fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

မေဇင်ဆီကို လူမျိုးဘာသာမရွေးဘာလို့ သုံးနိုင်တာလဲ

122
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/04/2020
in ကျန်းမာစေသော အစားအစာ
2 min read
A A

ဆီဆိုတာ လူသားတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ်ဖြစ်ပါတယ်။

လူတွေဟာ ဆီရွေးချယ်သုံးစွဲတဲ့နေရာမှာ အရသာကောင်းမွန်မှု၊ သန့်ရှင်းလတ်ဆတ်မှု၊ ကျန်းမာရေးနဲ့ညီညွတ်မှု၊ ဈေးနှုန်းသင့်တော်မှု စတဲ့ အခြေခံအချက်တွေပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူသုံးစွဲကြပါတယ်။
ဒါပေမဲ့ ဒီထက်ပိုစဉ်းစားစရာအချက်တွေလည်း ရှိပါသေးတယ်။

ဒါကတော့ ဘာသာတရားနဲ့ ရိုးရာအစဉ်အလာတွေပဲဖြစ်ပါတယ်။
အချို့ဘာသာတရားတွေ အထူးသဖြင့် အစ္စလာမ်ဘာသာနဲ့ အချို့သော နတ်ကိုးကွယ်မှုတွေမှာ တင်းတင်းကြပ်ကြပ်ရှောင်ကြဉ်ခိုင်းထားတဲ့ အစားအသောက်တွေရှိပါတယ်။
အစ္စလာမ်ဘာသာမှာတော့ ဒါကို အာရဗီစကားနဲ့ “ဟရာမ်” “မစားရတဲ့အစားအသောက်”လို့ခေါ်ပါတယ်။
ဒီအထဲမှာ ဝက်သား ပါပါတယ်။ အရက်နဲ့ မူးယစ်ဆေးဝါးတွေပါပါတယ်။ မသန့်ရှင်းတဲ့ လူကိုဘေးဖြစ်စေနိုင်တာတွေအကုန်ပါပါတယ်။

စားလို့ရတဲ့အရာတွေကိုတော့ “ဟလာလ်”လို့ ခေါ်ပါတယ်။
ဒီဟလာလ်ဖြစ်ခြင်းမဖြစ်ခြင်းကို စားသောက်ကုန်တော်တော်များများမှာ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ တံဆိပ်ဝိုင်းလေးနဲ့ ရိုက်နှိပ်ပြထားတတ်ပါတယ်။
ဒါပေမဲ့ ဒီတံဆိပ်ကို ခွင့်ပြုချက်မပါဘဲအသုံးပြုမှုတွေ ၊ ဟလာလ်လို့ ရေးထားပေမဲ့ အဖွဲ့အစည်းနာမည်မပါတာတွေ ရှိပါတယ်။

ဒီတော့ ဟလာလ်လို့ ရေးထားပေမဲ့ ဟလာလ်အစစ်မဟုတ်တာဖြစ်နိုင်သလို ဟလာလ်လို့ရေးမထားပေမဲ့လည်း စားလို့ရတဲ့ ဟလာလ်စားသောက်ကုန်တွေဖြစ်နိုင်ပါတယ်။
အရေးအကြီးဆုံးအချက်သည် မိမိကိုယ်တိုင် အစားအသောက်တွေနဲ့ပတ်သတ်လို့ ဗဟုသုတရှိဖို့နဲ့ လူများစကားနားမယောင်ဖို့ဖြစ်ပါတယ်။

