fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အမျိုးသမီးများ၏ လိင်ဆက်ဆံမှုပြဿနာများ

5
VIEWS
Share on FacebookShare on Twitter
06/12/2016
in ကျန်းမာသော နေထိုင်မှုပုံစံ, အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
စာဖတ်ရန်ကြာချိန် 1 မိနစ်
A A
0 0

(Zawgyi)

အမ်ိဳးသမီး ၁၀ေယာက္တြင္ ၄ေယာက္၌ လိင္ဆက္ဆံမႈဆိုင္ရာ ျပႆနာမ်ား၊ ၎တို႔၏ ဘဝျဖတ္သန္း မႈတြင္ ႀကဳံေတြ႕ရလ်က္ရွိေၾကာင္း သုေတသန ေလ့လာမႈအရ သိရွိရသည္။ ျပႆနာသည္ အခ်ိန္ကာလၾကာျမင့္ လာလွ်င္ျဖစ္ေစ၊ မၾကာခဏ အႀကိမ္ႀကိမ္ ျဖစ္လာလွ်င္ျဖစ္ေစ၊ လ်စ္လွ်ဴရႈထား၍ မျဖစ္သင့္ေတာ့ေပ။ ထိထိ ေရာက္ေရာက္ ကာကြယ္ကုသမႈမ်ား လုပ္ေဆာင္ရန္ လိုအပ္မည္ျဖစ္၏။

လိင္ဆက္ဆံမႈ ျပႆနာမ်ားသည္ အေၾကာင္းအရင္း ဇစ္ျမစ္မ်ားစြာေၾကာင့္ ေပၚေပါက္လာႏိုင္သည္။ ယင္းျပႆနာမ်ားေၾကာင့္လည္း လကၡဏာအမ်ိဳးမ်ိဳးျဖင့္ ျမင္ေတြ႕ရႏိုင္သည္။ ကံအားေလ်ာ္စြာပင္ ျပႆနာမ်ား အားလုံးနီးပါးကို ကုသေပးႏိုင္မည္ျဖစ္သည္။ လူတို႔၏ ခႏၶာေဗဒတည္ေဆာက္ပုံကို နားလည္ထားသင့္သည္။ သဘာဝတုံ႔ျပန္မႈမ်ားကိုလည္း ဗဟုသုတရွိထားသင့္သည္။ လိင္ဆက္ဆံရာတြင္ ေပ်ာ္႐ႊင္ေက်နပ္မႈရရွိရန္ တုံ႔ျပန္ မႈအဆင့္ဆင့္ႏွင့္ လိုအပ္ခ်က္အဆင့္ဆင့္ကိုလည္း သိနားလည္ထားဖို႔လိုအပ္မည္ျဖစ္၏။

အမ်ိဳးသမီးမ်ား၏ လိင္ပိုင္းဆိုင္ရာ ျပႆနာမ်ားမွာ အသက္အ႐ြယ္မေ႐ြး ႀကဳံေတြ႕ရတတ္သည္။ အထူး သျဖင့္ ေဟာ္မုန္းမ်ား ေျပာင္းလဲမႈျဖစ္စဥ္ ကာလ၌ ပို၍ျဖစ္ပြားေလ့ရွိသည္။ ဥပမာ-ကိုယ္ဝန္ေဆာင္စဥ္၊ မီးယပ္ ေသြးဆုံးစဥ္ကာလမ်ိဳး ျဖစ္သည္။ ထို႔အျပင္ နာတာရွည္ေရာဂါေဝဒနာမ်ား ခံစားေနရခ်ိန္၌လည္း လိင္ပိုင္းဆိုင္ရာ
ျပႆနာမ်ား ပူးတြဲျဖစ္ေပၚေလ့ရွိပါသည္။

လိင္ဆက္ဆံမႈဆိုင္ရာ ျပႆနာမ်ား ရွိလာၿပီဆိုျခင္းကို ေအာက္ေဖာ္ျပပါ လကၡဏာမ်ားျဖင့္ သိရွိႏိုင္မည္ ျဖစ္သည္။

လိင္ဆက္ဆံလိုေသာ ဆႏၵနည္းျခင္း သို႔မဟုတ္ မရွိျခင္း
လိင္ဆက္ဆံစဥ္ တက္ႂကြမႈအဆင့္ကို ထိန္းသိမ္းႏိုင္မႈ မရွိျခင္း
ဆႏၵရွိေသာ္ျငားလည္း တက္ႂကြမႈ မျဖစ္လာျခင္း
ဆႏၵျပည့္ဝၿပီးေျမာက္မႈ မရႏိုင္ျခင္း
ဆက္ဆံစဥ္ နာက်င္မႈေဝဒနာမ်ား ခံစားရျခင္း။
လိင္ဆက္ဆံမႈဆိုင္ရာ ျပႆနာမ်ားသည္ အေၾကာင္းအရာ ဇစ္ျမစ္မ်ားစြာေၾကာင့္ ျဖစ္ေပၚလာႏိုင္သည္။ အျဖစ္မ်ားေသာ အေၾကာင္းဇစ္ျမစ္တခ်ိဳ႕ကို ေဖာ္ျပေပးထားပါသည္။

႐ုပ္ပိုင္းဆိုင္ရာ အေၾကာင္းအရင္းဇစ္ျမစ္မ်ား
႐ုပ္ပိုင္းဆိုင္ရာ ယိုယြင္းမႈမ်ားေၾကာင့္ လိင္ဆက္ဆံမႈ၌ ျပႆနာမ်ား ျဖစ္လာႏိုင္သည္။ ဥပမာ-အဆစ္ ေရာင္ေရာဂါ၊ ဆီးႏွင့္အစာလမ္းေၾကာင္း ေရဂါေဝဒနာမ်ား၊ ဆီးခုံတြင္ ခြဲစိတ္မႈမ်ား၊ ေမာပန္းႏြမ္းနယ္မႈ၊ ေခါင္း ကိုက္ေဝဒနာ၊ အျခားေသာ နာက်င္မႈေဝဒနာမ်ား၊ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာဆိုင္ရာ ေရာဂါမ်ား စသည္တို႔သည္ လိင္ဆက္ဆံမႈဆိုင္ရာ ျပႆနာမ်ား ေပၚေပါက္လာေစႏိုင္သည္။

