fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

စိတ်ဖိစီးမှုလျော့ကျစေဖို့အတွက် အကောင်းဆုံးအစာအာဟာရများ

224
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/06/2021
in ကျန်းမာစေသော အစားအစာ
1 min read
A A

စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးခြင်းသည် ကမ္ဘာပေါ်တွင် အဖြစ်များဆုံးသော ရောဂါများထဲမှ တစ်ခုအပါအဝင်ဖြစ်ပါသည်။ စိုးရိမ်ပူပန်မှုများကို ပြေပျောက်စေရန်အတွက် စိတ်ပိုင်းဆိုင်ရာကုထုံးများကို ခံယူနိုင်သကဲ့သို့ တရားထိုင်ခြင်း၊ လေ့ကျင့်ခန်းများလုပ်ခြင်း ၊ လူအများနှင့် ဆက်သွယ်ပြောဆိုဆက်ဆံခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ ထို့ပြင် အစားအစာများ၊ အာဟာရဓာတ်များကို စားသုံးခြင်းအားဖြင့်လည်း တစ်နည်းတစ်ဖုံ လျော့ကျစေနိုင်ပါသည်။

အောက်ပါ အာဟာရဓာတ်တို့သည် စိုးရိမ်စိတ်နှင့် စိတ်ဖိစီးမှုတို့ကို လျော့ကျစေသည့် အာဟာရဓာတ်များဖြစ်ကြပါသည်။

 

၁။  မဂ္ဂနီဆီယမ် ( Magnesium )

မဂ္ဂနီဆီယမ်သည် စိတ်ဖိစီးမှုများကို အလျင်အမြန် သက်သာစေနိုင်သော အစွမ်းသတ္တိရှိသည့်အပြင် သဘာ၀တွင်တွေ့ရသော ကြွက်သားများကို ပြေလျော့စေသော ဂုဏ်သတ္တိရှိပါသည်။ထို့ကြောင့် စိတ်ဖိစီးမှုများကိုပြေလျော့စေရန် အကူအညီပေးပါသည်။
မဂ္ဂနီဆီယမ်ကို ကြောက်ရွံ့ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း ၊ စိတ်လှုပ်ရှားခြင်းများကို သက်သာပျောက်ကင်း အောင် ကူညီပေးနိုင်သည့် အာရုံကြောကိုပြေလျော့စေနိုင်သည့် သတ္တုဓာတ် အာဟာရ တစ်မျိုးအဖြစ်လက်ခံထားကြပါသည်။ မဂ္ဂနီဆီယမ်သည် ကယ်လ်ဆီယမ်နှင့်လည်း ဆက်နွယ်ပတ်သက်မှုများရှိသောကြောင့် မဂ္ဂနီဆီယမ်ကို ကယ်လ်ဆီယမ်နှင့်တွဲဖက် အသုံးပြုပေးခြင်းဖြင့် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများရရှိသည်ကိုတွေ့ရပါသည်။

၂။  Melatonin
ခန္ဓာကိုယ်မှ Melatonin များကိုထုတ်လုပ်နိုင်ပါသည်။ သို့သော် အချို့သောသူများတွင် ထုတ်လုပ်မှုမလုံလောက်သည့်အခါ အိပ်စက်ခြင်းကို လျော့နည်းစေခြင်းနှင့် စိတ်ပြေလျော့ခြင်းများကို လျော့ကျစေနိုင်သည့်အပြင်စိတ်ဖိစီးမှုများကိုလည်း ဖြစ်စေနိုင်ပါသည်။
ထိုအခါမျိုးတွင် Melatonin ဖြည့်စွက်စာများကို စားသုံးနိုင်ပါသည်။ Melatonin သည် စိတ်ဖိစီးမှုခံစားမှုများကို လျော့နည်းစေသည့်အပြင် အိပ်စက်ခြင်းကို ပိုမိုတိုးတက်စေခြင်းနှင့် နေ့ညစည်းချက်မှန်မှုများကိုပါ ထိန်းညှိပေးနိုင်ပါသည်။

