fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကျန်းမာတဲ့ ဘဝနေထိုင်မှု ပုံစံအတွက် ကြွက်သားအားနဲ့ ကိုယ်ခံစွမ်းအားတက်လာဖို့ ပရိုတင်း ရင်းမြစ်တွေနဲ့အတူ သိပ္ပံနည်းကျ လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်ကြည့်ခြင်း

Unlock Scientific secrets of Healthy Lifestyle with alternative protein for Muscle strengthen and immunity
24.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/07/2022
in ကျန်းမာသော နေထိုင်မှုပုံစံ
2 min read
A A

အသက်အရွယ်ရလာတာကို ရှောင်လွှဲလို့မရပေမဲ့ အဆစ်တွေ၊ ကြွက်သားတွေ မနာကျင်ခင်မှာ အိပ်မက်တွေကို ဆက်လက်ဖန်တီးနိုင်ဖို့အတွက်တော့ ဒီနေ့ကစပြီး သန်မာစွာ နေထိုင်သွားလို့ ရနိုင်ပါတယ်။ အသက်ရလာတဲ့သူ တော်တော်များများဟာ ခါးနာခြင်း၊ ဒူးနာခြင်းနဲ့ ကြွက်သားများနာကျင်ခြင်းတွေကို မကြာခဏ ခံစားကြရလေ့ရှိပါတယ်။ အကြောင်းအရင်းကတော့ ခန္ဓာကိုယ်ရဲ့ သဘောတရားအရ ကြွက်သားဆုံးရှုံးမှုများပြားခြင်း၊ ဇီဝကမ္မဖြစ်စဉ်များ နှေးကွေးပြီး ကိုယ်ခံစွမ်းအား ကျဆင်းလာခြင်း စတာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သက်ကြီးပိုင်း ရောက်လာတဲ့အခါ ကောင်းမွန်တဲ့ကိုယ်ခံစွမ်းအားကို ရရှိပိုင်ဆိုင်ထားဖို့ အလွန်အရေးကြီးပါတယ်။

ဒါမှ ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာနိုင်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် စတဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်မှာပါ။ ကိုယ်ခံစွမ်းအားကောင်းမွန်စေဖို့နဲ့ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာစေဖို့ဆိုရင် ပရိုတင်းဓာတ် အပါအဝင် အခြားအာဟာရဓာတ်တွေပါ စုံစုံလင်လင် ရရှိနေဖို့လိုပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရနဲ့ပရိုတင်းဓာတ်တွေကို နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုး၊ အသားအမျိုးမျိုး၊ ငါးနှင့် ပင်လယ်စာတွေကနေ ရရှိနိုင်ပါတယ်။ နို့အရသာနဲ့အနံ့ကို မကြိုက်တတ်တဲ့သူတွေ အနေနဲ့ကတော့ အရည်အသွေးမြင့် ပရိုတင်းဓာတ်အပြင် ကြွက်သားကျန်းမာရေး၊ ခွန်အား*နဲ့ အထွေထွေကျန်းမာရေးကို ကူညီမြှင့်တင်ပေးနိုင်ဖို့ HMB၊ ဗီတာမင်နဲ့ သတ္တုဓာတ် (၂၈) မျိုးနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Ensure Gold Plant-Based လို ပြည့်စုံမျှတတဲ့အာဟာရ#ပါဝင်တဲ့ ပရိုတင်းအစားထိုး အာဟာရဖြည့်စွက်စာမျိုးကို လည်း သောက်သုံးနိုင်ပါတယ်။

ကိုယ်ခံစွမ်းအားမြင့်တက်စေနိုင်မယ့် နည်းလမ်းတွေကို အောက်မှာ ဖော်ပြထားပါတယ်။

(၁) ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသုံးပါ။
အားလုံးသိထားကြတဲ့အတိုင်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အခြေခံစွမ်းအင်အရင်းအမြစ်ကို အစားအစာမှ ရရှိပါတယ်။ အသားစားခြင်းဖြင့်ပရိုတင်းဓာတ်ရရှိခြင်း၊ ထမင်းမှ ကစီဓာတ်ရရှိခြင်း၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များမှ ဗီတာမင်နဲ့သတ္တုဓာတ် ရရှိနိုင်ခြင်းတို့ကြောင့် ညီညွတ်မျှတတဲ့အစာအာဟာရကို စုံလင်စွာစားသုံးခြင်းဖြင့် ကိုယ်ခံစွမ်းအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

