fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

ဗယ်လင်တိုင်းချစ်သူများနှင့် ကျန်းမာရေး

ဗယ်လင်တိုင်း ချစ်သူများနေ့ဟာ ခရစ်ယန်ဘာသာဝင်တွေ (၅) ရာစုကတည်းက တည်ရှိခဲ့တဲ့နေ့ဖြစ်တယ်။ သူတော်စင် ဗယ်လင်တိုင်းက ယင်းနေ့ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ ချစ်သူစုံတွဲတွေကို တိတ်တဆိတ် လက်ထပ်ပေးခဲ့တာလို့ဆိုတယ်။ ယင်းခေတ်ကာလက အာဏာပိုင်တွေက လက်မထပ်နိုင်အောင် တားမြစ်ပိတ်ပင်မှုရှိခဲ့လို့ သူတော်စင် ဗယ်လင်တိုင်းအနေနဲ့ ချစ်သူစုံတွဲတွေ မကွဲကွာစေဖို့ လက်ထပ်စေခဲ့တယ်။

ယနေ့အချိန်မှာ ခရစ်ယန်ဘာသာ မကိုးကွယ်တဲ့ နိုင်ငံရှိ လူငယ်များလည်း ဗယ်လင်တိုင်းနေ့ကို ဆင်နွှဲနေကြတယ်။ ချစ်သူစုံတွဲတွေ အပြန်အလှန် လက်ဆောင်ပေးကြတယ်။ ချစ်သူသက်တမ်းရှည်စေတယ်။ ဗယ်လင်တိုင်းနေ့က ချစ်သူစုံတွဲတွေအတွက် ကြည်နူးစရာနေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဗယ်လင်တိုင်းနေ့ဆိုပြီး ချစ်သူစုံတွဲတွေ လက်ဆောင် အပြန်အလှန် ပေးကြတယ်။ လျှောက်လည်ကြတယ်။ အချို့စုံတွဲတွေကတော့ တည်းခိုခန်းတွေ၊ ဟိုတယ်တွေ၊ နေရာချိတ်ပြီး ပျော်မြူးကြတယ်။ သည်နေ့မှာ ရုတ်တရက် ကိုယ်ဝန်ရှိပါက တားမြစ်ဆေး (Easy two) (72) စတဲ့ ဆေးတွေ၊ လိင်လှုံဆော်ဆေးတွေ၊ အစွပ်တွေရောင်းအာမြှင့်တဲ့ နေ့တစ်နေ့ဖြစ်ခဲ့တယ်။
အမျိုးသမီးတွေ အပျိုစင်ဘ၀ ထိန်းသိမ်းသင့်ပါတယ်။ အမျိုးသမီးရဲ့ အသက်ရှည်ကျန်းမာရေး အပျိုစင်ဘဝကတည်းက လေ့လာလိုက်စားဖို့လိုတယ်။ ဆယ်ကျော်သက်ကာလ ဓမ္မတာလာတဲ့အချိန်ကစလို့ ခန္ဓာကိုယ်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဖွံ့ဖြိုတိုးတက်မှုတွေ ဖြစ်ပေါ်ခဲ့တာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု၊ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ဝတ်စားဆင်ယင်မှုတို့ မြန်မာ့ယဉ်ကျေးမှုနဲ့အညီ တိုးတက်ပြောင်းလဲသွားစေဖို့၊ ပတ်ဝန်းကျင်က ဝိုင်းဝန်းသင်ကြားပေးသင့်တယ်။ မီးယပ်သွေးပေါ်တာ မှတ်တမ်းထားတဲ့ အလေ့အကျင့် လုပ်ပေးရင် မီးယပ်လာချိန် ပုံမှန်ရှိ၊ မရှိသိနိုင်တယ်။ ရက်ကျော်တာနဲ့ ချက်ခြင်းသိလို့ မလိုအပ်ပဲ မှားယွင်းမှုများ (ကိုယ်ဝန်ရုတ်တရက်ရခြင်း တာဆီးနိုင်တယ်။ မီးယပ်မမှန်ခြင်းဟာ အစပိုင်းကာလတွေမှာ ပုံမှန်ဖြစ်နေပြီး ကြာတာနဲ့အမျှ မှန်လာတတ်ပါတယ်။

ဆယ်ကျော်သက် မိန်းကလေတွေဟာ အပျိုစင်ဘ၀ ထိန်းသိမ်းရမယ်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းထိန်းသိမ်းရမယ်။ သူငယ်ချင်း ရွေးချယ်ပေါင်းသင်းရမယ်။ အများပြည်သူ အကျိုးပြုရပရဟိတ ဆောင်ရွက်ရမယ်။
အမျိုးသားငယ်၊ အမျိုးသမီးငယ်တွေ စိတ်ပိုင်းခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုနဲ့ ပတ်သတ်ရင် လှုံံ့ဆော်မှုက လိင်ကိစ္စလက်တည့်စမ်းရာမှ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါများ၊ အိပ်ချ်အိုင်ဗွီ၊ အသည်းရောင် ဘီနှင့် စီရောဂါများ၊ ဂနိုဆီးပူညောင်းကျရောဂါ၊ ဆစ်ဖလစ်ရောဂါများ ဖြစ်တတ်ပါတယ်။

