fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

Omega 3 Fatty Acids က လူ့ ခန္ဓာကိုယ်အတွက် ဘာကြောင့်အရေးကြီးသလဲ

827
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/03/2022
in ကျန်းမာစေသော အစားအစာ
1 min read
A A

လူ့ ခန္ဓာကိုယ်အတွက် ကောင်းကျိုး ပြုသောအဆီနှင့် ကောင်းကျိုးမပြုသော အဆီ ဟူ၍ နှစ်မျိုးရှိသည်။။ Omega 3 Fatty Acids  သည် လူ့ခန္ဓာကိုယ်အတွက်ကောင်းကျိုးပြုသော အဆီဓာတ်တစ်မျိုး ဖြစ်သည်။ ထို့ပြင် မရှိမဖြစ်လိုအပ်သော အဆီဓာတ် (Essential Fatty Acids) တစ်မျိုးဖြစ်သည်။

Omega 3 Fatty Acids တွင်   ALA (Alpha Linolenic Acid), EPA(Eicosapentaenoic Acid) နှင့်  DHA ( Docosahexaenoic Acid) ဆိုပြီး အမျိုးအစားသုံးမျိုးရှိပါသည်။ ထိုအထဲတွင်   EPA နှင့် DHA ကလူ့ ခန္ဓာကိုယ်အတွက် ပိုပြီး အရေးကြီးပါသည်။ ဆယ်လ်မွန်၊ ဆာဒင်း၊ တူနာ ငါးများကို စားသုံးခြင်းဖြင့် Omega 3 Fatty Acids ကို ရရှိနိုင်ပါသည်။

Omega 3 Fatty Acids တွင် အောက်ပါ အကျိုးကျေးဇူးများ ‌ရှိပါသည်။

 

၁။  သွေးတွင်းကိုလက်စထရောကျ‌စေခြင်း

သွေးထဲရှိ မကောင်းသော အဆီဓာတ် (Triglycerides)  ကိုလျှော့ချပေး၍  ကောင်းသောအဆီဓာတ် HDL Cholesterol ကို မြင့်တက်စေပါသည်။

 

၂။ သွေးပေါင်ချိန် ကျစေခြင်း

သွေးတိုးရောဂါရှိသူများတွင် Omega 3 Fatty Acids ကို သောက်သုံးပေးခြင်းဖြင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပါသည်။

၃။ နှလုံးရောဂါကို ကာကွယ်ပေးခြင်း

Omega 3 Fatty Acids သည်  မကောင်းသော အဆီများကို လျှော့ချပေးခြင်းကြောင့် သွေးကြောနံရံများ မာ‌ကြောလာခြင်းကို ကာကွယ်ပေးသည်။ ထို့ကြောင့် နှလုံးသွေးကြောကျဥ်း ရောဂါကို ကာကွယ်ပေးကာ နှလုံးရောဂါနှင့် လေဖြတ်ရောဂါကို ကာကွယ်ပေးပါသည်။

 

၄။ ရောင်ရမ်းမှုကို လျှော့ချပေး‌ခြင်း

Omega 3 Fatty Acids သည် ရောင်ရမ်းမှုဖြစ်စေသော ဓာတ်ပစ္စည်းများ ထုတ်လုပ်မှုကို ဟန့်တားပေးနိုင်သောစွမ်းရည်ရှိသည်။ ထို့ကြောင့် လေးဖက်နာရောဂါကြောင့်ဖြစ်သော အဆစ်အမြစ်ကိုက်ခဲခြင်း၊ တောင့်တင်းခြင်းများတွင် Omega 3 Fatty Acids သောက်သုံးခြင်းဖြင့် သက်သာစေသည်။

 

၅။သွေးခဲခြင်းကို ကာကွယ်ပေးခြင်း

ကိုယ်ခန္ဓာအတွင်း သွေးဥမွှားများ တစ်ခုနှင့်တစ်ခုကပ်ကာ သွေးခဲစေခြင်းကို ကာကွယ်ပေးပါသည်။ ထို့ကြောင့် သွေးမတိတ်ရောဂါရှိသူများနှင့် သွေးမခဲအောင်ကာကွယ်သောဆေးများ သောက်သုံးနေပါက  Omega 3 Fatty Acids သောက်သုံးရန်အတွက် ကျန်းမာရေး၀န်ထမ်းများနှင့် တိုင်ပင်သင့်သည်။

၆။ ကလေးများအတွက် အကျိုးများခြင်း

ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များတွင် Omega 3 Fatty Acids သောက်သုံးပေးခြင်းဖြင့် လမစေ့ဘဲ မွေးဖွားခြင်းနှင့် ကလေးငယ်၏ ဦးနှောက်ဖွံ့ ဖြိုးမှုကို  အားပေးပါသည်။ ကလေးငယ်များတွင် DHA ပါသော နို့မှုန့်များ တိုက်ပေးခြင့်ဖြင့်  မျက်လုံး ကျန်းမာရေးနှင့် အာရုံကြောများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးကောင်းမွန်ပါသည်။ ကလေး၏ မှတ်ဥာဏ်စွမ်းအားကိုလည်း  ကောင်းမွန်စေပါသည်။

 

၇။ အရိုးပွခြင်းကို ကာကွယ်ပေးခြင်း

Omega 3 Fatty Acids ပါ၀င်သော အစားအသောက်များ စားသောက်ခြင်းဖြင့် အူလမ်းကြောင်းမှ Calcium ဓာတ် စုပ်ယူမှုကို အားကောင်းစေကာ သွေးတွင်း Calcium ဓာတ် များစေပါသည်။ ထိုနည်းဖြင့် အရိုးပွခြင်းကို ကာကွယ်ပေးပါသည်။

 

၈။ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးခြင်း

Omega 3 Fatty Acids သည် ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်သော အရေပြားပျက်စီးမှုများကိုလည်း ကာကွယ်ပေးသည်။ ထို့ပြင် အရေပြားတွင်း အစိုဓာတ်ကို ထိန်းပေးရုံသာမက ‌အရေပြားဆဲလ်များ၏အာဟာရ စုပ်ယူမှုကိုလည်း အားပေးသောကြောင့် အရေပြားများ၏ ကျန်းမာရေးအတွက် အထူးကောင်းမွန်ကာ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါသည်။

Author: Dr. Aye Chan Moe

Previous Post

အိမ်မွေးတိရစ္ဆာန်တွေကို ကိုဗစ်ကူးစက်နိုင်သလား

Next Post

အသည်းအဆီဖုံးရောဂါရှိသူတွေ ဆောင်ရန်ရှောင်ရန် အစားအသောက်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
457
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
383
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
382
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
445
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
327

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသည်းအဆီဖုံးရောဂါရှိသူတွေ ဆောင်ရန်ရှောင်ရန် အစားအသောက်များ

အဆုတ်အားကောင်းစေမယ့် သဘာ၀နည်းလမ်း ၇ ခု

ကိုယ်ခံအားကျဆင်း​စေနိုင်တဲ့ ​​နေ့စဥ်အမူအကျင့်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.