fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကော်ဖီနဲ့ လက်ဖက်ရည် ဘယ်ဟာသာသလဲ

143
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/06/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

ကမာၻေပၚမွာ လူမ်ိဳးႏွစ္မ်ိဳးရွိတယ္လို႔ ေျပာလို႔ရႏိုင္တယ္။ ေကာ္ဖီႀကိဳက္သူေတြနဲ႔ လက္ဖက္ရည္မွ လက္ဖက္ရည္ဆိုတဲ့ လူေတြပဲျဖစ္ၾကတယ္။ အနံ႔ေမႊးၿပီး ကဖင္းဓာတ္ပါတဲ့ ဒီအေဖ်ာ္ယမကာႏွစ္ခုထဲက တစ္ခုကို ႏွစ္သက္စြဲလန္းၾကတဲ့ လူေတြ အမ်ားႀကီး ရွိၾကတယ္။ ဒါေပမယ့္ က်န္းမာေရးရႈေထာင့္က ၾကည့္ရင္ ဘယ္ဟာက အားသာသလဲ။ အသည္းကို ကာကြယ္ၿပီး ဆီးခ်ိဳေရာဂါကို ခုခံတိုက္ဖ်က္တာကေတာ့ ေကာ္ဖီဆိုတာ သုံးသပ္ခ်က္ေတြအရ သိရတယ္။ လက္ဖက္ရည္ရဲ႕ သမိုင္းကေတာ့ ခပ္ရွည္ရွည္ပါပဲ။ ႏွလုံးနဲ႔ ဦးေႏွာက္အတြက္ အက်ိဳးရွိတယ္လို႔ သိထားၾကတယ္။ တခ်ိဳ႕လူေတြဆိုရင္ နံနက္မိုးလင္းလာတာနဲ႔ ေကာ္ဖီေလးတစ္ခြက္ေလာက္ ေသာက္လိုက္ရမွ ေနသာထိုင္သာ ရွိၾကတယ္။ ကဖင္းဓာတ္ေၾကာင့္ ေကာ္ဖီကို စြဲတာလည္း ပါတာေပါ့။ ဒါေပမယ့္ ခႏၶာကိုယ္ေပၚ သက္ေရာက္မႈဟာ ဒါထက္ပိုတာကို ေတြ႕ရတယ္။ ေကာ္ဖီဟာ အသည္းေရာဂါကို ကာကြယ္တယ္။ က်န္းမာေရးနဲ႔ဆိုင္တဲ့ အခ်ိဳ႕ကိစၥေတြမွာလည္း အကာအကြယ္ေပးတယ္။ Antioxidants ေတြပါတဲ့အတြက္ေၾကာင့္ပဲ ျဖစ္တယ္။

ဒါေပမယ့္ ေကာ္ဖီကို အလြန္အကြၽံေသာက္ရင္ေတာ့ ေသြးေပါင္ခ်ိန္နဲ႔ ကိုလက္စထေရာတို႔ကို ျမင့္မားေစတယ္။ ၂၀၁၄ခုႏွစ္ကစင္ကာပူႏိုင္ငံ Duke NVS ေဆးတကၠသိုလ္က ကူးစက္ေရာဂါ ျပန႔္ပြားျခင္းနဲ႔ ကာကြယ္ျခင္းဆိုင္ရာ ပါေမာကၡ Koh Woon Puay လုပ္ခဲ့တဲ့ ေလ့လာသုံးသပ္ခ်က္အရ ေကာ္ဖီပုံမွန္ေသာက္တာဟာ အသည္းေရာဂါကို ကာကြယ္ႏိုင္ၿပီး ေသမယ့္အေရးကို ေလ်ာ့ပါးေစႏိုင္တယ္လို႔ ဆိုထားတယ္။ ဒီလိုျဖစ္ေစတာ ကဖင္းေၾကာင့္ မဟုတ္ဘဲ ေကာ္ဖီထဲမွာ ေတြ႕ရတဲ့ သဘာဝျဒပ္ေပါင္းေၾကာင့္ လို႔ဆိုထားတယ္။