ယခုရက်ပိုင်းမှာ ဆိုရှယ်မီဒီယာက အစ္စလာမ်ဘာသာဝင်တွေအကြားမှာ အတော်လူပြောများပြီး နားလည်မှုလွဲမှားနေကြတဲ့ အချက်တစ်ခုရှိပါတယ်။
ဆီအပါအဝင် စားသောက်ကုန်တွေမှာ ထည့်တဲ့ Food Additives တွေရဲ့ E ဆိုတဲ့စာလုံးနောက်က ကိုယ်ပိုင်နံပါတ်တွေကို ဝက်ဆီပါဝင်မှုပမာဏလို့ လွဲမှားစွာ စွပ်စွဲ ပြောဆိုနေကြပါတယ်။
ပိုဆိုးတဲ့ အချက်ကတော့ ဒါကိုအသုံးချပြီးတော့ နာမည်ရလူကြိုက်များနေတဲ့ မေဇင်ဆီအပါအဝင် စားသောက်ကုန်တချို့ကို  E475 ပါဝင်လို့ ဟလာလ်မဟုတ်ကြောင်းပါ မှားယွင်းတင်ပြကြတာတွေ့ရပါတယ်။

အစ္စလာမ်ဘာသာဝင်တွေအကြား နှစ်နှစ်ခြိုက်ခြိုက်တွင်ကျယ်စွာသုံးစွဲနေတဲ့ တံဆိပ်တစ်ခုလည်းဖြစ်တာမို့ သုံးစွဲသူတွေမှာ စိုးရိမ်စိတ်တွေမြင့်တက်ခဲ့ကြပါတယ။်

လူတိုင်းသိထားသင့်တဲ့ အချက်တစ်ခုက E ဆိုတာသည် ဥရောပကို ကိုယ်စားပြုသုံးစွဲထားတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ (European Economic Community- EEC အဖွဲ့ကြီးက စတင်တီထွင် အသုံးပြုခဲ့ခြင်းကြောင့်ဖြစ်ပါတယ်)
အနောက်က ဂဏန်းသည် Food Additive တစ်ခုရဲ့ ကိုယ်ပိုင်နံပါတ်ဖြစ်ပါတယ်။
အောက်ပါအတိုင်း အမျိုးအစားခွဲထားတာ သိထားသင့်ပါတယ်။

E 100  – 199 စားသောက်ကုန်တွေမှာထည့်တဲ့ အရောင်များ

E 200  – 299 တာရှည်ခံပစ္စည်းတွေ
E 300  – 399 Antioxidant(ဒြပ်တိုးဆန့်ကျင်ပစ္စည်း)၊ ဖော့စဖိတ်၊ complexing agent
E 400  – 499   thickeners, gelling agents, phosphates, humectants, emulsifiers (မေဇင်ဆီမှာ အသုံးပြုထားတဲ့ Emulsifier E475 ဟာဒီ အုပ်စုထဲမှာပါဝင်ပါတယ်)
E 500  – 599 ဆားနှင့် ဆက်နွယ်ပစ္စည်းများ

E 600  – 699 အရသာတိုးစေသည့်အရာများ

E 700  – 899  စားသောက်ကုန်အတွက် မသုံးတော့ပါ

E 900  – 999  coating agents, သကြားများ နှင့် ဂတ်စ်များ
E 1000 –  1399 အခြားသော Additives များ

E 1400 – 1499    ကစီဓာတ်မှ ထုတ်လုပ်သောအရာများ    
စသည်တို့ပဲဖြစ်ပါတယ်။

  
ဒီအထဲမှာ လုံးဝ “ဟလာလ်” မဟုတ်တဲ့ နံပါတ်တွေရှိပါတယ်။ ဝက်ကထုတ်လုပ်တာ၊ အင်းဆက်ပိုးမွှားတွေကထုတ်လုပ်တာ တွေကြောင့် ဒီ နံပါတ်တွေကိုတော့ ရှောင်ရပါမယ်။

  • E 120  Cochineal – အင်းဆက်ပိုးမွှားကထုတ်တဲ့ အနီရောင်ခြယ် ပစ္စည်း
  • E 441 Gelatine    – ဝက်ကထုတ်ပါတယ်
  • E 542  Edible Bone Phosphate – တိရစ္ဆာန်တွေကထုတ်ပါတယ်
  • E 904  Shellac    – ပိုးမွှားကထုတ်ပါတယ်။

 

