(Zawgyi)
HIV တိုက္ဖ်က္ေရးအတြက္ ေဆာင္ပုဒ္မ်ား အမ်ိဳးမ်ိဳး ထုတ္ျပန္လ်က္ လူအမ်ား သတိရွိေစရန္ ႏွစ္စဥ္လုပ္ေဆာင္လ်က္ရွိပါသည္။ ကမာၻေပၚတြင္ HIV ကာ ကြယ္ေရး ကုသေရးႏွင့္ ျပဳစုေစာင့္ေရွာက္ေရး လုပ္ငန္းမ်ားကို တိုးျမႇင့္ လုပ္ေဆာင္ၾကရန္ ထိုေဆာင္ပုဒ္မ်ားက တြန္းအားေပးျခင္းပင္ ျဖစ္ပါသည္။ ကမာၻႀကီးတြင္ ၂၀၃၀ ျပည့္ႏွစ္၌ HIV ထပ္မံ ကူးစက္ျခင္း လုံးဝမရွိေစေရးအတြက္ လႈံ႕ေဆာ္တိုက္တြန္းၿပီးသားလည္း ျဖစ္ပါသည္။ ထိုသို႔ ျဖစ္လာေစရန္အတြက္ စနစ္ေကာင္းမ်ား၊ ေဆးဝါးေကာင္းမ်ားကို အႀကိမ္ႀကိမ္ ထပ္မံေဖာ္ေဆာင္ကာ တိုက္ဖ်က္ေနျခင္းေၾကာင့္လည္း မိမိတို႔ ဦးတည္ရာႏွစ္တြင္ အေျခအေနတစ္ ရပ္သို႔ ေရာက္ရွိလာမည္ဟုပင္ ခန႔္မွန္းရပါသည္။ သို႔ေသာ္ ႏိုင္ငံအားလုံး တေျပးညီ ျဖစ္လာမည္မဟုတ္ေပ။ ဆင္းရဲ၊ ခ်မ္းသာမႈက ႏိုင္ငံမ်ားအတြက္ ကြဲျပားသည့္ အေျဖမ်ား ထြက္လာႏိုင္သလို ပိုမို အေကာင္အထည္ေဖာ္ေဆာင္သည့္ ႏိုင္ငံမ်ားသည္သာ ထိုဦးတည္ခ်က္ကို ေရာက္ရွိသြားႏိုင္မည္သာ ျဖစ္ပါသည္။ ထို႔အျပင္ ပံ့ပိုးမႈေကာင္းမ်ားျဖစ္ေသာ ေငြေၾကး၊ ဓာတ္ခြဲခန္းစနစ္မ်ားႏွင့္ ႏိုင္ငံသားမ်ား၏ ခံယူမႈ အသိစိတ္ဓာတ္မ်ားသည္လည္း ထိုရည္႐ြယ္ခ်က္ ေအာင္ျမင္ရန္အတြက္ အဓိက အခန္းက႑မွ ပါဝင္ေနပါသည္။ ႏိုင္ငံတစ္ႏိုင္ငံကို ဦးေဆာင္ေနသူမ်ား၏ ေတြးေခၚမႈႏွင့္ စီမံခ်က္ေရးဆြဲျခင္း အပိုင္းတို႔သည္လည္း လိုအပ္ခ်က္အခန္းက႑တြင္ ပါဝင္လ်က္ ရွိေနပါသည္။
ကြၽန္ေတာ္တို႔ ႏိုင္ငံအတြက္မူ HIV ႏွင့္ ပတ္သက္လာလွ်င္ အစဥ္အဆက္မွ စိတ္ဝင္စားမႈ နည္းပါးေနသည့္အျပင္ ႏိုင္ငံတကာ၏ အေကာင္အထည္ေဖာ္မႈ ပုံစံေကာင္းမ်ားကို ယေန႔ထိ လိုက္၍ မမွီေသးပါ။ အဓိက အေၾကာင္းအရင္းမွာလည္း HIV အတြက္ ဥပေဒမျပဳႏိုင္ေသးသည့္ ႏိုင္ငံမ်ားတြင္ ေရွ႕ဆုံးစာရင္းမွ ပါဝင္ေနမႈေၾကာင့္ပင္ ျဖစ္ပါသည္။ ယေန႔ထက္ထိသည္ တာဝန္ရွိသူမ်ားမွ HIV ႏွင့္ ပတ္သက္လွ်င္ ဥပေဒရွိသင့္ေၾကာင္းကို စဥ္းစားရန္ အခ်ိန္မရေနေသးျခင္းသည္လည္း ဆိုး႐ြားေသာ အေျခအေနတစ္ရပ္သာ ျဖစ္ေနပါသည္။ ဤပုံစံမ်ိဳးႏွင့္သာ ဆက္လက္ခ်ီတက္ေနပါက ၂၀၃၀ ျပည့္ႏွစ္တြင္ HIV ထပ္မံကူးစက္ ေနျခင္း ျဖစ္ရပ္မ်ားသည္ ယေန႔အခ်ိန္တြင္ ရွိေနေသးသလို ေနာင္ႏွစ္မ်ားစြာတြင္လည္း ရွိေနဦးမည္သာ ျဖစ္ပါသည္။ N.A.P (National AIDS Program) မွ စာရင္းေကာက္ယူမႈမ်ားသည္လည္း လက္လွမ္းမွီသလိုသာ ေကာက္ယူေနမႈျဖစ္ေသာေၾကာင့္ တစ္ႏိုင္ငံလုံးကို လႊမ္းၿခဳံႏိုင္မႈ မရွိေသးပါ။ ၿမိဳ႕ႀကီးမ်ားထက္ လက္လွမ္းမမွီေသာ ေက်းလက္ႏွင့္ နယ္ေဒသမ်ားတြင္လည္း ပိုမိုမ်ားျပားလ်က္ရွိေနရာ ထိုသူမ်ားသည္လည္း ေကာက္ယူခံစာရင္းထဲ မပါဝင္ႏိုင္ေတာ့ေပ။
