fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 357 Total Cases
😥 6 Deaths
😇 305 Recovered

တိရစ္ဆာန်များနဲ့ကျန်းမာရေး

လူတော်တော်များများဟာ အကြောင်းအမျိုးမျိုးကြောင့်တိရစ္ဆာန်လေးတွေအိမ်မှာ မွေးထားတတ်ကြတယ်။ အိမ်မွေးတိရစ္ဆာန်အ နေနဲ့ ချစ်ခင်လို့ရော၊ အဖော်အဖြစ်နဲ့ရော၊ စီးပွားရေးုလုပငန်းအနေနဲ့ တိရစ္ဆာန်ရောင်းဝယ်ဖို့ရော၊ တစ်ပိုင်တစ်နိုင်စီးပွားရေးအ နေနဲ့ရော မွေးမြူတတ်ကြပါတယ်။

တိရစ္ဆာန်မွေးတယ်ဆိုတာ ကောင်းကျိုးလည်းရပါတယ်။ ဆိုးကျိုးလည်းရှိပါတယ်။ ကောင်းကျိုးအနေနဲ့ကတော့ အိမ်မွေးတိရစ္ဆာန် လေးတွေကြောင့် စိတ်ထဲဖိစီးနေတာတွေလျော့မယ်။ တိရစ္ဆာန်လေးတွေနဲ့ပြေးလွှားဆော့ကစားတာ၊ လမ်းလျှောက်ထွက်တာ တွေကလည်း ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုလိုဖြစ်ပြီး သွေးထဲအဆီဓာတ်ကို လျှော့ချပေးနိုင်တယ်။ ကိုယ်အလေးချိန်ကိုထိန်း ပေးနိုင်တယ်။ သွေးတိုး၊ ဆီးချိုသမားတွေအတွက်လည်း အ ထောက်အကူရပါတယ်။ အိမ်မှာတစ်ယောက်တည်းမို့ အဖော်အဖြစ် မွေးမြူကြတဲ့သူတွေလည်း တိရစ္ဆာန်လေး တွေနဲ့စကားပြောဆိုဆော့ကစားရင်း အချိန်ကုန်မှန်းမသိဘဲဖြစ်နိုင်ပါတယ်။

အထီးကျန် စေခြင်းတွေသက်သာစေ တယ်။ တိရစ္ဆာန်တွေချစ်ခင်ကြင်နာပြီး ဂရုစိုက်တတ်တဲ့သူတွေက အရင်ကစိတ်ထားဘယ်လိုပဲ ဖြစ်နေပါစေ ကြာလာတဲ့အခါစိတ်ထားနူးညံ့လာမယ်။ သနားကြင်နာတတ်လာမယ်။ ကိုယ်ချင်းစာတတ်လာတတ်ကြပါတယ်။ စိတ် ညစ်နေတဲ့အခါတွေမှာလည်း တိရစ္ဆာန်လေးတွေနဲ့အချိန်ဖြုန်းခြင်းက စိတ်သက်သာရာရစေပါတယ်။ ဒါတောင် အိမ်မွေးတိရစ္ဆာန် အနေနဲ့ပဲရှိသေးတယ်။ တခြားတခြားသောနိုင်ငံတွေမှာဆိုရင် လူမှုရေးအထိလိုက်ကူညီပေး တတ်တဲ့တိရစ္ဆာန်တွေအများကြီး ရှိပါတယ်။ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်တဲ့သူတွေလည်း တိရစ္ဆာန်တွေကိုစီး ပွားရေးလုပ်နေတာလို့ သဘောမထားဘဲ သေချာ ဂရုစိုက်ပြီးကျွေးမွေးစောင့်ရှောက်တဲ့အခါ တိရစ္ဆာန်တွေကြောင့် ပြန်ပြီးစီးပွားရေးကောင်းတာတတ်ပါတယ်။