ဒီ နံပါတ်တွေ အသုံးပြုထားရင်တော့ အစ္စလာမ်ဘာသာဝင်တွေနဲ့ တခြားခြေလေးချောင်းသား ရှောင်သူတွေ၊ သက်သက်လွတ်စားသူတွေ ရှောင်ရပါမယ်။
E 475 အပါအဝင် ကျန်နံပါတ်တွေကိုတော့ အသီးအရွက်ကထုတ်တာဖြစ်ရင် စားလို့ရပါတယ်။

မေဇင်ဆီမှာ ပါဝင်တဲ့ E 475 Emulsifier ကတော့ ဂျပန်နိုင်ငံ  Sakamoto Yakuhin Kogyo ကုမ္ပဏီက ထုတ်လုပ်ပြီး အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတွေဖြစ်တဲ့ Japan Muslim Association (JMA) နဲ့ Shariah  Research Institute , Takushoku University တွေက ဟလာလ်ခွင့်ပြုချက်ပေးထားတာဖြစ်လို့ သံသယကင်းကင်းနဲ့ အသုံးပြုနိုင်ပါတယ်။

Emulsifier ဆိုတာကတော့ စားသောက်ကုန်တွေကို အနယ်အနှစ်မပါဘဲ ပိုကြည်လင်စေတဲ့ အရာတစ်ခုဖြစ်ပါတယ်။
ဆီတွေကိုတော့ မလေးရှား၊ အင်ဒိုနီးရှားစတဲ့ အစ္စလာမ်မစ် နိုင်ငံတွေက တင်သွင်းတာပဲဖြစ်ပါတယ်။
နိဂုံးချုပ်ရရင်တော့ ဘာသာတရားတွေရဲ့ အနှစ်သာရဟာ ငရဲ၊ကုသိုလ်၊ အကုသိုလ်၊ နိဗ္ဗာန်၊ ကောင်းကင်ဘုံ၊ နတ်ပြည် စတာတွေထက်ပိုပါတယ်။
လူအချင်းချင်း ကိုယ်၊နှုတ်၊အမူအရာ ဘာနည်းနဲ့မှ ဒုက္ခမပေးခြင်းအားဖြင့် လောကကို သာယာစေခြင်းကသာ ဘာသာတရားတိုင်းရဲ့ အဓိကအနှစ်သာရဖြစ်ပါတယ်။
လူတွေရဲ့ ဘာသာတရားအပေါ် လေးစားလိုက်နာစိတ်ကို အသုံးချပြီး  မသိနားမလည်သူတွေကို အချက်အလက်အမှားတွေ ပေးခြင်းဟာ မလုပ်သင့်တဲ့အလုပ်တစ်ခုဖြစ်ပါတယ်။

နောက်ဆုံးပြောချင်တာကတော့ တစ်ခုတည်းပါ။
မေဇင်ဆီထဲက E475 ကို မကြောက်ပါနဲ့။ ဟင်းသီးဟင်းရွက်ကပဲ ထုတ်ထားတာဖြစ်လို့ လူမျိုးဘာသာမရွေး စိတ်ချလက်ချ စားကြပါလို့..။

ကျန်းမာပျော်ရွှင်ကြပါစေ..

Dr ဖြိုးဝေလင်း

Previous Post

ကလေးများနှင့် COVID-19 အန္တရာယ်

Next Post

ကလေးကမွေးပြီးပြီးလေ ဘာလို့ဗိုက်က ဆက်ကြီးနေရတာလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
461
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
384
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
391
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
446
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
327

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးကမွေးပြီးပြီးလေ ဘာလို့ဗိုက်က ဆက်ကြီးနေရတာလဲ?

ကလေးများတွင် အဖြစ်များသော ဗိုင်းရပ်စ်ပိုးများအကြောင်း

Dugro ရဲ့ Brand Ambassador Dr ချစ်သုဝေ မျှဝေပေးတဲ့ ကျန်းမာပျော်ရွှင်ပြီးဘက်စုံထူးချွန်တဲ့ကလေးဖြစ်စေမဲ့ လမ်းညွှန်ချက်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.