ေကာ္ဖီနဲ႔ လက္ဖက္ရည္တို႔ အရင္းအျမစ္ေတြဟာ Antioxidants ေတြ ေပါမ်ားတယ္လို႔ သိရတယ္။ Free radicals လို႔ ေခၚတဲ့ အႏၲရာယ္ရွိတဲ့ ေမာ္လီၾကဴးေတြကို တိုက္ခိုက္ရာတြင္ အေထာက္အကူရတယ္လို႔ ဆိုတယ္။ အေတာ္အသင့္ေသာက္ရင္လည္း ေကာ္ဖီဟာ ႏွလုံးအတြက္ ေကာင္းပါတယ္။ တစ္ေန႔ကို သုံးခြက္ထက္ ပိုမေသာက္ရင္လည္း ႏွလုံးေဖာက္ျပန္မႈကို အကာအကြယ္ေပးတယ္လို႔ Mt. Eligabeth Novena ေဆး႐ုံက ႏွလုံးဆရာဝန္ Dr. Ooi Yan Wei ကေျပာတယ္။

သုံးသပ္ခ်က္အခ်ိဳ႕တို႔တြင္ ပါကင္ဆန္ႏွင့္ အယ္လ္ဇိုင္းမားေရာဂါတို႔ကို ေကာ္ဖီေသာက္ျခင္းက အကာအကြယ္ေပးတဲ့အျပင္ Type 2 ဆီးခ်ိဳေရာဂါ ျဖစ္ပြားလာတာကိုလည္း ေလ်ာ့ပါးေစတယ္ ဆိုတာ သိရတယ္။ ေကာ္ဖီ အလြန္အကြၽံေသာက္သူေတြကိုေတာ့ ေဘးထြက္ဆိုးက်ိဳး ရွိႏိုင္တာကို ကြၽမ္းက်င္သူေတြက သတိေပးထားတယ္။ အိပ္လို႔မေပ်ာ္တာကေန အျခားပိုဆိုးဝါးတဲ့ က်န္းမာေရး ျပႆနာေတြ ျဖစ္လာႏိုင္တယ္။ ေကာ္ဖီ အလြန္အကြၽံ ေသာက္သူေတြအေနနဲ႔ Osteoporosis ေရာဂါျဖစ္လာႏိုင္သလို အမ်ိဳးသမီးေတြမွာ အ႐ိုးအက္မႈေတြလည္း ျဖစ္လာႏိုင္တယ္။ ကဖင္းဓာတ္မ်ားလြန္းအားႀကီးရင္လည္း(ေကာ္ဖီ၊ လက္ဖက္ရည္ ႏွစ္မ်ိဳးစလုံး) ေသြးေပါင္ခ်ိန္ ျမင့္မားလာေစႏိုင္ကာမူမမွန္တဲ့ ႏွလုံးခုန္ႏႈန္းေတြလည္း ျဖစ္လာႏိုင္တယ္။ ေကာ္ဖီနဲ႔လက္ဖက္ရည္တို႔ကိုသၾကားမ်ားမ်ား၊ခရင္မ္မ်ားမ်ား ထည့္  ေသာက္ရင္ ေကာင္းက်ိဳးေတြကို အခ်ည္းႏွီး ျဖစ္သြားေစတတ္တယ္။ ေကာ္ဖီမႈန႔္ကို စကာနဲ႔ မစစ္ဘဲ ေသာက္ရင္လည္း ကိုလက္စထေရာအဆင့္ကို ျမင့္မားေစႏိုင္တယ္။ ေကာ္ဖီကို စကာနဲ႔စစ္၊ သၾကားနည္းနည္းပဲထည့္၊ ကရင္မ္မထည့္ဘဲ ေန႔စဥ္ သုံးခြက္ထက္ပိုမေသာက္ရင္ အေကာင္းဆုံးပဲ။

ေရွးေဟာင္းတ႐ုတ္စာအုပ္ တစ္အုပ္ထဲမွာ ေဖာ္ျပထားတာကေတာ့ လက္ဖက္ရည္ဟာ အဆိပ္အမ်ိဳးေပါင္း ၇၂ မ်ိဳးအတြက္ ေျဖေဆးလို႔ ဆိုထားတယ္။ ေခတ္သစ္သိပၸံပညာက ဒီအနံ႔ေမႊးႀကိဳင္တဲ့ လက္ဖက္ရည္ဟာ ကြၽန္ေတာ္တို႔၏ က်န္းမာေရးအေပၚ ဘယ္လိုသက္ေရာက္မႈရွိသလဲ ဆိုတာကို ေျပာရရင္ေတာ့အေတာ္ကေလး မ်ားတာကို ေတြ႕ရတယ္။အက်ိဳးရွိတာေတြအထဲမွာေတာ့ ေရာဂါျဖစ္ႏိုင္ေျခ ေလ်ာ့နည္း၊ ကင္ဆာေရာဂါကို ကာကြယ္တာနဲ႔ ႏွလုံးနဲ႔ ပတ္သက္တဲ့ ေရာဂါေတြကို ကာကြယ္တာေတြ ျဖစ္တယ္။ လ်ိဳ႕ဝွက္ခ်က္ကေတာ့ Camellia Sinesis လို႔ ေခၚတဲ့ လက္ဖက္ပင္ထဲမွာပါရွိတဲ့ ဓာတုေဗဒ ျဒပ္ေပါင္းေတြေၾကာင့္ ျဖစ္တယ္။

