fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

သက်သတ်လွတ်စားသောသူများ သံဓာတ်လုံလောက်စွာရရှိနိုင်သော အစားအစာများ။

35
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/12/2020
in ကျန်းမာစေသော အစားအစာ
1 min read
A A

            စားသုံးသော အစာအာဟာရများစွာရှိသည့်အနက် သံဓာတ်သည် ခန္ဓာကိုယ်၏ လုပ်ငန်းများစွာ အတွက် အရေးပါသော အာဟာရသတ္တုဓာတ်တစ်မျိုးဖြစ်ပါသည်။

သံဓာတ်ကို အစားအစာများတွင် အမျိုးအစားနှစ်မျိုးအနေဖြင့် တွေ့ရှိရပါသည်။

၎င်းတို့မှာ

– တိရစ္ဆာန်အရင်းအမြစ်မှ ရရှိသော သံဓာတ်အမျိုးအစား ( Heme Iron )

– အပင်အရင်းအမြစ်မှ ရရှိသော သံဓာတ်အမျိုးအစား (Non- Heme Iron ) စသည်တို့ ဖြစ်ပါသည်။

သံဓာတ်၏ ခန္ဓာကိုယ်အတွက် လုပ်ဆောင်ပေးသော လုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

( ၁ )    အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးခြင်း။

ဦးနှောက်နှင့် အခြားအင်္ဂါရပ်များဆီသို့ လိုအပ်သော အောက်ဆီဂျင်ကို ပို့ဆောင်ပေးခြင်းလုပ်ငန်း ကို လုပ်ဆောင်ပေးပါသည်။

 

( ၂ )      စွမ်းအင်ထုတ်လုပ်ပေးခြင်း။

သံဓာတ်သည် ခန္ဓာကိုယ်လုပ်ငန်းများလုပ်ဆောင်ရန် လိုအပ်သော စွမ်းအင်ကို ထုတ်လုပ်ရာတွင် အရေးပါသော အာဟာရဓာတ်တစ်မျိုးဖြစ်ပါသည်။

 

( ၃ )     ဓာတ်တိုးဆန့်ကျင်ပစ္စည်းအနေနှင့် လုပ်ဆောင်ခြင်း။

ခန္ဓာကိုယ်ရှိဆဲလ်များမှ ထုတ်လုပ်သော အောက်ဆီဂျင် ဓာတ်တိုးပစ္စည်းများ ( Free Radicals) မှ ကာကွယ်ပေးပါသည်။

 

( ၄ )     ဦးနှောက်ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာတွင် အထောက်အကူပြုခြင်း။

သန္ဓေသား၏ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းတွင် အရေးပါသော အာဟာရဓာတ်တစ်မျိုးလည်း ဖြစ်ပါသည်။

 

( ၅ )     ဦးနှောက်နှင့် ကြွက်သားလှုပ်ရှားမှုဆိုင်ရာလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်ခြင်း။

ကြွက်သားလှုပ်ရှားမှုဆိုင်ရာလုပ်ငန်းကို အားပေးသော Dopamine ဓာတ်များကို ပြုလုပ်ရာတွင် မရှိမဖြစ် လိုအပ်ကြောင်းတွေ့ရှိရပါသည်။

 

( ၆ )     အာရုံကြောမှတ်ဉာဏ်ပိုင်းဆိုင်ရာ လုပ်ငန်းတွင် အရေးပါသော ကဏ္ဍမှပါဝင်ခြင်း။

မှတ်ဉာဏ်ပိုင်းနှင့် သက်ဆိုင်သော စိတ်ပိုင်းဆိုင်ရာလုပ်ငန်းများတွင် အလွန်အရေးပါသော သတ္တုဓာတ်တစ်မျိုး ဖြစ်ပါသည်။