တခ်ိဳ႕ေဆးဝါးမ်ားသည္လည္း လိင္ဆက္ဆံမႈျပႆနာမ်ား ႀကဳံေတြ႕ေစႏိုင္သည္။ စိတ္က်ေဝဒနာကု ေဆးမ်ား၊ ေသြးက်ေဆးမ်ား၊ ဟစ္တမင္းဆန႔္က်င္ေဆးမ်ား၊ ကင္ဆာေရာဂါကုေဆးဝါးမ်ားသည္ လိင္ဆႏၵကို ေလ်ာ့နည္းေစ႐ုံသာမက ဆႏၵၿပီးေျမာက္မႈကိုလည္း အဟန႔္အတားျဖစ္ေစသည္။

ေဟာ္မုန္းဆိုင္ရာ အေၾကာင္းအရင္းဇစ္ျမစ္မ်ား
မီးယပ္ေသြးဆုံးခါနီးကာလ၌ အီစထ႐ိုဂ်င္ ထုတ္လုပ္မႈက်ဆင္းျခင္းေၾကာင့္ လိင္ဆက္ဆံမႈဆိုင္ရာ ျပႆနာမ်ား ႀကဳံေတြ႕ရႏိုင္သည္။ လိင္အဂၤါမ်ားတြင္ အီစထ႐ိုဂ်င္ ေဟာ္မုန္းက်ဆင္းမႈ၏ အက်ိဳးဆက္ေၾကာင့္ ေျပာင္းလဲမႈမ်ား ျဖစ္ေပၚလာကာ ဆက္ဆံမႈအတြက္ အခက္အခဲ ႀကဳံေတြ႕ေစသည္။ အဂၤါႏႈတ္ခမ္းသားမ်ား ေသးသိမ္လာသျဖင့္ အဂၤါေစ့ေပၚလြင္ထင္ရွားလာသလို ျဖစ္လာသည္။ အာ႐ုံခံစားမႈကို ေျပာင္းလဲျခင္း သို႔မ ဟုတ္ ေလ်ာ့နည္းညံ့ဖ်င္းေစသည္။ သားေမြးလမ္းေၾကာင္းသည္လည္း ေျခာက္ေသြ႕လာျခင္းႏွင့္ က်ဳံ႔လာျခင္းတို႔ ျဖစ္လာသည္။ ဆက္ဆံရာတြင္ နာက်င္မႈေဝဒနာ ျဖစ္ေစသည္။ ဆႏၵျပည့္ဝရန္ အခ်ိန္ပိုၾကာတတ္သည္။ ေခ်ာေမြ႕ ဆီသုံးရန္ လိုအပ္တတ္ပါသည္။ သားသမီးေမြးဖြားစဥ္ ကိုယ္ဝန္ေဆာင္ ႏို႔တိုက္ေကြၽးေမြးစဥ္ကာလမ်ား၌လည္း ေဟာ္မုန္းေျပာင္းလဲမႈမ်ား ရွိႏိုင္ၿပီး ဆက္ဆံမႈျပႆနာမ်ား ျဖစ္ေလ့ရွိသည္။

စိတ္ႏွင့္လူမႈေရးဆိုင္ရာ အေၾကာင္းအရင္းဇစ္ျမစ္မ်ား
ပူပင္ေသာကေဝဒနာမ်ားႏွင့္ စိတ္က်ေဝဒနာတို႔ကို ထိထိေရာက္ေရာက္ ကုသမႈမျပဳလွ်င္ လိင္ဆက္ဆံ မႈဆိုင္ရာ ျပႆနာမ်ား ႀကဳံေတြ႕ရေလ့ရွိသည္။ ကာလၾကာရွည္စြာ စိတ္ဖိစီးမႈခံရလွ်င္လည္း လိင္ဆက္ဆံမႈ ျပႆနာမ်ား ျဖစ္ေပၚလာႏိုင္သည္။ လိင္ဆက္ဆံေဖာ္ႏွင့္ လူမႈဆက္ဆံေရး အဆင္မေျပမႈေၾကာင့္ လိင္ဆက္ဆံ မႈ၌ပါ အခက္အခဲျပႆနာမ်ား ဆက္လက္ျဖစ္ေပၚလာႏိုင္သည္။ ယဥ္ေက်းမႈ၊ ယုံၾကည္ကိုးကြယ္မႈ၊ အျခားစီးပြား ေရး၊ လူမႈေရးဆိုင္ရာ ျပႆနာမ်ားသည္လည္း လိင္ဆက္ဆံမႈ ျပႆနာအျဖစ္ ေျပာင္းလဲေရာက္ရွိသြားတတ္ပါ သည္။

စိတ္ပိုင္းဆိုင္ရာ ျပႆနာမ်ားသည္ လိင္ဆက္ဆံမႈျပႆနာျဖစ္ေစသကဲ့သို႔၊ လိင္ဆက္ဆံမႈျပႆနာ မ်ားေၾကာင့္ စိတ္ေဝဒနာမ်ား ခံစားရေစႏိုင္သည္။ အျပန္အလွန္ ဆက္ႏြယ္ပတ္သက္မႈရွိေၾကာင္း သတိျပဳသင့္ သည္။

လိင္ဆက္ဆံမႈ ျပႆနာမ်ားသည္ သင္၏ လူမႈဆက္ဆံေရးကို ထိခိုက္လာလွ်င္ စိတ္၏ၿငိမ္ခ်မ္းမႈကို အ ေႏွာင့္အယွက္ျဖစ္လာလွ်င္ျဖစ္ေစ၊ ေဆးပညာရွင္ထံ သြားေရာက္ျပသဖို႔ လိုအပ္မည္ျဖစ္သည္။ လိင္ဆက္ဆံမႈ ျပႆနာမ်ားကို ေဆးပညာရွင္ထံ တင္ျပရန္ရွက္႐ြံ႕ျခင္း၊ ဝန္ေလးေနျခင္းႏွင့္ အားနာေနျခင္းတို႔ မရွိသင့္ေပ။ ေဆးပညာရွင္ ဆရာဝန္မ်ားက ဇစ္ျမစ္ကို ရွာေဖြေဖာ္ထုတ္ၿပီး ကုသမႈေပးၾကမည္ျဖစ္သည္။ လိုအပ္ေသာ ရာဇ ဝင္ေမးျမန္းမႈႏွင့္ စမ္းသပ္စစ္ေဆးမႈ ျပဳလုပ္ျခင္းျဖင့္ ေရာဂါအမည္ (ေၾကာင္းရင္းဇစ္ျမစ္) ကိုေဖာ္ထုတ္ႏိုင္ၿပီး၊ ထိ ေရာက္ေသာ ကုသမႈကို ေဆာင္႐ြက္ႏိုင္မွာ ျဖစ္ပါသည္။ လိုအပ္ပါက ဆရာဝန္အေနျဖင့္ ႏွစ္သိမ့္ေဆြးေႏြးပညာ ေပးသူ သို႔မဟုတ္ လိင္ဆိုင္ရာကထုံးပညာရွင္ထံ ထပ္ဆင့္ေပးပို႔ႏိုင္ပါသည္။