လက္ဖက္ရည္ဟာ ဦးေႏွာက္အတြက္ ေကာင္းတယ္ဆိုၿပီး သုေတသနပညာရွင္ေတြက ေတြ႕ရွိထားတယ္။ ဒီႏွစ္ေစာေစာပိုင္းက National University of Singapore(NUS) ကလုပ္တဲ့ သုံးသပ္ခ်က္တစ္ခုအရ လက္ဖက္ရည္ ပုံမွန္ေသာက္သူေတြဟာ Dementia ေရာဂါျဖစ္ႏိုင္ေျခ နည္းတာကို ေတြ႕ရွိခဲ့တယ္။ လက္ဖက္ရည္ေသာက္တာဟာ သိျမင္တတ္မႈ ဆုတ္ယုတ္တာကို ကာကြယ္ၿပီး ဖိစီးမႈကို    ေလ်ာ့ပါးေစတဲ့အျပင္ စိတ္အားျဖင့္လည္း သုခကို ရရွိေစႏိုင္တယ္လို႔ သုံးသပ္ခ်က္တြင္ ပါဝင္တဲ့ လက္ေထာက္ပါေမာကၡ Feng Lei ကေျပာတယ္။ ႏွလုံးအတြက္လည္း လက္ဖက္ရည္ဟာ တည့္တယ္လို႔ သိပၸံပညာရွင္ေတြကအသိအမွတ္ျပဳၾကတယ္။ ႏို႔မပါတဲ့ လက္ဖက္ရည္ဟာ လူတစ္ေယာက္ရဲ႕ ႏွလုံးေဖာက္ျပန္မႈကို ေလ်ာ့ပါးေစႏိုင္တယ္လို႔ ဆိုတယ္။ လက္ဖက္ရည္ၾကမ္းကိုေတာ့ (Bad) ကိုလက္စထေရာကို ေလ်ာ့ေစၿပီး (Good) ကိုလက္စထေရာကို ျမင့္ေစတဲ့ ဆက္ႏြယ္မႈကို ေတြ႕ရွိထားတယ္။ လက္ဖက္ရည္ရဲ႕ အျခားအက်ိဳးသက္ေရာက္မႈေတြထဲမွာ သြားက်န္းမာေရးနဲ႔ ကိုယ္အေလးခ်ိန္က်တာလည္း ပါတယ္။

႐ိုးစင္းစြာ ေျပာရရင္ေတာ့  လက္ဖက္ရည္ဟာ ေကာ္ဖီထက္ Antioxidants ပိုၿပီးပါတယ္လို႔ Namyang Technological တကၠသိုလ္က အစားအစာသိပၸံနဲ႔ နည္းပညာဆိုင္ရာ အစီအစဥ္မွ ၫႊန္ၾကားေရးမႉး ပါေမာကၡ William Chen ကေျပာတယ္။

လာဗင္ဒါ၊ ခရစၥသမန္နဲ႔  ခ်ာမိုမိုင္းလ္ မွလုပ္တဲ့ လက္ဖက္ရည္ကို Camellia Sinensis အပင္က ဆင္းသက္လာတာ မဟုတ္တာေၾကာင့္ လက္ဖက္ရည္အစစ္လို႔ မသတ္မွတ္ၾကဘူး။ အခ်ိဳ႕သုံးသပ္ခ်က္  ေတြမွာေတာ့ ခ်ာမိုမိုင္းလ္ဟာ ေရာင္ရမ္းမႈ (သို႔) ပူပင္ေသာက ျဖစ္တာတို႔လည္း ေျဖေဖ်ာက္ေပးႏိုင္တယ္လို႔ ေျပာၾကတယ္။
ေကာ္ဖီနဲ႔ လက္ဖက္ရည္ႏွစ္မ်ိဳးစလုံးေတာ့ သံဓာတ္နဲ႔ Osteoporosis အတြက္ေဆးေတြ ကိုယ္ခႏၶာက စူပ္ယူႏိုင္တာကို ေလ်ာ့နည္းေစႏိုင္တာပဲ ျဖစ္တယ္။
ေကာ္ဖီနဲ႔ လက္ဖက္ရည္ေသာက္တာ ဘယ္တုန္းက စခဲ့သလဲဆိုတာကို အေသအခ်ာမသိရေပမယ့္ ေျပာႏိုင္တာကေတာ့ လူသားေတြဟာ ႏွစ္ေပါင္း ၁၀၀၀ ထက္ မနည္းတဲ့ အခ်ိန္ကတည္းက ေသာက္လာတာကေတာ့ ေသခ်ာတယ္။

