fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အိပ်ရေးဝဝ မနက်ခင်းလှလှ

115
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/07/2020
in ကျန်းမာသော နေထိုင်မှုပုံစံ, အမျိုးသားကျန်းမာရေး
4 min read
A A

ကျွန်မတို့တွေ နေ့တစ်နေ့ရဲ့ အစမှာ တစ်ဦးနှင့်တစ်ဦးတွေ့ဆုံတဲ့အခါ Good Morning! မင်္ဂလာ နံနက်ခင်းပါ၊ Have a nice day! ကောင်းသောနေ့လေး ဖြစ်ပါစေ လို့ မင်္ဂလာရှိစွာ နှုတ်ခွန်းဆက်တတ်ကြပါတယ်။ လူတစ်ကိုယ် အယူတစ်မျိုးဆီလည်းရှိတတ်ကြတယ်။ တစ်ချို့က မနက်ခင်းမှာ ရယ်မောစရာကိစ္စကြုံရင် တစ်နေ့လုံးလည်း ပျော်စရာတွေကြုံရတတ်တယ်လို့ အယူရှိကြတယ်။ တစ်ချို့ကတော့ မနက်ခင်းမှာ ပျော်စရာအဖြစ်အပျက်တွေ့လိုက်ရရင်ညနေခင်းကျ ဝမ်းနည်းစရာတွေ ကြုံရနိုင်တယ်လို့ ယူဆကြပြန်ပါတယ်။ သေချာတာတစ်ခုတော့ ရှိပါတယ်။

 

ကောင်းသောတစ်နေ့တာရဲ့အစ သည် ကောင်းသော မနက်ခင်းမှသာ စတင်နိုင်ပါလိမ့်မယ်။ ကောင်းသော မနက်ခင်းလေးသည် ကောင်းသော အိပ်စက်ခြင်းမှသာ ဖြစ်တည်လာရပါတယ်။

 

မနေ့ညက လက်ဖက်ရည် ကော်ဖီသောက်မိလို့ဖြစ်ဖြစ်၊ အလုပ်တွေ မပြီးသေးလို့ဖြစ်ဖြစ်၊ တီဗီအကြည့်များလို့ဖြစ်ဖြစ်၊ ဂိမ်းဆော့နေတာဖြစ်ဖြစ်၊ ဖုန်းအသုံးပြုတာများလို့ဖြစ်ဖြစ် အိပ်ရာဝင်နောက်ကျတဲ့အခါ အိပ်ယာထလည်းနောက်ကျသွားမှာပါ။ အိပ်ရေးမဝသေးဘဲ နှိုးစက်မြည်လို့ ၊အိမ်သားက နှိုးပေးလို့အိပ်ယာက မထချင်ဘဲ ထလာရတဲ့အခါ စိတ်ကလည်း အိပ်နေတုန်းမို့ ချက်ချင်း မလန်းဆန်းနိုင်ပါဘူး။ အိပ်ရေးမဝရင် စိတ်ကြည်လင်မှု မရှိနိုင်ပါဘူး။ စာသင်ခန်းထဲရောက်တဲ့အခါ၊ လုပ်ငန်းခွင်ထဲရောက်တဲ့အခါ အာရုံစူးစိုက်နိုင်မှုပါ လျော့ကျနေတတ်ပါတယ်။မနေ့ညက အိပ်ရေးဝဝ မအိပ်ဖြစ်ခဲ့ခြင်းရဲ့ ရလဒ်ပေတည်း။

လူသားအားလုံးရဲ့စိတ်ခံစားမှုမျိုးစုံကို စိတ်စေရာအဖြစ် ကိုယ်ခန္ဓာက ဆောင်ရွက်ပေးနိုင်သမျှ  အကုန်လုပ်ဆောင်ပေးကြရတာပါ။ အသက်ကြီးလာတာနှင့်အမျှ စိတ်ပျော်စရာတွေ ပိုများလာသလို စိတ်ညစ်စရာတွေလည်း ပေါင်းစုံလာပါတယ်။  စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး နှင့် စားဝတ်နေရေး အဆင်ပြေသူတွေဟာ စိတ်ချမ်းသာမှုရနိုင်ကြပြီး အဆင်မပြေသူတွေမှာတော့ ပူပင်သောကတွေလည်း ရှိနေကြမှာပါ။ အိပ်မပျော်ရခြင်းရဲ့အဓိက အချက်တွေထဲမှာ စိတ်ပူပန်လို့၊ စိတ်ညစ်ညူးလို့ ၊ စိတ်ဓာတ်ကျလို့ဆိုတဲ့ အကြောင်းအရာက အတော်လေးလွှမ်းမိုးထားတတ်ပါတယ်။ အိပ်ရေးဝဖို့ နေနေသာသာ တစ်ညလုံးမအိပ်လိုက်ရတဲ့အဖြစ်တွေနဲ့လည်း ကြုံဆုံကြဖူးမှာပါ။

