fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

မျက်စိကျန်းမာရေးအတွက် အရေးအကြီးဆုံး ဗီတာမင်များ

107
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/12/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

 

မျက်စိကျန်းမာရေးအတွက် အရေးအကြီးဆုံး ဗီတာမင်များ

မျက်လုံးတွေဟာ ပြင်ပကကြည့်ရင်သာ ရိုးရှင်းပေမဲ့ တကယ်တမ်းဖွဲ့စည်းတည်ဆောက်ပုံအရတော့ ရှုပ်ထွေးလှပါတယ်။ဒါ့အပြင် သူတို့ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ ဗီတာမင်နဲ့အာဟာရတွေလည်း အများကြီး လိုပါသတဲ့။ဆီးချိုကြောင့်ဖြစ်တဲ့မျက်စိရောဂါတို့ အသက်အရွယ်ကြောင့် အမြင်အာရုံချို့ယွင်းလာတာတို့အပြင် ရေတိမ်အတွင်းတိမ်တို့ဆိုတာ မျက်စိနဲ့ပတ်သက်ပြီး အများသိကြတဲ့ ပြဿနာတွေပါ။ဒီပြဿနာတွေဖြစ်နိုင်တဲ့အကြောင်းအရင်း အများကြီးရှိပေမဲ့ ဗီတာမင်တွေအာဟာရတွေကလည်း မျက်စိကျန်းမာရေးအတွက် အလွန်အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပတ်သက်နေပါတယ်။ဒီဆောင်းပါးမှာတော့ မျက်စိကျန်းမာရေးအတွက် အကောင်းဆုံးအထောက်အကူပြုပေးနိုင်မဲ့ ဗီတာမင်နဲ့အာဟာရဓာတ်တွေအကြောင်း ပြောပြပေးသွားပါမယ်။

၁။ဗီတာမင် အေ (Vit A)

ဗီတာမင် အေ ဟာ မျက်စိကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ဗီတာမင် အေ ချို့တဲ့ခဲ့ရင် Xeropthalmia လို့ခေါ်တဲ့ ညဘက်မှာမျက်စိကောင်းကောင်း မမြင်ရတဲ့အခြေအနေတမျိုးနဲ့ စတင်ရင်ဆိုင်ရပါမယ်။ဒါမှ ဆက်လက်ချို့တဲ့နေဆဲဆိုရင်တော့ မျက်စိတွေ မျက်ရည်ပြွန်တွေ ခြောက်ခမ်းသွားပြီး ပြန်လည်ကုသလို့မရတော့တဲ့ မျက်စိကွယ်ခြင်းမျိုးအထိ ကြုံတွေ့ရနိုင်ပါတယ်။ဒါ့အပြင် ဗီတာမင် အေ ဟာ အတွင်းတိမ်ရောဂါဖြစ်နိုင်ချေကို လျော့ချပေးပြီး အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံချို့ယွင်းခြင်းကိုလည်း သက်သာစေပါတယ်။ဗီတာမင် အေ ကြွယ်ဝတဲ့အစားအစာတွေကတော့ အစိမ်းရောင်အရွက်များသော ဟင်းသီးဟင်းရွက်များ ကန်စွန်းဥ ဖရုံသီးနဲ့ ငရုတ်ပွတို့ပဲ ဖြစ်ပါတယ်။

၂။ဗီတာမင် အီး (Vit E)

Free radicals ဆိုတာ ခန္ဓာကိုယ်ကို အိုမင်းယိုယွင်းပျက်စီးစေတဲ့အရာတွေပါ။Antioxidants ဆိုတာကတော့ အဆိုပါ free radicals တွေ ရန်မှ ခန္ဓာကိုယ်ကို ကာကွယ်ပေးတဲ့ဓာတ်တွေပဲဖြစ်ပါတယ်။အလွန်အားကောင်းတဲ့ antioxidants တမျိုးဖြစ်တဲ့ Vit E ဟာ မျက်စိကျန်းမာရေးအတွက် အင်မတန်အရေးကြီးပါတယ်။အထူးသဖြင့် အသက်အရွယ်ကြောင့် တဖြေးဖြေး အမြင်အာရုံချို့ယွင်းလာတာမျိုးတွေကို အများကြီးနှောင့်နှေးစေပါတယ်။ဒါ့အပြင် အတွင်းတိမ်ဖြစ်နိုင်ချေကိုလည်း နည်းပါးစေပါတယ်။ဗီတာမင် အီး ကြွယ်ဝတဲ့အစားအစာတွေကတော့ အခွံမာသီးများ အစေ့အဆန်များ နဲ့ ဟင်းချက်ဆီအချို့ပဲဖြစ်ပြီး ဆယ်လ်မွန်ငါး ထောပတ်သီးနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကနေလည်း ရရှိနိုင်ပါတယ်။

၃။ဗီတာမင် စီ (Vit C)

ဗီတာမင် စီ ဟာလည်း ဗီတာမင် အီး လို အစွမ်းရှိတဲ့ antioxidant တမျိုးပါပဲ။အတွင်းတိမ်ဖြစ်နိုင်ချေကို သိသိသာသာ လျော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ဗီတာမင် စီကိုတော့ အချဉ်ဓာတ်ကဲတဲ့အသီးတွေ ငရုတ်ပွနဲ့ ပန်းဂေါ်ဖီစိမ်းတွေ ပြီးတော့ ကိုက်လံလိုအရွက်မျိုးတွေမှာ အများအပြားတွေ့ရပါတယ်။

၄။ဗီတာမင်ဘီ ခြောက် ကိုး တစ်ဆယ့်နှစ် (Vit 6,9,12)