Author: ေမာင္ခ်မ္းသာ, Healthcare Journal vol 8,no 2

( Unicode )

ကမ္ဘာပေါ်မှာ လူမျိုးနှစ်မျိုးရှိတယ်လို့ ပြောလို့ရနိုင်တယ်။ ကော်ဖီကြိုက်သူတွေနဲ့ လက်ဖက်ရည်မှ လက်ဖက်ရည်ဆိုတဲ့ လူတွေပဲဖြစ်ကြတယ်။ အနံ့မွှေးပြီး ကဖင်းဓာတ်ပါတဲ့ ဒီအဖျော်ယမကာနှစ်ခုထဲက တစ်ခုကို နှစ်သက်စွဲလန်းကြတဲ့ လူတွေ အများကြီး ရှိကြတယ်။ ဒါပေမယ့် ကျန်းမာရေးရှုထောင့်က ကြည့်ရင် ဘယ်ဟာက အားသာသလဲ။ အသည်းကို ကာကွယ်ပြီး ဆီးချိုရောဂါကို ခုခံတိုက်ဖျက်တာကတော့ ကော်ဖီဆိုတာ သုံးသပ်ချက်တွေအရ သိရတယ်။ လက်ဖက်ရည်ရဲ့ သမိုင်းကတော့ ခပ်ရှည်ရှည်ပါပဲ။ နှလုံးနဲ့ ဦးနှောက်အတွက် အကျိုးရှိတယ်လို့ သိထားကြတယ်။ တချို့လူတွေဆိုရင် နံနက်မိုးလင်းလာတာနဲ့ ကော်ဖီလေးတစ်ခွက်လောက် သောက်လိုက်ရမှ နေသာထိုင်သာ ရှိကြတယ်။ ကဖင်းဓာတ်ကြောင့် ကော်ဖီကို စွဲတာလည်း ပါတာပေါ့။ ဒါပေမယ့် ခန္ဓာကိုယ်ပေါ် သက်ရောက်မှုဟာ ဒါထက်ပိုတာကို တွေ့ရတယ်။ ကော်ဖီဟာ အသည်းရောဂါကို ကာကွယ်တယ်။ ကျန်းမာရေးနဲ့ဆိုင်တဲ့ အချို့ကိစ္စတွေမှာလည်း အကာအကွယ်ပေးတယ်။ Antioxidants တွေပါတဲ့အတွက်ကြောင့်ပဲ ဖြစ်တယ်။

ဒါပေမယ့် ကော်ဖီကို အလွန်အကျွံသောက်ရင်တော့ သွေးပေါင်ချိန်နဲ့ ကိုလက်စထရောတို့ကို မြင့်မားစေတယ်။ ၂၀၁၄ခုနှစ်ကစင်ကာပူနိုင်ငံ Duke NVS ဆေးတက္ကသိုလ်က ကူးစက်ရောဂါ ပြန့်ပွားခြင်းနဲ့ ကာကွယ်ခြင်းဆိုင်ရာ ပါမောက္ခ Koh Woon Puay လုပ်ခဲ့တဲ့ လေ့လာသုံးသပ်ချက်အရ ကော်ဖီပုံမှန်သောက်တာဟာ အသည်းရောဂါကို ကာကွယ်နိုင်ပြီး သေမယ့်အရေးကို လျော့ပါးစေနိုင်တယ်လို့ ဆိုထားတယ်။ ဒီလိုဖြစ်စေတာ ကဖင်းကြောင့် မဟုတ်ဘဲ ကော်ဖီထဲမှာ တွေ့ရတဲ့ သဘာဝဒြပ်ပေါင်းကြောင့် လို့ဆိုထားတယ်။

