Zawgyi
အိမ္က အေမအေဖေတြ အဘိုးအဘြားေတြ က ကေလးေတြေျမးျမစ္ေတြကို ႏြားႏို႔ေသာက္ဖို႔ ေျပာေလ့ရွိၾကပါတယ္။ႏြားႏို႔ေသာက္တာဟာ ခႏၶာကိုယ္ရွိ အ႐ိုးေတြကို သန္စြမ္းခိုင္မာေစၿပီး အရပ္ရွည္ေစလို႔ပါပဲ။
သို႔ေသာ္ တခ်ိဳ႕သူေတြကက် ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြ ေန႔တိုင္းစားေနရင္ တအားဝကာ ဗိုက္ပူလာမလားဆိုၿပီး စိုးရိမ္တတ္ၾကပါတယ္။အထူးသျဖင့္အခုေခတ္မိန္းကေလးေတြဆိုရင္ ပိုလို႔ေတာင္စိတ္ပူတတ္ၾကပါတယ္။ ခႏၶာကိုယ္အလွအပထိန္းသိမ္းခ်င္တဲ့ မိန္းကေလးေတြအေနနဲ႔ အ႐ိုးေတြသန္စြမ္းႀကီးထြားၿပီးအရပ္ရွည္ဖို႔အတြက္ အသားရည္လွဖို႔အတြက္ ႏို႔နဲ႔ႏို႔ထြက္ပစၥည္းမ်ားကို စားသုံးခ်င္ေသာ္လည္း တအားဝလာကာ ဗိုက္ထြက္လာၿပီး အလွပ်က္သြားမလားလို႔ေတြးေၾကာက္တတ္ၾကပါတယ္။
ဒီအတြက္လုံးဝမစိုးရိမ္ပါနဲ႔။သတင္းေကာင္းရွိပါတယ္။
ဟားဗတ္တကၠသိုလ္ကေန သုေတသနျပဳလုပ္ထားတဲ့စာတမ္းအရ တရက္မွာ ႏို႔ထြက္ပစၥည္း အနည္းဆုံး ႏွစ္ႀကိမ္စားတယ္ဆိုရင္ ဗိုက္အဆီေတြ သိသိသာသာေလ်ာ့က်ေစႏိုင္ပါတယ္တဲ့။
စစ္တမ္းေကာက္ယူထားခ်က္ေတြအရ ႏို႔ထြက္ပစၥည္း တရက္ကို ႏွစ္ႀကိမ္စားသုံးသူေတြဟာ တလတခါသာ စားသုံးသူေတြထက္ ၃၇ ရာခိုင္ႏႈန္း ဗိုက္အဆီေလ်ာ့က်ေနတာကို ေတြ႕ရွိရပါတယ္။
ႏြားႏို႔ဟာ လူေတြရဲ႕ခါးအ႐ြယ္အစားေပၚ ေကာင္းေသာသက္ေရာက္မႈမ်ားစြာရွိႏိုင္တဲ့အစားေသာက္ျဖစ္ပါတယ္။
ေန႔တိုင္းႏြားႏို႔ေသာက္တဲ့သူေတြဟာ ေရရွည္မွာ ဗိုက္အဆီသိသိသာသာ နည္းလာႏိုင္ပါတယ္။
အျခားႏို႔ထြက္ပစၥည္းေတြကို ေျပာရရင္ေတာ့ ဒိန္ခ်ဥ္ပါ။အခုေခတ္မွာ ဒိန္ခ်ဥ္ကို ကိုယ္အေလးခ်ိန္ေလ်ာ့က်ဖို႔ဆိုၿပီး စားသုံးတဲ့သူေတြမ်ားလာပါတယ္။
ဒါေၾကာင့္အဆုံးသတ္အေနနဲ႔အႀကံေပးလိုတာက ခႏၶာကိုယ္အလွအပ ထိန္းသိမ္းေသာ အမ်ိဳးသမီးမ်ားအေနနဲ႔လည္း ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြကိုစားရင္ ဝၿပီးဗိုက္ပူလာမွာ ကိုမစိုးရိမ္ပဲစိတ္ခ်လက္ခ်စားသုံးၾကပါ။ႏို႔နဲ႔ႏို႔ထြက္ပစၥည္းမ်ားကို မၾကာခဏစားေပးျခင္းျဖင့္ စိတ္ၾကည္လင္ၿပီး အားအင္ေတြလည္း တိုးလာႏိုင္ပါေၾကာင္း အႀကံျပဳလိုက္ရပါတယ္။
