fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

အာလူး အာဟာရများနဲ့ အကျိုးကျေးဇူးများ

Potato Nutrition and Benefits
1.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/06/2022
in ကျန်းမာစေသော အစားအစာ
1 min read
A A

ချက်ပြုတ်ရလွယ်ကူပြီး အရသာရှိတဲ့ အာလူးလေးတွေကို မနှစ်သက်သူဆိုတာ မရှိသလောက်ရှားပါတယ်။ အစားကြေး(ဂျီး)များလွန်းတဲ့ ကလေးတွေတောင်မှ အာလူးတွေကို နှစ်သက်စွာစားသုံးလေ့ရှိကြပါတယ်။ အာလူးကို အရသာရှိအောင် အာလူးကြော်၊ အာလူးပြုတ်၊ အာလူးဟင်း စသဖြင့် အမျိုးမျိုး ချက်ပြုတ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ အာလူးမှရရှိနိုင်တဲ့ အာဟာရဓာတ်တွေကို ကောင်းစွာသတိမပြုမိတတ်ကြပါဘူး။ တကယ်တော့ အာလူးဟာ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပြီး ကျန်းမာရေးအတွက်အကျိုးရှိတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

အာလူးစားသုံးခြင်းဖြင့် ဗီတာမင် C၊ ပိုတက်စီယမ်၊ ဗီတာမင် B6၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ပရိုတင်း နဲ့ အမျှင်ဓာတ် စတာတွေ စုံလင်စွာရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့ပြင် အာလူးဟာ အာဟာရဓာတ်သိပ်သည်းတဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်တွေပါဝင်ပြီး အဆီ၊ ဆိုဒီယမ်နဲ့ ကိုလက်စထရောတွေ ပါဝင်ခြင်းမရှိပါဘူး။

အာလူးမှရရှိနိုင်တဲ့ အာဟာရဓာတ်တွေအကြောင်းကို အသေးစိတ် ဆက်လက်ဖော်ပြပေးသွားပါမယ်။

ဗီတာမင် C နှင့် B6
အာလူးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပါတယ်။ အရွယ်အစားအသင့်အတင့်ရှိတဲ့ U.S. အာလူး (148 grams) တစ်လုံးမှာဆိုရင် ဗီတာမင် C 27 mg ပါဝင်ပြီး နေ့စဥ်လိုအပ်တဲ့ ဗီတာမင်စီပမာဏ၏ ၃၀% ခန့်ပါဝင်နေပါတယ်။ အာလူးစားခြင်းဖြင့် ဗီတာမင် C ရဲ့ကောင်းကျိုးတွေဖြစ်တဲ့ ကိုယ်ခံအားကောင်းမွန်ခြင်းနဲ့ အရေပြားမှာ ကော်လဂျင်ဖွဲ့စည်းတည်ဆောက်ခြင်း စတဲ့အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဗီတာမင် C ပြီးနောက် အာလူးမှာ ဒုတိယအများဆုံးပါဝင်တဲ့ ဗီတာမင်ကတော့ ဗီတာမင် B6 ပဲဖြစ်ပါတယ်။ အာလူးအနေတော်တစ်လုံးမှာ ဗီတာမင် B6 0.2 mg ခန့်ပါဝင်နေပါတယ်။ အာလူးတစ်လုံးစားခြင်းဖြင့် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် B6 ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းခန့် ရရှိမှာဖြစ်ပါတယ်။ ဗီတာမင် B6 ဟာ ရေမှာပျော်ဝင်နိုင်ပြီး ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းတွေရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု လုပ်ငန်းစဥ်တွေအတွက်လည်း အရေးပါတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ စားသုံးလိုက်တဲ့ အစားအစာတွေမှရရှိတဲ့ Amino Acid တွေကို ပရိုတင်းအဖြစ် ဖွဲ့စည်းတည်ဆောက်နိုင်ဖို့အတွက်လည်း ဗီတာမင် B6 ကကူညီပေးပါတယ်။

ပိုတက်စီယမ်၊ ပရိုတင်းနဲ့ သံဓာတ်

အာလူးမှာ ပိုတက်စီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ အနေတော်အာလူးတစ်လုံး (148 gram) မှာ ပိုတက်စီယမ် 620 mg ပါ၀င်ပြီး အာလူးစားသုံးခြင်းဖြင့် တစ်နေ့တာလိုအပ်တဲ့ ပိုတက်စီယမ်ပမာဏရဲ့ ၁၅ ရာခိုင်နှုန်းခန့်ကို ရရှိနိုင်မှာဖြစ်ပြီး အနေတော်ငှက်ပျောသီးတစ်လုံးမှာပါဝင်သည့် ပိုတက်စီယမ် (442 mg) ထက်လည်းပိုများပါသည်။ ပိုတက်စီယမ်ဟာ ကြွက်သားတွေ အလုပ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ပြီးတဲ့အခါ ချွေးဖြင့်ပိုတက်စီယမ်ဓာတ် ဆုံးရှုံးသွားတဲ့အတွက် အမြင့်ဆုံးလှုပ်ရှားမှုပြုလုပ်ရန်အတွက် ပိုတက်စီယမ် ပြန်လည်ဖြည့်တင်းရန် လိုအပ်ပါသည်။