ကော်ဖီနဲ့ လက်ဖက်ရည်တို့ အရင်းအမြစ်တွေဟာ Antioxidants တွေ ပေါများတယ်လို့ သိရတယ်။ Free radicals လို့ ခေါ်တဲ့ အန္တရာယ်ရှိတဲ့ မော်လီကြူးတွေကို တိုက်ခိုက်ရာတွင် အထောက်အကူရတယ်လို့ ဆိုတယ်။ အတော်အသင့်သောက်ရင်လည်း ကော်ဖီဟာ နှလုံးအတွက် ကောင်းပါတယ်။ တစ်နေ့ကို သုံးခွက်ထက် ပိုမသောက်ရင်လည်း နှလုံးဖောက်ပြန်မှုကို အကာအကွယ်ပေးတယ်လို့ Mt. Eligabeth Novena ဆေးရုံက နှလုံးဆရာဝန် Dr. Ooi Yan Wei ကပြောတယ်။

သုံးသပ်ချက်အချို့တို့တွင် ပါကင်ဆန်နှင့် အယ်လ်ဇိုင်းမားရောဂါတို့ကို ကော်ဖီသောက်ခြင်းက အကာအကွယ်ပေးတဲ့အပြင် Type 2 ဆီးချိုရောဂါ ဖြစ်ပွားလာတာကိုလည်း လျော့ပါးစေတယ် ဆိုတာ သိရတယ်။ ကော်ဖီ အလွန်အကျွံသောက်သူတွေကိုတော့ ဘေးထွက်ဆိုးကျိုး ရှိနိုင်တာကို ကျွမ်းကျင်သူတွေက သတိပေးထားတယ်။ အိပ်လို့မပျော်တာကနေ အခြားပိုဆိုးဝါးတဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ကော်ဖီ အလွန်အကျွံ သောက်သူတွေအနေနဲ့ Osteoporosis ရောဂါဖြစ်လာနိုင်သလို အမျိုးသမီးတွေမှာ အရိုးအက်မှုတွေလည်း ဖြစ်လာနိုင်တယ်။ ကဖင်းဓာတ်များလွန်းအားကြီးရင်လည်း(ကော်ဖီ၊ လက်ဖက်ရည် နှစ်မျိုးစလုံး) သွေးပေါင်ချိန် မြင့်မားလာစေနိုင်ကာမူမမှန်တဲ့ နှလုံးခုန်နှုန်းတွေလည်း ဖြစ်လာနိုင်တယ်။ ကော်ဖီနဲ့လက်ဖက်ရည်တို့ကိုသကြားများများ၊ခရင်မ်များများ ထည့်  သောက်ရင် ကောင်းကျိုးတွေကို အချည်းနှီး ဖြစ်သွားစေတတ်တယ်။ ကော်ဖီမှုန့်ကို စကာနဲ့ မစစ်ဘဲ သောက်ရင်လည်း ကိုလက်စထရောအဆင့်ကို မြင့်မားစေနိုင်တယ်။ ကော်ဖီကို စကာနဲ့စစ်၊ သကြားနည်းနည်းပဲထည့်၊ ကရင်မ်မထည့်ဘဲ နေ့စဉ် သုံးခွက်ထက်ပိုမသောက်ရင် အကောင်းဆုံးပဲ။

ရှေးဟောင်းတရုတ်စာအုပ် တစ်အုပ်ထဲမှာ ဖော်ပြထားတာကတော့ လက်ဖက်ရည်ဟာ အဆိပ်အမျိုးပေါင်း ၇၂ မျိုးအတွက် ဖြေဆေးလို့ ဆိုထားတယ်။ ခေတ်သစ်သိပ္ပံပညာက ဒီအနံ့မွှေးကြိုင်တဲ့ လက်ဖက်ရည်ဟာ ကျွန်တော်တို့၏ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ ဆိုတာကို ပြောရရင်တော့အတော်ကလေး များတာကို တွေ့ရတယ်။အကျိုးရှိတာတွေအထဲမှာတော့ ရောဂါဖြစ်နိုင်ခြေ လျော့နည်း၊ ကင်ဆာရောဂါကို ကာကွယ်တာနဲ့ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်တာတွေ ဖြစ်တယ်။ လျို့ဝှက်ချက်ကတော့ Camellia Sinesis လို့ ခေါ်တဲ့ လက်ဖက်ပင်ထဲမှာပါရှိတဲ့ ဓာတုဗေဒ ဒြပ်ပေါင်းတွေကြောင့် ဖြစ်တယ်။