လူတိုင်းဟာ ပြည့်စုံနေသူများ မဟုတ်ဘူးလို့ဆိုတဲ့အတိုင်း လူတစ်ယောက်မှာ အနည်းဆုံးတော့ မပြည့်စုံမှု အဆင်မပြေမှု တစ်ခုရှိနေနိုင်သလို တစ်ခုမကလည်း ရှိနေနိုင်ပါသေးတယ်။ အိပ်ရေးပျက်တဲ့ည၊အိပ်၍မပျော်တဲ့ညဆိုတာလည်း တစ်ညမက ရှိနေနိုင်ပါတယ်။ အခုလို ကပ်ရောဂါ ဖြစ်နေတဲ့ကာလမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်လာရတဲ့အခါ အဆင်ပြေနေခဲ့သူတွေအတွက် အခက်အခဲတွေဖြစ်နေရသလို၊အခက်အခဲတွေ ရှိနေခဲ့သူတွေအတွက် ဒုက္ခမျိုးစုံ ရောက်ကြရပါတယ်။ တစ်ချို့က အိပ်ပျော်အောင်ကြိုးစားရင်းအိပ်စက်သွားနိုင်ပေမယ့် တစ်ချို့မှာ ဆရာဝန်ညွှန်ကြားချက်အတိုင်းသာအသုံးပြုခွင့်ရှိတဲ့ အိပ်ဆေးအကူအညီရယူလိုက်သည်အထိ အိပ်ပျက်ရောဂါခံစားရတတ်ပါတယ်။

လူ့သဘာဝအရ လူတစ်ယောက်နှင့်တစ်ယောက် အဆင်မပြေဖြစ်မှ စိတ်ညစ်စရာ၊ စိတ်ဆိုးစရာ၊စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံတွေ့ရတတ်တာလည်း မဟုတ်ပါဘူး။ လူတစ်ယောက်နှင့်တစ်ယောက် ချစ်ခင်ကြတဲ့အခါလည်း သိပ်ချစ်စရာကောင်းတဲ့ စိတ်ညစ်စရာလေးတွေ ဖြစ်စေတတ်ပါတယ်။ ဒီခံစားမှုမျိုးကို ၅၂၈ နှင့် ၁၅၀၀မေတ္တာထားရသူမှန်သမျှ ချစ်ခင်ရသူတိုင်းအတွက် တစ်ကြိမ်တစ်ခါမက ခံစားရဖူးမှာပါ။

မိဘတွေဆိုလည်း မိမိကလေးက ထမင်းမစားလို့၊ ကလေးက နေမကောင်းဖြစ်နေလို့ စိတ်ပူပန်ဖူးကြမယ်။ ဇနီးဖြစ်သူကလည်း ခင်ပွန်းဖြစ်သူ ခရီးဝေးသွားလို့၊ သားသမီးတွေ အိမ်အပြန်နောက်ကျလို့ စိုးရိမ်ရဖူးမယ်။ ခင်ပွန်းဖြစ်သူကလည်း စီးပွါးရေးကျပ်တည်းလို့၊ အရောင်းအဝယ်မကောင်းလို့ စိတ်ညစ်စရာဖြစ်ဖူးတယ်။ မိသားစုတစ်ခုမှာပင်စိတ်ပူစရာတစ်ခုမက ရှိနေတတ်ပါတယ်။ မိမိအရေးတွေးပြီး စိတ်ပူကာ အိပ်မပျော်နိုင်သူများ ရှိသလို သူတစ်ပါးအရေးကိုယ်စားတွေးပြီး အိပ်ပျက်ရတာမျိုးလည်း ရှိတတ်ပါသေးတယ်။

မည်သို့သော အကြောင်းကြောင့်အိပ်ရေးပျက်ရသည်အထိ အိပ်ရေးပျက်ခြင်းသည် ရေရှည်မွေးမြူထားသင့်သည့်အကျင့်တစ်ခုတော့ မဟုတ်ပါလေ။ လုံလောက်တဲ့ အိပ်စက်မှုရှိမှသာလျှင် ကိုယ်ခံအားလည်း ကောင်းမွန်နိုင်ပါလိမ့်မယ်။ အထူးသဖြင့် ကူးစက်ရောဂါဖြစ်ပွါးနေတဲ့အချိန်မှာ ရောဂါအလွယ်တကူ မကူးစက်နိုင်အောင် အဟန့်အတားတစ်ခုအဖြစ် ကိုယ်ခံအားကောင်းနေဖို့လည်း လိုအပ်ပါတယ်။

အိပ်ခါနီးချိန်မှာ အိပ်ရေးပျက်ခြင်းကို ဖြစ်စေမယ့်အရာတွေကို သတိပြု ရှောင်ကြဉ်ရပါမယ်။ စိုးရိမ်စိတ်ကြောင့်အအိပ်ခက်နေတဲ့ စိတ်ကိုလည်း တတ်နိုင်သမျှ ဆင်ခြင်ရပါမယ်။ အိပ်ပျက်ခြင်းသည် တစ်ညတာနှင့် ပြီးဆုံးသွားတတ်တဲ့ ပြဿနာမဟုတ်ပါဘူး။ နောက်တစ်နေ့တာအတွက်လည်း အခက်တွေ့စေတဲ့ နောက်ဆက်တွဲပြဿနာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် မိမိကျန်းမာရေးအတွက် အိပ်ရေးဝဝအိပ်ဖို့ အလေ့အကျင့်ကောင်းတစ်ခုဖန်တီးနိုင်ပြီး လှပသောမနက်ခင်းတိုင်းကို ပိုင်ဆိုင်နိုင်ကြစေဖို့ အကြပြုပေးပါရစေရှင်။

ဒေါက်တာခွာဖြူ

Previous Post

စေတနာမှ ဝေဒနာမဖြစ်စေဖို့ရာ

Next Post

အဆိပ်အတောက်  အနှောင့်အသောက်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.4k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
136
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

2 years ago
1.6k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

2 years ago
861
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.2k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
666

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အဆိပ်အတောက်  အနှောင့်အသောက်

သံဓာတ် မချို့တဲ့စေဖို့ရာ Vitamin C ကူမှာပါ

ကိုယ်ဝန်ဆောင်ခရီးသည်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.