စောစောစီးစီး အိမ်ထောင်ကျရင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမပြည့်စုံတဲ့ မိသားစုဖြစ်သွားမယ်။ အရက်၊ ဘီယာနဲ့ အခြားမူးယစ်ဆေးဝါးတို့ရဲ့ သားကောင်းဖြစ်သွားတယ်။ မသိနားမလည်မှု၊ ရင်းနှီးမှုနဲ့ လွတ်လပ်မှုကို အခွင့်ကောင်းယူတဲ့ အမျိုးသားတွေကြောင့် လိင်အကြမ်းဖက်မှု ကြုံတွေ့ရနိုင်တယ်။

အချို့အပျိုပေါက်၊ လူပျိုပေါက်တွေဟာ ကိုယ့်ကိုယ်ကိုယ်မထိန်းသိမ်းခြင်း၊ မိသားစု၊ မိဘက မတည့်မတ်ပေးခြင်း၊ စည်းကမ်းမသတ်မှတ်ထားခြင်းတို့ကြောင့် စော်ကားခံရခြင်း၊ လူကုန်းကူးခံရခြင်း၊ လမ်းမှားရောက်ပြီး မကောင်းတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမပြည့်စုံတဲ့ မိသားစုဖြစ်သွားမယ်။ အရက်၊ ဘီယာနဲ့ အခြားမူးယစ်ဆေးဝါးတို့ရဲ့ လွတ်လပ်မူကို အခွင့်ကောင်းယူတဲ့ အမျိုးသားတွေကြောင့် လိင်အကြမ်းဖက်မှု ကြုံတွေ့ရနိုင်တယ်။

အချို့အပျိုပေါက်၊ လူပျိုပေါက်တွေဟာ ကိုယ့်ကိုယ်ကိုယ် မထိန်သိမ်းခြင်း၊ မိသားစု၊ မိဘက မတည့်မတ်ပေးခြင်း၊ စည်းကမ်းမသတ်မှတ်ထားခြင်းတို့ကြောင့် လမ်းမှားရောက်ပြီး မကောင်းတဲ့ အသက်မွေးဝမ်းကျောင်းခြင်း၊ အချို့ရောင်းစားခြင်းကြုံရတတ်ပါတယ်။
အသိပညာ၊ ဗဟုသုတမပြည့်စုံလို့ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးများက တစ်ဆင့် လိင်အကြမ်းဖက်ခံရကာ ကူးစက်ရောဂါများ၊ မလိုအပ်တဲ့ ကိုယ်ဝန်များရလာစေပါတယ်။

မျိုးပွားအင်္ဂါနဲ့ ပတ်သတ်တဲ့ ကျန်းမာရေးဗဟုသုတနည်းခြင်း၊ မိမိခန္ဓာကိုယ် သန့်ရှင်းကျန်းမာအောင် မထိန်းသိမ်းပဲ၊ ရောဂါပိုးဝင်ရောက်ခြင်း၊ တစ်သက်လုံး ကလေးမရနိုင်အောင် မြုံခြင်းတို့ ဖြစ်တတ်တယ်။
ကျားသဘာဝ၊ မသဘာဝနဲ့ဆိုင်တဲ့ ကျန်းမာရေးဗဟုသုတမရှိလို့ စိုးရိမ်မှုတွေ လွန်ကဲတတ်တယ်။
မိဘနဲ့ သားသမီးအဆင်ပြေပြေ မဆက်ဆံနိုင်လို့ မိဘရင်ခွင်နဲ့ ကင်းကွာပြီး ဒုက္ခရောက်ရတတ်တယ်။ ဆယ်ကျော်သက် မိန်းကလေးတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ သဘောမပေါက်လို့ ဆုံုးမပဲ့ပြင်မူ မှားယွင်းပြီး လူငယ်များ မိဘများ စိတ်ထိခိုက်ခံစား ရတတ်တယ်။

အမျိုးသမီး ငယ်ရွယ်စဉ်ဘဝမှာ လိုအပ်တဲ့ အသိပညာမရလို့ နောင်မျိုးဆက်မှာ မိခင်တစ်ယောက်အနေနဲ့ လက်ဆင့်ကမ်း၊ သွန်သင်ဆုံးမ ပေးနိုင်မှုမရှိတာမျိုး တွေ့ရနိုင်တယ်။

ဆယ်ကျော်သက် အမျိုးသမီးဘဝမှာ တစ်ကိုယ်ရေကျန်းမာရေး ဂရုစိုက်ရမယ်။ ချေးညှော်ယားနာကင်းရမယ်။ ကူးစက်ရောဂါကင်းရမယ်။ စာသင်ကျောင်းမှာ အချိန်ကုန်ကြတာဖြစ်လို့ မိဘပြီးရင်ဆရာ ဆရာမတွေက သူတို့ရဲ့ ပုံစံပြအားကျတဲ့ ပုဂ္ဂိုလ်တွေအဖြစ် သတ်မှတ်တတ်ကြတယ်။ ဆရာမိဘကောင်းမွန်လို့ လမ်းမှန်ကမ်းမှန် တည့်မတ်သွားတဲ့ ဆယ်ကျော်သက်မိန်းကလေးများ ရှိတတ်ပါတယ်။

