fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 357 Total Cases
😥 6 Deaths
😇 305 Recovered

ပိန္နဲသီးအကြောင်းသိကောင်းစရာ

ပိန္နဲသီးကို အင်္ဂလိပ်လို jackfruit လို့ခေါ်ပါတယ်။ရုက္ခဗေဒနာမည်ကတော့ Artocarpus heterophyllus ဖြစ်ပါတယ်။

နှစ်ရှည်ခံ သီးနှံပင် အမျိုးအစား ဖြစ်ပြီး၊ အိန္ဒိယနိုင်ငံ တောင်ဘက်ပိုင်းတွင် စတင်ပေါက်ရောက် ခဲ့ကြတယ်လို့ သမိုင်းမှတ်တမ်းများအရသိရပါတယ်။

အပင်ကြီးပေါ်တွင် သီးသောအသီးအမျိုးအစားများအနက် အရွယ်အစားအကြီးဆုံးဖြစ်သည်။ ပိန္နဲသီးတလုံးလျှင် ၁၀ပေါင်မှ ပေါင်၁၀၀ထိ အလေးချိန်ရှိနိုင်ပြီး အရသာမှာ ချိုသောအရသာရှိသည်။

ပိန္နဲသီးတွင် အခြေံအားဖြင့် အမာသီး(အကြွပ်သီး) နှင့် အပျော့သီး ဆိုပြီး နှစ်မျိုးရှိပါတယ်။

အချိုရည်များ အိုင်ထွန်းသော ဝါးလိုက်ရင် အသား ကျွတ်ဆတ်ဆတ် အမာသီး(အကြွပ်သီး)ကို ပို၍လူကြိုက်များပါတယ်။

ချွဲကျိကျိနဲ့စုပ်စားရတဲ့အပျော့သီးကိုတော့ ကြိုက်တဲ့သူနည်းပါတယ်။

ပိန္နဲသီးကို ကျွန်တော်တို့မြန်မာနိုင်ငံမှာ အချိုပွဲသစ်သီးအနေနဲ့စားသုံးတာအပြင် အသီးနုနုကို အကွင်းအကွင်းလေးတွေလှီးပြီး ပြုတ်ကာ ငပိရည်နဲ့တို့စားတာ၊ချဉ်ရည်ဟင်းချက်စားတာ၊သို့မဟုတ် အသားဟင်းတခုခုနဲ့ဆီပြန်ချက်စားတာတွေလုပ်ကြပါတယ်။

ပိန္နဲသီးကိုယိုထိုးပြီးစားတာ၊အခြောက်လှမ်းပြီး ကြော်စားတာလည်းရှိပါတယ်။ (ကုန်တိုက်တွေမှာ ပိန္နဲသီးခြောက်ကြော် အထုတ်လေးတွေရှိပါတယ်)။

ပိန္နဲသီးသည် အသားကိုသာမက အစေ့ကိုပါ ပြုတ်စား၊ဖုတ်စား လို့ရသော အသီးမျိုးဖြစ်ပါတယ်။

ပိန္နဲသီးမှာ ပရိုုတိန်း ( proteins )၊ ကာဘိုဟိုက်ဒြိတ် ( carbohydrates )၊ အဆီဓါတ်(Fat)၊ အမျှင်ဓါတ်၊ ရေဓါတ်၊
ဗီတာမင်နဲ့ သတ္ထုဓါတ်တို့ များပြားစွာပါဝင်တဲ့အတွက် လူသားတွေရဲ့ကျန်းမာရေးကိုလည်း အထောက်အကူများစွာပြုပါတယ်။

ပိန္နဲသီးထဲတွင် အသီးအနှံမှရရှိသော ဖရက်တို့စ် နှင့် ဆူးခရို စ့်(ခေါ်)သဘာဝ သကြား ဓာတ်များပါ ရှိသောကြောင့် ပိန္နဲသီးစားပြီးသည် နှင့် တပြိုင်နက် သိသိ သာသာခွန်အား တိုးပွားလာစေနိုင်ပါတယ်။

ပိန္နဲသီးမှာပါတဲ့အမျှင်ဓါတ်ဟာ ဝမ်းချုပ်ခြင်းကို ကင်းဝေးစေပြီး ဝမ်းမှန်စေသောကြောင့် ဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားမှုနှုန်းကိုလျော့ကျစေပါတယ်။

ဗီတာမင်စီနဲ့အီး ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားကိုလည်းကောင်းစေပြီး အသားအရေကိုစိုပြေဝင်းပစေနိုင်ပါတယ်။

ပိန္နဲသီးထဲတွင် မဂ္ဂနီဆီယမ်ဓာတ်ပေါကြွယ်ဝခြင်းကြောင့်၊ ကယ်လ်စီယမ်စုပ် ယူခြင်းကို အားပေးသည့့် အတွက် အရိုးများကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်

ပိုတက်ဆီယမ်ဓါတ်လည်းကြွယ်ဝတာကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်စေကာ၊ ရုတ်တရက် သွေးတက်ခြင်း/ကျခြင်းတို့ ဖြစ်ပွားနိုင်မှုကိုလျော့နည်းစေကာ နှလုံးကျန်းမာဖို့အတွက် အထောက်ကူပြုပါတယ်။

ဒါ့အပြင် သံဓါတ်ပါရှိသဖြင့် သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ပိန္နဲသီးစေ့ကို ပြုတ်စားပါက ပရိုတင်း၊ပိုတက်စီယမ်၊ကယ်လ်ဆီယမ်နဲ့ သံဓါတ်အာဟာရများအား အသီးစားခြင်းထက် ပိုမိုရရှိနိုင်ပါတယ်လို့ စာတမ်းတခုကရေးသားဖော်ပြထားပါတယ်။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ပိန္နဲသီးသည် သကြားဓါတ်ပါဝင်မှုများပြီး ချိုတဲ့အတွက် ဆီးချိုရောဂါသည်များမစားသင့်ပါဘူး။

ပိန္နဲသီးစားပါက အထူးသဖြင့် အမာသီး(အကြွပ်သီး)စားပါက သေချာကြေညက်အောင်ဝါးစားပေးပါ။အားပါးတရနဲ့သိပ်မဝါးဘဲစားပါက အစာမကြေဘဲ ရင်ပြည့်ရင်ကယ်ဖြစ်နိုင်ပါတယ်။

အစာအိမ်ရောဂါအခံရှိသူများအနေနဲ့ အများကြီးမစားသင့်ပါ။

Dr 528

ဆက်စပ် ဆောင်းပါးများ