ဗီတာမင် ဘီအစုအဝေးထဲက ဒီသုံးမျိုးကလည်း မျက်စိကျန်းမာရေးအတွက် အသုံးဝင်ပါတယ်။ဒီသုံးမျိုးပေါင်းဟာ မျက်စိအမြင်အာရုံကို ပိုမိုကောင်းမွန်စေပါတယ်။

၅။ဗီတာမင် ဘီ ၂ (Vit B2 or Riboflavin)

Vit B2 ဟာ antioxidant တမျိုးဖြစ်ပြီး အတွင်းတိမ်ဖြစ်နိုင်ချေကို ကာကွယ်နိုင်စွမ်းရှိပါတယ်။Vit B2 အချိန်ကြာမြင့်စွာ ချို့တဲ့နေမယ်ဆိုရင် အတွင်းတိမ်ဖြစ်ဖို့ အခွင့်အလမ်းများပါသတဲ့။စမ်းသပ်မှုတွေအရ အတွင်းတိမ်လူနာအများစုဟာ ဒီဓာတ်ချို့တဲ့နေတာကို တွေ့ရပါတယ်။Vit B2 ကို နို့နဲ့နို့ထွက်ပစ္စည်းတွေ ဒိန်ချဉ်နဲ့ အမဲသားတို့ကနေ ရရှိနိုင်ပါတယ်။

၆။ဗီတာမင် ဘီ ၃ (Vit B3 or Niacin)

သူ့ရဲ့အဓိကတာဝန်က စားလိုက်တဲ့အစားအစာတွေကို စွမ်းအင်အဖြစ်ပြောင်းပေးတာဆိုပေမဲ့ antioxidant အနေနဲ့လည်း အစွမ်းရှိပါသတဲ့။Vit B3 ဟာ ရေတိမ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။Vit B3 ကြွယ်ဝတဲ့အစားအစာတွေကတော့ အမဲသား ငါး မှိုနဲ့ ပဲအမျိုးမျိုးတို့ပဲ ဖြစ်ပါတယ်။

၇။Lutein and Zeaxanthin

ဒီဓာတ်နှစ်ခုကိုတော့ မျက်စိရဲ့ မျက်ကြည်လွှာမှာ အဓိကတွေ့ရှိရပြီး မျက်စိကိုထိခိုက်စေမဲ့ အပြာရောင်အလင်းတန်းတွေကနေ အကာအကွယ်ပေးပါတယ်။သူတို့ဟာ carotenoids အမျိုးအနွယ်ဖြစ်တာကြောင့် အသီးအရွက်များများ စားရင် ဒီဓာတ်တွေ ရနိုင်မှာပါ။လေ့လာမှုတွေအရ အသက်အရွယ်ကြောင့်ဖြစ်တဲ့အမြင်အာရုံချို့ယွင်းခြင်းနဲ့ အတွင်းတိမ်ရောဂါတို့ကနေ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

၈။အိုမီဂါ ၃ (Omega 3 fatty acid)

မျက်ကြည်လွှာရဲ့ ဆဲလ်တွေမှာ DHA ဆိုတဲ့ ဓာတ်တမျိုးပါပါတယ်။အဆိုပါ DHA ဟာ Omega 3 ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ဒီ Omega 3 ဟာ ဆီးချိုကြောင့်ဖြစ်တဲ့မျက်ကြည်လွှာပြဿနာအပြင် မျက်ရည်ခမ်းပြီး မျက်စိနာတာ ဝါးတာ ကိုက်တာတွေကိုပါ သက်သာစေနိုင်ပါတယ်။Omega 3 ကိုတော့ အဆီဓာတ်များတဲ့ငါးတွေကနေ အဓိကရရှိနိုင်ပြီး ဟင်းသီးဟင်းရွက်အဆီအချို့ကနေလည်း ရနိုင်ပါတယ်။

၉။ဗီတာမင် ဘီ ၁ (Vitamin B1 or Thiamine)

Vit B1 ဟာလည်း အတွင်းတိမ်ကို ကာကွယ်မှုပေးနိုင်တဲ့ ဗီတာမင်တခုဖြစ်ပြီး ဆီးချိုကြောင့်ဖြစ်တဲ့မျက်ကြည်လွှာပြဿနာတွေမှာလည်း သုံးနိုင်ပါတယ်။သူ့ကိုတော့ အသားငါးနဲ့ အစေ့အဆန်များကနေ ရရှိနိုင်ပါတယ်။

အခု ဖော်ပြပေးခဲ့တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကတော့ မျက်စိကျန်းမာရေးအတွက် အထူးကောင်းမွန်တာမို့ သူတို့ပါဝင်တဲ့အစားအစာတွေကို မျှတအောင်စားသုံးပေးသင့်ပါတယ်။တကယ်လို့ ကိုယ်စားတဲ့အစားအစာမှာ ဒီဓာတ်တွေပါဝင်မှုနည်းနေခဲ့ရင်လည်း ဗီတာမင်နဲ့အာဟာရဖြည့်စွက်စာတွေ အားဆေးတွေသောက်သုံးပြီး မျက်စိကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်မှာပဲဖြစ်ပါတယ်။

Dr.KG

Previous Post

ရာသီမလာရင် အပူအပုပ်တွေ ကိုယ်ထဲမှာကျန်နေတတ်တယ်ဆိုတာ ဟုတ်သလား         

Next Post

အမျိုးသမီးတယောက်အတွက် တနေ့ထဲမှာ လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက်များ လွန်းခဲ့ရင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
606

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသမီးတယောက်အတွက် တနေ့ထဲမှာ လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက်များ လွန်းခဲ့ရင်

ကလေးသွေးကင်ဆာလို့ မသင်္ကာရင် ဒီလက္ခဏာတွေကို ရှာပါ

အအေးမိချောင်းဆိုးသက်သာစေတဲ့ ကြောင်လျှာသီး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.