မြို့ပြရဲ့ နိစ္စဓူ၀ လူနေမှုအရ နေညိုချိန်ဆို လူတွေလည်း ပျားပန်းခတ်မျှ
ဆိုင်ရာ ဆိုင်ရာ အလုပ်ခွင်မှ မိမိတို့ နေအိမ်ဆီ အစီစီပြန်လျက်ရှိပေသည် ။မီးရောင်
မှိတ်တုတ် မှိတ်တုတ်ကျနေသော လမ်းမထက်မှ အရိပ်နှစ်ခုသည် ဇီဝက ရှိရာ ဆေးခန်းလေးသို့ တစိုက်မတ်မတ် ဝင်လာပေသည်။
“ဆရာ ၊ဆေးခန်းပြချင်လို့ ။ဆရာရှိလား ။”
တပည့်ကျော် အောင်မောင်းက “ဆရာရှိတယ် ။အထဲ ဝင်သွားလိုက် ။” ဟု လောကွတ်ပြုလိုက်သည် ။
ဇီဝက။ ။ လာဟေ့ ။ဝတ်ဆန် ။
ဆိုပါဦး ။လာရင်း ကိစ္စ က။
ဝတ်ဆန်။ ။ ဟောဒီ့ ဖိုးသာထူးပေါ့ ၊ဆရာရေ ။ကိုယ်မှာ အနီစက်ဖုတွေ ပေါ်လာပြီး
ယားနေတာ ၂/၃ ရက်ရှိပြီ ။ဘာဖြစ်တာလဲလို့ ။ခြင်ကိုက်ဖုလား ၊တခြား
ရောဂါတွေဖြစ်နေမှာ စိုးလို့ ၊ဆရာ ။
ဇီဝက ။ ။ မှန်း ၊ကြည့်ရအောင် ။
တခြားဘာဖြစ်သေးလဲ ။ဖျားတာ ၊ချောင်းဆိုးတာ ၊ဝမ်းသွားသွေးပါ ၊အန်
ရင်သွေးပါ တာရှိလား ။
ဝတ်ဆန်။ ။ နည်းနည်းတော့ ကိုယ်ပူလားသလို့ ၊တခြားတော့ ဘာမှမဖြစ်ပါဘူး ။
ဇီဝက ။ ။ သားရေ ၊လာပါဦး ။ဦးဆရာ အဖျားလေးတိုင်းမယ် ။လက်မောင်းပတ်
လေး စစ်ကြည့်ရအောင် ။
စမ်းသပ်ပြီးနောက်
ဇီဝက။ ။ အဖျားသွေးက နည်းနည်းပါပဲ ။သွေးလွန်တုတ်ကွေး ရှိ၊မရှိ လက်မောင်း
ပတ် စစ်တော့လည်း ကောင်းသားပဲ ။
ဆရာ အဖျားကျဆေး ရယ် ၊အယားသက်သာအောင် ဆေးပေးလိုက်
မယ် ။ကလေးကို အညိုရောင် ၊အမဲရောင်စာတော့ မကျွေးနဲ့ဦး။အာဟာ
ရ ရှိတာအကုန်ကျွေး ၊ဟုတ်ပလား ။
ဝတ်ဆန်။ ။ တော်သေးတာပေါ့ ၊ဆရာရယ် ။တော်ကြာ သွေးလွန်တုတ်ကွေးဖြစ်မှာ
စိုးနေတာ ။
ဇီဝက။ ။ အေး ၊သွေးလွန်တုတ်ကွေးနဲ့ တူတဲ့ လက္ခဏာတော့ မရှိဘူး ဟ။
စောင့်တော့ ကြည့်ရမှာပေါ့ ။ကလေးက မလန်းဘူး ၊အစားအသောက်
ပျက် ၊မှိန်းတယ် ။အန်ရင် ၊ဝမ်းသွားရင် သွေးမည်းမည်းပါ ၊ကိုယ်မှာ ခြင်
