ရာသီမလာရင် အပူအပုပ်တွေ ကိုယ်ထဲမှာကျန်နေတတ်တယ်ဆိုတာ ဟုတ်သလား
အမျိုးသမီးများ ရာသီပုံမှန်သွေး မဆင်းခြင်းသည် အပူအပုပ်များပြီ သွေးမသန့်သောကြောင့်ဟု ပြောလေ့ရှိပါတယ်။ ရာသီမလာမီနှင့် ရာသီလုံးဝလာခြင်းမရှိပါက အမျိုးသမီးများတွင် အသားအရေခြောက်သွေ့ကာ ယားယံခြင်း၊ အနီကွက်ထခြင်း စသည့်အခြေအနေဖြစ်လေ့ရှိသောကြောင့် စိုးရိမ်မှု လွန်ကဲတတ်ကြပါတယ်။ လေ့လာတွေ့ရှိမှုသစ်အရ အမျိုးသမီးများ
အဆုတ်ရင်ကျပ်ရောဂါနှင့် ဓာတ်မတည့်မှု ပြဿနာများသည် ရာသီပုံမှန်မလာခြင်းနှင့်
ဆက်စပ်မှုရှိနေနိုင်ကြောင်း တွေ့ရှိရပါတယ်။
လေ့လာသူများသည် ရှေးဦးစွာ ရာသီပုံမှန်မလာခြင်းသည် ဓာတ်မတည့်ခြင်းနှင့် ရင်ကြပ်ခြင်းကို ဆက်စပ်ကြောင်း လေ့လာခဲ့ကြပါတယ်။ အမျိုးသမီးများရဲ့ ဟော်မုန်းသည် ၎င်းတို့ရဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် ပန်းနာရင်ကြပ်ရောဂါနှင့် ဓာတ်မတည့်မှု ရောဂါများတွင် အဓိကအရေးကြီးသော အချက်အနေဖြင့် ပါဝင်ပါတယ်။
ရာသီပုံမှန်မလာခြင်းအတွက် အန္တရာယ်ရှိသောအချက်
မြောက်ဥရောပနိုင်ငံ ၅ နိုင်ငံရှိ အမျိုးသမီး ၆၀၀၀ ကျော်ကို ရာသီစက်ဝန်းနှင့် ပန်းနာရင်ကျပ်၊ ဓာတ်မတည့်မှုနှင့် အခြားသော ရင်ကျပ်ပန်းနာ ပြဿနာများအတွက် ၁၉၉၉ မှ ၂၀၀၁ ခုနှစ်အတွင်း သုတေသနပြုခဲ့ကြပါတယ်။ အဆိုပါ အမျိုးသမီးများတွင် ကိုယ်ဝန်ရှိသူ၊ တားနည်းသုံးသူ၊ ဟော်မုန်းသုံးသူများကို အကျုံးမဝင်ပါ။
နောက်ဆုံးတွေ့ရှိချက်အရ လေ့လာချက်သည် အမျိုးသမီးလေးယောက်တွင် တစ်ယောက်သည် ရာသီမူမမှန်သော အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း တွေ့ရှိရပါတယ်။ အခြားရာသီပုံမှန်မလာစေသော အချက်များပါ ထည့်သွင်းစဉ်းစားပြီးနောက် ရာသီပုံမှန်မလာသောသူများသည် ရာသီပုံမှန်လာသူများထက် ဓာတ်မတည့်ခြင်းနှင့် ပန်းနာရင်ကြပ်ဖြစ်ခြင်းသည်သိသာထင်ရှားစွာ ဖြစ်စေနိုင်ကြောင်း တွေ့ရှိရပါတယ်။
ဥပမာအားဖြင့် အသက် ၄၃ နှစ်အောက် ရာသီပုံမှန်မလာသော အမျိုးသမီးများတွင်
– 50% ခန့်သည် ရင်ကြပ်ပန်းနာရှိနိုင်
– 30% ခန့်သည် နှာစေး ချောင်းဆိုးဓာတ်မတည့်ခြင်း ဖြစ်နိုင်ကြောင်း တွေ့ရှိရပါတယ်။
ပန်းနာရင်ကြပ်ကုသမှုသည် အမျိုးသမီးတိုင်းအတွက် အထူးတလည်မကွာခြားပါ။ ကုသမှုသည် အတူတူပါ။ ဆေးကုသမှုကြောင့်လည်း ရာသီမမှန်တာပိုမဆိုးစေပါ။ အသက် ၄၃ နှစ်အထက် အမျိုးသမီးများတွင် ပန်းနာရင်ကြပ်စဖြစ်လျှင် မူမမှန်ရာသီမလာတာနဲ့ ဆက်စပ်မှုမရှိပါ။ လေ့လာတွေ့ရှိချက်အရ ရာသီမူမမှန်ခြင်းကြောင့် ဖြစ်ရုံသာမက ဓာတ်မတည့်ခြင်းနှင့် ပန်းနာရင်ကြပ်ဖြစ်စေခြင်းသည် အခြားသော ရောဂါများနှင့်လည်း ဖြစ်စေနိုင်ပါတယ်။
အသားအရေခြောက်သွေ့ ယားယံမှုအစရှိသော လက္ခဏာများသည် ရာသီမလာခင် ဆယ်ရက်အလိုတွင် ဖြစ်တတ်ပြီး ရာသီလာပြီးနောက် တစ်ရက် နှစ်ရက်တွင်ပြန်လည်ကောင်းမွန်တတ်ပါတယ်။
ရာသီလာစဉ် ယားယံမှုဖြစ်စေသော အကြောင်းရင်းများမှာ
ကိုယ်ခန္ဓာဟော်မုန်းအပြောင်းအလဲများသည် ကိုယ်တွင်းခုခံမှုစနစ်အပေါ် သက်ရောက်သောကြောင့် အသားအရေယားယံမှု၊ အနီကွက်ထခြင်းစသည့်တို့ကို ပိုဆိုးစေပါတယ်။ ဟော်မုန်းများကြောင့် ကိုယ်တွင်းခုခံမႈသည် ပုံမှန်ဟော်မုန်းများရဲ့ လုပ်ဆောင်မႈကို ထိခိုက်စေနိုင်ပါတယ်။ ထို့ကြောင့် ရာသီစက်ဝန်းရဲ့ အပြောင်းအလဲပေါ်များစွ ာသက်ရောက်ပါတယ်။ အချို့အမျိုးသမီးများသည် ရာသီမလာခင် ယားယံခြင်း၊ ဓာတ်မတည့်ခြင်းကို ခံစားရနိုင်ပါတယ်။
ကုသမှု
ပန်းနာရင်ကြပ်ကုသမှုသည် အမျိုးသမီးတိုင်းအတွက် အထူးတလည် မကွာခြားပါ။ ကုသမှုသည် အတူတူပါ။ ဆေးကုသမှုကြောင့်လည်း ရာသီမမှန်တာ ပိုမဆိုးစေပါ။ ယားယံမှုအတွက် မဆိုးရွားသော အခြေအနေတွင် antihistamine နှင့် steroid ပါသော ဆေးများဖြင့်သက်သာစေနိုင်ပါတယ်။ မသက်သာပါက ရာသီစက်ဝန်းပြောင်းလဲစေသော ဟော်မုန်းဆေးများဖြင့် ကုသမှု ခံယူရပါတယ်။ အလွန်ဆိုးရွားသော အခြေအနေဖြစ်ပါက ခွဲစိတ်ကုသမှုအနေဖြင့် သားဥအိမ်ထုတ်ပစ်ခြင်းကို ပြုလုပ်ရပါတယ်။
Dr. Pyae Shin