အသက်ရလာတာနဲ့အမျှ ခန္ဓာကိုယ်မှ ကြွက်သားထုထည်များ စတင်ဆုံးရှုံးလာပြီး ဇီဝကမ္မဖြစ်စဉ်တွေလည်း နှေးကွေးလာတာကြောင့် ငယ်ရွယ်သူတွေထက် အစာအာဟာရ ပိုမိုစားသုံးပေးဖို့လိုအပ်ပါတယ်။ ယနေ့ခေတ်လူနေမှုပုံစံအရ နေ့စဉ်ဘဝမှာလှုပ်ရှားမှုနည်းပါးခြင်း၊ ဆေးဝါးများသောက်သုံးရခြင်း၊ ရေကို လုံလောက်အောင် မသောက်ဖြစ်ခြင်းတို့ကြောင့် အစာအိမ်ကြွက်သား အားနည်းခြင်း၊ စားချဉ့်ပြန်ရောဂါကဲ့သို့ အစာခြေစနစ်ဆိုင်ရာ ပြဿနာများနဲ့ ရင်ဆိုင်ကြုံတွေ့ရလေ့ရှိပါတယ်။ ဒါကြောင့် စားသုံးလိုက်တဲ့ အစားအစာတိုင်းကနေ ပရိုတင်းဓာတ် ရရှိနေဖို့ လိုအပ်ပါတယ်။

နို့အရသာမကြိုက်သူ (သို့မဟုတ်) အသီးအရွက်ပိုမိုစားသုံးသူတွေ အနေနဲ့လည်း ပရိုတင်းဓာတ် အလုံအလောက်မရရှိမှာ စိုးရိမ်စရာမလိုပါဘူး။ အပင်အခြေခံ ဖြည့်စွက် အာဟာရတွေကနေလည်း ပရိုတင်းဓာတ်ကို ရရှိနိုင်ပါတယ်။

၁) ပဲပိစပ်
ပဲပိစပ်မှာ ကယ်လ်ဆီယမ်နဲ့ သံဓာတ် မြင့်မားစွာ ပါဝင်တဲ့အတွက် အပင်အခြေခံပရိုတင်းထဲမှာ ပဲပိစပ်က ပရိုတင်းဓာတ်အကြွယ်ဝဆုံးဖြစ်ပါတယ်။

၂) Quinoa
Quinoa မှာ ပရိုတင်းဓာတ် အများအပြား ပါဝင်ပြီး သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ် နဲ့ အမျှင်ဓာတ်ကဲ့သို အခြားသော အာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။

၃) ဆန်
ဆန်ပရိုတင်းမှာ သွေးတွင်းသကြားဓာတ်မြင့်မားမှုမှ ကာကွယ်ပေးနိုင်တဲ့ အမိုင်နိုဓာတ်တစ်မျိုး ပါဝင်ပါတယ်။
အယ်လ်မွန်၊ ပဲနီလေး၊ ကုလားပဲ၊ မြေပဲ၊ ပဲအမျိုးမျိုး၊ မှို၊ ကိုက်လန်နဲ့ ပန်းပွင့်စိမ်းကဲသို့ အစိမ်းရင့်ရောင်အရွက်တွေကနေလည်း အ‌ပင်အခြေခံ ပရိုတင်းဓာတ်ကို ရရှိနိုင်ပါတယ်။

(၂) တက်ကြွစွာနေထိုင်ပါ။
ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်ဖို့နဲ့ ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပြီး ကိုယ်ခံစွမ်းအားကို တိုးတက်စေနိုင်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုများ ပုံမှန်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ အသက်ရလာတာနဲ့အမျှ ကြွက်သားများ နာကျင်ခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်းတို့ကြောင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ဖို့ခက်ခဲနိုင်ပြီး လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမှာလည်း အလွယ်တကူ ပင်ပန်းနွမ်းနယ်ခြင်းများ ဖြစ်ပေါ်နိုင်တာကြောင့် လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်း၊ ယောဂပြုလုပ်ခြင်းကဲ့သို့ ပေ့ါပေါ့ပါးပါး လေ့ကျင့်ခန်းများပြုလုပ်နိုင်ပါတယ်။ တစ်နေ့ကို အနည်းဆုံး (၁၅) မိနစ်လောက် လေ့ကျင့်ခန်းပြုလုပ်ခြင်းအားဖြင့် သွေးလည်ပတ်မှုအားကောင်းစေပြီး ကြွက်သားနာကျင်ခြင်းနဲ့ အဆစ်အမြစ်ကိုက်ခဲခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။

