fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

တက်တူးထိုးခြင်းနှင့် ကျန်းမာရေး

376
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/09/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

 

တက်တူးထိုးတယ်ဆိုတာ ကိုယ်ကြိုက်နှစ်သက်တဲ့ရုပ်ပုံ သို့မဟုတ် စာသားကို ကိုယ့်ခန္ဓာကိုယ်အရေပြားပေါ်မှာ အသက်ရှင်နေသမျှကာလပတ်လုံးစွဲမြဲနေစေရန် အပ်သုံးပြီး တာရှည်ခံရောင်ခြယ်ဆေးတွေကို အရေပြားအပေါ်လွှာ(Epidermis) ရဲ့ အောက်အလွှာဖြစ်တဲ့ (Dermis) အလွှာထဲထိုးသွင်းကာ ပုံဖော်ရေးသားခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ပြောရရင် တက်တူးထိုးတယ်ဆိုတာဟာ ရှေးဘုရင်ခေတ်ကတည်းကရှိခဲ့တဲ့ဓလေ့တခုဖြစ်ပါတယ်။ ရှေးတုန်းကခေါ်တာကတော့ ဆေးမှင်ရည်စုတ်ထိုးတာ သို့မဟုတ် ထိုးကွင်းမင်ကြောင်ထိုးတာလို့ခေါ်ကြပါတယ်။

ကိုလိုနီခေတ်မှာတော့ ဆေးမင်ကြောင်ထိုးတဲ့ဓလေ့ဟာမှေးမှိန်သွားခဲ့ပါတယ်။

အခု ၂၁ ရာစုမှာတော့ တက်တူးထိုးတာဟာ တစ်ကမ္ဘာလုံးအနေနဲ့ ခေတ်စားလာပြီး အနုပညာရပ်တစ်ခုအနေနဲ့တောင် လူအတော်များများက လက်ခံလာကြပါတယ်။

အမျိုးသားတွေသာမက အမျိုးသမီးတွေပါ တက်တူးထိုးလာကြသလို အများပြည်သူကို ဖျော်ဖြေရတဲ့ အနုပညာရှင်တွေဖြစ်တဲ့ မင်းသားတွေ၊ အဆိုတော်တွေလည်း တက်တူးထိုးလာကြပါတယ်။

အခုနောက်ပိုင်း မျက်ခုံးမွှေးမလှသူများအတွက် မျက်ခုံးမွှေးတက်တူး၊ ထိပ်ပြောင်တဲ့အမျိုးသားများအတွက် ဆံပင်တက်တူးဆိုတာတွေတောင်ပေါ်လာပါတယ်။

ခုခေတ် တက်တူးထိုးရတဲ့အကြောင်းရင်းအနေနဲ့ကလည်း

  • အရေပြားအနုပညာလို့ခေါ်တဲ့ တက်တူးအပေါ်မှာ အရမ်းကိုနှစ်ခြိုက်စွဲလန်းရူးသွပ်လို့ထိုးတာ၊ အလှအနေနဲ့ထိုးတာ၊ တစ်စုံတစ်ယောက်ကိုလေးစားလို့ သို့မဟုတ် ချစ်မြတ်နိုးလို့ သူ့ပုံ သို့မဟုတ် နာမည်ကို အမှတ်တရအနေနဲ့ထိုးတာ၊ လူတွေကိုယ့်ကိုမြင်ရင် ရှိန်အောင်၊ ကြောက်အောင် ဆိုပြီး ထိုးတာ၊ အပေါင်းအသင်းတွေက မြှောက်ပေးလို့၊ အဆွယ်ကောင်းလို့ ထိုးမိတာ စသဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်။

ဘယ်လိုအကြောင်းနဲ့ပဲ တက်တူးထိုးထိုး၊ တက်တူးထိုးတယ်ဆိုတာဟာ အပ်သုံးပြီး တာရှည်ခံရောင်ခြယ်ဆေးတွေကို အရေပြားအပေါ်ယံအလွှာအောက်ထဲထိုးသွင်းတာဖြစ်လို့ ကျန်းမာရေးရှုထောင့်က ကြည့်ရင် ဆိုးကျိုးတွေရှိပါတယ်။

ပထမဆုံးအချက်အနေနဲ့ပြောရရင် တက်တူးထိုးရာမှာ သုံးတဲ့အပ်ပါ။

သုံးတဲ့အပ်က မသန့်ရင် တက်တူးထိုးရာကနေတဆင့် အိတ်အိုင်ဗွီပို၊း ဘီပိုး၊ စီပိုး စတဲ့ရောဂါပိုးတွေဝင်ရောက်ကူးစက်နိုင်ပါတယ်။

