fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အတွေးလွန်ခြင်းကို ဘယ်လိုထိန်းချုပ်မလဲ?

How to control overthinking?
2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/06/2022
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

အတွေးတွေဆိုတာ လူတွေရဲ့ခံစားချက် emotion၊ လုပ်ဆောင်မှု အမှုအကျင့် behavior တွေနဲ့ အပြန်အလှန်ဆက်စပ်နေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အတိတ်ကကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်၊ အကြောင်းအရာတွေကို ထပ်တလဲလဲ တွေးတောနေတာ၊ မဖြစ်လာသေးတဲ့ အနာဂါတ်ကို ကြိုတင်ပြီး တွေးတောပူပန်နေတာမျိုးက လူအများစု မကြာခဏဆိုသလို ကြုံဖူးနေကျ ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။

တခါတရံမှာ အတွေးလွန်ခြင်းဟာ ကိုယ့်ရဲ့သိမြင်မှုပိုင်းဆိုင်ရာ ပုံမမှန်ခြင်း cognitive distortion တွေဖြစ်စေနိုင်ပါတယ်။ အတွေးလွန်တတ်သူများ အနေဖြင့် positive thinking အကောင်းမြင်ဝါဒ နည်းလာတတ်ပြီး အတွေးကြောင့် မိမိစိတ်ခံစားချက်၊ ပြုမှုဆောင်ရွက်မှုများပါ ထိခိုက်လာနိုင်ပါတယ်။

အတွေးလွန်ခြင်းဟာ လူတစ်ယောက်ရဲ့ အတွေးပုံစံကို အနုတ်သဘောဆောင်စေပြီး၊ စိတ်ကျရောဂါ၊ စိုးရိမ်မှုလွန်ကဲသောရောဂါများတွင်လည်း လက္ခဏာတစ်ခုအနေနှင့် တွေ့ရတတ်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာ ထိခိုက်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေးလွန်ခြင်းဟာ ထိန်းချုပ်ရခက်ခဲသော်လည်း သိမြင်မှုပိုင်းဆိုင်ရာ ပြန်လည်တည်ဆောက်ခြင်းဖြင့် မှန်ကန်စွာထိန်းချုပ်နိုင်ပါတယ်။

  • ပထမဆုံးအဆင့်အနေနဲ့ အတွေးလွန်နေကြောင်း မိမိကိုယ်တိုင်သိရှိမှုဟာ self awareness အရေးကြီးပါတယ်။
  • ထပ်တလဲလဲ တွေးတောခြင်းဟာ ပြဿနာကို ရင်ဆိုင်ဖြေရှင်းခြင်း၊ မည်သို့ဖြေရှင်းမည်ကို ကြိုတင်ကြံဆခြင်းကဲ့သို့ အကျိုးရှိသောအရာများကို မပြုလုပ်နိုင်အောင် တားဆီးတတ်ကြောင်းကို သိရှိထားရပါမယ်။
  • အကောင်းမြင်စိတ်ကို ပျိုးထောင်ခြင်း၊ အရာရာကို ကောင်းသောအမြင်ဖြင့်သာ ကြည့်ခြင်းမျိုး Toxic positivity မဟုတ်ဘဲ မကောင်းသောကိစ္စများ ကြုံတွေ့ရသောအခါတွင် အရှိအတိုင်းလက်ခံပြီး အခြားသောအမြင်ဖြင့် ကြည့်နိုင်အောင် ကြိုးစားခြင်းကို ပြုလုပ်ပေးပါ။
  • မိမိရဲ့အတွေးများကို ကျိုးကြောင်းညီညွတ်မှု ရှိ၊မရှိ challenge ဆန်းစစ်ကြည့်ပါ။ မိမိတွေးတောနေသော အရာကိုရေးချပြီး နာရီအနည်းငယ် သို့မဟုတ် ၂၄နာရီအာရုံလွှဲထားပေးပါ။
  • မိမိရဲ့ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ကောင်းမွန်သော အရာများအတွက် ကျေးဇူးတင်စိတ်ကို သတိထားမွေးမြူပေးပါ။ နံနက်အိပ်ယာထချိန်နဲ့ ညအိပ်ယာဝင်ချိန်များမှာ Gratitude practices ကျေးဇူးတင်စိတ်ကို နှလုံးသွင်းခြင်း၊ Gratitude Journaling ကျေးဇူးတင်သော အကြောင်းအရာများကို စာဖြင့်ဖော်ပြရေးသားခြင်းတို့ ပြုလုပ်ပေးပါ။

 

  • ပစ္စုပ္ပန်ကာလကိုသာ အာရုံပြုနေထိုင်နိုင်အောင် Mindfulness practice လေ့ကျင့်ပါ။ အတိတ်အကြောင်း ထပ်တလဲလဲတွေးခြင်း၊ အနာဂါတ်ကို ကြိုတင်ပူပန်ခြင်းများ မပြုပဲ လက်ရှိပစ္စုပ္ပန်ကိုသာ အာရုံပြုလုပ်ကိုင်နိုင်အောင် ကြိုးစားပါ။ စိတ်ဖိစီးမှုများကို တတ်နိုင်သ၍ လျှော့ချပေးပါ။
  • အတွေးစိတ် အာရုံမပြန့်လွင့်ပဲ အာရုံစူးစိုက်မှု အားကောင်းအောင် လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂ yoga ကျင့်ခြင်း၊ နှစ်သက်ရာ ဝါသနာတစ်ခုခုကို အချိန်ပေးပြုလုပ်ခြင်း၊ အနုပညာခံစားခြင်းတို့ဖြင့် အာရုံလွှဲပေးပါ။
  • တစ်ယောက်ထဲ အတွေးလွန်မနေဘဲ မိသားစု၊ သူငယ်ချင်း အပေါင်းအသင်းများနှင့် စကားပြော အချိန်ကုန်ဆုံးခြင်းဖြင့် မိမိပူပန်နေရသည်များကို ရင်ဖွင့်ပြောဆိုပါ။

အတွေးလွန်ခြင်းဟာ စိတ်ရောဂါမဟုတ်ပေမယ့် ထပ်တလဲလဲဝင်လာသော အတွေးများကြောင့် စိတ်မသက်မသာ ခံစားရခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှု ထိခိုက်ခြင်းများဖြစ်လာလျှင် တတ်ကျွမ်းနားလည်သော ဆွေးနွေးတိုင်ပင်မှုပညာရှင် Counselor၊ စိတ်ကုထုံးပညာရှင်၊ စိတ်ကျန်းမာရေး ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

 

Author: Dr. Yee Mon

Previous Post

ဗီတာမင် (ဘီ) အုပ်စုအကြောင်း

Next Post

ကလေးလေးတစ်ယောက်လို နူးညံ့တဲ့ အသားအရေလေးဖြစ်စေဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
599

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
To make the skin soft like a baby

ကလေးလေးတစ်ယောက်လို နူးညံ့တဲ့ အသားအရေလေးဖြစ်စေဖို့

If you are considering breast augmentation for women, read on

အမျိုးသမီးတို့ ရင်သားခွဲစိတ် ပြုပြင်ဖို့ စဉ်းစားထားလျှင် ဒီအချက်တွေကို အရင်ဖတ်ပါ

Why are people taking Type 1 collagen?

ဘာကြောင့် Type 1 collagen သောက်သုံး လာကြတာလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.