ကိုက်ဖုလို အနီစက်တွေ အများကြီးပေါ်လာရင် အရေးကြီးတယ် ။
နီးစပ်ရာ ဆေးခန်း ၊ဆေးရုံ သွား ။
ဝတ်ဆန်။ ။ ဒါနဲ့ ဆရာ ၊ညီမ နည်းနည်းမေးချင်လို့ ။
ဇီဝက ။ ။ ရပါတယ် ၊နည်းနည်း မကဘူး အများကြီးမေးလည်း ဆရာဖြေမှာပေါ့ ။
ကဲ ဘာသိချင်တာလဲ ။
ဝတ်ဆန်။ ။ ဒီလို ဆရာ ၊လူကိုု ကိုက်တဲ့ ခြင်က ခြင်ထီးလား ၊ခြင်မလား ဆရာ ။
ဝတ်ဆန်တို့သိတာက ခြင်မ ။ခြင်မဆိုရင် ခြင်မက ဘာလို့ ကိုက်တာ
လဲ ၊ဆရာ ။
ဇီဝက။ ။ မှန်ပါတယ် ၊ခြင်မပဲ လူကို ကိုက်လေ့ရှိတာ ။
ဘာလို့လဲ ဆိုရင် ခြင်မတွေသည် သူတို့ ဥ ဥဖို့ လိုအပ်တဲ့ ပရိုတင်း
ဆိုတဲ့ ဓာတ်ကို လူတွေရဲ့ သွေးကတဆင့် ရလို့ ဟ။
ပုံမှန်အားဖြင့် ခြင်ထီးရော ခြင်မပါ သူတို့အာဟာရအတွက် သစ်ပင်ပန်း
မန်တွေက ဝတ်ရည်ကိုသာ စုပ်ယူကြတယ် ။ဒါကြောင့် ခြင်ထီးတွေက
လူ့သွေးကို မစုပ်တာပေါ့ ။
ဝတ်ဆန်။ ။ ဆရာ ၊ခြင်တွေက ဘယ်နေရာ ဘယ်အချိန်တွေ ပိုကိုက်တတ်လဲ ဟင်။
ကြိုတင် ကာကွယ်လို့ ရအောင်ပေါ့ ။
ဇီဝက။ ။ အများအားဖြင့် မနက်စောပိုင်းတို့ ၊ညဥ့်ဦးပိုင်းတို့ ပိုကိုက်တယ်ကွ ။
ဒါကြောင့်လည်း သူတို့ကို Dawn or Dusk feeder လို့လည်း သုတေ
သီတွေက ခေါ်ကြတယ် ။ အများအားဖြင့် ရေပုတ်ရေသိုး ရှိတဲ့နေရာ ၊
ရေစီးရေလာမကောင်းတဲ့နေရာ ၊ရေတင်ကျန်တဲ့နေရာတွေ တာယာ
ဟောင်း ၊အိုးခွက်အဟောင်းတွေထဲ ၊ဘုရားပန်းအိုး/ချိုးရေ မလဲဘဲ
အကြာကြီးထားထားရင် ၊မှောင်တဲ့နေရာ ၊သစ်ပင် ချုံထူတဲ့နေရာတို့နဲ့
နီးရင် ပိုကိုက်တယ် ။ဘာလို့လဲဆိုရင် ခြင်တွေပေါက်ဖွားတဲ့နေရာမို့လို့
ပေါ့ ။
ဝတ်ဆန်။ ။ ဆရာ ၊ခြင်ကိုက်ပြီးလို့ ရှိရင် ညီမတို့ ဘာလို့ ယားတာတို့ ၊အနီဖုထ
တာတို့ ဖြစ်တာလဲ ဟင် ။
ဇီဝက။ ။ ခြင်တစ်ကောင်က ဆေးထိုးအပ်ပြွန်နဲ့တူတဲ့ ပြွန်ကလေးပေါင်းများစွာနဲ့