အခ်ိဳ႕သည္လည္း ဓာတ္ခြဲခန္းမ်ား၏ မွားယြင္းေသာ အေျဖမ်ားေၾကာင့္လည္းေကာင္း၊ အခ်ိဳ႕သည္လည္း ၾကားကာလအေျခအေနမ်ားအရ လည္းေကာင္း HIV ကူးစက္ခံ စာရင္းေကာက္ယူမႈထဲတြင္ မပါဝင္ေတာ့ျခင္း ျဖစ္သည္။ ထို႔အတြက္ေၾကာင့္ ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္ ေကာက္ယူရရွိသည့္ HIV ကူးစက္မႈ အေရအတြက္သည္ မည္သို႔မွ အမွန္စာရင္းမဟုတ္ဘဲ ထို႔ထက္ပိုမိုေသာ အေရအတြက္မ်ားသာ ျဖစ္ေနသည္ကိုလည္း သတိထားသင့္ပါသည္။ ေက်းလက္မ်ားတြင္ HIV ေၾကာင့္ ကြယ္လြန္သြားရေသာ္လည္း အခ်ိဳ႕သည္ မည္သည့္ေရာဂါမွန္း မသိၾကေသးသည့္သူမ်ားလည္း ရွိေနပါသည္။ HIV တိုက္ဖ်က္ရာတြင္ ပိုမို ထိေရာက္လိုပါက ႏိုင္ငံျခားမွ အလႉေငြမ်ားကိုသာ အားထား၍မရဘဲ မိမိတို႔ကိုယ္တိုင္လည္း ႏွစ္စဥ္ ႏိုင္ငံေတာ္၏ဘတ္ဂ်တ္မွ HIV ရန္ပုံေငြသီးသန႔္ ထားရွိရန္လည္း လိုအပ္ပါသည္။ ယေန႔ အေျခအေနသည္ လက္သည္ကိုသာ အားကိုးေနသည့္ HIV အေျခအေနတစ္ရပ္သာျဖစ္ၿပီး ကိုယ္တိုင္ညႇစ္အားနည္းေနသည့္သဖြယ္ ျဖစ္ေနပါသည္။ HIV ကာကြယ္ေရး အပိုင္းမ်ားဆိုလွ်င္ေတာ့ ေျပာလို႔မဆုံးႏိုင္ေအာင္ လိုအပ္ခ်က္မ်ားစြာ ရွိေနပါမည္။ ကုသေရးကို ဦးတည္ထားေနပါက ကူးစက္မႈႏႈန္း ျမင့္တက္ေနမည္သာျဖစ္ၿပီး ပလိုင္းေပါက္နဲ႔ ဖားေကာက္သည့္သဖြယ္သာ ျဖစ္ေနပါမည္။ ျပဳစုေစာင့္ေရွာက္ျခင္း လုပ္ငန္းသည္လည္း ရွိေနသူကို အသက္ရွင္ရန္ အေရးႀကီးက႑၌ ရွိေနပါေသာ္လည္း ယေန႔အခ်ိန္တြင္ ေပ်ာက္ကြယ္လုနီးပါး ျဖစ္ေနလ်က္ ရွိပါသည္။
မည္သူမဆိုပင္ HIV ကူးစက္ခံရမွာကို ေၾကာက္႐ြံ႕သည္သာျဖစ္ၿပီး မကူးစက္ေစေရး ဗဟုသုတမ်ား ျဖန႔္ေဝေပးႏိုင္မွသာလွ်င္ ထပ္မကူးစက္မႈမ်ားကို ေလွ်ာ့ခ်ႏိုင္မည္သာ ျဖစ္ပါသည္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကူးစက္ခံရပါကလည္း ဗဟုသုတရွိမွ ေဆးကုသခံယူရန္ လက္လွမ္းမွီမႈ ကုသမႈစနစ္လ်င္ျမန္ေကာင္း မြန္မႈ စသည့္ အခ်က္မ်ားသည္လည္း အလြန္အေရးႀကီးေသာ လုပ္ငန္းမ်ား ျဖစ္ေနပါသည္။ တာဝန္က်လွ်င္ ၿပီးေရာဆိုသည့္ ခံယူခ်က္ျဖင့္သာ လုပ္ကိုင္ေနပါက HIV ေၾကာင့္ ေသဆုံးရမႈမ်ားသည္လည္းျမင့္တက္ေနဦးမည္သာ ျဖစ္ပါသည္။ ၁၉၈၈ ခုႏွစ္ကတည္းက ျမန္မာႏိုင္ငံတြင္ HIV ရွိသူတစ္ဦးကို စတင္ေတြ႕ ရွိခဲ့ၿပီးေနာက္ပိုင္း HIV ကိစၥကို အေရးႀကီးသည္ဟု မျမင္ႏိုင္ေသာ တာဝန္ရွိခဲ့သူမ်ားကိုလည္း အံ့ၾသ၍ မဆုံးႏိုင္ေအာင္ ျဖစ္ပါသည္။ ယေန႔အခ်ိန္ထိလည္း HIV ကို အေရးႀကီးက႑၌ မရွိေသးသည့္ ျမန္မာႏိုင္ငံအဖိုု႔ ၂၀၃၀ ျပည့္ႏွစ္ ဦးတည္ခ်က္ျဖစ္သည့္ HIV ထပ္မံ မကူးစက္ေရး ဦးတည္ခ်က္ကို မည္သည့္ နည္းႏွင့္မွ မေရာက္ႏိုင္ဟုသာ ျမင္မိပါသည္။ လူတစ္ဦးခ်င္းဆီ ျဖစ္သည့္ ေရာဂါထက္ လူတစ္ဦးမွ ေနာက္တစ္ဦးသို႔ ထပ္မံမကူးစက္ႏိုင္ေသာ ေရာဂါမ်ားထဲတြင္ HIV လည္း ပါဝင္လ်က္ရွိရာဦးစားေပးအဆင့္၌ ထားသင့္သည္ဟု ေတြးမိပါသည္။ ေနာင္မ်ိဳးဆက္သစ္မ်ားအတြက္HIVအေရးစိုးရိမ္ေရးအမွတ္ မေရာက္ သြားေစရန္ ယခုအခ်ိန္ကတည္းကပင္ ဦးစားေပးလုပ္ေဆာင္သင့္ပါေၾကာင္း ေရးသားလိုက္ရပါေတာ့သည္။
Author: လႈိင္ (PEER), Healthcare Journal Vol 8,no 17
(Unicode)
HIV တိုက်ဖျက်ရေးအတွက် ဆောင်ပုဒ်များ အမျိုးမျိုး ထုတ်ပြန်လျက် လူအများ သတိရှိစေရန် နှစ်စဉ်လုပ်ဆောင်လျက်ရှိပါသည်။ ကမ္ဘာပေါ်တွင် HIV ကာ ကွယ်ရေး ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများကို တိုးမြှင့် လုပ်ဆောင်ကြရန် ထိုဆောင်ပုဒ်များက တွန်းအားပေးခြင်းပင် ဖြစ်ပါသည်။ ကမ္ဘာကြီးတွင် ၂၀၃၀ ပြည့်နှစ်၌ HIV ထပ်မံ ကူးစက်ခြင်း လုံးဝမရှိစေရေးအတွက် လှုံ့ဆော်တိုက်တွန်းပြီးသားလည်း ဖြစ်ပါသည်။ ထိုသို့ ဖြစ်လာစေရန်အတွက် စနစ်ကောင်းများ၊ ဆေးဝါးကောင်းများကို အကြိမ်ကြိမ် ထပ်မံဖော်ဆောင်ကာ တိုက်ဖျက်နေခြင်းကြောင့်လည်း မိမိတို့ ဦးတည်ရာနှစ်တွင် အခြေအနေတစ် ရပ်သို့ ရောက်ရှိလာမည်ဟုပင် ခန့်မှန်းရပါသည်။ သို့သော် နိုင်ငံအားလုံး တပြေးညီ ဖြစ်လာမည်မဟုတ်ပေ။ ဆင်းရဲ၊ ချမ်းသာမှုက နိုင်ငံများအတွက် ကွဲပြားသည့် အဖြေများ ထွက်လာနိုင်သလို ပိုမို အကောင်အထည်ဖော်ဆောင်သည့် နိုင်ငံများသည်သာ ထိုဦးတည်ချက်ကို ရောက်ရှိသွားနိုင်မည်သာ ဖြစ်ပါသည်။ ထို့အပြင် ပံ့ပိုးမှုကောင်းများဖြစ်သော ငွေကြေး၊ ဓာတ်ခွဲခန်းစနစ်များနှင့် နိုင်ငံသားများ၏ ခံယူမှု အသိစိတ်ဓာတ်များသည်လည်း ထိုရည်ရွယ်ချက် အောင်မြင်ရန်အတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နေသူများ၏ တွေးခေါ်မှုနှင့် စီမံချက်ရေးဆွဲခြင်း အပိုင်းတို့သည်လည်း လိုအပ်ချက်အခန်းကဏ္ဍတွင် ပါဝင်လျက် ရှိနေပါသည်။
