fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

သားသားမီးမီးတို့ရဲ့ ကျန်းမာရေးအပေါ် ဗီတာမင် ဒီ ရဲ့ ကောင်းကျိုးများ

57
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/09/2020
in ကျန်းမာစေသော အစားအစာ, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

သားသားမီးမီးတွေ ကျန်းကျန်းမာမာ ကြီးထွားဖွံဖြိုးလာဖို့ဆိုတာ မိဘတွေရဲ့ ပြုစုပျိုးထောင်မှုနဲ့ သက်ဆိုင်နေပါတယ်။ ဒါကြောင့် အာဟာရပြည့်ဝအောင် ကျွေးမွေးဖို့က အရေးအကြီးဆုံးပါပဲ။ မိဘတွေအနေနဲ့ ကလေးတွေအတွက် အရေးကြီးတဲ့ Vitamin D ရဲ့ အကြောင်းကိုလည်း သိထားသင့်ဖို့လိုအပ်ပါတယ်။

Vitamin D ဆိုသည်မှာ-

Vitamin D ဟာ ကလေးတွေကြီးထွားဖွံဖြိုးဖို့ လိုအပ်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ Vitamin D ကို နေရောင်ခြည်နဲ့ အစားအသောက်တွေကနေရရှိတယ်ဆိုတာ လူအများစု သိရှိပြီး ဖြစ်ပါတယ်။

Vitamin D ဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ Calcium, magnesium နဲ့ phosphate တွေကို အူလမ်းကြောင်းမှတစ်ဆင့် သွေးကြောထဲသို့စုပ်ယူရာမှာ အကူအညီပေးပါတယ်။ Vitamin D  မှာ နှစ်မျိုးရှိပါတယ်။ D2 (ergocalciferol) ကို အစားအသောက်တွေက ရရှိပြီး D3 (cholecalciferol)ကို  နေရောင်ခြည်မှ ရရှိပါတယ်။

Vitamin D ရဲ့ကောင်းကျိုးများ

  • အရိုးနှင့် သွားများကို သန်မာစေခြင်း

               အရိုးတည်ဆောက်ဖို့ လိုအပ်တဲ့ ကယ်ဆီယမ်ဓာတ် စုပ်ယူမှုကို အားပေးတဲ့ အတွက်ကြောင့် ကယ်ဆီယမ် များများစုပ်ယူနိုင်လေလေ အရိုးတွေ ကြီးထွားသန်မာဖို့ အားပေးလေ ဖြစ်ပါတယ်။

  • ခုခံအားကောင်းစေခြင်း

Vitamin Dဟာ ခုခံအားအတွက် လိုအပ်တဲ့ ဆဲလ်တွေ များပြားလာအောင် လုပ်ဆောင်ပေးတဲ့ ဟော်မုန်းအနေနဲ့ ဆောင်ရွက်ပေးတဲ့ အတွက် ခုခံအားကို မြင့်တင်စေနိုင်ပါတယ်။ အချို့လေ့လာတွေ့ရှိချက်တွေအရ ပန်းနာရင်ကြပ်ရောဂါတွေကိုပါ သက်သာ စေနိုင်တယ်လို့ သိရှိရပါတယ်။

ကလေးတွေမှာ Vitamin D ချို့တဲ့နေရင် ကြီးထွားမှုနှေး‌ကွေးကြီးထွားမှုနှေး‌ကွေးခြင်း၊ rickets လို့ခေါ်တဲ့  အရိုးပျော့ရောဂါခံစားရခြင်း၊ ကယ်ဆီယမ်ဓာတ်ချို့တဲ့ခြင်း စသည်တို့ဖြစ်နိုင်တဲ့ အတွက် ကလေးတွေ ကြီးထွားဖွံဖြိုးနေချိန်မှာ Vitamin D ဓာတ် မချို့တဲ့အောင် ဂရုစိုက်သင့်ပါတယ်။

Vitamin D ကြွယ်ဝသော အစားအစာများမှာ-

  • နွားနို့ နှင့်နို့ထွက်ပစ္စည်းများ
  • ငါး၊ ပုစွန်စသည့် ပင်လယ်စာများ
  • အသည်းကလီစာများ
  • ကြက်ဥအနှစ်
  • မှိုများ စသည်တို့ဖြစ်ပါတယ်။

Vitamin Dကြွယ်ဝဖို့ဆိုရင် အစားအသောက်တစ်ခုထဲနဲ့က မလုံလောက်ပါဘူး။ နေရောင်ခြည်ကိုလည်း လုံ‌လုံလောက်လောက် ရရှိသင့်ပါတယ်။ ကလေး အသက်တစ်နှစ်အောက် အတွက် လိုအပ်တဲ့  Vitamin D ပမာဏဟာ တစ်နေ့ကို 400 IU ရှိပြီး တစ်နှစ်အထက် ကလေးတွေအတွက်ကတော့ 600 IU ဖြစ်ပါတယ်။

(ပြုတ်ပြီးသား ကြက်ဥ တစ်လုံးတွင် 30 IU ပါဝင်ပြီး နွားနို့ 250 ml တွက် 100 IU vitamin D ပါဝင်ပါသည်) ဒါကြောင့် အစားချေးများတဲ့ ကလေးတွေအတွက် အလုံအလောက်ရရှိဖို့ ခက်ခဲပါတယ်။ နေရောင်ခြည်က ရရှိတဲ့ Vitamin Dဟာလည်း ကလေးကို နေရောင်ကာခရင်မ် လိမ်းပေးထားရင် စုပ်ယူမှုအားနည်းတဲ့အတွက် မလုံလောက်နိုင်ပါဘူး။ ဒါ‌‌ကြောင့် ကလေးဆရာဝန်များက Vitamin Dပါဝင်တဲ့ အားဆေးတွေကို တိုက်ဖို့ အကြုံပြုကြပါတယ်။

ဒါပေမယ့် Vitamin Dကို အလွန်အကျွံ သောက်သုံးမိရင် ဆိုးကျိုးတွေဖြစ်ပေါ်လာစေနိုင်တဲ့အတွက် ဆရာဝန်ညွှန်ကြားတာထက်ပိုပြီး ကလေးကို မတိုက်သင့်ပါဘူး။

ခြုံငုံပြောရရင် Vitamin D ဟာ အရိုးများ သန်မာစေခြင်း၊ ကယ်ဆီယမ်စုပ်ယူမှုကို အားပေးခြင်း၊ ခုခံအားကောင်းစေခြင်းတို့ကြောင့် ကလေးတွေ ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ ဗီတာမင်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Author : Dr. Aye Myat

 

Previous Post

သားသားမီးမီးတို့အတွက် အရေးကြီးသော LcFOS ကြွယ်၀သော အစားအစာများ

Next Post

အရေပြားခြောက်သွေ့ခြင်း ပြဿနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
314

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
818

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
460
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရေပြားခြောက်သွေ့ခြင်း ပြဿနာ

သားသားမီးမီးတို့ ကစားခုန်စား အားကစားလုပ်ရင်း ထိခိုက်ရှနာဒဏ်ရာရခြင်းကို ကာကွယ်ဖို့ဆိုရင် …

ခွဲစိတ်ပြီးနောက် ဒဏ်ရာအမြန်ကျက်စေပြီး အမာရွတ်ရုပ်မဆိုးရလေအောင် ရှောင်ကျဉ်ရမည့် အစားအစာများနှင့် စားသုံးသင့်သည့် အစားအစာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.