COVID-19 ဆိုတဲ့ ကပ်ရောဂါကြီးကပေးခဲ့တဲ့ အဆိုးတွေထဲမှာ မြင်တတ်ရင် အကောင်းတချို့လည်းရှိပါသေးတယ်။
ပြောရရင် လူတော်တော်များများဟာ အရင်က သိပ်ဂရုမထားခဲ့တဲ့ ရောဂါပိုးဆိုတာတွေအကြောင်း နည်းနည်းပိုစိတ်ဝင်စားလာကြပါတယ်။
ဒါ့အပြင် ရောဂါပိုးတွေမကူးစက်အောင် ကာကွယ်ဖို့ အခြေခံနည်းလမ်းတွေဖြစ်တဲ့ လက်ဆေးတာ၊ နှာစေး/ချောင်းဆိုးချိန် ပါးစပ် နှင့်နှာခေါင်းအုပ်တာ စတဲ့ နည်းလမ်းတွေနဲ့လည်း အကျွမ်းတဝင်ဖြစ်လာကြပါတယ်။
ရောဂါပိုးတွေနဲ့တွဲပြီး သိလာကြတဲ့ နောက်တစ်ချက်ကတော့ “ကိုယ်ခံအား”ဆိုတဲ့ စိတ်ဝင်စားစရာ အားကိုးချင်စရာ စကားလုံးပဲဖြစ်ပါတယ်။
တကယ်လည်း ကိုယ်ခံအားဆိုတာက ကျွန်တော်တို့ကို ရောဂါပိုးတွေအန္တရာယ်က လိုက်ကာကွယ်ပေးနေတဲ့ Super Hero တစ်ယောက်လိုပါပဲ။
ကိုယ်ခံအားစနစ်ရဲ့ တန်ဖိုးကြီးမားပုံကို ပိုသိလာတဲ့အခါ ကိုယ်ခံအားကို ပိုမြှင့်တင်ပေးမဲ့ ပိုအားကောင်းစေမဲ့ အစားအသောက်တွေ ၊ ဆေးဝါးတွေကိုလည်း လူတွေမက်မက်မောမော ရှာဖွေသုံးစွဲလာကြပါတယ်။
ဒါပေမဲ့ ကိုယ်ခံအားကို ပိုအားဖြည့်ကြမယ်လို့ တွေးနေကြရင်းနဲ့ပဲ ကျွန်တော်တို့တွေဟာ ဒီ Super Hero ရဲ့ ဝတ်ရုံကို ဒရွတ်ဆွဲလိုက်နေကြတဲ့ ကလေးတွေလိုပါပဲ။
ကိုယ့်ကိုယ်ခံအားကိုယ်ကို ပြန်အနှောင့်အယှက်ပေးနေမိတတ်ကြပါတယ်။
ဒါကတော့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ အိပ်ရေးပျက်တဲ့ ညတွေပဲဖြစ်ပါတယ်။
ဒီတော့ ကိုယ်ခံစွမ်းအားကိုတစ်ဖက်ကမြှင့်တင်ပေးရင်း စိတ်ဖိစီးမှုတွေကိုပါလျော့ကျစေမဲ့ အစားအသောက်တွေ ဓာတ်စာတွေက ပိုခေတ်စားလာရပြန်ပါတယ်။
ဒီထဲမှာ မိတ်ဆက်ပေးချင်တဲ့ ဓာတ်စာတစ်ခုကတော့ ကြယ်ပဲဆီ (Sacha Inchi) က ထုတ်လုပ်ထားတဲ့ Omega 3,6,9 ပဲဖြစ်ပါတယ်။
ဘာကြောင့် Omega – 3, 6, 9 ??
