fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

Stay At Home ‌ကာလမှာ Vitamin D လုံလောက်စွာရဖို့ ဘာကြောင့်အရေးကြီးလဲ

401
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/07/2021
in ကျန်းမာစေသော အစားအစာ, ကိုဗစ်ရောဂါ
1 min read
A A

Vitamin D ဆိုတာ ဘာလဲ?

Vitamin D (ဗိုက်တာမင် ဒီ) ဆိုတာ ဗိုက်တာမင်လို့ ခေါ်ပေမဲ့ ဟော်မုန်းအလားတူ ရှေ့ပြေး ဓာတ်တစ်မျိုးဖြစ်တယ်။
ပုံမှန်အားဖြင့် ခန္ဓာကိုယ်မှာ ဗိုက်တာမင်ဓာတ်တွေကို မထုတ်ပေးဘဲ အစားအသောက်နဲ့ ဖြည့်စွက်စာ တွေမှသာ ရရှိလေ့ ရှိပါတယ်။

” ဗိုက်တာမင် ဒီ ” ကတော့ အခြား ဗိုက်တာမင်တွေလို မဟုတ်ဘဲ ခန္ဓာကိုယ်မှ ထုတ်ပေးနိုင်ပါတယ်။
နေရောင်ခြည် နှင့် ထိတွေ့သည့်အခါ ခန္ဓာကိုယ်ထဲရှိ cholesterol ဓာတ်မှ ဗိုက်တာမင် D ကို ထုတ်လွှတ်ပေးပါတယ်။
ဗိုက်တာမင် D ကို အစားအသောက်နဲ့ ဖြည့်စွက်စာတွေမှလည်း ရရှိနိုင်ပါတယ်။

 Vitamin D ကောင်းကျိုးများ

ဗိုက်တာမင် D ဟာ ခန္ဓာကိုယ်ထဲမှာ Calcitriol လို့ခေါ်တဲ့ ဟော်မုန်းအနေနဲ့ ပြောင်းသွားပြီး ကယ်ဆီယမ်ဓာတ်နဲ့ ကိုယ်ခံအားကို တိုးမြှင့်ပေးတဲ့အပြင် အချိုဓာတ် ထိန်းညှိပေးတဲ့ Insulin (အင်ဆူလင်) ဓာတ်ကိုပါ ညှိနှိုင်းပေးပါတယ်။
ဒါကြောင့် ဗိုက်တာမင် D ဓာတ်ဟာ ကိုယ်ခံအားစနစ်ကို ကောင်းစေခြင်း၊ အရိုးနဲ့ သွားများကို သန်မာစေခြင်း၊
ဦးနှောက်နဲ့ အာရုံကြောကို အားဖြစ်စေခြင်း Insulin ဓာတ်ကို ထိန်းညှိပေးတဲ့အတွက် ဆီးချိုထိန်းရာမှာ အကျိုးရှိစေခြင်း၊ အဆုပ်နဲ့ နှလုံး ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေခြင်း၊
တုပ်ကွေးမိနှုန်းကို လျော့နည်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

 

Vitamin D ဓာတ် ရရှိနိုင်သော အရာများ

နေရောင်ခြည်
အဆီများသော ငါးအမျိုးမျိုး
ဥအနှစ်များ
ချိ(စ်)
အမဲအသည်း
မှိုအမျိုးမျိုး
ဗိုက်တာမင် D ထည့်ထားသော နို့ နှင့် နို့ထွက်ပစ္စည်းများ
ဗိုက်တာမင် D ထည့်ထားသော အစားအစာ နှင့် သစ်သီးဖျော်ရည်များ
ဗိုက်တာမင် D ဖြည့်စွက်စာများ

ဘယ်သူတွေက ဗိုက်တာမင် D ဓာတ်ချို့တဲ့ နိုင်ခြေများသလဲ

အသားအရောင်ရင့်သူများ
အသက်ကြီးသူများ
မိခင်နို့တစ်မျိုးတည်း သောက်နေသော မွေးကင်းစ ကလေးငယ်များ
အဝလွန်သူများ
အိမ်တွင်းအနေများသူများ
နို့ နှင့် ငါး အစားနည်းသူများ
အပြင်သွားလျှင် နေရောင်ခံခရင် (Sunscreen) လိမ်းသူများ
နေရောင်ခြည်အရ နည်းသော၊ အပူပိုင်းဒေသ (Equator) နှင့် ဝေးသည့် နေရာတွင် နေထိုင်သူများ

ဗိုက်တာမင် D ဓာတ်ချို့တဲ့လျှင် ဘာတွေဖြစ်နိုင်သလဲ

မကြာခဏ နေမကောင်းဖြစ်ခြင်း
မကြာခဏ ဖျားခြင်း
မကြာခဏ ပိုးဝင်ခြင်း
အားမရှိခြင်း နှင့် နုန်းခွေပင်ပန်းခြင်း
အရိုး နှင့် ခါးနာခြင်း
စိတ်ဓာတ်ကျခြင်း
အနာကျက် နှုန်းနှေးခြင်း
ဆံပင် ကျွတ်ခြင်း
ကြွက်သားနာခြင်း