အမ်ိဳးသမီးမ်ားတြင္ ျဖစ္ပြားမႈ အမ်ားဆုံးလိင္ပိုင္းဆိုင္ရာ ျပႆနာမ်ားမွာ –

(၁) လိင္ဆႏၵေလ်ာ့နည္းျခင္း၊ ဆက္ဆံလိုစိတ္မရွိျခင္း
(၂) လိင္စိတ္ႏိုးႂကြႏိုင္မႈမရွိျခင္း
(၃) ဆႏၵၿပီးေျမာက္ ျပည့္ဝမႈမရႏိုင္ျခင္းႏွင့္
(၄) လိင္ဆက္ဆံစဥ္ နာက်င္မႈေဝဒနာတို႔ ျဖစ္သည္။

လိင္ဆက္ဆံမႈအေပၚ တုံ႔ျပန္ျခင္းမွာ အေၾကာင္းခ်င္းရာ မ်ားစြာေပါင္းစပ္ထားေသာ ရႈပ္ေထြးလွသည့္ အျပန္အလွန္ တုံ႔ျပန္မႈျဖစ္စဥ္၊ ဇီဝကမၼျဖစ္စဥ္၊ စိတ္အေျခအေန၊ အေတြ႕အႀကဳံ၊ ယုံၾကည္မႈ၊ လူေနမႈပုံစံႏွင့္ လူမႈ ဆက္ဆံေရးစသည့္ အေၾကာင္းခ်င္းရာမ်ားစြာႏွင့္ ဆက္ႏြယ္မႈရွိသည္။ ေဖာ္ျပပါ အေၾကာင္းခ်င္းရာမ်ားအနက္ တစ္စုံတစ္ခု ယိုယြင္းလွ်င္ပင္ လိင္ဆက္ဆံမႈ ျပႆနာမ်ား ျဖစ္ေပၚလာႏိုင္သည္။

လိင္ဆက္ဆံမႈ ျပႆနာမ်ားအေပၚ ကုသရာ၌ ႐ုပ္ပိုင္းဆိုင္ရာႏွင့္ စိတ္ပိုင္းဆိုင္ရာ ကုသမႈႏွစ္မ်ိဳးစလုံး လိုအပ္မည္ျဖစ္သည္။ အီစထ႐ိုဂ်င္ပါေသာ သားေမြးလမ္းေၾကာင္းအတြက္ ခရိမ္အသုံးျပဳျခင္း၊ စိတ္က်ေဆးဝါး ကိုတစ္မ်ိဳးမွ အျခားတစ္မ်ိဳးေျပာင္းလဲေပးျခင္းတို႔ လိုႏိုင္သကဲ့သို႔၊ က်န္တစ္ဖက္တြင္လည္း အျပဳအမူဆိုင္ရာ ကုထုံးႏွင့္ အျခားစိတ္ပိုင္းဆိုင္ရာကုထုံးမ်ားလည္း တစ္ၿပိဳင္နက္ ေဆာင္႐ြက္တတ္ၾကရသည္။

လိင္ဆက္ဆံမႈဆိုင္ရာ ျပႆနာမ်ားအတြက္ စိတ္ပိုင္းဆိုင္ရာ ကုထုံးမွာအေရးႀကီးၿပီး၊ တစ္ခါတစ္ရံ ပထ မဦးစားေပးအျဖစ္ ေဆာင္႐ြက္ရသည္။ ထိုသို႔ ေဆာင္႐ြက္ရာတြင္ ကုထုံးပညာရွင္မ်ားသည္ ေအာက္ေဖာ္ျပပါအ ခ်က္မ်ားလုပ္ေဆာင္ရန္ အႀကံေပးလမ္းၫႊန္ထားပါသည္။

(က) ေျပာပါ၊ နားေထာင္ပါ။

တခ်ိဳ႕ေသာ စုံတြဲမ်ားသည္ လိင္ကိစၥႏွင့္ ပတ္သက္၍ ေဆြးေႏြးေျပာဆိုမႈ မရွိတတ္ၾကေပ။ အမွန္စင္စစ္ ေျပာဖို႔လိုပါသည္။ နားေထာင္တတ္ဖို႔လည္း လိုအပ္ပါသည္။ ႀကိဳက္ႏွစ္သက္မႈႏွင့္ မႀကိဳက္ႏွစ္သက္မႈတို႔ကို အျပန္အလွန္ ပြင့္ပြင့္လင္းလင္း ေျပာဆိုေဆြးေႏြးရန္ ျဖစ္ပါသည္။

(ခ) က်န္းမားေရးႏွင့္ ညီၫြတ္ေသာေနထိုင္စားေသာက္မႈပုံစံကို ရယူပါ။

လိင္ျပႆနာေျဖရွင္းရာတြင္ က်န္းမာေရးညီၫြတ္ေသာ ေနထိုင္မႈပုံစံ ရယူရန္အေရးႀကီးပါသည္။ အရက္အလြန္အကြၽံ မေသာက္သင့္ပါ။ ေဆးလိပ္ျဖတ္ရပါမည္။ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းမ်ား လုပ္ ေဆာင္သင့္ပါသည္။
ေဆးလိပ္ေသာက္ျခင္းသည္ လိင္အဂၤါမ်ားသို႔ ေသြးစီးဆင္းမႈကို ေလ်ာ့နည္းေစသျဖင့္ ဆႏၵတက္ႂကြမႈ ႏွင့္ ဆႏၵျပည့္ဝမႈတို႔ကို အေႏွာင့္အယွက္ အဟန႔္အတားျဖစ္ေစပါသည္။ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းျပဳလုပ္ ျခင္းသည္ အေမာလုံေစပါသည္။ စိတ္ေပ်ာ္႐ႊင္ေအာင္ ေနထိုင္ၿပီးဖိစီးမႈ နည္းႏိုင္သမွ်နည္းေအာင္ ေနထိုင္ရန္ လည္း လိုအပ္မည္ျဖစ္ပါသည္။