တက်ကြွစွာနေထိုင်ခြင်းက စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွနေဖို့ အထောက်အကူ ဖြစ်စေနိုင်ပြီး ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ခြင်းကလည်း အသက်ရလာတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခွန်အားနည်းပါးလာခြင်း၊ ရောဂါဖြစ်ပွားခြင်းတို့ကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ဥပမာ ဟန်ချက်ညီမျှစေတဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ခြင်းဖြင့် လူကြီးတွေမှာ ဖြစ်တတ်တဲ့ အလွယ်တကူချော်လဲခြင်းများ မဖြစ်ပွားစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်လက်လေ့ကျင့်ခန်းတွေက ကြွက်သား တည်ဆောက်ရာမှာ ကူညီပေးနိုင်ပြီး အရိုးပွရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်သူတွေက ကျန်းမာရေးပိုမိုကောင်းမွန်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝကို ရရှိပိုင်ဆိုင်နိုင်ပါတယ်။

(၃) အိပ်ရေးဝဝ အိပ်ပါ။
အသက်ရလာတဲ့အခါ အအိပ်အနေ နည်းပါးလာတာမျိုးနဲ့ တွေ့ကြုံခံစားရနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းက ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်း ကျဆင်းစေပြီး ကိုယ်ခံအားစနစ်ကိုလည်း ထိခိုက်စေနိုင်တာကြောင့် အိပ်ချိန် ပုံမှန်ထားရှိဖို့ လိုအပ်သလို ညစဉ်အနည်းဆုံး (၇) နာရီကြာအောင် အိပ်စက်သင့်ပါတယ်။

(၄) ‌လူမှုဘဝမှာ အကောင်းမြင်စိတ်များဖြင့် ရှင်သန်နေထိုင်ပါ။
အထီးကျန်ခြင်းက အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးနဲ့ ကိုယ်ခံစွမ်းအားစနစ်ကိုပါ ထိခိုက်စေနိုင်တဲ့အတွက် စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်စေဖို့ လူမှုဆက်ဆံရေးကလည်း အလွန်အရေးပါပါတယ်။ ဒါ့အပြင် စိတ်လက်ပေါ့ပါးပြီး အစစအရာရာ အဆင်ပြေချောမွေ့စေဖို့ မိမိကိုယ်တိုင် အကောင်းမြင်စိတ်ထားတတ်ဖို့ လိုအပ်သလို မိမိပတ်ဝန်းကျင်မှာ အကောင်းမြင်စိတ်ရှိသူတွေနဲ့ ဝန်းရံနေဖို့လည်း လိုအပ်ပါတယ်။ အထက်ပါ အချက်အလက်တွေကို လိုက်နာကျင့်သုံးခြင်းအားဖြင့် အသက်အရွယ်အလိုက် ကျန်းမာနေစေဖို့ အထောက်အကူဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ အချက်တွေထဲကမှ အရေးကြီးဆုံး တစ်ချက်ကတော့ နေ့စဉ်လုံလောက်တဲ့ အာဟာရဓာတ်ကိုရရှိဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို စားသုံးပေးဖို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အစားစားချင်စိတ်မရှိတဲ့အခါ၊ စားသုံးတဲ့အစားအစာတွေမှာ မှန်ကန်တဲ့ အာဟာရဓာတ် မပါဝင်ဘူးလို့ ခံစားရတဲ့အခါ၊ အလုပ်များလို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ပြင်ဆင်ချိန် မရှိတဲ့အခါ HMB ပါဝင်ပြီး နှစ်ပေါင်း (၃၀) ကျော် သုတေသန ပြုလုပ်ထားတဲ့ Ensure Gold Plant-Based အပင်အခြေခံပရိုတင်းလို အာဟာရဖြည့်စွက်စာမျိုးကို စားသုံးပေးနိုင်ပြီး လူကြီးများ၏ အလုံးစုံကျန်းမာရေးအတွက် ပြည့်စုံမျှတအာဟာရကိုပေးစွမ်းနိုင်ပါတယ်။ Ensure Gold Plant-Based မှာ ကြွက်သားတည်ဆောက်ရာမှာ ကူညီထောက်ပံ့ပေးနိုင်မယ့် ပဲပိစပ်၊ ဆန်၊ Quinoa တို့မှ ရရှိတဲ့ အရည်အသွေးမြင့် အပင်အခြေခံ ပရိုတင်းနဲ့ HMB တို့ပေါင်းစပ်ပါဝင်ပြီး ကိုယ်ခံစွမ်းအား^ကို ကူညီထောက်ပံ့ပေးနိုင်မယ့် အိုမီဂါ (၃)၊ ဗီတာမင်နဲ့ သတ္တုဓာတ် (၂၈)မျိုးလည်း လုံလောက်စွာ ပါဝင်ပါတယ်။ ဒါကြောင့် တစ်နေ့နှစ်ခွက် ပုံမှန်သောက်သုံးပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကို မြင့်တက်*လာစေဖို့ ကူညီပေးနိုင်ပြီး လက်တိုစ့်နို့သကြားဓာတ် မပါဝင်တဲ့အတွက်လည်း လက်တို့စ်နဲ့ ဓာတ်မတည့်ခြင်းကြောင့် အစာအိမ်အူလမ်းကြောင်း ပြဿနာဖြစ်ပွားတတ်သူတွေနဲ့ အထူးသင့်တော်ပါတယ်။ အာရှမှစားသုံးသူများကို ရည်ရွယ်ပြီး အယ်လ်မွန်အရသာအတိုင်း ဖော်စပ်ထုတ်လုပ်ထားတာဖြစ်လို့ အသီးအရွက်ပိုမိုစားသုံးသူများ၊ နို့အရသာမကြိုက်သူများနဲ့ အထူးသင့်တော်ပါတယ်။

