အမျိုးသမီးတယောက်အတွက် တနေ့ထဲမှာ လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက်များ လွန်းခဲ့ရင်
အမျိုးသမီးများအဖို့ ကျန်းမာရေးအတွက် သင့်တော်သော လိင်ဆက်ဆံခြင်း အကြိမ်အရေအတွက် တနေ့လျှင် အကြိမ်မည်မျှရှိသင့်သလဲဆိုပြီး သတ်မှတ်ထားခြင်းမရှိပါ။ လိင်ဆက်ဆံခြင်းသည် လူသားတိုင်းအတွက် ပျော်ရွှင်မှုပေးနိုင်သော အရာဟူ၍ သတ်မှတ်ထားလို့ရပါတယ်။ အမျိုးသမီးများအတွက် လိင်ဆက်ဆံမှု အကြိမ်ရေများလွန်းလျှင်တော့ အောက်ပါဆိုးကျိုးများ ဖြစ်လာနိုင်ပါတယ်။
(1) မောပန်းခြင်း
လိင်ဆက်ဆံမှုများခြင်းသည် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ လိင်ဆက်ဆံခြင်းသည် အားအင်များကို အသုံးပြုရသော အပြုအမူတစ်ခုပါ။ လိင်ဆက်ဆံနေစဉ် ကယ်လိုရီများစွာ အသုံးပြုရပါတယ်။ စိတ်ခံစားမှု အမြင့်ဆုံးအခြေအနေမှာ ကိုယ်ခန္ဓာမှ သွေးကြောထဲသို့ ဟော်မုန်းများထွက်လာစေပြီး နှလုံးခုန်မြန်ခြင်း၊ သွေးတိုးခြင်း၊ အချိုဓာတ်နှင့် ကြွက်သားတောင့်တင်ခြင်း စသည်တို့ဖြစ်စေသောကြောင့် အကြိမ်ရေများလာလျှင် ကိုယ်ခန္ဓာသည် ပင်ပန်းနွမ်းလျလာပါလိမ့်မယ်။
(2) ရောင်ရမ်းခြင်း
လိင်ဆက်ဆံမှု အကြိမ်ရေများခြင်းသည် မိန်းမကိုယ်ရောင်ရမ်းခြင်းဖြစ်စေသည် မိန်းမကိုယ်ဒဏ်ရာအနာများ ဖြစ်စေပါတယ်။ ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်ခြင်း၊ လမ်းလျောက်ရာတွင် ခက်ခဲခြင်း စသည်တို့ဖြစ်စေပါတယ်။ ထို့ကြောင့် အကြိမ်ရေများခြင်းနှင့် ကြမ်းတမ်းစွာ လိင်ဆက်ဆံခြင်သည် အမျိုးသမီးများအတွက် ရှောင်ကြဉ်သင့်ပါတယ်။
(3) ရေဓာတ်ခမ်းခြောက်ခြင်း
လိင်ဆက်ဆံနေစဉ် ချွေးထွက်များသောကြောင့် ရေဓာတ်ဆုံးရှုံးတတ်ပါတယ်။ နေ့ည ဆက်တိုက်ဆက်ဆံလျှင် ရေဓာတ်အများအပြား ဆုံးရှုံးတတ်သောကြောင့် ချမ်းတုန်လာနိုင်ပါတယ်။ ထို့ကြောင့် လိင်မဆက်ဆံခင်နှင့် ဆက်ဆံပြီး ရေများများသောက်ပါ။
(4) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
လိင်ဆက်ဆံမှုများခြင်းသည် ဆက်ဆံဖော်မှတဆင့် ဆီးလမ်းကြောင်းပိုးဝင်ရန် အခွင့်အလမ်းပိုများပါတယ်။ ဆီးပူ၊ ဆီးကျဉ်ခြင်းမှအစ ဖျားခြင်းသည် ဆိုးရွားတတ်ပါတယ်။
(5) ခါးနာခြင်း
လိင်ဆက်ဆံခြင်းသည် ကြွက်သားများ ဆွဲဆန့်နေသကဲ့သို့ဖြစ်ပြီး ခါးအနောက်ပိုင်းကို ပိုမိုအားစိုက်ရသောကြောင့် ခါးနာတတ်ပါတယ်။ ပုံစံမူမမှန်ဆက်ဆံသောကြောင့်လည်း နာကျင်တတ်ပါတယ်။
(6) ကိုယ်ခံအားနည်းခြင်း
လိင်ဆက်ဆံစဉ် သွေးကြောထဲသို့ ဟော်မုန်းများထွက်ခြင်းကြောင့် ကိုယ်ခန္ဓာရောင်ရမ်းခြင်း၊ နာကျင်ခြင်းနှင့် ဖျားခြင်းစသည်တို့ ဖြစ်စေပါတယ်။ ထို့ကြောင့် ကိုယ်ခံအားနည်းစေပြီး အားနည်းလာသောကြောင့် လိင်စိတ်နည်းပါးစေပါတယ်။
(7) လိင်စိတ်ဝင်စားမှုနည်းပါးခြင်း
လိင်ဆက်ဆံမှု အကြိမ်ရေများလာလျှင် မိမိဆက်ဆံဖော်အပေါ်တွင် စိတ်ဝင်စားမှု နည်းပါးလာသည့်အပြင် လိင်ဆက်ဆံမှုကိုလည်း ထူးခြားသောစိတ်ခံစားမှု မဖြစ်ပေါ်စေသောကြောင့် ပျော်ရွှင်မှုနည်းပါးလာစေပါတယ်။ လိင်ဆက်ဆံခြင်းကို တာဝန်တစ်ရပ်ဟု ယူဆကာ စိတ်ဖိဆီးမှု တိုးပွားစေပါတယ်။
(8) ရောဂါပိုးများ ကူးစက်တတ်ခြင်း
လိင်ဆက်ဆံမှု အကြိမ်ရေများခြင်းသည် လိင်ဆက်ဆံသောကြောင့် ကူးစက်တတ်သော ရောဂါများဖြစ်ရန် အခွင့်အလမ်း များစေပါတယ်။
Dr. Kyaw