(ဂ) ဆီးခုံတြင္း ႂကြက္သားမ်ားသန္စြမ္းပါေစ။

ဆီးခုံတြင္း ႂကြက္သားမ်ား သန္စြမ္းလာေစရန္ Palvic Floor Exercise မ်ားလုပ္ေဆာင္ေပးရပါမည္။ ဆႏၵတက္ႂကြမႈႏွင့္ ဆႏၵျပည့္ဝမႈတို႔အတြက္ အခက္အခဲ ႀကဳံေတြ႕ရပါက ဆီးခုံတြင္းႂကြက္သားမ်ား သန္စြမ္းလာ ေစရန္ ေလ့က်င့္ခန္းမ်ား လုပ္ေဆာင္ေပးပါက အကူအညီမ်ားစြာျဖစ္ထြန္းႏိုင္ေစပါသည္။ “Kegel Exercise” ေခၚ Pelvic Floor Exercise လုပ္သင့္သည္။

(ဃ) ႏွစ္သိမ့္ေဆြးေႏြး ပညာေပးသူ Counselor ႏွင့္ေတြ႕ဆုံေဆြးေႏြးပါ။

ဤအခ်က္သည္ အေရးႀကီးဆုံးဟုဆိုက မွားမည္မဟုတ္ေပ။ ႏွစ္သိမ့္ေဆြးေႏြးပညာေပးသူမ်ားက လိင္ ဆက္ဆံမႈျပႆနာမ်ားကို ကူညီေျဖရွင္းေပးႏိုင္ၾကပါသည္။

လိင္ဆက္ဆံမႈ ျပႆနာမ်ားကို ေဆးဝါးဆိုင္ရာ ကုထုံးနည္းမ်ားျဖင့္လည္း ကူညီကုသေပးႏိုင္မည္ျဖစ္ သည္။ ေဆးဝါးဆိုင္ရာ ကုထုံးနည္းမ်ားတြင္—

လိင္ဆက္ဆံမႈႏွင့္ ပတ္သက္၍ ေဘးထြက္ဆိုးက်ိဳးျဖစ္ႏိုင္ေသာ ေဆးမ်ားကို ေရွာင္ၾကဥ္ျခင္း၊ အျခား ေဆးဝါးမ်ား ႏွင့္ဖလွယ္ေပးျခင္း
သိုင္း႐ြိဳက္ဂလင္း ျပႆနာႏွင့္ အျခားေဟာ္မုန္းဆိုင္ရာ ျပႆနာမ်ားကို ေျဖရွင္းကုသျခင္း
စိတ္က်ေဝဒနာႏွင့္ စိတ္ပူပင္ေသာက ေဝဒနာမ်ားထိထိေရာက္ေရာက္ ကုသျခင္း
နာက်င္မႈေဝဒနာ သက္သာေစရန္ ဆရာဝန္မ်ားက ၫႊန္ၾကားမႈကို လိုက္နာေဆာင္႐ြက္ျခင္း စသည္တို႔ ပါဝင္သည္။ လိင္ဆက္ဆံမႈ ျပႆနာမ်ားကို ေဟာ္မုန္းကုထုံးမ်ားျဖင့္လည္း ကုသေပးႏိုင္ပါသည္။
(၁) အီစထ႐ိုဂ်င္ကုထုံး Oestrogen Therapy

သားေမြးလမ္းေၾကာင္းအတြင္း ထည့္သြင္းႏိုင္သည့္ ကြင္းခရိမ္၊ ေဆးလုံးေဆးခဲ၊ ထိုးေဆးစသည္ျဖင့္ အီ စထ႐ိုဂ်င္ကို နည္းမ်ိဳးစုံျဖင့္သုံးႏိုင္သည္။
သားေမြးလမ္းေၾကာင္း၏ က်ဳံ႔ညႇစ္အားေကာင္းေစျခင္း၊ ေသြးဝင္စီးဆင္းမႈ ေကာင္းမြန္လာေစျခင္း၊ သား ေမြးလမ္းေၾကာင္း ေျခာက္ေသြ႕မႈမွ ကင္းေဝးေစျခင္း၊ ဦးေႏွာက္အေပၚ လုပ္ငန္းမွန္ကန္ေစၿပီး၊ စိတ္တည္ၿငိမ္မႈရ ႏိုင္ျခင္းစသည့္ အက်ိဳးရလဒ္မ်ား ရရွိႏိုင္သည္။

(၂) ပ႐ိုဂ်က္စတင္ကုထုံး Progestin Therapy

ပ႐ိုဂ်က္စတင္သည္ လိင္ဆႏၵေလ်ာ့နည္းေစၿပီး သားေမြးလမ္းေၾကာင္းသို႔ ေသြးစီးဆင္းမႈ ေလ်ာ့နည္းေစ ႏိုင္သည္ဟု ဆိုပါသည္။ သို႔ေသာ္ အီစထ႐ိုဂ်င္ႏွင့္ တြဲဖက္ေပးပါက လိင္ဆႏၵအားေကာင္းေစၿပီးတက္ႂကြမႈလည္း ျဖစ္ေစႏိုင္ပါသည္။