နောက်ထပ်အနေနဲ့ အာလူးမှာ ပရိုတင်း 3 gram, အမျှင်ဓာတ် 2 gram ပါဝင်ပြီး တစ်နေ့တာအတွက် လိုအပ်တဲ့ သံဓာတ် 6% ကိုလည်း ရရှိစေပါတယ်။

ကာဗိုဟိုက်ဒရိတ်
အာလူးတစ်လုံးမှာ ကာဗိုဟိုက်ဒရိတ် 26 mg ခန့်ပါဝင်ပါတယ်။ အာလူးတစ်လုံးစားသုံးခြင်းဖြင့် တစ်နေ့တာလိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏရဲ့ ၉ ရာခိုင်နှုန်းခန့်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ရော စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါ အရေးပါတဲ့ အာဟာရဓာတ်ပဲ ဖြစ်ပါတယ်။ အာလူးများများစားသုံးခြင်းဖြင့် ကာဗိုဟိုက်ဒရိတ်လုံလောက်စွာ ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် အရသာရှိပြီး အဟာရဓါတ်ပြည့်ဝတဲ့ အာလူးလေးတွေကို နေ့စဥ်အစားအစာတွေထဲမှာ မပါမဖြစ်ထည့်သွင်းစားသုံးပေးသင့်ပါတယ်။ အာလူးဟာ အရသာကောင်းမွန်ပြီး အာဟာရပြည့်ဝတဲ့အပြင် အာလူးစားသုံးပြီး ကျန်းမာစွာကိုယ်အလေးချိန်လျော့ချနိုင်ပါတယ်။

အာလူးကို လွယ်လွယ်ကူကူနဲ့ အရသာရှိရှိချက်ပြုတ်နိုင်မယ့် နည်းလမ်းများစွာရှိတာကြောင့် တစ်နေ့တစ်မျိုးမရိုးရအောင် ပုံစံအမျိုးမျိုးချက်ပြုတ်စားသုံးကာ အာဟာရဓာတ်တွေကို ရယူလိုက်ကြရအောင်။

U.S. အေးခဲအာလူးလေးတွေဟာ အရည်အသွေးကောင်းမွန်ပြီး သန့်ရှင်းမှုအတွက်လည်း စိတ်ချရပါတယ်။ အခွံခွာထားပြီး လှီးဖြတ်ပြီးသား အာလူးလေးတွေကိုပါ ဝယ်ယူနိုင်တဲ့အတွက် ချက်ပြုတ်တဲ့အခါ အချိန်ကုန်သက်သာပြီး လွယ်ကူလျင်မြန်စေပါတယ်။ U.S. အာလူးလေးတွေကို Capital Hypermarket, City Mart, Ocean Supercenter, Marketplace by City Mart, Grand Twin Mart နဲ့ Makro စတဲ့နေရာတွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ အိတ်ခွံမှာ U.S. origin (Brand: Ligo, Simplot, Mccain) စတဲ့ တံဆိပ်အမှတ်အသားတွေ ပါ၊မပါ စစ်ဆေးဝယ်ယူသင့်ပါတယ်။

U.S. အာလူးလေးတွေအကြောင်း ပိုမိုသိရှိနိုင်ဖို့ potatoesusa-myanmar.com ကို ဝင်ရောက်လေ့လာနိုင်ပါတယ်။
အာလူးချက်ပြုတ်ပုံ Recipes အမျိုးမျိုးအပြင် အာလူးရဲ့ အာဟာရဓာတ်နဲ့ ကောင်းကျိုးတွေကို ပိုမိုလေ့လာနိုင်ဖို့ uspotatogoodness.com မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Previous Post

သင့်ကလေးကို ခြင်မကိုက်​အောင်

Next Post

ကျန်းမာတဲ့ ဘဝနေထိုင်မှု ပုံစံအတွက် ကြွက်သားအားနဲ့ ကိုယ်ခံစွမ်းအားတက်လာဖို့ ပရိုတင်း ရင်းမြစ်တွေနဲ့အတူ သိပ္ပံနည်းကျ လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်ကြည့်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
457
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
383
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
382
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
445
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
327

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Unlock Scientific secrets of Healthy Lifestyle with alternative protein for Muscle strengthen and immunity

ကျန်းမာတဲ့ ဘဝနေထိုင်မှု ပုံစံအတွက် ကြွက်သားအားနဲ့ ကိုယ်ခံစွမ်းအားတက်လာဖို့ ပရိုတင်း ရင်းမြစ်တွေနဲ့အတူ သိပ္ပံနည်းကျ လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်ကြည့်ခြင်း

Cough due to high temperature

အပူများလို့​ ချောင်းဆိုးတာ

Causes of gastrointestinal problems

အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.