လုပ်ထားတဲ့ သူ့ရဲ့ နှာမောင်း proboscis နဲ့ လူရဲ့ အသားထဲကို ဖောက်
ပြီး ကိုက်တာ ။သူ့ရဲ့နှာမောင်းထဲက မှတဆင့် သူ့ရဲ့ တံတွေးကို သွင်း
လိုက်တယ် ဟာ ။ပြီးတော့ လူ့သွေးလည်း စုပ်တယ်ပေါ့ ။သူ့ရဲ့တံတွေး
မှာ သွေးမခဲစေတဲ့ ဓာတ်လည်းပါတယ် ဟာ။ဒါကြောင့် သွေးမခဲတော့
သွေးစုပ်ရ ပိုလွယ်တာပေါ့ ။ပြီးတော့ ထုံစေတဲ့ သဘောလည်း ပါလို့
ချက်ချင်း မနာဘူးပေါ့ ။ပြီးမှ ကိုယ်ထဲမှာ ကျန်ခဲ့တဲ့ ပရိုတင်းဓာတ်ကို ခန္ဓာ
ကိုယ်က ဟစ်စ်တမင်း Histamine ဆိုတဲ့ဓာတ်တွေ ထုတ်ပြီး တုန့်ပြန်
တော့ ရောင်ရမ်းပြီး နာတာ ၊ယားတာ ၊နီရဲပြီး အဖုကလေးတွေ ထကျန်
ရစ်တာပေါ့ ။
ဝတ်ဆန်။ ။ ခြင်ကိုက်ရင် မနေနိုင်အောင် ယားတော့ ဘယ်လို လုပ်ရမလဲ ၊ဆရာ ။
ဇီဝက။ ။ အရေးကြီးတာက ယားရင် မကုတ်ဖို့ပဲ ။ယားလေ ကုတ်လေ နဲ့ အရေ
ပြားမှာ အနာတွေ ဖြစ်လာနိုင်တယ် ။ကယ်လ်မင်း calamine lotion ဆို
တာကို လိမ်းပေးလို့ ရတယ် ။
ဝတ်ဆန် ။ ။ ခြင်တွေက တချို့လူတွေကို ရွေးကိုက်သလားလို့ ။
ဇီဝက ။ ။ မှန်တယ် ဟ။ရွေးကိုက်တတ်တယ် ။ဘာလို့လဲ ဆိုရင်တော့
အကြောင်းအမျိုးမျိုးတော့ ရှိတာပေါ့ ။ အိုသွေးအုပ်စု သမားတွေ၊
အသက်ရှူထုတ်ရာက ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်
ငွေ့တွေ ၊ကိုယ်ဝန်ဆောင်တွေ ၊ကြွက်သားလှုပ်ရှားရာက ထွက်လာ
တဲ့ လက်တစ်အက်ဆစ်တွေ ၊စိုစွတ်နေတဲ့ အရေပြား ၊အရေပြားက
ထွက်တဲ့ အဆီ ၊ပူနွေးနေတဲ့ ခန္ဓာကိုယ် ၊ကိုယ်ခန္ဓာက ထွက်တဲ့ ချွေး
စတာတွေဟာ ခြင်တွေကို ဆွဲဆောင်တယ် ကွ။တချို့ ခြင်တွေက
အနံ့တွေကိုလည်း ကြိုက်တယ် ။ရေမွှေးတို့ ၊ဆပ်ပြာနံ့တို့ပေါ့ဟာ ။
ဝတ်ဆန် ။ ။ ခြင်ကြောင့် ဘာရောဂါတွေ ဖြစ်တတ်လဲ ၊ဆရာ ။
ကျန်းမာရေး အသိလေး တိုးအောင် ပြောပြပါလား ။
