fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

သားသားမီးမီးတို့အတွက် အရေးကြီးသော LcFOS ကြွယ်၀သော အစားအစာများ

18
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/09/2020
in ကျန်းမာစေသော အစားအစာ, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

Long chain fructooligosaccharides (LcFOS) ဆိုတာ အပင်အများစုမှာပါဝင်တဲ့ carbohydrate သကြားဓာတ် တစ်မျိုးဖြစ်ပါတယ်။သူ့ရဲ့ ထူးခြားချက်က လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေပေးနိုင်တဲ့ အချက်ပါ။

သူ့မှာ တခြားကာဗိုဟိုက်ဒရိတ်ဓာတ်တွေနဲ့ မတူတဲ့ အချက်တွေရှိပါတယ်။သာမန် ကာဗိုဟိုက်ဒရိတ်တွေဟာ  စားသုံးပြီး ပိုလျှံတဲ့အခါမှာ အဆီအဖြစ်ခန္ဓာကိုယ်အတွင်း သိမ်းဆည်းလေ့ရှိပါတယ်။ဒါပေမယ့် သူကတော့ သာမန် ကာဗိုဟိုက်ဒရိတ် ခေါ် သကြားဓာတ်တွေနဲ့ မတူပဲ ကိုယ်ခန္ဓာအတွက် ကောင်းကျိုးပြုစေတဲ့ အမျှင်ဓာတ်တစ်မျိုး (prebiotics) ဖြစ်လို့ပဲ ဖြစ်ပါတယ်။

LcFOS ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဌ

သင့်တင့်မျှတတဲ့ စား‌သောက်မှုပုံစံလို့‌ ပြောကြရင် အများစုဟာ အသားငါး ဟင်းသီးဟင်းရွက် အသီးအနှံတွေ စုံလင်အောင်စားရင် ရပြီလို့ပဲ အကြမ်းဖျင်းသိကြပါတယ်။ ဘာကြောင့် စားသင့်တာလဲ၊ ဘာအတွက်အရေးပါတာလဲ ဆိုတာတွေကို တော့  အသေးစိတ်မသိကြပါဘူး။ ဟင်းသီးဟင်းရွက်တွေဟာ LcFOS အမျှင်ဓာတ်ကြွယ်ဝတဲ့ အတွက်ကြောင့် များများစားသုံးပေးသင့်တာဖြစ်ပါတယ်။

  • အစာအိမ် အူလမ်းကြောင်းစနစ် ကောင်းမွန်စေပြီး အစာ‌ ခြေစနစ်ကို အထောက်အကူပြုခြင်း ။
  • ရောဂါပိုး ခုခံအားကို မြင့်တက်စေခြင်း။
  • ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်တွေကို ပိုမိုစုပ်ယူစေနိုင်ခြင်း။
  • သွေးတွင်းသကြားဓာတ်ထိန်းသိမ်း‌ပေးခြင်း။
  • နှလုံးရောဂါနှင့် လေဖြတ်ခြင်းမှ ကာကွယ်ပေးခြင်း။
  • သွေးတွင်း ကိုလက်စထရော ထိန်းသိမ်းပေးပြီး ကိုယ်အလေးချိန် ထိန်းသိမ်းပေးခြင်း စသည့် စနစ်တွေအတွက် အရေးပါ ပါတယ်။

LcFOSဟာ လူကြီးတွေအတွက်ပဲမဟုတ်ပဲ ကလေးတွေအတွက်လည်း အရေးကြီးပါတယ်။ ကလေးတွေဟာ လူကြီးတွေထက်ပိုပြီး ဝမ်းချုပ်ခြင်း၊ အစာမကြေခြင်း‌တွေဖြစ်လွယ်တဲ့အတွက်‌ ကြောင့်ပါ။ LcFOS ဟာ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ခုခံအားလဲမြင့်တက်စေတဲ့အတွက် လက်ရှိမှာ LcFOS ကြွယ်ဝအောင် သဘာဝကထုတ်လုပ်ပြီး ဖြည့်စွက်စာအနေနဲ့ ရောင်းချလာတာမျိုးတွေရှိပါတယ်။ သည်လို အကျိုးရှိတာကြောင့် လူကြီး‌‌ တွေအတွက် သာမကပဲ ကလေးတွေအတွက်ပါ ဖြည့်စွက်စာတွေ ထုတ်လုပ်လာကြပါတယ်။ ဒါကြောင့် LcFOS ဟာ Prebiotic fiber အနေနဲ့ လူအများကြား ရေပန်းစားနေတဲ့ ဖြည့်စွက်စာ တစ်မျိုးဖြစ်လာပါတယ်။

သဘာဝကပေးထားတဲ့ ခန္ဓာကိုယ်ကို အကျိုးပြုမယ့် Long chain fructooligosaccharides ဓာတ်ကို ဘယ်အစားအစာတွေကနေရရှိမလဲ?