(၃) အင္ဒ႐ိုဂ်င္ကုထုံး Androgen Therapy

အမ်ိဳးသားေဟာ္မုန္း Androgen (တက္စတိုစတီ Testosterme) ပမာဏ အနည္းငယ္မွ်ေပးလွ်င္ လိင္ ဆႏၵအားေကာင္းေစသည္ဟု လက္ခံထားၾကပါသည္။ ခိုင္မာတိက်ေသာ အေထာက္အထားမ်ား မရွိေသးေပ။ ဥေရာပႏွင့္ ၾသစေၾတးလ်တို႔တြင္ အ႐ိုးပြေရာဂါအတြက္ ကုသရန္အသုံးျပဳေသာေဆး Tibolone သည္သားေမြး လမ္းေၾကာင္း ေျခာက္ေသြ႕မႈကို ကာကြယ္ႏိုင္ျခင္း၊ လိင္ဆႏၵျမႇင့္တင္ေပးျခင္း၊ ဆႏၵတက္ႂကြမႈျဖစ္ေစျခင္းတို႔ကို ရရွိေစႏိုင္သည္ဟု ဆိုပါသည္။ သို႔ေသာ္ အေမရိကန္ျပည္ေထာင္စု၏ အစားအစာႏွင့္ ေဆးဝါးကြပ္ကဲေရးအဖြဲ႕က အတည္ျပဳထားျခင္း မရွိေသးေပ။

Author – ေဒါက္တာေအးေက်ာ္ (ဇီဝကမၼေဗဒ)

(Unicode)

အမျိုးသမီး ၁၀ယောက်တွင် ၄ယောက်၌ လိင်ဆက်ဆံမှုဆိုင်ရာ ပြဿနာများ၊ ၎င်းတို့၏ ဘဝဖြတ်သန်း မှုတွင် ကြုံတွေ့ရလျက်ရှိကြောင်း သုတေသန လေ့လာမှုအရ သိရှိရသည်။ ပြဿနာသည် အချိန်ကာလကြာမြင့် လာလျှင်ဖြစ်စေ၊ မကြာခဏ အကြိမ်ကြိမ် ဖြစ်လာလျှင်ဖြစ်စေ၊ လျစ်လျှူရှုထား၍ မဖြစ်သင့်တော့ပေ။ ထိထိ ရောက်ရောက် ကာကွယ်ကုသမှုများ လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်၏။

လိင်ဆက်ဆံမှု ပြဿနာများသည် အကြောင်းအရင်း ဇစ်မြစ်များစွာကြောင့် ပေါ်ပေါက်လာနိုင်သည်။ ယင်းပြဿနာများကြောင့်လည်း လက္ခဏာအမျိုးမျိုးဖြင့် မြင်တွေ့ရနိုင်သည်။ ကံအားလျော်စွာပင် ပြဿနာများ အားလုံးနီးပါးကို ကုသပေးနိုင်မည်ဖြစ်သည်။ လူတို့၏ ခန္ဓာဗေဒတည်ဆောက်ပုံကို နားလည်ထားသင့်သည်။ သဘာဝတုံ့ပြန်မှုများကိုလည်း ဗဟုသုတရှိထားသင့်သည်။ လိင်ဆက်ဆံရာတွင် ပျော်ရွှင်ကျေနပ်မှုရရှိရန် တုံ့ပြန် မှုအဆင့်ဆင့်နှင့် လိုအပ်ချက်အဆင့်ဆင့်ကိုလည်း သိနားလည်ထားဖို့လိုအပ်မည်ဖြစ်၏။

အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာ ပြဿနာများမှာ အသက်အရွယ်မရွေး ကြုံတွေ့ရတတ်သည်။ အထူး သဖြင့် ဟော်မုန်းများ ပြောင်းလဲမှုဖြစ်စဉ် ကာလ၌ ပို၍ဖြစ်ပွားလေ့ရှိသည်။ ဥပမာ-ကိုယ်ဝန်ဆောင်စဉ်၊ မီးယပ် သွေးဆုံးစဉ်ကာလမျိုး ဖြစ်သည်။ ထို့အပြင် နာတာရှည်ရောဂါဝေဒနာများ ခံစားနေရချိန်၌လည်း လိင်ပိုင်းဆိုင်ရာ
ပြဿနာများ ပူးတွဲဖြစ်ပေါ်လေ့ရှိပါသည်။

လိင်ဆက်ဆံမှုဆိုင်ရာ ပြဿနာများ ရှိလာပြီဆိုခြင်းကို အောက်ဖော်ပြပါ လက္ခဏာများဖြင့် သိရှိနိုင်မည် ဖြစ်သည်။

  • လိင်ဆက်ဆံလိုသော ဆန္ဒနည်းခြင်း သို့မဟုတ် မရှိခြင်း
  • လိင်ဆက်ဆံစဉ် တက်ကြွမှုအဆင့်ကို ထိန်းသိမ်းနိုင်မှု မရှိခြင်း
  • ဆန္ဒရှိသော်ငြားလည်း တက်ကြွမှု မဖြစ်လာခြင်း
  • ဆန္ဒပြည့်ဝပြီးမြောက်မှု မရနိုင်ခြင်း
  • ဆက်ဆံစဉ် နာကျင်မှုဝေဒနာများ ခံစားရခြင်း။

လိင်ဆက်ဆံမှုဆိုင်ရာ ပြဿနာများသည် အကြောင်းအရာ ဇစ်မြစ်များစွာကြောင့် ဖြစ်ပေါ်လာနိုင်သည်။ အဖြစ်များသော အကြောင်းဇစ်မြစ်တချို့ကို ဖော်ပြပေးထားပါသည်။

ရုပ်ပိုင်းဆိုင်ရာ အကြောင်းအရင်းဇစ်မြစ်များ

ရုပ်ပိုင်းဆိုင်ရာ ယိုယွင်းမှုများကြောင့် လိင်ဆက်ဆံမှု၌ ပြဿနာများ ဖြစ်လာနိုင်သည်။ ဥပမာ-အဆစ် ရောင်ရောဂါ၊ ဆီးနှင့်အစာလမ်းကြောင်း ရေဂါဝေဒနာများ၊ ဆီးခုံတွင် ခွဲစိတ်မှုများ၊ မောပန်းနွမ်းနယ်မှု၊ ခေါင်း ကိုက်ဝေဒနာ၊ အခြားသော နာကျင်မှုဝေဒနာများ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ စသည်တို့သည် လိင်ဆက်ဆံမှုဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာစေနိုင်သည်။