ဒါပေမယ့် တိရစ္ဆာန်မွေးတယ်ဆိုတဲ့နေရာမှာ မွေးရုံမွေးပြီး အစာလေးကျွေးနေရုံနဲ့ဆိုရင်၊ တိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးစောင့် ရှောက်မှုမပေးနိုင်ဘူးရင်၊ နေရာထိုင်ခင်းတွေသန့်ရှင်းမှုမရှိရင် တိရစ္ဆာန်တွေရောမွေးမြူတဲ့သူ တွေအတွက်ရောမကောင်းပါဘူး။ ချစ်လို့ဖြစ်စေ၊ စီးပွားဖြစ်ဖြစ်စေတိရစ္ဆာန်တွေမွေးမြူပြီး အစာကျွေးရုံမရပါဘူး။ မွေးစကတည်းကလိုအပ်တဲ့ကာကွယ်ဆေးတွေ ထိုးဖို့လိုပါတယ်။ သန်ချပေးဖို့လိုပါတယ်။ နေထိုင်မကောင်းတဲ့ အခါလည်းတိရစ္ဆာန်ကုဆရာဝန်တွေနဲ့ တိုင်ပင်ကုသရမယ်။ အစာ ပဲစားပြီး ဝလွန်းနေခဲ့ရင်လည်း ကျန်းမာရေးအ တွက်မကောင်းပါဘူး။ တိရစ္ဆာန်လေးတွေအတွက် ကိုယ်လက်လှုပ်ရှားမှုဖြစ်အောင် လမ်းလျှောက်ထွက်ရတာ မျိုး၊ ဆော့ကစားပေးရတာမျိုးလုပ်ပေးရပါမယ်။ ပုံမှန်လည်းရေချိုးသန့်စင်ပေးရမယ်။ အမွှေးများတဲ့ တိရစ္ဆာန်တွေ သေချာဖြီးပေးရမယ်။ သန်းတွေလည်းသေချာရှင်းပေးရမယ်။ တိရစ္ဆာန်လေးတွေရဲ့နေရာထိုင်ခင်းအိပ်ယာတွေပုံ မှန်လျှော်နေပူပြရမယ်။ နေရာထိုင်ခင်းခြံဝင်းကိုလည်း သန့်ရှင်းရမယ်။ တိရစ္ဆာန်တွေရဲ့ အညစ်အကြေးတွေသေ ချာစွန့်ပစ်ရမယ်။

ဒီလိုလုပ်ပေးတာဟာ တိရစ္ဆာန်တွေအတွက်တင်မကဘူး လူတွေအတွက်ပါအထောက်အကူပြုပါတယ်။ တိရစ္ဆာန်နဲ့သူတို့ရဲ့ ေ၀ ယျာဝစ္စတွေလုပ်ကိုင်ပြီးတိုင်းမှာလဲ လက်ကိုသေချာဆေးကြောဖို့လိုပါတယ်။ တချို့ရင်ကျပ်ရောဂါ ရှိသူတွေကတော့ တိရစ္ဆာန် တွေနဲ့ဆို ပိုဆိုးတတ်တယ်။ အမွှေးတွေရှိတဲ့ တိရစ္ဆာန်တွေဆိုပိုဆိုးပါတယ်။ ဓာတ်မ တည့်တာတွေဖြစ်ပါမယ်။

ဒါကြောင့်တိရစ္ဆာန်မွေးတဲ့အခါ တိရစ္ဆာန်ကြောင့်ကောင်းကျိုးတွေပဲရအောင် ဂရုတစိုက်ပြင်ဆင်နေထိုင်ပါ။ ဒါမှတစ်ဖက်နဲ့တစ် ဖက်လဲ အပြန်အလှန်အကျိုးရှိမှာပါ။ ခွေး၊ ကြောင်၊ ငှက်၊ ကြက်၊ ငါး ဘာပဲမွေးမွေးပါ။ တိရစ္ဆာန် မွေးပြီဆိုရင် သေချာပြုစု စောင့်ရှောက်ပေးတဲ့အခါ လူတွေမှာလည်းစိတ်ချမ်းသာပျော်ရွှင်မှုတွေ ရနိုင်ပါတယ်။ ကျန်းမာရေးကိုလည်း တစ်ဖက်တစ်လမ်း ကနေ အထောက်အကူပြုပါတယ်။

Author – Dr. CST

ဆက်စပ် ဆောင်းပါးများ