လက်ဖက်ရည်ဟာ ဦးနှောက်အတွက် ကောင်းတယ်ဆိုပြီး သုတေသနပညာရှင်တွေက တွေ့ရှိထားတယ်။ ဒီနှစ်စောစောပိုင်းက National University of Singapore(NUS) ကလုပ်တဲ့ သုံးသပ်ချက်တစ်ခုအရ လက်ဖက်ရည် ပုံမှန်သောက်သူတွေဟာ Dementia ရောဂါဖြစ်နိုင်ခြေ နည်းတာကို တွေ့ရှိခဲ့တယ်။ လက်ဖက်ရည်သောက်တာဟာ သိမြင်တတ်မှု ဆုတ်ယုတ်တာကို ကာကွယ်ပြီး ဖိစီးမှုကို    လျော့ပါးစေတဲ့အပြင် စိတ်အားဖြင့်လည်း သုခကို ရရှိစေနိုင်တယ်လို့ သုံးသပ်ချက်တွင် ပါဝင်တဲ့ လက်ထောက်ပါမောက္ခ Feng Lei ကပြောတယ်။ နှလုံးအတွက်လည်း လက်ဖက်ရည်ဟာ တည့်တယ်လို့ သိပ္ပံပညာရှင်တွေကအသိအမှတ်ပြုကြတယ်။ နို့မပါတဲ့ လက်ဖက်ရည်ဟာ လူတစ်ယောက်ရဲ့ နှလုံးဖောက်ပြန်မှုကို လျော့ပါးစေနိုင်တယ်လို့ ဆိုတယ်။ လက်ဖက်ရည်ကြမ်းကိုတော့ (Bad) ကိုလက်စထရောကို လျော့စေပြီး (Good) ကိုလက်စထရောကို မြင့်စေတဲ့ ဆက်နွယ်မှုကို တွေ့ရှိထားတယ်။ လက်ဖက်ရည်ရဲ့ အခြားအကျိုးသက်ရောက်မှုတွေထဲမှာ သွားကျန်းမာရေးနဲ့ ကိုယ်အလေးချိန်ကျတာလည်း ပါတယ်။

ရိုးစင်းစွာ ပြောရရင်တော့  လက်ဖက်ရည်ဟာ ကော်ဖီထက် Antioxidants ပိုပြီးပါတယ်လို့ Namyang Technological တက္ကသိုလ်က အစားအစာသိပ္ပံနဲ့ နည်းပညာဆိုင်ရာ အစီအစဉ်မှ ညွှန်ကြားရေးမှူး ပါမောက္ခ William Chen ကပြောတယ်။

လာဗင်ဒါ၊ ခရစ္စသမန်နဲ့  ချာမိုမိုင်းလ် မှလုပ်တဲ့ လက်ဖက်ရည်ကို Camellia Sinensis အပင်က ဆင်းသက်လာတာ မဟုတ်တာကြောင့် လက်ဖက်ရည်အစစ်လို့ မသတ်မှတ်ကြဘူး။ အချို့သုံးသပ်ချက်  တွေမှာတော့ ချာမိုမိုင်းလ်ဟာ ရောင်ရမ်းမှု (သို့) ပူပင်သောက ဖြစ်တာတို့လည်း ဖြေဖျောက်ပေးနိုင်တယ်လို့ ပြောကြတယ်။
ကော်ဖီနဲ့ လက်ဖက်ရည်နှစ်မျိုးစလုံးတော့ သံဓာတ်နဲ့ Osteoporosis အတွက်ဆေးတွေ ကိုယ်ခန္ဓာက စူပ်ယူနိုင်တာကို လျော့နည်းစေနိုင်တာပဲ ဖြစ်တယ်။
ကော်ဖီနဲ့ လက်ဖက်ရည်သောက်တာ ဘယ်တုန်းက စခဲ့သလဲဆိုတာကို အသေအချာမသိရပေမယ့် ပြောနိုင်တာကတော့ လူသားတွေဟာ နှစ်ပေါင်း ၁၀၀၀ ထက် မနည်းတဲ့ အချိန်ကတည်းက သောက်လာတာကတော့ သေချာတယ်။

Author: မောင်ချမ်းသာ, Healthcare Journal vol 8,no 2

Previous Post

ကိုယ်ဝန်ဆောင် အာထရာဆောင်း ရိုက်ခြင်း

Next Post

အစာအိမ်ရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာအိမ်ရောဂါ

အပူဒဏ်ခံနိုင်မယ့် စားသောက်မှုစတိုင်

ကူးစက်မှုက ရှိနေဆဲပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.