တချို့ဆေးဝါးများသည်လည်း လိင်ဆက်ဆံမှုပြဿနာများ ကြုံတွေ့စေနိုင်သည်။ စိတ်ကျဝေဒနာကု ဆေးများ၊ သွေးကျဆေးများ၊ ဟစ်တမင်းဆန့်ကျင်ဆေးများ၊ ကင်ဆာရောဂါကုဆေးဝါးများသည် လိင်ဆန္ဒကို လျော့နည်းစေရုံသာမက ဆန္ဒပြီးမြောက်မှုကိုလည်း အဟန့်အတားဖြစ်စေသည်။

ဟော်မုန်းဆိုင်ရာ အကြောင်းအရင်းဇစ်မြစ်များ

မီးယပ်သွေးဆုံးခါနီးကာလ၌ အီစထရိုဂျင် ထုတ်လုပ်မှုကျဆင်းခြင်းကြောင့် လိင်ဆက်ဆံမှုဆိုင်ရာ ပြဿနာများ ကြုံတွေ့ရနိုင်သည်။ လိင်အင်္ဂါများတွင် အီစထရိုဂျင် ဟော်မုန်းကျဆင်းမှု၏ အကျိုးဆက်ကြောင့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာကာ ဆက်ဆံမှုအတွက် အခက်အခဲ ကြုံတွေ့စေသည်။ အင်္ဂါနှုတ်ခမ်းသားများ သေးသိမ်လာသဖြင့် အင်္ဂါစေ့ပေါ်လွင်ထင်ရှားလာသလို ဖြစ်လာသည်။ အာရုံခံစားမှုကို ပြောင်းလဲခြင်း သို့မ ဟုတ် လျော့နည်းညံ့ဖျင်းစေသည်။ သားမွေးလမ်းကြောင်းသည်လည်း ခြောက်သွေ့လာခြင်းနှင့် ကျုံ့လာခြင်းတို့ ဖြစ်လာသည်။ ဆက်ဆံရာတွင် နာကျင်မှုဝေဒနာ ဖြစ်စေသည်။ ဆန္ဒပြည့်ဝရန် အချိန်ပိုကြာတတ်သည်။ ချောမွေ့ ဆီသုံးရန် လိုအပ်တတ်ပါသည်။ သားသမီးမွေးဖွားစဉ် ကိုယ်ဝန်ဆောင် နို့တိုက်ကျွေးမွေးစဉ်ကာလများ၌လည်း ဟော်မုန်းပြောင်းလဲမှုများ ရှိနိုင်ပြီး ဆက်ဆံမှုပြဿနာများ ဖြစ်လေ့ရှိသည်။

စိတ်နှင့်လူမှုရေးဆိုင်ရာ အကြောင်းအရင်းဇစ်မြစ်များ

ပူပင်သောကဝေဒနာများနှင့် စိတ်ကျဝေဒနာတို့ကို ထိထိရောက်ရောက် ကုသမှုမပြုလျှင် လိင်ဆက်ဆံ မှုဆိုင်ရာ ပြဿနာများ ကြုံတွေ့ရလေ့ရှိသည်။ ကာလကြာရှည်စွာ စိတ်ဖိစီးမှုခံရလျှင်လည်း လိင်ဆက်ဆံမှု ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ လိင်ဆက်ဆံဖော်နှင့် လူမှုဆက်ဆံရေး အဆင်မပြေမှုကြောင့် လိင်ဆက်ဆံ မှု၌ပါ အခက်အခဲပြဿနာများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်။ ယဉ်ကျေးမှု၊ ယုံကြည်ကိုးကွယ်မှု၊ အခြားစီးပွား ရေး၊ လူမှုရေးဆိုင်ရာ ပြဿနာများသည်လည်း လိင်ဆက်ဆံမှု ပြဿနာအဖြစ် ပြောင်းလဲရောက်ရှိသွားတတ်ပါ သည်။

စိတ်ပိုင်းဆိုင်ရာ ပြဿနာများသည် လိင်ဆက်ဆံမှုပြဿနာဖြစ်စေသကဲ့သို့၊ လိင်ဆက်ဆံမှုပြဿနာ များကြောင့် စိတ်ဝေဒနာများ ခံစားရစေနိုင်သည်။ အပြန်အလှန် ဆက်နွယ်ပတ်သက်မှုရှိကြောင်း သတိပြုသင့် သည်။

လိင်ဆက်ဆံမှု ပြဿနာများသည် သင်၏ လူမှုဆက်ဆံရေးကို ထိခိုက်လာလျှင် စိတ်၏ငြိမ်ချမ်းမှုကို အ နှောင့်အယှက်ဖြစ်လာလျှင်ဖြစ်စေ၊ ဆေးပညာရှင်ထံ သွားရောက်ပြသဖို့ လိုအပ်မည်ဖြစ်သည်။ လိင်ဆက်ဆံမှု ပြဿနာများကို ဆေးပညာရှင်ထံ တင်ပြရန်ရှက်ရွံ့ခြင်း၊ ဝန်လေးနေခြင်းနှင့် အားနာနေခြင်းတို့ မရှိသင့်ပေ။ ဆေးပညာရှင် ဆရာဝန်များက ဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ပြီး ကုသမှုပေးကြမည်ဖြစ်သည်။ လိုအပ်သော ရာဇ ဝင်မေးမြန်းမှုနှင့် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခြင်းဖြင့် ရောဂါအမည် (ကြောင်းရင်းဇစ်မြစ်) ကိုဖော်ထုတ်နိုင်ပြီး၊ ထိ ရောက်သော ကုသမှုကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါသည်။ လိုအပ်ပါက ဆရာဝန်အနေဖြင့် နှစ်သိမ့်ဆွေးနွေးပညာ ပေးသူ သို့မဟုတ် လိင်ဆိုင်ရာကထုံးပညာရှင်ထံ ထပ်ဆင့်ပေးပို့နိုင်ပါသည်။

အမျိုးသမီးများတွင် ဖြစ်ပွားမှု အများဆုံးလိင်ပိုင်းဆိုင်ရာ ပြဿနာများမှာ –

(၁) လိင်ဆန္ဒလျော့နည်းခြင်း၊ ဆက်ဆံလိုစိတ်မရှိခြင်း
(၂) လိင်စိတ်နိုးကြွနိုင်မှုမရှိခြင်း
(၃) ဆန္ဒပြီးမြောက် ပြည့်ဝမှုမရနိုင်ခြင်းနှင့်
(၄) လိင်ဆက်ဆံစဉ် နာကျင်မှုဝေဒနာတို့ ဖြစ်သည်။