သံဓာတ်ချို့တဲ့လျှင် တွေ့ရသောရောဂါလက္ခဏာများ

အောက်ပါတို့သည် သံဓာတ်ချို့တဲ့လျှင် တွေ့ရသောရောဂါလက္ခဏာများဖြစ်ကြပါသည်။

– မောပန်းနုံးချိလွယ်ခြင်း

– အသားအရေဖြူဖျော့ခြင်း

– ရင်တုန်ခြင်း

– အသက်ရှူမ၀ခြင်း

– ဆံပင်၊ လက်သည်းနှင့် အရေပြားခြောက်သွေ့ခြင်း

– လက်သည်းများ ကျွတ်ဆတ်ကျိုးလွယ်ခြင်း

– လျှာနှင့်ပါးစပ်များ အနာဖြစ်၍ရောင်ရမ်းခြင်း

– အားနည်းသလိုခံစားနေရခြင်း စသည့်လက္ခဏာများ ခံစားရနိုင်ကြောင်းတွေ့ရှိရပါသည်။

ထို့ကြောင့် သံဓာတ်ကြွယ်၀သော အစားအစာများကို ရွေးချယ်စားသုံးရန် အလွန်အရေးကြီး လှပေသည်။

သက်သတ်လွတ်စားသောသူများအနေနှင့် အပင်အရင်းအမြစ်မှ ရသော သံဓာတ်ကို ရရှိရန် အောက်ပါအစားအစာများကို စားသုံးသင့်ပါသည်။

– တိုဖူး

– ပဲအမျိုးမျိုး

– ဗာဒံစေ့

– နေကြာစေ့

– သီဟိုဠ်စေ့

– အခွံမာသီးများ

– ရွှေဖရုံသီး

– ဟင်းနုနွယ်

– ကန်စွန်းရွက်

– ပန်းဂေါ်ဖီစိမ်း

– ဂေါ်ဖီပွင့် စသော အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

– ခရမ်းချဉ်သီးအနှစ်

– အာလူး

– မှို

– သံလွင်ဆီ

– ဘယ်ရီသီးများ

– အစေ့အဆန်များ

– အုန်းနို့ စသော အစားအစာများဖြစ်ကြပါသည်။

 

သံဓာတ်ကြွယ်၀သော အစားအစာများကို စားသုံးသည့်အပြင် သံဓာတ်စုပ်ယူခြင်းကို အကျိုးသက်ရောက်နိုင်သော အစားအစာများကို ရွေးချယ်ဆင်ခြင်၍ စားသုံးသင့်ပါသည်။

( ၁ )      ဗီတာမင် စီသည် သံဓာတ်စုပ်ယူခြင်းကို အားပေးသောကြောင့် သံဓာတ်အစားအစာများကို ဗီတာမင် စီ နှင့် တွဲ၍ စားသုံးသင့်ပါသည်။

( ၂ )        ကော်ဖီ၊ လက်ဖက်ရည်စသော အစားအစာများသည် သံဓာတ်စုပ်ယူခြင်းကို  နှောင့်နှေးစေ နိုင်သောကြောင့် သံဓာတ်ချို့တဲ့ခြင်းမှ ကာကွယ်ရန် ၎င်းတို့ကို အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။

( ၃ )       Lysine ဓာတ်သည် သံဓာတ်စုပ်ယူခြင်းကို အားပေးနိုင်သော အာနိသင်ရှိသောကြောင့် ၎င်းဓာတ်ပါဝင်သော အစားအစာများ (ဥပမာ ပဲအမျိုးမျိုး) ကို စားသုံးခြင်းဖြင့် သံဓာတ်ချို့တဲ့ခြင်းမှ ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါသည်။

Author : Dr. CK

Previous Post

ကြွက်သားနာကျင်ခြင်း သက်သာစေနိုင်သည့်နည်းလမ်းများ

Next Post

အောက်ဆီဂျင်လုံလောက်စွာရဖို့ သံဓာတ်က ဘယ်လောက်အရေးကြီးလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
461
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
384
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
390
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
445
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
327

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အောက်ဆီဂျင်လုံလောက်စွာရဖို့ သံဓာတ်က ဘယ်လောက်အရေးကြီးလဲ

ကလေးများတွင်တွေ့ရများသော ချောင်းဆိုးရောဂါအမျိုးအစားများ

သံဓာတ်စုပ်ယူခြင်းကို လျော့နည်းစေနိုင်သော အစားအစာများ။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.