
388
When the back rests at night

ညဘက် ကျောအောင့်တဲ့အခါ

5 months ago
657

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0

Health Tips

Next Post
To make it clear to the beholder

မြင်သူငေးတဲ့ အကြည်ဓာတ်လေးဖြစ်စေဖို့

How does calisthenics benefit the muscles

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းက ကြွက်သားတွေကို ဘယ်လိုကောင်းကျိုး ဖြစ်စေလဲ

can-men-drink-collagen

အမျိုးသားတွေရော ကော်လာဂျင်သောက်လို့ရလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.