fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

မျက်စိအားကောင်းပြီး အမြင်အာရုံကြည်လင်ပြတ်သားစေဖို့

For strong eyes and clear vision
248
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/07/2022
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း
1 min read
A A

လူသားတို့သည် အာရုံငါးပါးကို အသုံးပြုပြီးပြီး လောကကြီးနဲ့ပါတ်ဝန်းကျင်ရှိ အရာဝတ္ထုများကို ထိတွေ့ခံစား ရှင်သန်နေထိုင်ကြပါသည်။ ထိုအမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့ အာရုံများအနက် သက်ရှိ၊ သက်မဲ့ အရာဝတ္ထုများကို ကြည့်ရှုပြီး ဦးနှောက်မှမှတ်သား သင်ယူမှုပြုလုပ်ရန် အမြင်အာရုံသည် အရေးပါပါသည်။ မနက်အိပ်ယာနိုးထချိန်မှစ ညအိပ်ယာဝင်ချိန်ထိ အာရုံစူးစိုက် ကြည့်ရှုနေရသည့်အတွက် မျက်စိအားကောင်းပြီး အမြင်အာရုံ ကြည်လင်ပြတ်သားဖို့သည် အရေးကြီးပါသည်။

မျက်စိအားကောင်းပြီး အမြင်အာရုံ ကြည်လင်ပြတ်သားစေဖို့ အဓိကကျသည့် အချက်မှာ မိမိ၏ မျက်စိကျန်းမာရေးကို ပုံမှန်ဂရုစိုက် စစ်ဆေးခြင်းဖြစ်ပါသည်။ တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် မျက်စိကျန်းမာရေးကို ပုံမှန်စစ်ဆေးသင့်ပါသည်။ မျက်လုံးစစ်ဆေးမှုပြုပြီး မျက်မှန်နှင့် အခြားဆေးကုသမှုများ လိုအပ်ပါက မျက်စိအထူးကုဆရာဝန်နှင့် တိုင်ပင်ကုသသင့်ပါသည်။

မျက်စိအားကောင်းစေသော အစွမ်းသတ္တိပေးနိုင်သည့် ဗီတာမင်ဓါတ်ကြွယ်ဝသော အစားအစာများဖြစ်သည့် အစိမ်းရောင်၊ အဝါရောင် အသီးအရွက်များစားပေးခြင်း၊ အစာအာဟာရ သင့်တင့်မျှတအောင် စားပေးခြင်းတို့ ပြုလုပ်ပေးသင့်သည်။ အဝလွန်ခြင်းသည် မျက်လုံးရှိ သွေးကြောများကို ထိခိုက်စေနိုင်သဖြင့် ကိုယ်ခန္ဓာ အလေးချိန်ကိုလည်း မျှတအောင် ထိန်းညှိပေးသင့်ပါသည်။ ဆေးလိပ်သောက်သုံးမှုကြောင့် မျက်လုံးခြောက်သွေ့ခြင်း Dry Eye Syndrome မှ မျက်လုံးတိမ်စွဲခြင်းရောဂါထိ ဆက်စပ်လျက်ရှိသောကြောင့် ဆေးလိပ်ကိုရှောင်ကျဉ်သင့်သည်။

နေ့စဉ်အသုံးပြုနေသည့် မိုဘိုင်းဖုန်း၊ ကွန်ပြူတာ စသည့်အသုံးအဆောင် ပစ္စည်းများမှ ထုတ်လွှတ်သော အပြာရောင်အလင်းတန်းသည် digital eyestrain ခေါ် မျက်လုံးဒါဏ်ပိမှု ဖြစ်စေနိုင်ပါသည်။ ဖန်သားပြင်ကြည့်ရှုခြင်း (screen time) ဟာ မျက်လုံးကို အပြာရောင်အလင်းတန်း တိုက်ရိုက်ထိတွေ့မှုကြောင့် မျက်တောင်ခတ်နည်းခြင်း၊ မျက်လုံးခြောက်သွေ့ခြင်း၊ မျက်လုံးညောင်းညာပင်ပန်းခြင်းတို့မှစကာ အနီးမှုန်ခြင်း၊ အဝေးရှိ အရာဝတ္ထုများကို အာရုံစူးစိုက်ရန် ခက်ခဲခြင်း၊ အမြင်မှုန်ဝါးခြင်းနှင့် မျက်ကြည်လွှာထိခိုက်ခြင်းအထိ ဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် ဖန်သားပြင်ကို စူးစိုက်ကြည့်ရှုရသည့်အချိန် screen time ကို သတိထားသင့်ပါသည်။