Omega- 3, Omega-6, Omega-9 ဆိုတာဘာလဲ အရင်မိတ်ဆက်ရရင်တော့ ခန္ဓာကိုယ်အတွက် ကျန်းမာရေးတန်ဖိုးမြင့်မားလှတဲ့ အဆီဓာတ်တွေလို့ပဲပြောရပါမယ်။
Omega 3 – ဆိုတာကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ essential fatty acid တစ်မျိုးဖြစ်ပါတယ်။
ပြောလို့မကုန်လောက်အောင် ကျန်းမာရေးကောင်းကျိုးအပြည့်ရှိတယ်လို့ ပြောလို့ရပါတယ်။
ဒါပေမဲ့ လူ့ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တဲ့အတွက် Omega-3 ရဖို့ဆိုရင် အစားအသောက်ပေါ်ပဲမှီခိုရပါတယ်။
ဒါပေမဲ့လည်း လုံလောက်တဲ့ Omega-3 ပမာဏရအောင် စားသောက်ဖို့ကလည်း မလွယ်လှပါဘူး။
Omega 3 ကို များသောအားဖြင့် ငါးကြီးဆီက ထုတ်လုပ်ကြပြီး အစေ့အနှံတွေထဲမှာတော့ ကြယ်ပဲ(Sacha Inchi) က ထုတ်လုပ်နို်ငပါတယ်။
Omega -3 မှာ EPA, DHA နဲ့ ALA ဆိုတဲ့ အမျိုးအစားသုံးခုပါဝင်ပါတယ်။
EPA နဲ့ DHA ကိုတော့ ALA က တစ်ဆင့် ကိုယ်တွင်းမှာ ပြန်ပြောင်းလဲနိုင်ပါတယ်။
ထူးခြားချက်တစ်ခုကတော့ ကြယ်ပဲမှာ ALA ကြွယ်ဝစွာပါဝင်ခြင်းဖြစ်ပါတယ်။
Omega-6 ကိုတော့ ပုံမှန်စားသုံးနေတဲ့ ဆီတော်တော်များများက ရနိုင်သလို Omega-9 ကိုတော့ ခန္ဓာကိုယ်တွင်းမှာ ထုတ်လုပ်နိုင်ပါတယ်။
ဒါဆိုဘာလို့ Omega-3 နဲ့ တွဲပြီး ထပ်ထည့်ပေးထားလဲလို့ မေးစရာရှိနိုင်ပါတယ်။
ဒါကတော့ ခန္ဓာကိုယ်တွင်းမှာ Omega-3,6,9 အချိုးအဆ မှန်ကန်တည်ငြိမ်စွာရှိနေဖို့ လိုအပ်ခြင်းကြောင့်ဖြစ်သလို ပေါင်းစပ်ခြင်းကြောင့် ပိုကောင်းတဲ့ အချို့အာနိသင်တွေ ရလာနိုင်တာကြောင့်လည်းဖြစ်ပါတယ်။
ဘာကြောင့် ကြယ်ပဲ ??
ထူးခြားတဲ့ အချက်တစ်ခုရှိပါတယ်။
ဒါကတော့ များသောအားဖြင့် Omega-3 လို့ကြားလိုက်ရင် ငါးကြီးဆီတွေကိုပဲပြေးမြင်မိကြချိန်မှာ ကြယ်ပဲဆီရဲ့ Omega – 3 , 6 နဲ့ 9 က အပင်ကထွက်တာဖြစ်လို့ သက်သက်လွတ်စားသောက်သူတွေ ငါးညှီနံ့မခံနိုင်သူတွေအတွက် ပိုအဆင်ပြေစေတာဖြစ်ပါတယ်။
စိတ်ဖိစီးမှု နဲ့ ကိုယ်ခံအား အတွက် Omega 3,6,9 ကိုဘယ်လိုအသုံးချနိုင်လဲ ??
ဦးနှောက်ရဲ့ ၈% ကို Omega-3 ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ DHA နဲ့ ပြုလုပ်ထားပါတယ်။ စိတ်ဖိစီးမှုတစ်ခု ကြာရှည်လာတဲ့ အခါ ဦးနှောက်ဆဲလ်တွေကို သေစေပါတယ်။
Omega -3 ရဲ့ ထူးခြားတဲ့ အရည်အသွေးနောက်တစ်ခုကတော့ ခန္ဓာကိုယ်ရဲ့ ဆဲလ်လေးတွေကို ခံနိုင်ရည်ဖြည့်တင်းပေးတာပဲဖြစ်ပါတယ်။
Omega- 3 က ဦးနှောက်ရောင်ရမ်း တင်းကြပ်ခြင်းကို လျှော့ချပေးပါတယ်။
ဒါကြောင့်လည်း Omega-3 ရဲ့ ဒီအားသာချက်ကို စိတ်ဖိစီးမှု၊ စိတ်ကျရောဂါ စတာတွေမှာ အသုံးချနိုင်တာဖြစ်ပါတယ်။
Omega -3 ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ALA ရဲ့ အဓိက အားသာချက်က ခန္ဓာကိုယ်ကို ခွန်အားဖြည့်တင်းပေးတာဖြစ်သလို Omega-6 ကြောင်လည်း အားအင်ပြည့်ဝပြီး တက်ကြွလန်းဆန်းစေမှာဖြစ်ပါတယ်။
ဒါကြောင့်မို့ Sacha Inchi အော်ဂဲနစ်ကြယ်ပဲဆီကထုတ်လုပ်တဲ့ Omega -3,6,9 ရဲ့ အာနိသင်တွေအကုန်ပေါင်းစပ်ခြင်းဟာ ပိုကျန်းမာတဲ့ ခွန်အားပြည့်ဝတဲ့ လူတစ်ယောက်ဖြစ်စေမှာပါလို့ တိုက်တွန်း အကြံပြုလိုက်ရပါတယ်။
ဆက်သွယ်ဝယ်ယူရန် : 0943113825 – မသင်းရည်ဇော်
095155580 – ကိုအောင်ကျော်စွာ
09258006328 – ကိုစစ်ရန်နိုင်
09968303583 – မခင်ချိုသိမ်.
09795644425 – ကိုကျော်ဟိန်းထက်
09791666657 – ကိုဘိုဘိုမင်း