မိန်းကလေးတို့ ဒုတိယအရွယ်မှာ အိမ်ထောင်ကျတတ်ပါတယ်။ အိမ်ထောင်ပြုမယ့် အမျိုးသား၊ အမျိုးသမီးဟာ ကူးစက်ရောဂါ ကင်းရှင်းရပါမယ်။ အချို့ရောဂါတွေက ခန္ဓာကိုယ်မှာရှိပြီး လက္ခဏာမပြတတ်ပါဘူး။ အချို့ရောဂါရှိနေပြီး ရောဂါပြတတ်တယ်။ ဥပမာ အိပ်ချ်အိုင်ဗီရောဂါရှိ အမျိုးသားတစ်ဦးဦးနဲ့ ဖူးစာဆုံရင် မလွန်မီ လုပ်သင့်လုပ်ထိုက်တာ မလုပ်ဖြစ်ဘဲ ဖြစ်တတ်တယ်။ ယူပြီးဆိုရင်လည်း ကလေးမရအောင် တားဆီးရမယ်။ မျိုးဆက်ပွားကျန်းမာရေးဆိုတာ အရေးပါကြောင်း သင်ကြားပေးနိုင်ရမယ်။ အသည်းရောင်ဘီကာကွယ်ဆေး ထိုးပေးသင့်တယ်။ အသည်းရောင်စီရောဂါပျောက်ကင်းအောင် ကုသပေးပြီးမှ အိမ်ထောင်ရေး စဉ်းစားသင့်ပါတယ်။

တူနှစ်ကိုယ်အရွယ် ရောဂါမစဉ်းစားရင် နောင်ရေးရင်လေးဖွယ်ဖြစ်တယ်။ ကလေးယူဖို့ အကောင်းဆုံးအမျိုးသမီး အသက် ၂၅နှစ်မှ ၃၁ နှစ်အတွင်းပဲဖြစ်တယ်။ အသက်ကြီးမှ ကိုယ်ဝန်ယူရင် အသိဉာဏ်နည်းတဲ့ဒေါင်း ကလေးငယ်များ မွေးလာနိုင်လို့ မျိုးဆက်ပွား၊ ကျန်းမာရေးပညာပေးရမယ်။

နားလည်တတ်ကျွမ်းတဲ့ မိသားစုဆရာဝန်နဲ့ ပြသထားရမယ်။ လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ထားရမယ်။ ဆီးချိုသွေးချိုနှင့် နှလုံးရောဂါ၊ သွေးအုပ်စုမတူခြင်းတို့ စစ်ဆေးထားဖို့ လိုတယ်။
တစ်ကိုယ်ရေသန့်ရှင်းရေး၊ ဂရုစိုက်ရမယ်။ နေ့စဉ်နာရီဝက်လေ့ကျင့်ခန်း၊ အပြေးလမ်းလျှောက်စက်ဘီးစီး၊ ရေကူးတစ်ခုခုလုပ်သင့်တယ်။ ကိုယ်ဝန်ရှိရင် အလေးအပင် မ မဖို့လိုသလို၊ ဆိုင်ကယ်စီးခြင်း၊ အမြင့်မှခုန်ချခြင်း မလုပ်သင့်ပါ။ အရက်၊ ဘီယာ၊ ကွမ်း၊ မူးယစ်ဆေးဝါးတို့ ရှောင်ကြဉ်ရမယ်။ သွေးအားနည်းနှလုံးတုန်၊ ရင်တုန်များ ကုသထားရမယ်။

ဗယ်လင်တိုင်းနေ့ အထိမ်းအမှတ်မှာကြားစရာတွေ အများကြီး ရှိပါတယ်။ ယူဖို့ပဲ တွဲတွဲ၊ အပျော်ပဲတွဲတွဲ၊ စိတ်အလိုမလိုက်ဖို့ မှာကြားချင်ပါတယ်။ မိဘတွေ အနေနဲ့လည်း ဆုံးမတန် ဆုံးမကာ၊ ဗယ်လင်းတိုင်းနေ့အပေါ် အမှတ်မှား မလွဲစေဖို့ ကိုယ်တိုင်ချဉ်းကပ် ပညာပေးသင့်တယ်။ အမျိုးသမီးငယ်တွေ ဖြစ်ရင်လည်း ပညာမစုံခင် ကြင်ယာမစုံသေးသင့်လို့ စိတ်အလိုချုပ်တည်းပြီး ရေရှည်ကျော်ဖြတ်သွားသင့်ပါတယ်။

Author – ဒေါက်တာလွင်သန့်

ဆက်စပ် ဆောင်းပါးများ