Vitamin D နှင့် Covid 19

Covid 19 ကြောင့် Stay at Home နေကြရတဲ့ ကာလမှာ ဗိုက်တာမင် D ဓာတ်ဟာ အရေးကြီး လာပါတယ်။
Stay at Home နေကြရတဲ့ကာလမှာ နေရောင်နဲ့ ထိတွေ့မှု နည်းခြင်း အခြေအနေ တစ်ရပ်လည်း ဖြစ်ပေါ်ပါတယ်။
၎င်းအပြင် အချို့ စမ်းသပ် လေ့လာမှုတွေမှာ ကိုယ်ခံအားနည်းခြင်းဟာ Covid ရောဂါကို ပိုကူးစက်စေပြီး ဆိုးရွားတဲ့ အခြေအနေကို ဖြစ်ပေါ်စေတယ်လို့ တွေ့ရှိရပါတယ်။

ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ဆဲလ်တွေမှာ ဗိုက်တာမင် D ကို လက်ခံ အသုံးပြုနိုင်တဲ့ လက်ခံ Receptor တွေပါ ရှိပါတယ်။ ဒါကြောင့် ဗိုက်တာမင် D ဟာ ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ရောဂါဒဏ်ကို ပိုခံနိုင်စေတယ်လို့ ယူဆကြပါတယ်။

ဒါ့ပြင် ဗိုက်တာမင် D ဟာ ကိုယ်ခံအား ဆဲလ်များစွာများ CD8 ဆဲလ် နဲ့ T ဆဲလ် ကို ပိုများစေတဲ့ အတွက် အဆုပ်ထဲ သို့ ဗိုင်းရပ်(စ်) ပိုးဝင်တဲ့ အခြေအနေမှာ  ရောဂါပိုပိုမိုသက်သာအောင် ထောက်ပံ့နိုင်တယ်လို့ ယူဆကြပါတယ်။

ဒါ့ပြင် Covid ရောဂါ ခံစားရတဲ့အခါ ဆိုးရွားတဲ့ အခြေအနေတွေမှာ ‘Cytokine Strom’ လို့ ခေါ်တဲ့ ရောင်ရမ်းမှု ဖြစ်စေတဲ့ ဓာတ်များစွာ ထွက်တဲ့ အခြေအနေ တစ်ခု ဖြစ်ပေါ်ပါတယ်။ ၎င်း အခြေအနေဟာ အသက်အန္တရာယ် ဖြစ်စေပါတယ်။ Vitamin D ဟာ ၎င်း Cytokine လို့ ခေါ်တဲ့ ရောင်ရမ်းမှု ဖြစ်စေတဲ့ဓာတ်ကို လျှော့ချပေး ပါတယ်။

 

 ဘယ်အချိန် Vitamin D ဓာတ် ချို့တဲ့တယ်လို့ ယူဆမလဲ

သွေးထဲမှာ ရှိနေတဲ့ ဗိုက်တာမင် D ဓာတ်ကို တိုင်းတာနိုင်ပါတယ်။
12 ng/ml အောက်ကို ဗိုက်တာမင် D ချို့တဲ့တယ်လို့ သတ်မှတ်ပါတယ်။
20-50 ng/ml ပမာဏကတော့ လုံလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။
> 150 ng / ml ကျော်လျှင်တော့ အလွန်အကျွံ များနေတဲ့ အခြေအနေ (Toxic Level) ဖြစ်ပါ တယ်။

လူတစ်ယောက်ရဲ့ တစ်နေ့တာ ဗိုက်တာမင် D လိုအပ်ချက် (RDI)

ယေဘုယျအားဖြင့် 400 IU မှ 800 IU အတွင်း လိုအပ်ပါတယ်။
ကလေးငယ်များ (0-12 လ) – 400 IU (10 mcg)
ကလေးများ (1 နှစ် -18 နှစ်) – 600 IU (15 mcg)
လူကြီးများ (အသက် 70 နှစ်အထိ) – 600 IU (15 mcg)
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ – 600 IU (15 mcg)
အသက် 70 နှင့် အထက် အဘိုးအဘွားများ – 800 IU (20 mcg)

4,000 IU ထက် ပိုသောက်သုံးမယ်ဆိုလျှင်တော့ ဆရာဝန် ညွှန်ကြားချက် လိုအပ်ပါတယ်။

Author: Dr. Yin Yin Win
M.B;B.S (YGN)
Dip.Med.Sc (Family Medicine)

Previous Post

ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေစဉ်ကာလအတွင်း  စိုးရိမ်စိတ်နှင့်  စိတ်ဖိစီးမှုကို  ဘယ်လိုလျှော့ချမလဲ (၂)

Next Post

ကလေးတွေ ကိုယ်ခံအားကောင်းဖို့ဆိုရင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
461
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
384
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
391
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
446
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
327

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးတွေ ကိုယ်ခံအားကောင်းဖို့ဆိုရင်

ကိုဗစ်ကာလ အိမ်မှာအရန်သင့်ဆောင်ထားသင့်တဲ့ အရာများ

သင့်သွားကျန်းမာရေးအတွက် အလေးထားရှောင်ရမည့်အချက်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.