ဇီဝက ။ ။ အေးဒီးစ်ခြင်ကြောင့် အဖျားရောဂါတွေဖြစ်တဲ့ သွေးလွန်တုတ်ကွေး ၊
Yellow fever ၊Chikungunya တွေဖြစ်တယ် ။
အနောဖီးလီးစ်ခြင်ကြောင့် ငှက်ဖျားရောဂါတွေ ဖြစ်တယ် ။
ပြီးတော့ ဆင်ခြေထောက်ရောဂါ ၊ဇီက အဖျားရောဂါ ၊West Nile fever
တို့လည်းဖြစ်တတ်တယ် ။အဓိက ကတော့ ကာကွယ်ခြင်းသည် ကုသ
ခြင်းထက် ပိုကောင်းတာပေ့ါ။
ဝတ်ဆန်။ ။ ခြင်မကိုက်အောင် ဘယ်လို ကာကွယ်ရမလဲ ၊ဆရာ ။
ဇီဝက ။ ။ ဖုံး ၊သွန် ၊ခပ် ၊စစ် ၊လောင်း ၊ထောင် ၊လဲ ၊ဖွင့် ၊မြုပ် ၊ရှင်း ၊မှုတ် ရမယ်ဟ
ဖုံး-လှောင်ထားရေတွေကို သေချာ ဖုံးထားရမယ် ။
သွန်-ရေတင်ကျန်နေတာတွေကို သွန်ပစ်ရမယ် ။
ခပ်-ပိုးလောက်လန်းတွေကို ခပ်ပစ်ရမယ် ။
စစ်-ရေကို သေချာစစ်ပြီးမှ သောက်သုံးရမယ်။
လောင်း-ရေမြောင်းထဲတို့ကို ရေနံဆီတို့ လောင်းရမယ် ။
ထောင်-နေ့လည်နေ့ခင်း အိပ်ရင် ခြင်ထောင် ထောင်အိပ်ရမယ် ။
လဲ-ဘုရားသောက်တော်ရေတို့ ၊ပန်းအိုးတို့ ၊ချိုးရေကန်တို့ကို အချိန်
မှန် လဲလှယ်ရမယ် ။
ဖွင့်-နေရောင်ရအောင် ပြတင်းတံခါးတွေကို ဖွင့်ရမယ် ။
မြုပ်-ရေတင်ကျန်နိုင်တဲ့ အိုးခြမ်းပဲ့ ၊တာယာအဟောင်းတွေကို မြေမြုပ်
ပစ်ရမယ် ။
ရှင်း-ခြင်အောင်းနိုင်တဲ့ ခြုံနွယ်ပိတ်ပေါင်းတွေ ၊ပစ္စည်းအဟောင်းတွေ
ကို ရှင်းပစ်ရမယ် ။
မှုတ်-ခြင်မအောင်းနိုင်အောင် ခြင်ဆေးနဲ့ မှုတ်ထုတ်ပစ်ရမယ် ။
ဝတ်ဆန်။ ။ ကျေးဇူးတင်လိုက်တာ ၊ဆရာ ။ခုလို သိချင်တာတွေ ဖြေကြားပေးလို့ ။
ဆရာမှာတဲ့အတိုုင်း လိုက်နာပါ့မယ် ။ပြန်ခွင့်ပြုပါဦးနော် ။
ဇီဝက ။ ။ အေး ၊အေး ။
ပြန်ထွက်သွားသော ဝတ်ဆန်တို့ တူဝရီးကိုကြည့်ရင်း ဖိုးသာထူူး
လေးရဲ့ “ဖုံး ၊သွန် ၊ခပ် ၊စစ် ၊လောင်း ၊ထောင် ၊လဲ ၊ဖွင့် ၊မြုပ် ၊ရှင်း ၊မှုတ်”လို့ ရေရွတ်
သံလေးက ကားလမ်းထက် ပျံ့လွင့်လျက်…
Author – ခေတ်သစ်ဇီဝက