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် အများစုမှာ LcFOS ပါဝင်လို့ များများစားသုံးလေ အကျိုးရှိလေပါပဲ။ သည်ထဲကမှ ပမာဏ ပိုမိုများပြားစွာပါဝင်တဲ့ အစားအစာများမှာ-

  • ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ lcfos အမျှင်ဓာတ် လုံလုံလောက်လောက်ပါဝင်တဲ့အတွက်  အစာအိမ်အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားပမာဏကိုပါ များပြားအောင် လုပ်ဆောင်ပေးနိုင်တာကြောင့်  အူလမ်း‌ကြောင်းမှရောဂါဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ၊ ကင်ဆာနဲ့ အခြားရောဂါပိုးမွှားတွေပါ ကာကွယ်ပေးပါတယ်။

  • ငှက်ပျောသီး

ငှက်ပျောသီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေကြွယ်ဝစွာ ပါဝင်လို့ အလွန်အကျိုးရှိစေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ထို့အပြင် အူလမ်းကြောင်းမှ အကျိုးပြုပိုးမွှားတွေ တိုးပွားလာစေနိုင်တဲ့ (prebiotic effect) ကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်း၊ အစာမကြေဖြစ်ခြင်း‌‌ နှင့် လေပွခြင်းတွေမှ ကာကွယ်ပေးတဲ့အတွက် ကလေးတွေကို ပိုမိုကျွေးသင့်ပါတယ်။

  • ကြက်သွန်နီ

ရောဂါပိုးမွှား‌တွေကိုကာကွယ်ပေးနိုင်ပြီး ခုခံအားကိုတက်စေပါတယ်။ အစာ‌ကြေစေပြီး အဆီတွေကို ဖြိုခွဲနိုင်တဲ့ အာနိသင်လဲရှိတဲ့အပြင် နှလုံးရောဂါ၊ လေဖြတ်ခြင်းတွေကို ကာကွယ်နိုင်ပါတယ်။ ကင်ဆာရောဂါတွေကို ပါကာကွယ်ပေးနိုင်တဲ့အတွက် ကျန်းမာရေးအတွက် အလွန်ကောင်းပါတယ်။

  • ကြက်သွန်မြိတ်

ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့နဲ့ အာနိသင်တူပြီး Vitamin K နှင့် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် များများစားသုံးပေးသင့်ပါတယ်။

  • ကညွတ်

ဆိမ့်သက်သက်အရသာနဲ့ စားကောင်းတဲ့ ကညွတ်ဟာလဲ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ သူ့မှာ ကင်ဆာကိုကာကွယ်ပေးစေနိုင်တဲ့ Antioxidants နဲ့ ရောင်ယမ်းမှုတွေ လျော့ပါးစေတဲ့ ဓာတ်တွေပါဝင်ပါတယ်။ အစာခြေအားကောင်းမွန်စေတဲ့အတွက် အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့ ပြဿနာတွေအတွက် အကျိုးရှိစေပါတယ်။ သားသားမီမီးတို့အတွက် အလွန်သင့်တော်ပါတယ်။

  • ပန်းဂေါ်ဖီစိမ်း

အမြင်နဲ့တင် စားချင်စရာကောင်းတဲ့ ပန်းဂေါ်ဖီစိမ်းဟာလည်း ကင်ဆာရောဂါ ကာကွယ်နိုင်တယ့်အချက်နဲ့ လူကြိုက်များနေတဲ့ အစားအစာဖြစ်ပါတယ်။ သူ့မှာ သည့်အပြင် ဗီတာမင်အမျိုးမျိုး ကြွယ်ဝစွာ ပါဝင်ခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ခြင်း နှင့် နှလုံးသွေးကြော ရောဂါတွေ အတွက်ပါ  ကာကွယ်ပေးနိုင်ပါတယ်။ ခုခံအားကောင်းစေတဲ့အတွက် ကလေး ရော လူကြီးပါ စားသုံးသင့်ပါတယ်။

သည်လို LcFOS ပါဝင်တဲ့ အစားအစာတွေကို မိမိတို့ကိုယ်တိုင် စားသုံးပေးခြင်းသာမက သားသားမီမီးတို့ကိုပါ ကျွေးမွေးခြင်းအားဖြင့် ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်မြင့်မားအောင် ပြုစုပျိုးထောင်ပေးကြပါစို့

Dr.Aye Myat

Previous Post

ထိခိုက်ရှနာဒဏ်ရာများကို အကောင်းဆုံးဘယ်လိုကုသမလဲ

Next Post

သားသားမီးမီးတို့ရဲ့ ကျန်းမာရေးအပေါ် ဗီတာမင် ဒီ ရဲ့ ကောင်းကျိုးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
314

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
819

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
460
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားသားမီးမီးတို့ရဲ့ ကျန်းမာရေးအပေါ် ဗီတာမင် ဒီ ရဲ့ ကောင်းကျိုးများ

အရေပြားခြောက်သွေ့ခြင်း ပြဿနာ

သားသားမီးမီးတို့ ကစားခုန်စား အားကစားလုပ်ရင်း ထိခိုက်ရှနာဒဏ်ရာရခြင်းကို ကာကွယ်ဖို့ဆိုရင် …

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.