ဖန်သားပြင်ကြည့်ရှုခြင်း screen time များခြင်းအတွက် မျက်လုံးကိုအနားပေးသည့် နည်းလမ်းတစ်ခုဖြစ်သည့် (20-20-20rule )မိနစ်၂၀ခန့် TV/ကွန်ပျူတာ/ဖုန်းအသုံးပြုပြီးတိုင်း ပေ၂၀ အကွာအဝေးခန့်မှ အစိမ်းရောင် အရာဝတ္ထုတစ်ခုခုကို စက္ကန့်၂၀ခန့်ကြည့်ပေးပြီး မျက်လုံးကိုအနားပေးသော သတိပေးချက်လေး လုပ်ထားပေးသင့်ပါသည်။မိုဘိုင်းဖုန်းနဲ့အခြားကိရိယာများတွင် screen time ကို သတိပေးချက် ထည့်ထားခြင်းတို့ ဆောင်ရွက်သင့်သည်။

ပူပြင်းသောနေရောင်ခြည်အောက်တွင် အချိန်ကြာမြင့်စွာနေရသူများတွင် ခရမ်းလွန်ရောင်ခြည်ဓါတ်ကြောင့် မျက်လုံးထိခိုက်ခြင်းနှင့် အမြင်အာရုံဆုံးရှုံးခြင်းတို့ ဖြစ်တတ်ပါသည်။ ထို့ကြောင့် နေပူထဲသို့ထွက်လျှင် ဦးထုပ်၊ UV ကာကွယ်မှုပါထီး၊ နေကာမျက်မှန်စသည့် အကာအကွယ်ပစ္စည်းများကို အသုံးပြုခြင်းဖြင့် မျက်လုံးကိုကာကွယ်သင့်သည်။

မျက်စိအမြင်အာရုံနှင့် ပါတ်သက်သည့် အချို့အခြေအနေများသည် အထက်ပါနည်းလမ်းများဖြင့် ပုံမှန်ကြည်လင်သောအမြင်အာရုံကို ပြန်မရရှိနိုင်ဘဲ မျက်စိပါဝါ၊ ဆလင်ဒါ ပါဝင်သည့် မျက်မှန်၊ မျက်ကပ်မှန်၊ ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် သက်ဆိုင်ရာအထူးကု မျက်စိဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကုသမှု ခံယူရန် လိုအပ်ပါသည်။

Author : Dr. Yee Mon

Previous Post

ကြွက်သားတွေတည်ဆောက်ဖို့အတွက် အကောင်းဆုံးအိမ်တွင်းနည်းလမ်းများ

Next Post

ကိုယ်ခံအား ကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin C deficiency and complications

ဗီတာမင်စီ ချို့တဲ့ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ

10 hours ago
14
Rainy season and flu

မိုးရာသီနဲ့ တုပ်ကွေး

10 hours ago
26

အဆီချပြီး အဆီမကျဖြစ်နေပြီလား?

1 day ago
107
Flu that should go to the hospital

ဆေးရုံသွားသင့်တဲ့ တုပ်ကွေး

4 days ago
49
What is the temperature of the body to define a fever?

ကိုယ်ပူချိန်ဘယ်လောက်ဆိုရင် အဖျားရှိတယ်လို့ သတ်မှတ်လဲ?

4 days ago
93
Is glaucoma hereditary?

မျက်လုံးတိမ်စွဲခြင်းက မျိုးရိုးလိုက်တတ်လား?

6 days ago
94

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Immunity

ကိုယ်ခံအား ကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့

Good to know about Bilberries that improve eyesight

မျက်စိအားကောင်းစေတဲ့ Bilberries အကြောင်းသိကောင်းစရာ

Menopause and Immunity

ရာသီအကူးအပြောင်းနှင့် ကိုယ်ခံစွမ်းအား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.