ကျွန်တော်တို့ နိုင်ငံအတွက်မူ HIV နှင့် ပတ်သက်လာလျှင် အစဉ်အဆက်မှ စိတ်ဝင်စားမှု နည်းပါးနေသည့်အပြင် နိုင်ငံတကာ၏ အကောင်အထည်ဖော်မှု ပုံစံကောင်းများကို ယနေ့ထိ လိုက်၍ မမှီသေးပါ။ အဓိက အကြောင်းအရင်းမှာလည်း HIV အတွက် ဥပဒေမပြုနိုင်သေးသည့် နိုင်ငံများတွင် ရှေ့ဆုံးစာရင်းမှ ပါဝင်နေမှုကြောင့်ပင် ဖြစ်ပါသည်။ ယနေ့ထက်ထိသည် တာဝန်ရှိသူများမှ HIV နှင့် ပတ်သက်လျှင် ဥပဒေရှိသင့်ကြောင်းကို စဉ်းစားရန် အချိန်မရနေသေးခြင်းသည်လည်း ဆိုးရွားသော အခြေအနေတစ်ရပ်သာ ဖြစ်နေပါသည်။ ဤပုံစံမျိုးနှင့်သာ ဆက်လက်ချီတက်နေပါက ၂၀၃၀ ပြည့်နှစ်တွင် HIV ထပ်မံကူးစက် နေခြင်း ဖြစ်ရပ်များသည် ယနေ့အချိန်တွင် ရှိနေသေးသလို နောင်နှစ်များစွာတွင်လည်း ရှိနေဦးမည်သာ ဖြစ်ပါသည်။ N.A.P (National AIDS Program) မှ စာရင်းကောက်ယူမှုများသည်လည်း လက်လှမ်းမှီသလိုသာ ကောက်ယူနေမှုဖြစ်သောကြောင့် တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်မှု မရှိသေးပါ။ မြို့ကြီးများထက် လက်လှမ်းမမှီသော ကျေးလက်နှင့် နယ်ဒေသများတွင်လည်း ပိုမိုများပြားလျက်ရှိနေရာ ထိုသူများသည်လည်း ကောက်ယူခံစာရင်းထဲ မပါဝင်နိုင်တော့ပေ။
အချို့သည်လည်း ဓာတ်ခွဲခန်းများ၏ မှားယွင်းသော အဖြေများကြောင့်လည်းကောင်း၊ အချို့သည်လည်း ကြားကာလအခြေအနေများအရ လည်းကောင်း HIV ကူးစက်ခံ စာရင်းကောက်ယူမှုထဲတွင် မပါဝင်တော့ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံတွင် နှစ်စဉ် ကောက်ယူရရှိသည့် HIV ကူးစက်မှု အရေအတွက်သည် မည်သို့မှ အမှန်စာရင်းမဟုတ်ဘဲ ထို့ထက်ပိုမိုသော အရေအတွက်များသာ ဖြစ်နေသည်ကိုလည်း သတိထားသင့်ပါသည်။ ကျေးလက်များတွင် HIV ကြောင့် ကွယ်လွန်သွားရသော်လည်း အချို့သည် မည်သည့်ရောဂါမှန်း မသိကြသေးသည့်သူများလည်း ရှိနေပါသည်။ HIV တိုက်ဖျက်ရာတွင် ပိုမို ထိရောက်လိုပါက နိုင်ငံခြားမှ အလှူငွေများကိုသာ အားထား၍မရဘဲ မိမိတို့ကိုယ်တိုင်လည်း နှစ်စဉ် နိုင်ငံတော်၏ဘတ်ဂျတ်မှ HIV ရန်ပုံငွေသီးသန့် ထားရှိရန်လည်း လိုအပ်ပါသည်။ ယနေ့ အခြေအနေသည် လက်သည်ကိုသာ အားကိုးနေသည့် HIV အခြေအနေတစ်ရပ်သာဖြစ်ပြီး ကိုယ်တိုင်ညှစ်အားနည်းနေသည့်သဖွယ် ဖြစ်နေပါသည်။ HIV ကာကွယ်ရေး အပိုင်းများဆိုလျှင်တော့ ပြောလို့မဆုံးနိုင်အောင် လိုအပ်ချက်များစွာ ရှိနေပါမည်။ ကုသရေးကို ဦးတည်ထားနေပါက ကူးစက်မှုနှုန်း မြင့်တက်နေမည်သာဖြစ်ပြီး ပလိုင်းပေါက်နဲ့ ဖားကောက်သည့်သဖွယ်သာ ဖြစ်နေပါမည်။ ပြုစုစောင့်ရှောက်ခြင်း လုပ်ငန်းသည်လည်း ရှိနေသူကို အသက်ရှင်ရန် အရေးကြီးကဏ္ဍ၌ ရှိနေပါသော်လည်း ယနေ့အချိန်တွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေလျက် ရှိပါသည်။
မည်သူမဆိုပင် HIV ကူးစက်ခံရမှာကို ကြောက်ရွံ့သည်သာဖြစ်ပြီး မကူးစက်စေရေး ဗဟုသုတများ ဖြန့်ဝေပေးနိုင်မှသာလျှင် ထပ်မကူးစက်မှုများကို လျှော့ချနိုင်မည်သာ ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ကူးစက်ခံရပါကလည်း ဗဟုသုတရှိမှ ဆေးကုသခံယူရန် လက်လှမ်းမှီမှု ကုသမှုစနစ်လျင်မြန်ကောင်း မွန်မှု စသည့် အချက်များသည်လည်း အလွန်အရေးကြီးသော လုပ်ငန်းများ ဖြစ်နေပါသည်။ တာဝန်ကျလျှင် ပြီးရောဆိုသည့် ခံယူချက်ဖြင့်သာ လုပ်ကိုင်နေပါက HIV ကြောင့် သေဆုံးရမှုများသည်လည်းမြင့်တက်နေဦးမည်သာ ဖြစ်ပါသည်။ ၁၉၈၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် HIV ရှိသူတစ်ဦးကို စတင်တွေ့ ရှိခဲ့ပြီးနောက်ပိုင်း HIV ကိစ္စကို အရေးကြီးသည်ဟု မမြင်နိုင်သော တာဝန်ရှိခဲ့သူများကိုလည်း အံ့သြ၍ မဆုံးနိုင်အောင် ဖြစ်ပါသည်။ ယနေ့အချိန်ထိလည်း HIV ကို အရေးကြီးကဏ္ဍ၌ မရှိသေးသည့် မြန်မာနိုင်ငံအဖိုု့ ၂၀၃၀ ပြည့်နှစ် ဦးတည်ချက်ဖြစ်သည့် HIV ထပ်မံ မကူးစက်ရေး ဦးတည်ချက်ကို မည်သည့် နည်းနှင့်မှ မရောက်နိုင်ဟုသာ မြင်မိပါသည်။ လူတစ်ဦးချင်းဆီ ဖြစ်သည့် ရောဂါထက် လူတစ်ဦးမှ နောက်တစ်ဦးသို့ ထပ်မံမကူးစက်နိုင်သော ရောဂါများထဲတွင် HIV လည်း ပါဝင်လျက်ရှိရာဦးစားပေးအဆင့်၌ ထားသင့်သည်ဟု တွေးမိပါသည်။ နောင်မျိုးဆက်သစ်များအတွက်HIVအရေးစိုးရိမ်ရေးအမှတ် မရောက် သွားစေရန် ယခုအချိန်ကတည်းကပင် ဦးစားပေးလုပ်ဆောင်သင့်ပါကြောင်း ရေးသားလိုက်ရပါတော့သည်။
Author: လှိုင် (PEER), Healthcare Journal Vol 8,no 17