Ensure Gold Plant-Based အပင်အခြေခံပရိုတင်း နမူနာလက်ဆောင်ထုပ်လေးတွေကို အောက်ပါ link ကနေတစ်ဆင့် အခမဲ့ ရယူနိုင်ပါပြီ။

www.ensuremyanmar.com/ensure-careline/

 

References:
1. www.leisurecare.com/resources/why-do-seniors-lose-weight/
2. www.health.clevelandclinic.org/what-you-should-know-about-unexplained-weight-loss-and-diabetes/
3. www.stellishealth.com/4-common-causes-of-unplanned-weight-loss-in-seniors/
4. www.consultant360.com/articles/involuntary-weight-loss-elderly
5. www.24alife.com/blog/2021/03/losing-weight-and-immune-system/
6. www.abbottfamily.com.sg/brands/ensure/range
7. www.abbottfamily.com.sg/brands/ensure/ensure-life-dairy-alternative
8. www.webmd.com/healthy-aging/guide/sarcopenia-with-aging
9. www.medicalnewstoday.com/articles/321474
10. www.helpguide.org/articles/healthy-living/exercise-and-fitness-as-you-age.htm
11. www.medlineplus.gov/nutritionforolderadults.html
12. www.medlineplus.gov/ency/article/007165.htm
13. www.healthhub.sg/live-healthy/510/sleep
14. www.mindwise.org/blog/uncategorized/the-importance-of-social-connection/
15. The Immunity Challenge: How aging affects your immune system (www.webmd.com)
16. www.abbottfamily.com.sg/brands/ensure/range
17. www.leisurecare.com/resources/why-do-seniors-lose-weight/
18. Ensure Gold Full Prescribing Information, Dosage & Side Effects | MIMS Philippines
19. The Immunity Challenge: How aging affects your immune system (www.webmd.com)
20. www.ensuremyanmar.com/eng/why-a-balanced-diet-is-important-for-muscle-building/

^Ensure Gold contains protein, Vitamin A, B6, B12, C, D, E, Folate and selenium, copper, zinc, and iron, that help support the normal function of the immune system)

*Ensure Gold contains a scientifically evaluated level of protein which has been shown to improve strength
#Referring to Ensure’s portfolio in Pacific Asia. Made with plant-based protein from soy, rice, and quinoa

Previous Post

အာလူး အာဟာရများနဲ့ အကျိုးကျေးဇူးများ

Next Post

အပူများလို့​ ချောင်းဆိုးတာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
599

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Cough due to high temperature

အပူများလို့​ ချောင်းဆိုးတာ

Causes of gastrointestinal problems

အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

Physical Exercise Guidelines for Older Adults

လူကြီးတွေ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ရင် ဆောင်သင့်ရှောင်သင့်တာတွေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.