fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 357 Total Cases
😥 6 Deaths
😇 305 Recovered

ကျန်းမာအောင် ရေဘယ်လိုချိုးမလဲ 

ကျန်းမာအောင် ရေဘယ်လိုချိုးမလဲ

နေ့စဉ်ရေချိုးခြင်းသည် ကိုယ်ခန္ဓာသန့်ရှင်းဖို့အတွက် တစ်ခုတည်းမဟုတ်ပါ။ ရေချိုးခြင်းသည် ရောဂါအချို့အတွက် ကုထုံးတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ရေချိုးခြင်းသည် စိတ်ရော ကိုယ်ပါ ကျန်းမာလန်းဆန်းမႈ ရရှိစေနိုင်ပါတယ်။

ရေပူဖြစ်စေ ရေအေးဖြစ်စေ ချိုးပါက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများပါတယ်။ ရေပူစိမ်ခြင်းကို သဘာဝရေပူစမ်းထွက်သော နေရာများတွင် တကူးတကသွားရောက် စိမ်လေ့ရှိကြပါတယ်။ ရေခဲရေနှင့် ချိုးခြင်းကို အပြေးသမားအားကစားမောင်မယ်များအတွက် ကြွက်သားနာကျင်မႈ သက်သာစေရန် ပြုလုပ်နိုင်ပါတယ်။

 

ရေချိုးခြင်းကြောင့်ရရှိနိုင်သော အကျိုးကျေးဇူးများမှာ

(1) နှလုံးကျန်းမာရေး

ရေချိုးခြင်းကြောင့် နှလုံးရောဂါရှိသူ အချို့သည် အပူချိန်မြင့်နိုင်ပြီး နှလုံးအတွက် မလိုလားအပ်သော ပြႆနာဖြစ်နိုင်သော်လည်း နဂို နှလုံးကျန်းမာသူတဦးအနေဖြင့် ရေချိုးပါက နှလုံးစည်းချက်မှန်ခုန်စေပြီး နှလုံးကျန်းမာစွာ အလုပ်လုပ်နိုင်ပါလိမ့်မယ်။ သွေးလည်ပတ်မႈ အားကောင်းစေပြီး သွေးပေါင်ကျစေကာ နှလုံးစွမ်းဆောင်မႈ တိုးတက်စေနိုင်ပါတယ်။

(2) အဆုတ်

ရေထဲတွင် တကိုယ်လုံးစိမ်ပြီး ခေါင်းဖော်ရုံရေစိမ်ချိုးပါက အဆုတ်ရဲ့ စွမ်းဆောင်မႈကောင်းစေကာ အောက်ဆီဂျင်ရရှိမႈ ပိုစေပါတယ်။ ရေနွေးနွေးနှင့် စိမ်ပါက နှလုံးခုန်မြန်စေကာ အောက်ဆီဂျင်ပိုရ၍ အဆုတ်ကို ရှင်းလင်းစေပါတယ်။ သဘာဝရေအေးဖြင့် ချိုးပါက အဆုတ်ကို ပိုးကူးစက်မႈမှ လျော့ချပေးပါတယ်။ ရေကူးခြင်းကြောင့် အဆုတ်ကို ပိုမိုကျန်းမာစေပါတယ်။

(3) ဦးနှောက်

ရေစိမ်ချိုးခြင်းကြောင့် နာကျင်ရောင်ရမ်းကိုက်ခဲမႈသက်သာစေကာ စိတ်ဖိဆီးမႈဒဏ်ကို လျော့ချပေးပါတယ်။ စိတ်ချမ်းသာမႈရှိစေကာ ဦးနှောက်ကို ဖြေလျော့မႈကို ဖြစ်စေနိုင်ပါတယ်။ ရေချိုးခြင်းသည် အာရုံကြောရောဂါအတွက် ကျောရိုးတောင့်တင်းမႈဝေဒနာကို ကုစားပေးပါတယ်။ ပါကင်ဆန်ရောဂါ ခံစားနေရသူများအတွက် ရေစိမ်ခြင်းသည် စိတ်တည်ငြိမ်မႈကို ပေးပါတယ်။

(4) အရိုး၊ အဆစ်နှင့် ကြွက်သား

ရေစိမ်ပြီး လေ့ကျင့်ခန်းလုပ်ပေးပါက အရိုးအဆစ်ကြွက်သားများအတွက် အထူးသင့်တော်ပါတယ်။ အသက်ကြီးသူများ အလွယ်တကူအရိုးကျိုးခြင်းနှင့် အရိုးပွရောဂါများ သက်သာစေပါတယ်။ ကြွက်သားတောင့်တင်းမႈ၊ ဇာတ်ကြောတက်ခြင်းစသည်တို့ သက်သာစေနိုင်ပါတယ်။