တချို့တက်တူးထိုးပေးတဲ့သူတွေက တစ်ခါသုံးအပ်ကိုမသုံးဘဲ၊ ထိုးပြီးသားအပ်ကိုဆေးရည်စိမ်ပြန်သုံးတာမျိုးတွေရှိပါတယ်။ ဒါဟာ အန္တရာယ်များပါတယ်။

ဒုတိယအချက်အနေနဲ့ကတော့ တက်တူးထိုးပေးတဲ့နေရာပါ။

တက်တူးထိုးပေးတဲ့နေရာက မသန့်ရှင်းရင် သို့မဟုတ် တစ်ယောက်ထိုးပြီးတိုင်း သေချာပိုးသတ်သန့်ရှင်းရေးလုပ်တဲ့နေရာမျိုးမဟုတ်ရင်လည်း တက်တူးထိုးရာကတဆင့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်စတဲ့ရောဂါပိုးတွေဝင်ရောက်ကူးစက်ကာ မေးခိုင်ရောဂါဖြစ်တာ၊ အသည်းရောင်အသားဝါဖြစ်တာ၊ တက်တူးထိုးတဲ့နေရာက ပြည်တည်ပြီးရောင်ရမ်းတာ စသဖြင့် ဖြစ်နိုင်ပါတယ်။

တက်တူးထိုးပေးတဲ့နေရာ သို့မဟုတ် အခန်းကို တစ်ယောက်ထိုးပြီးတိုင်းမှာ သေချာသန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ဖို့လိုပါတယ်။

တတိယအချက်အနေနဲ့ကတော့ တက်တူးထိုးရာမှာ အသုံးပြုရတဲ့တာရှည်ခံမှင်ပါ။ ထိုတာရှည်ခံမှင်တွေမှာ ဓါတုဒြပ်ပေါင်းတွေများစွာပါဝင်နေတဲ့အတွက် ခန္ဓာကိုယ်အတွက်အဆိပ်တောက်ဖြစ်စေကာ ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။

အချို့သောသုတေသနတွေအရဆိုရင် တက်တူးထိုးတဲ့မှင်တွေဟာ အရေပြားဓါတ်မတည့်မှုတွေဖြစ်စေရုံသာမက ကင်ဆာရောဂါဖြစ်စေနိုင်တဲ့အထိကို အန္တာရယ်ဖြစ်နိုင်တယ်လို့ သိရပါတယ်။

တက်တူးထိုးခြင်းဟာ ကျန်းမာရေးအရကြည့်မယ်ဆိုရင် အသားလည်းနာတဲ့အပြင် ရနိုင်တဲ့ဆိုးကျိုးတွေကလည်းများတဲ့အတွက် တက်တူးအပေါ်မှာ အရမ်းကို ရူးသွပ်နှစ်ခြိုက် စွဲလန်းနေတာမဟုတ်ရင် မထိုးတာအကောင်းဆုံးပါ။

အကြောင်းကြောင်းကြောင့် တက်တူးထိုးတော့မယ်လို့ ဆုံးဖြတ်ပြီးရင်လည်း ဘုရားပွဲဈေးလိုနေရာမျိုးမှာမထိုးပါနဲ့။

ကျန်းမာရေးအတွက်ဆိုးကျိုးနည်းအောင် သန့်ရှင်းတဲ့တက်တူးထိုးအခန်းရှိသော၊ လုပ်တာကိုင်တာစနစ်တကျသော၊ တစ်ခါသုံးအပ်ကိုသာသုံးသော၊ တက်တူးထိုးပြီးတိုင်းမှာလည်း တက်တူးထိုးအခန်းနဲ့ထိုးတဲ့ကိရိယာတွေကို သေချာသန့်ရှင်းလုပ်သော နာမည်ကောင်းရ တက်တူးထိုးတဲ့ဆိုင် (Tatoo Studios) များကို သေချာစုံစမ်းပြီး ထိုးပါလို့ အကြံပြုချင်ပါတယ်။

Dr. 528

Previous Post

ကလေးငယ်များနဲ့ ကိုယ်ခံအား

Next Post

ခွေးတောက်အကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

3 years ago
2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

3 years ago
210

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

3 years ago
3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

3 years ago
1.8k

အလွှာခြားတာကောင်းလား?

3 years ago
1.3k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

4 years ago
747

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခွေးတောက်အကြောင်း

ကြက်ဟင်းခါးပင်အကြောင်း သိကောင်းစရာ

ဆေးလိပ်ဖြတ်ရခက်တဲ့ အကြောင်းအရင်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.