လိင်ဆက်ဆံမှုအပေါ် တုံ့ပြန်ခြင်းမှာ အကြောင်းချင်းရာ များစွာပေါင်းစပ်ထားသော ရှုပ်ထွေးလှသည့် အပြန်အလှန် တုံ့ပြန်မှုဖြစ်စဉ်၊ ဇီဝကမ္မဖြစ်စဉ်၊ စိတ်အခြေအနေ၊ အတွေ့အကြုံ၊ ယုံကြည်မှု၊ လူနေမှုပုံစံနှင့် လူမှု ဆက်ဆံရေးစသည့် အကြောင်းချင်းရာများစွာနှင့် ဆက်နွယ်မှုရှိသည်။ ဖော်ပြပါ အကြောင်းချင်းရာများအနက် တစ်စုံတစ်ခု ယိုယွင်းလျှင်ပင် လိင်ဆက်ဆံမှု ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

လိင်ဆက်ဆံမှု ပြဿနာများအပေါ် ကုသရာ၌ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကုသမှုနှစ်မျိုးစလုံး လိုအပ်မည်ဖြစ်သည်။ အီစထရိုဂျင်ပါသော သားမွေးလမ်းကြောင်းအတွက် ခရိမ်အသုံးပြုခြင်း၊ စိတ်ကျဆေးဝါး ကိုတစ်မျိုးမှ အခြားတစ်မျိုးပြောင်းလဲပေးခြင်းတို့ လိုနိုင်သကဲ့သို့၊ ကျန်တစ်ဖက်တွင်လည်း အပြုအမူဆိုင်ရာ ကုထုံးနှင့် အခြားစိတ်ပိုင်းဆိုင်ရာကုထုံးများလည်း တစ်ပြိုင်နက် ဆောင်ရွက်တတ်ကြရသည်။

လိင်ဆက်ဆံမှုဆိုင်ရာ ပြဿနာများအတွက် စိတ်ပိုင်းဆိုင်ရာ ကုထုံးမှာအရေးကြီးပြီး၊ တစ်ခါတစ်ရံ ပထ မဦးစားပေးအဖြစ် ဆောင်ရွက်ရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကုထုံးပညာရှင်များသည် အောက်ဖော်ပြပါအ ချက်များလုပ်ဆောင်ရန် အကြံပေးလမ်းညွှန်ထားပါသည်။

(က) ပြောပါ၊ နားထောင်ပါ။

တချို့သော စုံတွဲများသည် လိင်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုမှု မရှိတတ်ကြပေ။ အမှန်စင်စစ် ပြောဖို့လိုပါသည်။ နားထောင်တတ်ဖို့လည်း လိုအပ်ပါသည်။ ကြိုက်နှစ်သက်မှုနှင့် မကြိုက်နှစ်သက်မှုတို့ကို အပြန်အလှန် ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးရန် ဖြစ်ပါသည်။

(ခ) ကျန်းမားရေးနှင့် ညီညွတ်သောနေထိုင်စားသောက်မှုပုံစံကို ရယူပါ။

လိင်ပြဿနာဖြေရှင်းရာတွင် ကျန်းမာရေးညီညွတ်သော နေထိုင်မှုပုံစံ ရယူရန်အရေးကြီးပါသည်။ အရက်အလွန်အကျွံ မသောက်သင့်ပါ။ ဆေးလိပ်ဖြတ်ရပါမည်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ လုပ် ဆောင်သင့်ပါသည်။
ဆေးလိပ်သောက်ခြင်းသည် လိင်အင်္ဂါများသို့ သွေးစီးဆင်းမှုကို လျော့နည်းစေသဖြင့် ဆန္ဒတက်ကြွမှု နှင့် ဆန္ဒပြည့်ဝမှုတို့ကို အနှောင့်အယှက် အဟန့်အတားဖြစ်စေပါသည်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ် ခြင်းသည် အမောလုံစေပါသည်။ စိတ်ပျော်ရွှင်အောင် နေထိုင်ပြီးဖိစီးမှု နည်းနိုင်သမျှနည်းအောင် နေထိုင်ရန် လည်း လိုအပ်မည်ဖြစ်ပါသည်။

(ဂ) ဆီးခုံတွင်း ကြွက်သားများသန်စွမ်းပါစေ။

ဆီးခုံတွင်း ကြွက်သားများ သန်စွမ်းလာစေရန် Palvic Floor Exercise များလုပ်ဆောင်ပေးရပါမည်။ ဆန္ဒတက်ကြွမှုနှင့် ဆန္ဒပြည့်ဝမှုတို့အတွက် အခက်အခဲ ကြုံတွေ့ရပါက ဆီးခုံတွင်းကြွက်သားများ သန်စွမ်းလာ စေရန် လေ့ကျင့်ခန်းများ လုပ်ဆောင်ပေးပါက အကူအညီများစွာဖြစ်ထွန်းနိုင်စေပါသည်။ “Kegel Exercise” ခေါ် Pelvic Floor Exercise လုပ်သင့်သည်။

(ဃ) နှစ်သိမ့်ဆွေးနွေး ပညာပေးသူ Counselor နှင့်တွေ့ဆုံဆွေးနွေးပါ။

ဤအချက်သည် အရေးကြီးဆုံးဟုဆိုက မှားမည်မဟုတ်ပေ။ နှစ်သိမ့်ဆွေးနွေးပညာပေးသူများက လိင် ဆက်ဆံမှုပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ကြပါသည်။

လိင်ဆက်ဆံမှု ပြဿနာများကို ဆေးဝါးဆိုင်ရာ ကုထုံးနည်းများဖြင့်လည်း ကူညီကုသပေးနိုင်မည်ဖြစ် သည်။ ဆေးဝါးဆိုင်ရာ ကုထုံးနည်းများတွင်—