(5) အစာအိမ်နှင့် အူလမ်းကြောင်း

ရေနွေးနှင့်ချိုးခြင်းသည် လိပ်ခေါင်းနှင့် စအိုကွဲနာအတွက် နာကျင်မႈကို သက်သာစေပါတယ်။ အပူချိန်ကြောင့် စအိုဝကျုံ့ဆန့်မႈပြေလျော့ကာ အနာအမြန်ကျက်စေပါတယ်။ အစာစားပြီးနောက် ရေပူချိုးခြင်းကိုတော့ မပြုလုပ်သင့်ပါ။ ရေချိုးခြင်းသည် အစာခြေဖျက်မႈ အားကောင်းစေပါတယ်။

(6) ကလေးမွေးဖွားရ လွယ်ကူခြင်း

ကလေးမွေးဖွားစဉ် မွေးဖွားမႈ ပထမအဆင့်တွင် ရေနွေးစိမ်ပါက နာကျင်မႈ သက်သာစေပါတယ်။ မွေးဖွားရလွယ်ကူစေပါတယ်။ ရေစိမ်ခြင်းကြောင့် မိခင်ရောကလေးပါ ဆိုးကျိုးမရှိပါ။ မီးဖွားပြီးနောက် သဘာဝဆေးမြစ်များစိမ်ကာ ရေချိုးခြင်းကြောင့် အနာကျက်မႈ မြန်စေပါတယ်။ စိတ်ကြည်လင် လန်းဆန်းစေပါတယ်။

(7) ကိုယ်ခံအားကောင်းစေရန်

ရေနွေးနှင့် ရေချိုးခြင်းသည် သွေးလည်ပတ်မႈကောင်းစေပြီး ပိုးမွှားကူးစက်မႈကို ကာကွယ်ကာ ကိုယ်ခံအားတက်စေပါတယ်။ အအေးမိ နှာစေးခြင်း သက်သာစေပါတယ်။

(8) ဟော်မုန်းများ ထိန်းညှိပေးခြင်း

ရေအေးစိမ်ခြင်းသည် အချို့အစာအသောက်ပျက်သော ရောဂါများနှင့် ကလေးမရခြင်းပြႆနာများကို သက်သာရန် အထောက်အကူ ပြုပါတယ်။ ရေနွေးစိမ်ခြင်းသည် စိတ်ပျော်ရွှင်မႈဖြစ်စေသော serotonin ဟော်မုန်းပမာဏကို တိုးစေပါတယ်။

(9) အသားအရေ၊ ဆံပင်

ရေနွေးစိမ်ခြင်းဖြင့် ချွေးပေါက်များပွင်ကြာ အသားအရေအစိုဓာတ်ကို ထိန်းပေးပါတယ်။ အသားအရေကြည်လင်စေပါတယ်။ ရေအေးဖြင့် ချိုးပါက ချွေးထွက်မႈကို သက်သာစေပါတယ်။ အဆီအဖုထွက်မႈကို သက်သာစပါတယ်။ အရေပြားယားယံမႈကို သက်သာစေပါတယ်။

(10) ကိုယ်အပူအချိန်

ရေချိုးခြင်းသည် ကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးပါတယ်။ နွေရာသီတွင် ရေချိုးပေးပါက
လန်းဆန်းမႈပေး၍ ကိုယ်အပူချိန်မြင့်တက်မႈကို လျော့ချပေးပါတယ်။ ဆောင်းရာသီတွင်
ရေနွေးချိုးပေးပါက အနွေးဓာတ်ရ၍ လန်းဆန်းမႈ အသားအရေခြောကိသွေ့မႈ သက်သာစေပါတယ်။

ထို့ကြောင့် ရေကို နေ့စဉ်ပုံမှန်ချိုးပေးပါက စိတ်ရော ကိုယ်ပါ လန်းဆန်းကျန်းမာ၍ ကောင်းကျိုးများ ခံစားရရှိနိုင်ပါလိမ့်မယ်။ ရေမချိုးတဲ့ မိသားစုဝင်အချင်းချင်း ချိုးရန်သတိပေးလိုက်ပါ။

Dr. ပြည့်ရှင်း

ဆက်စပ် ဆောင်းပါးများ