၃။   Vitamin B Complex
Vitamin B Complex သည် စိတ်အခြေအနေကို မြင့်မားတည်ငြိမ်စေရန် အကူအညီပေးနိုင်ကြောင်း လက်ခံထားကြပါသည်။ ထို့ကြောင့် Vitamin B Complex ကို အားဆေးအတော်များများတွင် ထည့်သွင်းဖော်စပ်ထားသည်ကို တွေ့ရှိရပါသည်။
Vitamin B Complex တွင်
• Thiamine ( ဗီတာမင် B1 )
• Riboflavin (ဗီတာမင် B2)
• Niacin (ဗီတာမင် B3)
• Panthothenic acid ( ဗီတာမင် B5 )
• Pyridoxine ( ဗီတာမင် B6)
• Biotin
• Folic acid နှင့်
• Cobalamin (ဗီတာမင် B12) တို့ပါဝင်ကြပါသည်။
၎င်းဗီတာမင်ဓာတ်များအားလုံးသည် စိတ်တည်ငြိမ်အောင်ထိန်းသိမ်းပေးကာ စိုးရိမ်စိတ်နှင့် စိတ်ဖိစီးမှုများကို လျော့ချပေးနိုင်စွမ်းရှိကြပါသည်။

၄။   ငါးကြီးဆီ
ငါးကြီးဆီတွင် နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်သည့်အပြင် စိတ်အခြေအနေကိုပါ တည်ငြိမ်ကောင်းမွန်စေနိုင်သည့် Omega -3 fatty acid ပါဝင်သည်။ Omega -3 သည် ဦးနှောက်နှင့် အာရုံကြောစနစ်၏ အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်။ ထို့ကြောင့် Omega -3 စားသုံးခြင်းအားဖြင့် ဦးနှောက်၏ ဇီ၀ကမ္မဖြစ်စဥ်မှန်ကန်စေနိုင်ပြီး စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်များကို လျော့ကျစေနိုင်ပါသည်။

၅။   Probiotics
Probiotics ဆိုသည်မှာ အူလမ်းကြောင်းတွင်ရှိသော အကျိုးပြုဘက်တီးရီးယားများဖြစ်ပါသည်။ Probiotics သည် အစာချေဖျက်မှု၊ အာဟာရဓာတ်များကိုစုပ်ယူမှုနှင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို အထောက်အကူပြုနိုင်စွမ်းရှိသည့် ဓာတ်တစ်မျိုးဖြစ်ကြောင်း လက်ခံထားကြပါသည်။ ထို့ပြင် Probiotics သည် ဦးနှောက်နှင့် အာရုံကြောကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးပေးနိုင်ကြောင်း တွေ့ရှိလာကြပါသည်။ ကာလရှည်ကြာစွာ စိတ်ဖိစီးမှုများကို လျော့ကျစေရန်နှင့် စဉ်းစားတွေးခေါ်မှုဆိုင်ရာ ဦးနှောက်၏ လုပ်ဆောင်ချက်များ တိုးတက်စေရန် Probiotics များက အကူအညီများစွာပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

စိုးရိမ်စိတ်နှင့် စိတ်ဖိစီးမှုများကို တရားဓမ္မပြုလုပ်ခြင်းများအပါအဝင် အတွေးအခေါ်များပြောင်းလဲခြင်း၊ နေထိုင်မှုပုံစံများ ပြောင်းလဲခြင်းများအပြင် အစာအာဟာရဓါတ်များကို ဖြည့်စွက်စားသုံးခြင်းနည်းလမ်းများကို အသုံးပြု၍ ဖြေလျော့နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

Author Dr. CK

 

Previous Post

ကလေးများအတွက် မဖြစ်အနေလိုအပ်သော အာဟာရဓါတ်များ

Next Post

DHA က နှလုံးကျန်းမာရေးအတွက် ဘာကြောင့်အရေးပါတာလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

2 years ago
454
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

2 years ago
206
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
383
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
382
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
442
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
327

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

DHA က နှလုံးကျန်းမာရေးအတွက် ဘာကြောင့်အရေးပါတာလဲ

ဒူးနာခြင်းဖြစ်စေသော အကြောင်းရင်းများ

သွေးအားနည်းရောဂါနှင့် သံဓာတ်၏အရေးပါပုံ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.