Dr 528
Unicode
အိမ်က အမေအဖေတွေ အဘိုးအဘွားတွေ က ကလေးတွေမြေးမြစ်တွေကို နွားနို့သောက်ဖို့ ပြောလေ့ရှိကြပါတယ်။နွားနို့သောက်တာဟာ ခန္ဓာကိုယ်ရှိ အရိုးတွေကို သန်စွမ်းခိုင်မာစေပြီး အရပ်ရှည်စေလို့ပါပဲ။
သို့သော် တချို့သူတွေကကျ နို့နဲ့နို့ထွက်ပစ္စည်းတွေ နေ့တိုင်းစားနေရင် တအားဝကာ ဗိုက်ပူလာမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။အထူးသဖြင့်အခုခေတ်မိန်းကလေးတွေဆိုရင် ပိုလို့တောင်စိတ်ပူတတ်ကြပါတယ်။ ခန္ဓာကိုယ်အလှအပထိန်းသိမ်းချင်တဲ့ မိန်းကလေးတွေအနေနဲ့ အရိုးတွေသန်စွမ်းကြီးထွားပြီးအရပ်ရှည်ဖို့အတွက် အသားရည်လှဖို့အတွက် နို့နဲ့နို့ထွက်ပစ္စည်းများကို စားသုံးချင်သော်လည်း တအားဝလာကာ ဗိုက်ထွက်လာပြီး အလှပျက်သွားမလားလို့တွေးကြောက်တတ်ကြပါတယ်။
ဒီအတွက်လုံးဝမစိုးရိမ်ပါနဲ့။သတင်းကောင်းရှိပါတယ်။
ဟားဗတ်တက္ကသိုလ်ကနေ သုတေသနပြုလုပ်ထားတဲ့စာတမ်းအရ တရက်မှာ နို့ထွက်ပစ္စည်း အနည်းဆုံး နှစ်ကြိမ်စားတယ်ဆိုရင် ဗိုက်အဆီတွေ သိသိသာသာလျော့ကျစေနိုင်ပါတယ်တဲ့။
စစ်တမ်းကောက်ယူထားချက်တွေအရ နို့ထွက်ပစ္စည်း တရက်ကို နှစ်ကြိမ်စားသုံးသူတွေဟာ တလတခါသာ စားသုံးသူတွေထက် ၃၇ ရာခိုင်နှုန်း ဗိုက်အဆီလျော့ကျနေတာကို တွေ့ရှိရပါတယ်။
နွားနို့ဟာ လူတွေရဲ့ခါးအရွယ်အစားပေါ် ကောင်းသောသက်ရောက်မှုများစွာရှိနိုင်တဲ့အစားသောက်ဖြစ်ပါတယ်။
နေ့တိုင်းနွားနို့သောက်တဲ့သူတွေဟာ ရေရှည်မှာ ဗိုက်အဆီသိသိသာသာ နည်းလာနိုင်ပါတယ်။
အခြားနို့ထွက်ပစ္စည်းတွေကို ပြောရရင်တော့ ဒိန်ချဉ်ပါ။အခုခေတ်မှာ ဒိန်ချဉ်ကို ကိုယ်အလေးချိန်လျော့ကျဖို့ဆိုပြီး စားသုံးတဲ့သူတွေများလာပါတယ်။
ဒါကြောင့်အဆုံးသတ်အနေနဲ့အကြံပေးလိုတာက ခန္ဓာကိုယ်အလှအပ ထိန်းသိမ်းသော အမျိုးသမီးများအနေနဲ့လည်း နို့နဲ့နို့ထွက်ပစ္စည်းတွေကိုစားရင် ဝပြီးဗိုက်ပူလာမှာ ကိုမစိုးရိမ်ပဲစိတ်ချလက်ချစားသုံးကြပါ။နို့နဲ့နို့ထွက်ပစ္စည်းများကို မကြာခဏစားပေးခြင်းဖြင့် စိတ်ကြည်လင်ပြီး အားအင်တွေလည်း တိုးလာနိုင်ပါကြောင်း အကြံပြုလိုက်ရပါတယ်။
Dr 528