ပါးစပ်ခါးခြင်း
ပါးစပ်ထဲခါးသပ်သပ်နဲ့ ဘယ်လိုကြီးမှန်း မသိပါဘူးဆိုသော ခံရခက်တဲ့ဝေဒနာတစ်ခုကို ခံစားရဖူးပါသလား။ ခါးသောအရသာရှိတဲ့ အစားအသောက်ကို စားသောက်၍ ခါးလျှင်ပြဿနာမရှိပေမယ့် အဆိုပါ ခါးစေသော အစားအသောက်များမစားသောက်ပဲ အမြဲပါးစပ်ထဲ ခါးသပ်နေခဲ့လျှင် ပုံမှန်မဟုတ်ဘဲ ရောဂါအခြေအနေတစ်ခုခုကြောင့်ဖြစ်နိုင်တယ်ဟု ဆိုလိုနိုင်ပါတယ်။
(1) ဖြစ်စေနိုင်သောအကြောင်းရင်းများ
ပါးစပ်ခါးခြင်းသည် ကြီးမားသော ပြဿနာတစ်ရပ်ဟု ဆိုနိုင်ဖွယ်မဟုတ်ပေမယ့် နေ့စဉ်လူပ်ရှားမှုကို စိတ်အနှောက်အယှက်ဖြစ်စေပြီး အစားအသောက်အရသာ ပျက်စေပါတယ်။
– ပါးစပ်ပူရောဂါ
ပါးစပ်တခုလုံးဖြစ်စေ တစ်စိတ်တပိုင်းဖြစ်စေ နာကျင်ပူစပ်ပါက ပါးစပ်ခြောက်သွေ့ပြီး ခါးသပ်သပ်အရသာကို ခံစားရနိုင်ပါတယ်။ အမျိုးသား၊ အမျိုးသမီးရော ဖြစ်နိုင်ပြီး အမျိုးသမီးများသည် သွေးဆုံးခါနီးနှင့် သွေးဆုံးပြီးစအချိန်တွေမှာ ခံစားရနိုင်ပါတယ်။ ဆီးချို၊ ကင်ဆာကုသမှုများနှင့် ဟော်မုန်းအပြောင်းအလဲများကြောင့် အာရုံကြောပျက်ဆီးကာ အဆိုပါလက္ခဏာများ ခံစားရရှိနိုင်ပါတယ်။
– ကိုယ်ဝန်ဆောင် အမျိုးသမီးများ
ကိုယ်ဝန်ဆောင်စဉ် ဟော်မုန်းအပြောင်းအလဲကြောင့် အရသာခံအဖုလေးများ ပြောင်းလဲကာ ပါးစပ်ခါးသပ်မူကို ခံစားရလေ့ရှိပါတယ်။ မွေးဖွားပီးနောက် သက်သာသွားတတ်ပါတယ်။
– အာခြောက်ခြင်း
တံထွေးထွက်ခြင်း ပျက်ဆီးပါက အာခြောက်ကာ ပါစပ်ခါးတတ်ပါတယ်။ အသက်ကြီးခြင်း၊ ဆေးဝါးများ၊ ဆေးလိပ်သောက်ခြင်းတို့ကြောင့် တံထွေးထွက်မှု ပျက်ဆီးစေပါတယ်။ ထိုအခါမျိုးတွင် အာခြောက်ကာ သွားဖုံးများ ရောင်ရမ်းလာတတ်ပါတယ်။
– အက်ဆစ်ပြန်ခြင်း
အစာမျိုပြွန်အဝ ကြွက်သားအားနည်းလျှင် အက်ဆစ်အထက်သို့ ဆန်တက်ကာ ပါးစပ်ခါးခြင်း ဖြစ်စေပါတယ်။ အခြားသော ရင်အောင့်ခြင်း၊ မျိုချရခက်ခြင်းနှင့် ချောင်းခြောက်ဆိုးခြင်းစသည်တို့ ဖြစ်နိုင်ပါတယ်။
– ဆေးဝါးများ
အချို့သောဆေးဝါးများသည် ပါးစပ်ခါးသော အရသာဖြစ်စေပါတယ်။ အချို့ပိုးသတ်ဆေးများ၊ အားဆေးများ
– ပိုးကူးစက်ခြင်း
ဖျားသောအခါ အချို့ဆဲလ်မှထွက်သော ပရိုတင်းဓာတ်သည် အရသာအဖုလေးများကို ပြောင်းလဲစေပါတယ်။ ထို့ကြောင့် အဖျားသွေးရှိသောအခါ ပါးစပ်ခါးတတ်ပါတယ်။
– ကင်ဆာကုထုံးများ
ဓာတ်ကင်ခြင်းနှင့် ဆေးသွင်းခြင်းကြောင့် အရသာအဖုပျက်ဆီးကာ ပါးစပ်ခါးသပ်တတ်ပါတယ်။
(2) သက်သာစေသောအိမ်တွင်းပြုလုပ်နည်းများ
– ရေများများသောက်ပါ
– ပီကေဝါးပါ
– သွားတိုက်ပါ
(3) ကုသနည်းများ
ဖြစ်စေသေ ာအကြောင်းရင်းပေါ်မူတည်၍ ရေရှည်ကုသမှု ခံယူရန် အရေးကြီးပါတယ်။ ဖြစ်လာပါက ရောဂါအကြောင်းရင်းကို ရှာဖွေပါ။ ဆီးချိုကြောင့်ဖြစ်ပါက ဆီးချိုကိုကုသပါ။
Dr. Pyae Shin