  • လိင်ဆက်ဆံမှုနှင့် ပတ်သက်၍ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်သော ဆေးများကို ရှောင်ကြဉ်ခြင်း၊ အခြား ဆေးဝါးများ နှင့်ဖလှယ်ပေးခြင်း
  • သိုင်းရွိုက်ဂလင်း ပြဿနာနှင့် အခြားဟော်မုန်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းကုသခြင်း
  • စိတ်ကျဝေဒနာနှင့် စိတ်ပူပင်သောက ဝေဒနာများထိထိရောက်ရောက် ကုသခြင်း
  • နာကျင်မှုဝေဒနာ သက်သာစေရန် ဆရာဝန်များက ညွှန်ကြားမှုကို လိုက်နာဆောင်ရွက်ခြင်း စသည်တို့ ပါဝင်သည်။ လိင်ဆက်ဆံမှု ပြဿနာများကို ဟော်မုန်းကုထုံးများဖြင့်လည်း ကုသပေးနိုင်ပါသည်။

(၁) အီစထရိုဂျင်ကုထုံး Oestrogen Therapy

သားမွေးလမ်းကြောင်းအတွင်း ထည့်သွင်းနိုင်သည့် ကွင်းခရိမ်၊ ဆေးလုံးဆေးခဲ၊ ထိုးဆေးစသည်ဖြင့် အီ စထရိုဂျင်ကို နည်းမျိုးစုံဖြင့်သုံးနိုင်သည်။
သားမွေးလမ်းကြောင်း၏ ကျုံ့ညှစ်အားကောင်းစေခြင်း၊ သွေးဝင်စီးဆင်းမှု ကောင်းမွန်လာစေခြင်း၊ သား မွေးလမ်းကြောင်း ခြောက်သွေ့မှုမှ ကင်းဝေးစေခြင်း၊ ဦးနှောက်အပေါ် လုပ်ငန်းမှန်ကန်စေပြီး၊ စိတ်တည်ငြိမ်မှုရ နိုင်ခြင်းစသည့် အကျိုးရလဒ်များ ရရှိနိုင်သည်။

(၂) ပရိုဂျက်စတင်ကုထုံး Progestin Therapy

ပရိုဂျက်စတင်သည် လိင်ဆန္ဒလျော့နည်းစေပြီး သားမွေးလမ်းကြောင်းသို့ သွေးစီးဆင်းမှု လျော့နည်းစေ နိုင်သည်ဟု ဆိုပါသည်။ သို့သော် အီစထရိုဂျင်နှင့် တွဲဖက်ပေးပါက လိင်ဆန္ဒအားကောင်းစေပြီးတက်ကြွမှုလည်း ဖြစ်စေနိုင်ပါသည်။

(၃) အင်ဒရိုဂျင်ကုထုံး Androgen Therapy

အမျိုးသားဟော်မုန်း Androgen (တက်စတိုစတီ Testosterme) ပမာဏ အနည်းငယ်မျှပေးလျှင် လိင် ဆန္ဒအားကောင်းစေသည်ဟု လက်ခံထားကြပါသည်။ ခိုင်မာတိကျသော အထောက်အထားများ မရှိသေးပေ။ ဥရောပနှင့် သြစတြေးလျတို့တွင် အရိုးပွရောဂါအတွက် ကုသရန်အသုံးပြုသောဆေး Tibolone သည်သားမွေး လမ်းကြောင်း ခြောက်သွေ့မှုကို ကာကွယ်နိုင်ခြင်း၊ လိင်ဆန္ဒမြှင့်တင်ပေးခြင်း၊ ဆန္ဒတက်ကြွမှုဖြစ်စေခြင်းတို့ကို ရရှိစေနိုင်သည်ဟု ဆိုပါသည်။ သို့သော် အမေရိကန်ပြည်ထောင်စု၏ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့က အတည်ပြုထားခြင်း မရှိသေးပေ။

Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Previous Post

ခွေရူးရောဂါ

Next Post

အရိုးပွရောဂါကြောင့် စိတ်မညစ်စေရ

5
VIEWS
Share on FacebookShare on Twitter

ဆက်စပ် ဆောင်းပါးများ

အရွယ်တင်နုပျိုခြင်းအတွက် အရေးပါသော ကော်လဂျင်ဓာတ်အကြောင်း

19 hours ago

အရေပြားကျန်းမာရေးအတွက် ရှားစောင်းလက်ပပ်၏ကောင်းကျိုးများ

19 hours ago

ဆယ်ကျော်သက်များပိုမိုအရပ်ရှည်လာနိုင်စေသည့် ထိရောက်သည့်နည်းလမ်းများ။

23 hours ago

ကလေးများ ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သော အခြေခံအာဟာရဓာတ်များ။

23 hours ago

ခြောက်သွေ့တဲ့ အသားအရေအတွက် အသားအရေထိန်းသိမ်းနိုင်မယ့်နည်းလမ်းများ

2 days ago

ကလေးများ ဖွံ့ဖြိုးကြီးထွားမှုဆိုတာ

2 days ago

ကျန်းမာရေးအမျိုးအစားအလိုက် ခေါင်းစဉ်များ

  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • သွေးတိုးရောဂါရှင်များအတွက်ဆောင်ရန်/ရှောင်ရန် ( ၁၀ )ချက်

    0 shares
    Share 0 Tweet 0
  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အရေပြားကျန်းမာရေးအတွက် ရှားစောင်းလက်ပပ်၏ကောင်းကျိုးများ

    0 shares
    Share 0 Tweet 0
  • ကြည်လင်ဝင်းပသော အသားအရေရရှိစေဖို့ လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ်များ။

    0 shares
    Share 0 Tweet 0
  • ဆီးချိုဘာကြောင့်မကျတာလဲ

    0 shares
    Share 0 Tweet 0
  • ‌အရက်ကြောင့်ဖြစ်ရသော အသည်းရောဂါ။

    0 shares
    Share 0 Tweet 0
  • စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    0 shares
    Share 0 Tweet 0
  • ခန္ဓာကိုယ်တွင် သံဓာတ်လွန်ကဲခြင်း အကြောင်းအရင်းများနှင့် ရောဂါလက္ခဏာများ

    0 shares
    Share 0 Tweet 0
  • အနာမြန်မြန်ကျက်စေမဲ့ ပျားရည်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
Next Post

အရိုးပွရောဂါကြောင့် စိတ်မညစ်စေရ

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f
Youtube
Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Subscribe For Latest Updates

Sign up to best of business news, informed analysis and opinions on what matters to you.
Invalid email address
We promise not to spam you. You can unsubscribe at any time.
Thanks for subscribing!